တစ်ကိုယ်ရေ ကျန်းမာ သန့်ရှင်းရေး ဆိုင်ရာ အကြံပြုချက်များ



(၁) နေ့စဉ်ပုံမှန်ရေချိုးပါ။

ပင်ပန်း နွမ်းနယ်နေသည့် အချိန်ပဲ ဖြစ်ဖြစ်၊ ညစ်ပတ် ပေကျံနေသည့် အခါပဲဖြစ်ဖြစ် ပုံမှန် ရေချိုးပေးဖို့ လိုအပ် ပါတယ်။

နံနက်တိုင်းနဲ့ အားက စားပြုလုပ်ပြီးသည့် အခါများမှာ ရေချိုး ပေးရပါမယ်။ မိမိကိုယ်မှ အနံ့အသက် များကို ကိုယ်ကိုယ်တိုင် မရနိုင် ပေမယ့်လည်း အခြားသူများက ရရှိ နိုင်သောကြောင့်ပါ။

(၂) အမွှေးအကြိုင်များကို အကန့်အသတ်ဖြင့် သာသုံးပါ။

အကယ်၍ အမွှေးနံ့ ပါသောဆပ်ပြာ သို့မဟုတ် ခေါင်းလျှော်ရည် များကို သုံးစွဲလျှင် ချက်ချင်း အမွှေးနံ့များကို အလွယ်တကူ ရရှိ နိုင်ပါတယ်။ မိမိနှင့် လိုက်ဖက်တဲ့ မွှေးရနံ့ တစ်ခု ဒါမှမဟုတ် နှစ်ခုကိုသာ ရွေးချယ် သုံးစွဲ သင့်ပါတယ်။ လူအများစုက အမွှေးအကြိုင်နှင့် ပတ်သက်၍ ခံစား သိရှိ လွယ်ကူကြပြီး ပြင်းသော မွှေးရနံ့များက တခြားသူများအား မနှစ်မြို့စေဘဲ စွဲဆောင်မှုလည်း မရှိပါဘူး။

(၃) သန့်ရှင်းသော အဝတ်အစား များကိုသာ ရွေးချယ် ဝတ်ဆင်ပါ။

အကြိမ် အနည်းငယ် ထပ်ခါထပ်ခါ ဝတ်ထားသော အဝတ်အစား များကို သေချာ လျှော်ဖွတ်ပါ။ တစ်နေကုန် ချွေးပြန် ထားပြီး ချွေးနံ့များ ထွက်နေသော အဝတ်အစားတို့ကို တစ်ကြိမ်သာ ဝတ်၍ လျှော်ဖွတ်ပါ။ အခြောက်ခံ စက်ဖြင့် အခြောက်ခံ ထားသော သို့မဟုတ် မီးပူ တိုက်ထားသော အဝတ်အစားများကို ချက်ချင်း ချိတ်ဖြင့် ချိတ်၍ထားပါ။

(၄) တစ်နေ့သုံးကြိမ် သွားတိုက်ပါ။

သွားနဲ့ ခံတွင်း ကျန်းမာရေးနဲ့ ခံတွင်းရနံ့ မွှေးပျံ့စေခြင်းတို့ အတွက် သင်၏သွား များကို တစ်နေ့သုံးကြိမ် တိုက်ပေးပါ။ သွားသန့်ရှင်းရေး ပြုလုပ်သည့် ကြိုးဖြင့် နေ့စဉ် သန့်ရှင်းရေး ပြုလုပ်ပြီး သင့်လျှာကိုလည်း သန့်ရှင်းရေး ပြုလုပ်ပါက အနံ့ဆိုးများနှင့် ဘက်တီးရီးယား ပိုးများ ပေါက်ပွားခြင်းမှ ကာကွယ် ပေးနိုင် ပါသည်။ ခံတွင်းရနံ့ မွှေးပျံ့ စေဖို့အတွက် ငုံဆေး ကိုလည်း ဆောင်ထားပါ။ မကြာသေးမီက ကော်ဖီ သောက်ထားခဲ့လျှင် သို့မဟုတ် နှစ်မြို့ဖွယ် မကောင်းသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အနံ့ပြင်းသော ဒိန်ခဲ သို့မဟုတ် ဟင်းခတ် အမွှေးအကြိုင်များ ခတ်ထားသော အစားအစာများ စားသုံးထားပါက လူအများနှင့် စကားမပြောခင် သွားတိုက်ခြင်း သို့မဟုတ် ငုံဆေးပြားကို အသုံးပြုပါ။

(၅) လက်သည်းခြေသည်းများကို သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်ထားပါ။

နေ့စဉ် လက်သည်း အောက်ဖက်မှ အညစ် အကြေးများကို ဖယ်ရှား၍ လက်ကို သေသေချာချာ ဆေးပါ။ လက်သည်းများကို ညီညီညာညာ ထားရှိပြီး လက်သည်း အပိုင်းအစ များကိုလည်း စနစ်တကျ လွှင့်ပစ်ပါ။

(၆) မညီညာသော အမွှေးအမှင်များကို နုတ်ပါ သို့မဟုတ် ညှပ်ပါ။

နှာခေါင်းထဲ၊ နားထဲ၊ မျက်ခုံး၊ မေးစေ့နှင့် နှုတ်ခမ်း အပေါ်ဘက် ကဲ့သို့နေ ရာများတွင် မရှိသင့်သည့် အမွှေးအမှင် တို့ကို အမျိုးသားရော အမျိုးသ မီးတွေပါ သတိထားဖို့ လိုအပ်ပါသည်။ အမျိုးသားများ အသက်အရွယ် ရလာသောအခါ နား၊ နှာခေါင်းထဲရှိ မညီညာသော၊ ကောက်ကွေ့သော အမွှေးများနှင့် မျက် ခုံးမွှေး များကို ညှပ်ခြင်း သို့မဟုတ် နုတ်ခြင်းတို့ပြုလုပ်ရန် လိုအပ်သကဲ့သို့ အမျိုးသမီးများလည်း ဖယောင်းဖြင့် နှုတ်ခမ်း အထက်ပိုင်းရှိ မလိုအပ်သော အမွှေးများကို နုတ်ပယ်ပြီး အကယ်၍အမွှေးအမှင်များသည် ရှည်လာပြီး၊ မြင်မကောင်း၍ အရုပ်ဆိုးပြီးမညီမညာဖြစ်လာပါက နုတ်ခြင်း သို့မဟုတ် ညှပ်ခြင်းတို့ပြုလုပ်ပါ။

(၇) ဝက်ခြံများထွက်ခြင်းမှ ကာကွယ်ပါ။

သင့်တွင် ဝက်ခြံများရှိလျှင် ဝက်ခြံကို ကြိုတင်ကာကွယ် ကုသပေးနိုင် လောက်သော ဝက်ခြံများ ပျောက်ကင်းသည့် မျက်နှာသစ်ဆေးများ သုံးသင့်ပါသည်။

(၈) ခြေထောက်မှ အနံ့အသက်များထွက်ခြင်းမှ ကြိုတင်ကာကွယ်ပါ။

ရှူးဖိနပ်အတွင်းသို့ ကလေး ပေါင်ဒါမှုန့် ထည့်ခြင်း၊ ဖိနပ်ကို ပေါင်ဒါမှုန့်ဖြင့် တိုက်ခြင်း သို့မဟုတ် ထိုင်နေစဉ် ကာလများတွင် ဖိနပ်ကို ခေတ္တချွတ်၍ လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ပေးခြင်းဖြင့် အနံ့ အသက် ဆိုးများကို ကာကွယ် နိုင်ပါသည်။ အထူးသဖြင့် အားကစား လှုပ်ရှားမှုများ ပြုလုပ်ပြီး ချိန်တွင် ခြေအိတ်များကို မကြာခဏ လဲလှယ်ပါ။

(၉) အဆီပြန်သောအသားအရေကို ခြောက်သွေ့အောင် ပြုလုပ်ပါ။

အဆီစုပ် စက္ကူများ ပါသော အထုပ်တစ်ထုပ်ကို ဝယ်ယူပြီး တစ်နေကုန် ထွက်သော အဆီများကို ၎င်းစက္ကူ များကို အသုံးပြု၍ စုပ်ယူပါ။

အမေရိကန် ဒုက္ခသည် အစီအစဉ် ရပ်ဆိုင်းမှုဂယက် ကျယ်ပြန့်စွာ ရိုက်ခတ်နေ


မယ်လ ဒုက္ခသည် စခန်းအတွင်းက နံနက်ပိုင်း မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာဒုက္ခသည်များ ခေါ်ယူအခြေချမှု အစီအစဉ်ကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပြီးနောက် ဒုက္ခသည်များအကြား ကျယ်ပြန့်စွာ ဂယက်ရိုက်ခတ်မှု ရှိနေကြောင်း သတင်းရရှိသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ စခန်းများမှ ဒုက္ခသည်များအား ခိုလှုံခွင့်ပေးသည့် အမေရိကန်၏ ၉ နှစ်ကြာ အစီအစဉ်ကို ရပ်နားလိုက်ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂက ဇန်န၀ါရီလ ၃၀ ရက်နေ့က ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ နောက်ဆုံး လက်ခံခဲ့သည့် အစီအစဉ်မှာ ပြီးခဲ့သည့် ဇန်န၀ါရီ ၂၄ ရက်တွင် နောက်ဆုံး လက်ခံခြင်း ဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ်က စပြီး မြန်မာဒုက္ခသည်တွေကို အမေရိကန် နိုင်ငံက လက်ခံပေးခဲ့ရာတွင် လူဦးရေ ၇၃, ၀၀၀ လက်ခံခဲ့ပြီး မြန်မာဒုက္ခသည် အများဆုံး လက်ခံသည့် နိုင်ငံလည်း ဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖျန်မြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ခိုင်က ဒုက္ခသည်များ အဓိက အားကိုးရသည့် အမေရိကန်က ဒုက္ခသည်များ အုပ်စုလိုက် အခြေချ နေထိုင်ခွင့် အစီအစဉ် ရပ်ဆိုင်းလိုက်သည့်အတွက် ဒုက္ခသည်များအကြား ရိုက်ခတ်မှုများ ဖြစ်နေကြောင်း ဧရာဝတီကို ပြောသည်။

“ကျနော်တို့ ဒုက္ခသည်အကုန်လုံးနီးပါးက တတိယနိုင်ငံတွေကို သွားဖို့ အဓိကထားတယ်။ ထားတဲ့အခါမှာ အမေရိကန် က အဓိ က ဖြစ်တယ်။ သူက အများဆုံး ခေါ်တဲ့လူဖြစ်တာကြောင့်ပါ။ အဲဒီအပေါ်မှာ ဒုက္ခသည်တွေက အများကြီး မျှော်လင့် ထား ခဲ့တာ၊ အခု အမေရိကန်က ရပ်လိုက်တော့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတာပေါ့”ဟု အုန်းဖျန် ဒုက္ခသည်စခန်းမှ နိုင်ငံ ရေး အကျဉ်းသားဟောင်း ကိုအောင်ခိုင်က ပြောဆိုသည်။

တချို့ဒုက္ခသည်များ၏ မိသားစု အရင်း အချာ၊ ဇနီး၊ ခင်ပွန်းသည်များက အမေရိကန်သို့ ရောက်နှင့်ပြီး ဖြစ်နေရာ ထိုကဲ့သို့ အစီ အစဉ် ရပ်ဆဲလိုက်ခြင်းအတွက် မိသားစု ပြန်လည် ပေါင်းစည်းရေး မျှော်လင့်ချက်ပျောက်ဆုံး ကုန်ကြောင်း၊ ဒုက္ခသည် အများစု သည် မြန်မာပြည်သို့ လုံးဝ မပြန်လိုကြကြောင်း၊ အခြား နိုင်ငံများက ခေါ်ယူသည့် အရေအတွက်သည် အလွန်နည်းပြီး တချို့ နိုင်ငံများကလည်း ခေါ်ယူရေး အစီအစဉ် အလွန်ကြာမြင့်ကြောင်းလည်း သူက ဆက်ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က လည်း ယခုကဲ့သို့ ဒုက္ခသည်များအား အုပ်စုလိုက် ပြန်လည်အခြေချခွင့်ကို ရုပ်သိမ်းလိုက်ခြင်းသည် စောလွန်းသေးကြောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း ဒုက္ခသည်များကိုလည်း အတင်းအကျပ် အိမ်ပြန်ပို့သည့် အနေအထားမဖြစ်ရန် လိုကြောင်း ဧရာဝတီကိုပြောသည်။

“ဒီလို အခြေအနေမှာ အမေရိကန်က Resettlement (ပြန်လည် အခြေချနေထိုင်ခွင့် အစီအစဉ်) ကို မလုပ်တော့ဘူး ဆိုတော့ စောလွန်းနေတယ်လို့ ကျနော်တို့ ထင်တယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက သူတို့ကိုယ်တိုင်က မြန်မာပြည်တွင်းမှာ လုံခြုံတယ် လို့ စိတ်ထဲမှာ မခံစားရသေးဘူး။ ဆိုတော့ အတင်းအကျပ် အိမ်ပြန်ပို့တဲ့ အစီအစဉ်မျိုး တွန်းပို့ လိုက်တာကတော့ မသင့်တော်ဘူးပေါ့”ဟု သူက ဆိုသည်။

ဒုက္ခသည် စခန်းများအတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများမှာ နှစ်ပေါင်းများစွာ ယခင် မြန်မာ စစ်အစိုးရ အကျဉ်းထောင် များတွင် နေလာခဲ့ရသူများဖြစ်ပြီး မည်သည့်ပိုင်ဆိုင်မှုမျှလည်း မရှိကြသကဲ့သို့ မြန်မာပြည်ပြန်၍ မည်သို့မျှ အခြေချနေထိုင်စရာ လည်း မရှိကြောင်း၊ အကျဉ်းထောင်တွင်း နှစ်ပေါင်းများစွာနေလာခဲ့ရပြီး ဒုက္ခသည်စခန်းများတွင် ဆင်းဆင်းရဲရဲ ဆက်လက် နေ ထိုင်ရင်း ၄င်းတို့အနေဖြင့် သက်မွေးဝမ်းကျောင်းမှု ပြန်လည်ထူထောင်နိုင်ရန် အလွန်ခက်ခဲကြောင်း ကိုအောင်ခိုင်ကလည်း ပြော ဆိုသည်။

မြန်မာပြည်သို့ ပြန်သွားရန် မဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ စစ်ပြေး ဒုက္ခသည်များအတွက် အမေရိကန်၌ အခြေချနေထိုင်ခွင့်ပေးရန် ပြန်လည် သုံးသပ်သင့်ကြောင်း ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများရှိ နိုင်ငံရေး အကျဉ်းသား ဟောင်း တချို့ကလည်း ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ နို့ဖိုး ဒုက္ခသည် စခန်း ရမ်မဇံ ရပ်ကွက် ၁၂ တွင် နေထိုင်သူ ဒုက္ခသည် အမျိုးသမီး တဦးကလည်း “အမေရိကန်ကတော့ ပြန်လည် ပေါင်းစည်းရေး အစီအစဉ်ကို ရပ်လိုက်ပြီလို့ မနေ့ညက အသံချဲ့စက် နဲ့ စခန်းထဲမှာ လိုက်ကြေ ညာတယ်။ အမေရိကန်က ရပ်လိုက်ပြီဆိုတော့ ကျမတို့ကို ခေါ်တဲ့ ကျန်တဲ့ နိုင်ငံတွေမှာပဲ ပြောင်းရွှေ့ အခြေချလို့ ရတော့မှာပေါ့၊ မျှော်လင့်ချက်တော့ အတော်အားယုတ်သွားတယ်”ဟု ဧရာဝတီ ကို ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများရှိ နိုင်ငံရေး၊ စစ်ဘေး ဒုက္ခသည်များမှာ တတိယနိုင်ငံ အခြေချနေထိုင်ရေး မျှော်လင့် ချက် ပျောက်ဆုံးမှု၏ နောက်ကွယ်တွင် စားဝတ်နေရေး အခက်အခဲများကြောင့် စာရိတ္တ ပျက်စီးယိုယွင်းခြင်းများလည်း ရှိလာကြောင်း၊ လူငယ်ပိုင်းများသည် မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲမှုများပင် ဖြစ်လာနေပြီး အမျိုးသမီး ငယ်လေးများသည် လည်း ဒုက္ခသည်စခန်းများတွင် လိင်ဖျော်ဖြေရေး လုပ်ဆောင်နေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။

“အခုလို နိုင်ငံခြားလည်း မထွက်ရဘူး၊ ရိက္ခာကလည်း လျှော့တဲ့အခါကျတော့ စားဝတ်နေရေး မပြေလည်လာတဲ့အခါ အိမ်ထောင် ရေး ပြဿနာတွေ အများကြီးတက်တယ်။ မိန်းကလေးငယ်တွေဆို ငွေတတ်နိုင်တဲ့ သူတွေ(အမေရိကန်တို့ ဘာတို့က ထောက်ပံ့မှုရှိတဲ့သူတွေ)ရဲ့တိုးတိုးတိတ်တိတ် မယားငယ်တွေဖြစ်နေကြတယ်”ဟု ဒုက္ခသည် စခန်းများ၏ အခြေ အနေကို လေ့လာ မှတ်တမ်းပြုနေသူ တဦးက ပြောသည်။

ဒုက္ခသည်စခန်းတွင်း စားဝတ်နေရေး အဆင်မပြေမှုများနှင့် တတိယနိုင်ငံ အခြေချနေထိုင်ရေး မျှော်လင့်ချက် ပျောက်ဆုံးနေမှု များ၏ နောက်ဆက်တွဲအဖြစ် အိမ်ထောင်ရေး ပြိုကွဲမှုများနှင့် လူမှုရေးပြဿနာများပါ တိုးပွားလာလျက်ရှိ ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ အုန်းဖျန်မြို့နယ်ရှိ နို့ဖိုး ဒုက္ခသည်စခန်းတွင် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ကို ဇန်န၀ါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဒုက္ခသည် ၁၅၀ ကျော် ဆန္ဒပြမှု ဖြစ်ပွားခဲ့သေးသည်။

တတိယနိုင်ငံများတွင် ပြန်လည် အခြေချနေထိုင်ရေး အစီအစဉ်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ခွဲခြား ဆက်ဆံမှုများ ရှိနေသည့်အတွက် အဆိုပါလုပ်ရပ်များ ရပ်တန့်ပေးရေး အတွက် ဆန္ဒပြကြခြင်း ဖြစ်သည်။

ထို့နောက် ယခုကဲ့သို့ အမေရိကန်က ၄င်းတို့ နိုင်ငံတွင် အခြေချနေထိုင်ခွင့် အစီအစဉ် ရပ်ဆိုင်းသည့် ထုတ်ပြန်ကြေညာမှုပေါ်ထွက်လာခြင်းဖြစ်သည်။

နို့ဖိုး ဒုက္ခသည်စခန်းတွင် ဆန္ဒပြမှုနှင့်ပတ်သက်၍ UNHCR အနေဖြင့် ဆန္ဒပြသူများ ပြောနေသကဲ့သို့ ခွဲခြား ဆက်ဆံမှု မရှိကြောင်း ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ မစ္စ Vivian Tan က UNHCR ကိုယ်စား ပြန်လည် တုံ့ပြန် ပြောဆိုထားသည်။

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များ၏ မိသားစုဝင်များ တစည်းတလုံတည်း အတူနေရေး မျှော်လင့်နေကြ သည်ဟု အခိုင်အမာယုံကြည်ကြောင်း၊ သို့သော်လည်း တတိယနိုင်ငံတွင် မိသားစုအရင်းအချာရှိသည့် ဒုက္ခသည်များ အတွက် သာ UNHCR က တတိယနိုင်ငံများတွင် ပြန်လည် အခြေချ နေထိုင်ရေးကို မျက်နှာလိုက် လုပ်ဆောင်နေခြင်း မဟုတ် ကြောင်း မစ္စ Vivian Tan က ဧရာဝတီကို အီးမေးလ် ဖြင့် အကြောင်းပြန်ကြားသည်။

“ဒုက္ခသည် တဦးဖြစ်ဖို့ ဆိုတာ ထိုင်းနိုင်ငံက စခန်းတွေမှာ ပြန်လည်နေရာချထားရေးအတွက် စဉ်းစားပေးဖို့ ဆိုတာ ထိုင်း တာဝန်ရှိသူတွေက အဲဒီသူကို မှတ်ပုံတင် စာရင်းသွင်းဖို့ ပထမဆုံး လုပ်ရမှာပါ။ အဲဒီနေ့က အုပ်စု(ဆန္ဒပြသူများ)က ဘယ် တုန်းကမှ ပုံမှန် လုပ်ရတဲ့ မှတ်ပုံတင်ထားတာမျိုး မရှိဘူး။ ပြီးတော့ အဲဒီ အုပ်စုဟာ တတိယနိုင်ငံ အခြေချရေး အရည်အချင်း လည်း မပြည့်မီပါဘူး”လို့ သူက ဆိုသည်။

နို့ဖိုးစခန်းတွင်းရှိ ဆန္ဒပြ ဒုက္ခသည်များက ၄င်းတို့ထဲကအများစုသည် UNHCR တွင် မှတ်ပုံတင်ထားပြီး Pre ဟု ခေါ်ဆိုသော ဒုက္ခသည်အဖြစ် ပဏာမ သတ်မှတ် စာရင်းဝင်၍ UNHCR နှင့် နယ်စပ် တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်း အဖွဲ့(TBC)က ရိက္ခာနှင့် ကျန်းမာရေးဆိုင်ရာကို ထောက်ပံ့ခံနေရသူများ ဖြစ်ကြောင်း ဒုက္ခသည်တဦး ဖြစ်သည့် ကိုကျော်မြင့်ဆွေ က ဧရာဝတီကိုပြောသည်။

ဆက်လက်ပြီး ဆန္ဒပြမှုတွင် ပါဝင်သူ ၄င်းအနေနှင့် တတိယနိုင်ငံ အခြေချခွင့် အရည်အချင်းလည်း ပြည့်မီကြောင်း၊ ဇနီးသည် လည်း အမေရိကန်တွင် အခြေချနေထိုင်နေသည့် အတွက် ကိုင်ဆောင်ထားသည့်လက်မှတ်မှာ ထိုင်းအစိုးရနှင့် UNHCR တို့ အသိအမှတ်ပြုထားသည် MPO အဆင့် ဖြစ်ကြောင်းလည်း ရှင်းပြသည်။

ထိုင်းမြန်မာ နယ်စပ်ရှိ အုန်းဖျန်၊ နို့ဖိုး၊ မယ်လ၊ မယ်လဦး၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း၊ မယ်ရာမို၊ ကရင်နီ စသည့် ဒုက္ခသည် စခန်း ၉ ခု တွင် လက်ရှိ ဒုက္ခသည် ၁၂၀၀၀၀ ကျော်ရှိနေကြောင်းလည်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် အရ သိရသည်။

irrawaddy

မန္တလေးတိုင်း၌ ကျောင်းသားများကို အိုင်တီနှင့် အီလက်ထရွန်နစ် သင်တန်းများ အခမဲ့ သင်ကြားပေးမည်


မန္တလေး၊ ဇန်နဝါရီ ၃၀

အခြေခံပညာ အလယ်တန်းအဆင့်မှ တက္ကသိုလ်အဆင့်ရှိ ကျောင်းသားများ အားလုံးကို ခေတ်မီ အီလက်ထရွန်နစ်နှင့် အိုင်တီ ပညာရပ်များ အကျွမ်းတဝင် အသုံးပြုတတ်စေရန်အတွက် အိုင်တီနှင့် အီလက်ထရွန်နစ် သင်တန်းများ အခမဲ့ လိုက်လံ သင်ကြားပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော်ရှိ ဇော် အီလက်ထရောနစ် အထူးသင်တန်းကျောင်း တာဝန်ခံ ဦးဇော်ဇော်က ပြောကြားသည်။

အဆိုပါ ကျောင်းသားများကို အီလက်ထရွန်နစ်ဆိုင်ရာ ပစ္စည်းကိရိယာများ၊ စက်ပစ္စည်းများ၊ ကွန်ပျူတာ၊ အင်တာနက်၊ မိုဘိုင်းလ်နှင့် Network တည်ဆောက်ခြင်းဆိုင်ရာများ သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လျှပ်စစ်မီး မရရှိသေးသည့် ကျေးလက်ဒေသများတွင် နေရောင်ခြည် စွမ်းအင်ဖြင့် တစ်ရွာလုံး မီးလင်းနိုင်သော နည်းပညာဖြင့် တီဗီ၊ ဒီဗီဒီ၊ ကွန်ပျူတာ၊ အင်တာနက်တို့ကို ချိတ်ဆက် အသုံးပြုနိုင်သည့် နည်းပညာများကို အထောက်အကူ ပစ္စည်းများဖြင့် စာတွေ့လက်တွေ့ အခမဲ့ သင်ကြားပေးမည် ဖြစ်ကြောင်း၊ ယင်းသင်ကြားမှု ဆိုင်ရာများကို စစ်ကိုင်း၊ ကျောက်ဆည်၊ မန္တလေးမြို့တော်တို့တွင် လက်ကမ်း စာစောင်များကို အိမ်တိုင်ရာရောက် လိုက်လံဝေငှ အသိပေးမှုများ စတင် ဆောင်ရွက်နေပြီး ကျောက်ဆည်မြို့တွင် ဖေဖော်ဝါရီလမှစ၍ အိုင်တီနှင့် အီလက်ထရွန်နစ် နည်းပညာဆိုင်ရာ သင်တန်းများ စတင် သင်ကြားပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“တတ်ထားတဲ့ ပညာကို မျှဝေ ပေးတာပါ။ လူငယ်တွေ အိုင်တီ နည်းပညာနဲ့ ရင်းနှီးစေချင်တဲ့ စေတနာနဲ့ အခုလို ဖိတ်ခေါ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ မြို့တွေကို အခမဲ့ သင်တန်းတွေ လိုက်ပေးမှာပါ” ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့ပေါ်တွင် ဘုန်းတော်ကြီးများ ဦးဆောင်သည့် အခမဲ့ မူလတန်းမှ အထက်တန်းအဆင့်ထိ ပညာသင်ကျောင်းများနှင့် လူမှုရေး အဖွဲ့အစည်းများက ဖွင့်လှစ်ထားသည့် အခမဲ့ပညာသင် ကျောင်းများသာ ရှိပြီး ကျန်သင်တန်းကျောင်းများမှာ အခပေး မိုဘိုင်းလ် သင်တန်းကျောင်းနှင့် တရုတ်စကားပြော သင်တန်းကျောင်းများကိုသာ မြို့အနှံ့ တွေ့နေရသော်လည်း အခမဲ့ နည်းပညာ သင်တန်းကျောင်းမှာ ဘုန်းတော်ကြီးကျောင်းမှ ဦးစီး ဖွင့်လှစ်သည့် သင်တန်းကျောင်း တစ်ခုသာရှိကြောင်း မန္တလေးမြို့ဒေသခံ အိုင်တီ ကျွမ်းကျင်သူများက ပြောကြားသည်။

“အခုလို အိုင်တီ နည်းပညာနဲ့ ပတ်သက်ပြီး လူငယ်တွေ လိုအပ်နေချိန်မှာ လိုက်လံသင်ပေးမယ့် ရည်ရွယ်ချက်ကို ကြိုဆိုပါတယ်။ ဘယ်အဖွဲ့အစည်းကမဆို စေတနာ မှန်မှန်နဲ့ ပေးမယ်ဆိုရင် မြန်မာမှာ အိုင်တီနည်းပညာ တိုးတက်သွားနိုင်ပါတယ်” ဟု သဒ္ဒါပညာရေးအဖွဲ့ တာဝန်ရှိသူ ဦးဖုန်းမြင့်ဇော်က ဆိုသည်။

မန္တလေးမြို့တော်တွင် မိုဘိုင်းလ်ဖုန်း သုံးစွဲမှု မြင့်တက်လာပြီးနောက်ပိုင်း လူငယ် အများစုသည် အင်တာနက် သင်တန်းများ တက်ရောက်မှု နည်းပါးလာပြီး မန္တလေး အနီးအနား ဝန်းကျင်နှင့် အထက်ပိုင်း မြို့ပေါ်များရှိ လူငယ်အများစုက မိုဘိုင်းလ်ဖုန်း ပြုပြင်နည်း သင်တန်းနှင့် ကွန်ပျူတာ စာစီစာရိုက်များကိုသာ အများဆုံး လာရောက် သင်ကြားမှုသာ ရှိကြောင်း မန္တလေးမြို့တော်ရှိ အင်တာနက် လုပ်ငန်း ဖွင့်လှစ် လုပ်ကိုင်နေသော လုပ်ငန်းရှင်များက ပြောကြားသည်။

အဆိုပါ အိုင်တီနှင့် အီလက်ထရွန်နစ် သင်တန်းများ ဆက်သွယ် သင်ကြားလိုသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ ကျောင်းသားများ အနေဖြင့် ၀၉-၃၃၃၉၉၂၃၄၊ ၀၉-၆၈၀၂၁၃၄ ထံသို့ ဆက်သွယ်နိုင်ကြောင်း အဆိုပါ သင်တန်းကျောင်းထံမှ သိရှိရသည်။

မန္တလေးတစ်မြို့လုံးတွင် အင်တာနက် ဆိုင်ပေါင်း၂၁ ဆိုင် ရှိပြီး တရုတ်စကားပြောနှင့် မိုဘိုင်းလ်ဖုန်း ပြုပြင်နည်း သင်တန်းကျောင်း ၂၀၀ ကျော် ရှိကြောင်း မန္တလေး ကွန်ပျူတာ ပညာရှင်များ အသင်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

အိပ်ပျော်နေစဉ်ယောင်ပြီးလမ်းထလျှောက်ရာမှာ လှေကားပေါ်က ပြုတ်ကျလို့ အရိုး ရှစ်ချောင်းကျိုးသွားသော်လည်း မနိုးခဲ့သူ



မိုရက်ဂ်ဖစ်ရှာ ဆိုတဲ့ အသက် ၄၀ အရွယ် ကလေးအမေတစ်ယောက်ဟာ သူငယ်ချင်းနဲ့ အတူ အိပ်ပျော်နေ ရင်းနဲ့ ယောင်ပြီးလမ်းထလျှောက်ရာမှာ လှေကားပေါ်က ပြုတ်ကျပြီး သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေ ရခဲ့ပေမယ့် အိပ်ပျော်နေရာက မနိုးလာခဲ့ပါဘူး။

ကျောရိုး၊ လည်ပင်းရိုး ၊ သွား ၊ နှာခေါင်းရိုး နဲ့ ပါးရိုး တွေ ကျိုးသွားတဲ့အပြင် ခြေကျင်းဝတ် လည်သွားတဲ့ အထိ ပြင်းထန်စွာ သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် ဖစ်ရှာဟာ ကံကောင်းထောက်မစွာပဲ အသက်ရှင် နိုင်ခဲ့ပါတယ်။ ပိုပြီး ထူးဆန်းတာတစ်ခုကတော့ သူဟာ လှေကားပေါ်က ပြုတ်ကျပြီး ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ သွေးအိုင်ထဲ လဲနေခဲ့တာတောင် အိပ်ပျော်နေရာက မနိုးခဲ့ဘူးလို့ ဆိုပါတယ်။

ဖစ်ရှာ ဟာ ဆိုးရွားတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် နော်တင်ဟမ်ဆေးရုံမှာ ဆယ်ရက်သာ တက်ရောက်ကုသခဲ့ပြီး နောက်နှစ်လလောက်အတွင်း အလုပ်ပြန်ဆင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

အခုတော့ ဖစ်ရှာရဲ့ အိမ်လှေကားအတက်အဆင်းမှာ သူမအတွက် ကလေးတွေပြုတ်မကျအောင်တပ်ဆင်တဲ့ တံခါးငယ်လေးတွေကို နောက်ထပ်ဒီလိုမဖြစ်ရအောင်လို့ တပ်ဆင်ပေးထားရတယ်လို့ ဆိုပါတယ်။

အသက်ခြောက်နှစ်အရွယ် သမီးငယ်နဲ့ တူတူနေထိုင်တဲ့ ဖစ်ရှာဟာ သူမ ဘ၀တစ်လျှောက်လုံး မကြာခဏ အိပ်နေရင်းလမ်းလျှောက်တတ်ပြီး အထူးသဖြင့် စိတ်ဖိစီးမှုများတဲ့အချိန်မှာ ဒီလိုယောင်ပြီးလမ်းလျှောက် လေ့ ရှိတယ်လို့ သိရပါတယ်။

Ref: telegraph.co.uk

Trend Myanmar

သွေးလှူဒါန်းလျှင် နှလုံးရောဂါ လျော့ပါးနိုင်



လေဖြတ်ခြင်းနှင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ အလား အလာသည် သွေးမ လှူသည့် လူထက် သွေးလှူဒါန်းသည့် လူများတွင် သုံးပုံ တစ်ပုံခန့် နည်းပါး နိုင်ကြောင်း ကျန်းမာရေး အတိုင်ပင်ခံ ဦးစိုးထွဋ်က ပြောသည်။

သွေးလှူရှင်တွေ အနေနဲ့ သွေးလိုနေတဲ့ လူနာအတွက် သွေးလှူ လိုက်ရလို့ ကျေနပ် ပီတိတွေ ခံစား ရတာအပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူး တွေလည်း ရရှိစေပါတယ်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လူ၏ ခန္ဓာကိုယ်မှ ထုတ်လုပ် ပေးနေသည့် သွေးကို ပုံမှန်လှူဒါန်း ပေးခြင်းသည် သွေးထဲမှ ကိုလက်စထရော ပမာဏကို ထိန်းထား နိုင်စေပြီး၊ အထူးသဖြင့် အမျိုးသားများသည် ပုံမှန် သွေးလှူ ဒါန်းခြင်းဖြင့် ကျန်းမာရေး အကျိုး ကျေးဇူးများ စေနိုင်ကြောင်း သိရသည်။

အမျိုးသမီးတွေ အနေနဲ့ ရာသီဓမ္မတာကြောင့် လစဉ် ခန္ဓာကိုယ်ထဲ ကနေ သွေးတွေ ဆုံးရှုံး ထွက်ရှိလို့ သံဓာတ် ပမာဏ လျော့နည်း ကြပေမယ့်၊ အမျိုးသားများ အနေနဲ့ သွေးလှူဒါန်း မှုကနေပဲ ကိုယ်တွင်းက သံဓာတ် ပမာဏကို လျော့နည်း စေတာပါ။ ထုတ်လှူလိုက်တဲ့ သွေးနဲ့အတူ ပါသွားတဲ့ သံဓာတ်တွေကြောင့် သွေးလှူရှင်ရဲ့ ခန္ဓာကိုယ်ထဲက သံဓာတ်တွေ လျော့စေတယ်။ သံဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ များလွန်းနေရင် မကောင်းပါဘူး။ သံဓာတ် တွေက ကိုလက်စထရော ဖြစ်စေတဲ့ အရာမှာ တစ်ခုအပါ အဝင်ပေါ့။ ကိုလက်စထရော များရင် နှလုံး ရောဂါနဲ့ လေဖြတ်တာကို ဖြစ်စေတယ်။ဟု ၄င်းမှ ဆိုသည်။

ယင်းကြောင့် ပုံမှန် သွေးလှူဒါန်းသည့် သွေးလှူရှင် များသည် သွေးလှူခြင်းဖြင့် မလိုလား အပ်သည့် သံဓာတ်ပမာဏကို လျှော့ချနိုင်ပြီး ကိုလက် စထရောကိုလည်း လျော့နည်း စေကြောင်း သိရသည်။

နောက်အယူအဆ အမှားတွေလည်း ရှိတယ်၊ တချို့က ထင်ကြတယ်။ သွေးလှူပြီးတဲ့ နောက်ပိုင်း ကိုယ်အလေးချိန် တိုးပြီး ဝလာမယ်၊ သွေးလှူ လိုက်လို့ အားနည်းမယ်ဆို တာတွေပဲ၊ တကယ်တမ်း ကတော့ ထုတ်ယူလိုက်တဲ့ သွေးတစ်အိတ်ကြောင့် သွေးလှူရှင်မှာ ကယ်လိုရီ ၆၅ဝစာ လျော့ကျ စေတာတော့ မှန်တယ်။ ထုတ်လှူလိုက်တဲ့ သွေးတွေကို အစားထိုး ပေးဖို့အတွက် ခန္ဓာကိုယ်က သွေးအသစ်တွေကို အချိန်ပိုင်း အတွင်း ပြန်လည် ထုတ်လုပ် ပေးပါတယ်။ ဒီတော့ သွေးဆဲလ် အသစ်တွေကို ရရှိစေပါတယ်။ ဒါကြောင့် သွေး လှူဒါန်း တာဟာ လတ်ဆတ်တဲ့ သွေးအသစ်တွေ ရရှိစေပြီး ကျန်းမာလန်းဆန်း စေပါတယ်ဟု ကျန်းမာရေး အတိုင်ပင်ခံ ဒေါက်တာ ဦးစိုးထွဋ်က ပြောသည်။

ချစ်ဆုဆွေ

မြ၀တီ

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၌ အရက်သေစာ သောက်စားမူးယစ်ပြီး ဈေးဆိုင်အား မီးရှို့မှု ဖြစ်ပွား




****************************************
မြိတ် ဇန်န၀ါရီလ ၃၀ ရက်

မြိတ်မြို့ မြိတ်တောင်နယ်မြေ၊ ရေနံမြေရပ်၊ ဘီအိုစီလမ်းတွင် ဇန်န၀ါရီလ(၃၀)ရက် ညနေ(၄း၁၅)နာရီ က အရက်သေစာ သောက်စားမူးယစ်ပြီး ဈေးဆိုင်အား မီးရှို့မှု ဖြစ်ပွါးခဲ့သည်။

ဖြစ်စဉ်မှာ ဦးပေါစိန်အနောက်လမ်း၊ မြို့သစ်(၃)ရပ်ကွက်၊ မြိတ်တောင်နယ်မြေနေ မြင့်နိုင်ဝင်း(၂၃)နှစ် (ဘ)ဦးအင်စိန် (ရေလုပ်သား)သည် အရက်သေစာ သောက်စားမူးယစ်ပြီး အမှတ်(၈၂)၊ ဘီအိုစီလမ်း၊ ရေနံမြေရပ်၊ မြိတ်တောင်နယ်မြေရှိ ဦးအောင်စိုး၏ နေအိမ်ရှေ့ရှိ မြေစိုက်တဲဈေးဆိုင် (ဓနိမိုး၊ထရံကာ)၌် ဈေးရောင်းနေသော မ၀င်းနုခိုင်(၂၄)နှစ် (ဘ)ဦးမြဖေ ထံမှ ငွေကျပ်(၁၀၀၀)တောင်းခံရာ မရ၍ မကျေနပ် သဖြင့် ဈေးဆိုင်ရှိဓါတ်ဆီပုလင်းအားခွဲ၍ မီးရှိနေသောဆေးလိပ် တိုဖြင့် မီးရှို့ခဲ့ရာ ဈေးဆိုင်ထရံအား မီးကူး စက်လောင်ကျွမ်းခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းရာသို့ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းဦးစီး၍ သန္ဒေမီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၆၀)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်ကား(၇)စီးတို့ဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ညနေ(၄း၁၇)တွင် မီးငြှိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး (၈၇၀၀၀)ခန့် ဆုံးရှုံးခဲ့ပြီး မီးရှို့သူ မြင့်နိုင်ဝင်း(၂၃)နှစ်အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Credit TO : MOI Webportal

အနေဝေးသူတွေရဲ့ အချစ်ရေး ဘာကြောင့်မချမ်းမြေ့ရတာလဲ

 
အချစ်ရေးဆိုတာ စိတ်ခံစားမှုတွေ အရင်းအနှီးကြီးစွာ မြှုပ်နှံထားရတဲ့အရာပါ။ အချစ်ရေးတစ်ခု တည်ဆောက်တဲ့နေရာမှာ အားထုတ်မှုတွေလည်း အများအပြား လုပ်ရပါသေးတယ်။ အထင်ကြီးခြင်းနဲ့ နှစ်သက်ကျေနပ်ခြင်းတွေ ရှိတဲ့ ပထမပိုင်းလအနည်းငယ် ကုန်ဆုံးသွားတဲ့အခါမှာတော့ အချစ်ရေး ဆိုတာ ထင်သလောက် မလွယ်ကူတော့ပါဘူး။ အနေဝေးနေကြတဲ့ ချစ်သူမျိုးတွေအတွက်ဆို ပိုလို့တောင်မှ ခက်ခဲပါသေးတယ်။

          အဖြေရှာကြည့်တဲ့အခါ အနေဝေးသူတွေမှာ ချစ်ခရီးလမ်းတစ်ခုအတွက် လိုအပ်တဲ့အရာတွေ မလုံလောက်တဲ့ အဖြစ်မျိုး ရှိနေကြပါတယ်။

(၁)     လုံလောက်တဲ့ ဆက်သွယ်မှု မရရှိခြင်း

          ခိုလေးတွေနဲ့စာပို့တဲ့ခေတ် မဟုတ်တော့သလို ပီဇာမှာရင်တောင် နာရီဝက်ထက် နောက်မကျပဲ အိမ်တိုင်ရာရောက် လာပို့တဲ့ ခေတ်ကြီးထဲမှာ ဆက်သွယ်မှု မလုံလောက်ဘူးလို့ ပြောလိုက်ရင် လက်ခံချင်ကြမှာ မဟုတ်ဘူး။ ဟုတ်ပါတယ်။ သင်တို့မှာ စမတ်ဖုန်းကိုယ်စီရှိကြတယ်။ ဖေ့ဘုတ်စ် ၊ gtalk စတဲ့ application တွေလည်းစုံလို့။ တစ်နေကုန် ဒီapplication တွေသုံးလို့ စကားပြောနေတယ် ဆိုဦး ပြည့်စုံတဲ့စိတ်ချမ်းသာမှု ရရှိလို့လား။ လအနည်းငယ်အကြာမှာ ဒီလိုချည်းပဲ အမြဲတမ်းဝေးနေမယ် ဆိုရင်တော့ တခြားမှန်ကန်တဲ့နည်းလမ်းတစ်ခု ရှာဖွေကြည့်ဖို့ လိုလာပြီလို့ စတင်ခံစားမိလာပါလိမ့်မယ်။

(၂)     ယုံကြည်ကိုးကွယ်မှု ကင်းမဲ့လာခြင်း

          လိမ်လည်ဖို့ အခါအခွင့်သင့်ပြီး အခြေအနေပေးလာတဲ့အခါ သင့်အနေနဲ့ သူမမသိသေးသရွေ့ ဘာမှမဖြစ်နိုင်ဘူးလို့ ထင်နေလိမ့်မယ်။ ဒီအခါ သစ္စာရှိမှုနဲ့ တစ်ဦးအပေါ် တစ်ဦး ကတိထားမှုတွေဟာ အချိန်တိုင်းမှာ ပျက်ပြယ်နေတတ်ပါတယ်။ တစ်လင်တစ်မယားဆိုတဲ့ စနစ်အပေါ်မှာ စိန်ခေါ်မှုတွေ ရှိလာပါတယ်။ ဒါတွေကို ကြံ့ကြံ့မခံနိုင်တဲ့အခါ သင်တို့ရဲ့ ဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာပါတော့တယ်။

(၃)     အတူတကွ တည်ဆောက်နိုင်သော ရေရာတဲ့အနာဂတ် မရှိခြင်း

          သင့်ရဲ့ လူနေမှု ဘ၀ပုံစံ၊ ရွေးချယ်မှုနဲ့ အနာဂတ်အစီအစဉ်တွေ ကြားမှာ နောက်ထပ် ဆုံတွေ့နိုင်ဖို့ သေချာတဲ့ အကြောင်းပြချက်မရှိနိုင်တော့ဘူး။ သင်တို့ရဲ့ ဘ၀နှစ်ခုဟာ မျဉ်းပြိုင်တွေလို ပဲ ဆုံမှတ်တစ်ခုထားဖို့ ခဲယဉ်းလာတဲ့အခါ ဒီဆက်ဆံရေး အေးခဲသွားပါလိမ့်မယ်။ နှစ်ဦးသားမှာ ဆုံတွေ့ချင်စိတ် အမှန်တကယ် ရှိနေကြတယ်ဆိုဦးတော့ အချစ်ထက် ဦးစားပေးရမယ့် အရာတွေ ဘ၀မှာကြုံလာတဲ့အခါ ရင်နာစွာနဲ့ ဒီလမ်းကို ရွေးချယ်ရတတ်ပါတယ်။
(၄)     သံသယတွေ ၀င်လာခြင်း

          သူမတကယ်ပဲ အတန်းတက်နေတယ်လို့ သင်ဘယ်လိုသိနိုင်မလဲ။ သူမကို အမြဲတမ်း စိတ်မကုန်နိုင်သူ တစ်ယောက်နဲ့ ပါတီမှာ ရှိနေတာများလား။ သူမ လိမ်နေတာများလား။ ဒီလိုပဲ အနေဝေးနေတဲ့ ဆက်ဆံရေးဆိုတာ သံသယတွေများစွာနဲ့ ရှိနေတတ်ပါတယ်။ သင်တို့နှစ်ဦးရဲ့ ဆက်သွယ်မှု မလုံလောက်တော့တဲ့ အချိန်ကစလို့ သူမရဲ့ သစ္စာရှိမှု ၊ သံယောဇဉ်ရှိမှုတွေ အပေါ် အမြဲလိုလို သံသယ၀င်နေပါလိမ့်မယ်။

(၅)     ဆက်လက်တည်မြဲဖို့ ဆန္ဒမရှိတော့ခြင်း

          ဆယ်ကြိမ် စကားပြောကြတဲ့အခါ ကိုးကြိမ်လောက်က ရန်ဖြစ်နေရမယ်။ အပေါ်မှာ ပြောခဲ့တဲ့ အပျော်ရှာမိတာတွေ ၊ သံသယ၀င်မိတာတွေ ၊ ဆုံတွေ့ဖို့အခွင့်အလမ်း နည်းပါးလာတာတွေကို အခြေခံလို့ သင်တို့ဟာ တစ်ဦးပေါ်တစ်ဦး သည်းခံနိုင်စွမ်းနဲ့ ချိုသာပြေပြစ်စွာ ပြောဆိုနိုင်စွမ်းတွေ ကင်းမဲ့လို့ နေပါပြီ။ ကြာလာတော့လည်း ငြင်းခုံရတာတွေ ၊ ရန်ဖြစ်ရတာတွေကို ငြီးငွေ့လို့ လာပါပြီ။ တစ်ဦးအပေါ်တစ်ဦး အသည်းခွဲလိုတဲ့ ဆန္ဒ မရှိကြသော်လည်းပဲ သင်တို့ရဲ့ ဒီအချစ်ရေးကြီးက အဓိပ္ပါယ်မဲ့လာတယ်လို့ ထင်နေကြပါပြီ။ ဒီအခြေအနေဟာ နှစ်ဦးစလုံးအတွက် စိတ်ဆင်းရဲစရာ အခြေအနေဖြစ်တာကြောင့် တစ်ယောက်ယောက်ကစလို့ သွားခွင့်ပြုလိုက်ပါတော့။

      ဒီတော့ အနေဝေးနေတဲ့ ချစ်ခြင်းတစ်ခုကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ အရေးအကြီးဆုံး ကတော့ သစ္စာရှိမှုပါ။ မမြင်ရ ၊ မတွေ့ရသော်လည်းပဲ သူဟာ ကိုယ့်အပေါ် ကတိတွေချိုးဖောက် နေတယ်ဆိုရင် အလိုလို ခံစားမိတတ်ကြပါတယ်။ ကျန်တဲ့ကိစ္စတွေကတော့ အဆင်ပြေအောင် တတ်နိုင်သမျှ ညှိယူလို့ရကြမယ်လို့ ထင်ပါတယ်။ ဖြစ်တတ်တဲ့ ပြဿနာလေးတွေ သိထားတဲ့အခါ ကြိုတင်ရှောင်ရှားရင်း ပြင်ဆင်လို့ရနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Ref:mensxp

Trend Myanmar

အမျိုးသမီးများ တန်းတူ အခွင့်အရေး မရရှိလျှင် နိုင်ငံ ဖွံဖြိုးရေး နှောင့်နှေးနိုင်


အမျိုးသမီး ခေါင်းဆောင်မှု သင်တန်း(Women leadership Development Training)ကို ရန်ကုန်မြို့ International ဟိုတယ် ရှိ India စားသောက်ဆိုင်တွင် ဇန်န၀ါရီ ၂၇၊ ၂၈ ရက်တွင် ပြုလုပ်ခဲ့သည်။(ဓာတ်ပုံ -နန်းဆိုင်နွမ်/ဧရာဝတီ)
အမျိုးသမီးများသည် နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းများ၌ ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချရာတွင် အမျိုးသားများနှင့် တန်းတူ အခွင့် အရေး မရရှိပါက နိုင်ငံ ဖွံ့ဖြိုးမှု နှောင့်နှေးနိုင်ကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်ခန့်သည် အမျိုးသမီးများ ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် အမျိုးသားများနှင့် တန်းတူညီမျှ အခွင့် အရေး ရရှိပါက နိုင်ငံ ဖွံ့ဖြိုးမှု ရာနှုန်းပြည့်ဖြစ်လာမည် ဖြစ်ကြောင်း Gender Equality Network မှ ဒေါ်မေစံပယ်ဖြူက ဧရာဝတီ သို့ ပြောသည်။

“အမျိုးသမီးတွေ ကိုယ်တိုင် အခွင့်အရေး ရရင်တောင် ယုံကြည်ချက် ရှိရှိနဲ့ နေရာယူဖို့ လိုပါတယ်။ ဦးဆောင်နိုင်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ အတွက် ကျမတို့ သင်တန်းတွေကို နေရာအနှံ့ ဆက်တိုက် ပေးနေပါတယ်”ဟု ဒေါ်မေစံပယ်ဖြူက ဆိုသည်။

ယင်းအပြင် အမျိုးသမီးများ ကာကွယ်ရေး ဥပဒေ ထွက်လာရန် အတွက်လည်း ဆောင်ရွက်နေကြောင်းလည်း ၎င်းက ပြောသည်။

အမျိုးသမီးများ၏ အတွေ့အကြုံ ခံစားချက်များကို ဥပဒေ ရေးဆွဲချိန်တွင် ထည့်သွင်း ရေးဆွဲမည် ဖြစ်ကြောင်း၊ အမျိုးသမီးအဖွဲ့ အစည်းအမျိုးမျိုးနှင့် နေရာဒေသအနှံ့ရှိ အမျိုးသမီးများနှင့်ပါ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“အမျိုးသမီးတွေ အရည်အသွေး မြှင့်တင်ပြီး ဆုံးဖြတ်ချက်ချတဲ့ နေရာမှာလည်း များများ ပါဝင်လာဖို့ အတွက် အမျိုးသမီး ခေါင်း ဆောင်မှု သင်တန်းတွေကို လိုက်ပေးနေတာပါ။ ကျမတို့က ၂၀၁၁ ခုနစ် ကတည်းက သင်တန်း စပေးတာပါ”ဟု Women’s Organizations Network of Myanmar မှ ဒေါ်မာမာချိုက ဧရာဝတီသို့ ပြောသည်။

မြန်မာ အမျိုးသမီးများအား အရည်အသွေး မြှင့်တင်ပြီး နိုင်ငံရေး၊ ရပ်ကျေးများတွင် အုပ်ချုပ်ရေးပိုင်းများ၌ ပါဝင်လာရန် အတွက် အဓိက လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ သင်ကြားပေးသည့် အခါလည်း စီမံခန့်ခွဲတတ်မှု၊ ခေါင်းဆောင်မှုနှင့် ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ်(CEDAW) စသည်တို့ကို သင်ကြားပေးကြောင်း ဒေါ်မာမာချိုက ဆိုသည်။

“သင်တန်းကို နယ်မြေ အသီးသီးလိုက် ပေးနေပါတယ်။ နယ်မှာရှိတဲ့ အမျိုးသမီးတွေကလည်း အခုဆိုရင် ပူးပေါင်း ပါဝင်လာကြပါတယ်။ အမျိုးသမီးများ ကာကွယ်ရေး ဥပဒေ ထွက်လာဖို့အတွက် ကျမတို့ ပူးပေါင်း ဆောင်ရွက် နေပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် တရားဥပဒေ အရ ကိုယ်တိုင် အကာအကွယ် ပြုနိုင်ရန် အတွက် ပညာပေးနေကြောင်း၊ အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်ပြီး သိရှိလာရန် နယ်ဒေသများသို့ လိုက်လံ ပညာပေး သွားမည် ဖြစ်ကြောင်း၊ အမျိုးသမီး ဖွံ့ဖြိုးမှု အတွက် များစွာလိုအပ်နေသေးကြောင်း New Generation (ရှမ်းပြည်) မှ မသန္တာက ဧရာဝတီသို့ ပြောသည်။

“အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ပြီး သင်တန်းတွေ ပေးနေပါတယ်။ လူငယ်ပိုင်းတွေကို အဓိကထားပြီး လုပ်နေပါတယ်။ နယ် တွေက အစ သွားပေးနေပါတယ်”ဟု မသန္တာက ဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်က ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ် (CEDAW) တွင် လက်မှတ်ရေးထိုးထား သော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုလျက် ရှိသည်။
irrawaddy

သင် လူဖြစ်ပါပြီလော


•••••••••••••••••••
ဤခေါင်းစဉ်ကို မြင်လိုက်ရသူများက
“ဒီကိုယ်တော်နှယ်၊ ကြံကြံဖန်ဖန် ဒီမေးခွန်းကို
အဓိပ္ပာယ်မဲ့မေးနေတယ်။ လူသားမိဘတွေက
ပေါက်ဖွားလာတာ လူမဖြစ်လို့ ဘာဖြစ်ရမလဲ”ဟု
တွေးတောကောင်း တွေးတော နိုင်ပါ၏။

ရဟန်းခံခါနီးတွင် ရဟန်းလောင်းအား
မေးမြန်းရမည့် မေးခွန်း ၁၅ချက်တို့တွင်
“မနုေဿာသိ-သင်လူသားစင်စစ်
ဟုတ်ပါ၏ လော”ဟု
မေးခွန်းတစ်ချက်ပါရှိ၏။

လူသားက ပေါက်ဖွား
လူသားရှင်သာမဏေတစ်ပါးကို
“သင် လူသား စင်စစ်ဟုတ်ပါ၏လော” ဟူသော
မေးခွန်းမှာ အဓိပ္ပာယ် ကင်းမဲ့နေသယောင်။

သို့သော်-ထိုမေးခွန်းကို မေးရသည်မှာ အဓိပ္ပာယ်ရှိ၏။
■ ဘုရားရှင်လက်ထက်က နဂါးကြီးတစ်ကောင်
နဂါးဘဝကို ရွံ့မုန်း၍ နဂါး ဘဝမှ လွတ်ရာလွတ်ကြောင်း
ကြံဆရင်း လူယောင်ဖန်ဆင်းကာ ရဟန်းခံခဲ့ဖူး၏။
ထို့ ကြောင့် ဘုရားရှင်က ရဟန်းခံခါနီးတွင်
ရဟန်းလောင်းအား ထိုမေးခွန်းကို မေးခိုင်းတော်မူခြင်း
ဖြစ်လေသတည်း။

ဤသို့လျှင်
“မနုေဿာသိ သင်လူသား စင်စစ်ဟုတ်ပါ၏ လော”ဟူသော
မေးခွန်းသည် အဓိပ္ပာယ်ရှိ သော မေးခွန်းသာဖြစ်၏။
ဤ၌လည်း “သင် လူဖြစ်ပါပြီလော” ဟူသော
မေးခွန်းကို လေးလေးနက်နက် မတွေးတတ်သူတို့က
အပိုမေးခွန်း(ဌပနီယ ပုစ္ဆာ)ဟုထင်ကောင်း ထင်နိုင်ပေ၏။

♦ လူသား မိဘက ပေါက်ဖွား၍ ပခုံးနှစ်ဖက်ကြား
ဦးခေါင်းပေါက်ကာမျှ၊မိုးကို ဦးခေါင်းပေးပြီး
ခန္ဓာ ကိုယ်ထောင်၍ သွားကာမျှ၊
လက၊်ခြေ ၊ကိုယ် အင်္ဂါ ပြည့်စုံကာမျှဖြင့်
ပြည့်ဝသော မနုဿ ခေါ်-လူသား စင်စစ် မဖြစ်နိုင်ချေ။

♦ လူသားမိဘက ပေါက်ဖွားသည် မှန်သော်လည်း
“ငါချမ်းသာဖို့၊ငါ့မိသားစုချမ်းသာဖို့” စသည်ဖြင့်
နေရာတကာဝယ် ငါကို ရှေ့တန်းတင်၍ ပြုလုပ်၊
ပြောဆို၊ကြံစည်နေ လျှင် အနှီပုဂ္ဂိုလ်သည်
မိုးကို ကျောပေး၍ ခြေထောက်လေးချောင်းထောက်ကာ
ကန့်လန့်သွားတတ်သော “ တိရစ္ဆာန်” နှင့်
ဘာထူး တော့အံ့နည်း။

တိရစ္ဆာန်ဟုခေါ်သော ကန့်လန့်သွား သတ္တဝါတို့သည်
နေရာတကာ ငါကို ရှေ့တန်း တင်တတ်ကြ၏။
ထိုသဘောကို ထင်ရှားစေ ရန် ခွေးတစ်အုပ်ကို
ခေါ်၍ စားခွက်တွင် စား သောက်ဖွယ်များပုံကာ
ကျွေးကြည့်ပါလေ။ တရုန်းရုန်း တဝုန်းဝုန်းဖြင့်
“ငါ ဝဖို့သာ အရေး ကြီးသည်” ဟု
အငမ်းမရ အလုအယက်စား သောက်နေကြသည်မှာ
“ငါ” ကို ရှေ့တန်းတင် သည့်သဘော
အထင်အရှား တွေ့ရပါလိမ့်မည်။

ထို့ကြောင့် “ငါ” ကို ရှေ့တန်းတင်ကြသူတို့သည်
လူသားမိဘက ပေါက်ဖွားသည် မှန် သော်လည်း
“တိရစ္ဆာန်” နှင့် မထူးကြချေ။

• အတ္ထာနတ္ထံ မနတိ ဇာနာတီတိ မနုေဿာ။
• ကာရဏာကာရဏံ မနတိ ဇာနာတီတိ မနုေဿာ။
• ကုသလာ ကုသလံ မနတိ ဇာနာတီတိ မနုေဿာ။
• မနော ဥဿန္နံ ဧတေသန္တိ မနုဿာ။

♦ အကျိုးရှိ အကျိုးမဲ့၊ အကြောင်းဟုတ်၊ မဟုတ်၊
♦ ကုသိုလ် အကုသိုလ်ကို ခွဲခြား၍ သိတတ်ပါမှ
“မနုဿလူ” ဟု ခေါ်ရ၏။
ထိုသို့ မသိလျှင် မနုဿ-လူမဟုတ်ပေ။
♦ ထက်မြက် သော စိတ်ဓာတ်ရှိပါမှ
မနုဿ-လူဟုခေါ် ရ၏။
♦ ထက်မြက်သော စိတ်ဓာတ်မရှိလျှင်
မနုဿ-လူဟု မခေါ်နိုင်ပေ။
အကျိုးရှိ အကျိုးမဲ့၊အကြောင်းဟုတ် မဟုတ်၊
ကုသိုလ် အကုသိုလ်ခွဲခြားသိ၍
စိတ်ဓာတ်ထက်မြက်သော မနုဿ-လူသားတို့သည်
ကိုယ်ရေးကိုယ်တာကိုသာ မကြည့်ကြ။

အများချမ်းသာရေးကိုလည်း ကြည့်ကြလေသည်။
အဆင့်အတန်းမြင့်သူ မနုဿဖြစ်လေလေ ၊
အများကောင်းကျိုး ဆောင်ရွက်လေ လေဖြစ်သည်။
ဘာသာသာသနာ အကျိုး သယ်ပိုးလေလေဖြစ်သည်။

■ နှစ်တစ်ရာ အတွင်း ပျောက်ကွယ်သွားရ မည့်
လူ့ဘဝတွင် ကောင်းကျိုးမရှိသည့်နေရာ၌
ပြိုင်ဆိုင်မနေသင့်ကြပေ။

ပိုင်ဆိုင်သည့် ဘဝ၊
ရရှိသည့်ဥစ္စာ၊
တတ်ကျွမ်းသည့် အတတ်ပညာ တို့ကို
မိမိနှင့်သူတစ်ပါး ကောင်းကျိုးများရာ၌သာ
အသုံးချသင့်ကြပေသည်။
သန်းခေါင်စာရင်းမှ မိမိပျောက်ကွယ်သွားခဲ့လျှင်
ကမ္ဘာလောကပေါ်ဝယ် မိမိ၏ ခြေရာ လက်ရာများ
ကျန်ရစ်ခဲ့စေသင့်သည်။

ကိုယ်ကျိုးနှင့် ထင်ပေါ်ကျော်ကြားမှုကို မငဲ့၊
အများအကျိုးကိုပါ ဆောင်ရွက်ခြင်းသည်
အကျိုးရှိ၊ အကျိုးမဲ့ကို ခွဲခြားသိနိုင်သော၊
အကြောင်းဟုတ်-မဟုတ် ခွဲခြား သိနိုင်သော၊
ကုသိုလ်-အကုသိုလ် ခွဲခြားသိနိုင်သော၊
စိတ်ဓာတ်ထက်မြက်သော မနုဿ-လူသားတို့၏
လုပ်ငန်းဖြစ်သည်။

ထို့ကြောင့်လည်း မိမိ အပါအဝင် အားလုံးသော
ပုဂ္ဂိုလ်တို့သည် မိမိ ကိုယ် မိမိပြန်လည်
မေးမြန်းသင့်ကြပါသည်။
“သင် လူဖြစ်ပါပြီလော” ဟူ၍…။

- (အသျှင်အဘိဇာတာဘိဝံသ)

ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်


မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်နေကြောင်း ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ အချက်အလက်များအရ သိရသည်။ စားသုံးသူဈေးဆနှုန်း (CPI) ကို အခြေခံသော ပျမ်းမျှ ငွေကြေးဖောင်းပွမှုသည် ၂၀၁၁ ခုနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၂ ဒသမ ၈၅ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းအထိ ဖြစ်လာကြောင်း အဆိုပါဥပဒေကြမ်းတွင် ပါရှိသည်။ ယင်းဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုပေးနိုင်ရန် အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများက တင်ပြထားသောကြောင့် ၂၀၁၄ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရန် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီနှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့က အစီရင်ခံစာတွင် ထည့်သွင်းထုတ်ပြန် ထားပြီဖြစ်ကြောင်း ကော်မတီဝင်တို့က ပြောဆိုသည်။ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်ရန် ဘဏ္ဍာရေးစနစ်၊ အခွန်စနစ်၊ ရသုံးမှန်းခြေငွေစာရင်း၊ ပြည်ပပို့ကုန်အခွန် ပြင်ဆင်ခြင်းနှင့် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများကို စီးပွားရေးဆန်ဆန် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ဥပဒေကြမ်းကို လေ့လာသည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ စီမံကိန်းဥပဒေကြမ်းပါ အချက်များအရ ယခုနှစ်တွင် လူတစ်ဦးချင်းစီ၏ ပျမ်းမျှစီးပွားရေးအရ ဝင်ငွေကို ကျပ်ဆယ်သိန်းခွဲကျော်အထိ ရရှိလာရန် ရည်မှန်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဥပဒေကြမ်းအရ သိရသည်။ လာမည့်နှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိလာနိုင်သဖြင့် အန္တရာယ်ရှိသော အနေအထားတွင် ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ခန့်မှန်းချက်အရ သိရသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။ "

khit lu nge

ပြည်တွင်း မိုဘိုင်းလ်ဖုန်း အာရှကိုးနိုင်ငံမှာ သယ်ယူအသုံးပြုနိုင်ပြီ


အာရှဒေသတွင်း ကိုးနိုင်ငံမှာ ပြည်တွင်းက ပို့စ်ပိတ်စနစ်သုံး မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်သူတွေ အင်တာနေရှင်နယ် အောက်ဘောင်းရွှန်းမင်း (International Outbond Roming) စနစ်ကို အသုံးပြုနိုင်ပြီ လို့လည်း သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ်အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းက ‘အာရှ ဒေသတွင်း ကိုးနိုင်ငံမှာ အင်တာနေရှင်နယ် အောက်ဘောင်းရွှန်းမင်းစနစ်ကို စမ်းသပ်ပြီး ဖြစ်တဲ့အတွက် ပြည်တွင်းက မိုဘိုင်းလ်ဖုန်းတွေ ပြည်ပမှာ သယ်ယူအသုံးပြုနိုင်ပါပြီ၊ ဒီကိုးနိုင်ငံအပြင် တခြားနိုင်ငံတွေမှာ သယ်ယူအသုံးပြုနိုင်ဖို့ နိုင်ငံတကာ တယ်လီကွန်အော်ပရေတာတွေနဲ့ ဆွေးနွေးနေပါတယ်’ လို့ ပြောပါတယ်။ ပြည်တွင်း မိုဘိုင်းလ်ဖုန်းတွေ ပြည်ပမှာ သယ်ယူအသုံးပြုနိုင်ဖို့ စက်မှုပိုင်းနဲ့ ခေါ်ဆိုမှုတွေအတွက် တွက်ချက် ကောက်ခံနိုင်ရေး ပထမအဆင့်အဖြစ် ပို့စ်ပိတ် (postpaid) အသုံးပြုသူတွေအတွက် စမ်းသပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သယ်ယူအသုံးပြုနိုင်မယ့် နိုင်ငံတွေက ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ တရုတ်ဟောင်ကောင် (အထူးဒေသ)၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ မလေးရှားနိုင်ငံတွေ ဖြစ်တယ်လို့ သိရကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ "


khit lu nge

ATM စက်များတွင် MPU ကတ်ဖြင့် ဖုန်းငွေဖြည့်နိုင်မည်


အလိုအလျောက် ငွေထုတ်စက် (ATM) များတွင် ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ကာ MPU (Myanmar Payment Union) ကတ်ဖြင့် ဖုန်းငွေဖြည့်နိုင်ပြီ ဖြစ်ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက ပြောကြားသည်။ ATM စက်တွင် ဖုန်းငွေဖြည့်နိုင်ရန် MPU ကတ်ရှိရန် လိုအပ်ပြီး ATM စက်တွင် ကိုင်ဆောင်ထားသော MPU ကတ်သုံးကာ လျှို့ဝှက်နံပါတ် ရိုက်ထည့်ပြီးနောက် ဖြည့်လိုသည့် ငွေပမာဏကို ရွေးချယ်ဖြည့်သွင်းနိုင်ကြောင်း ၎င်းက ဆိုသည်။ “ဖုန်းငွေဖြည့်နိုင်တဲ့နည်း နှစ်မျိုးရှိတယ်။ တစ်မျိုးက ATM စက်နဲ့ Screen (မျက်နှာပြင်)မှာ ကုတ်နံပါတ်ပေါ်တာကို တစ်ခါတည်း ရိုက်ထည့်တာ။ နောက်တစ်မျိုးက ကုတ်နံပါတ်ကို စာရွက်အနေနဲ့ သိမ်းထားချင်တာမျိုးအတွက် စလစ်ထုတ်ပြီးမှ ဖြည့်လို့ရတယ်” ဟု ၎င်းက ရှင်းပြသည်။ ATM စက်များတွင် MPU ကတ်ဖြင့် ဖုန်းငွေဖြည့်နိုင်ပြီ ဆိုသော်လည်း ဖုန်းငွေဖြည့်ကတ် လက်လီလက်ကား ရောင်းချနေသော အရောင်းဆိုင်များအတွက် ထိခိုက်မှုမရှိနိုင်ကြောင်း ပန်းဘဲတန်းမြို့နယ်ရှိ ဖုန်းငွေဖြည့်ကတ် လက်လီလက်ကား အရောင်းဆိုင် လုပ်ငန်းရှင်က ပြောဆိုသည်။ “ဘယ်လိုဖြစ်မယ်ဆိုတာ သေချာမသိပေမယ့် ဒီဟာက MPU ရှိတဲ့သူဖြစ်မှ၊ ပြီးတော့ ATM စက်လည်း အနီးအနားမှာရှိနေမှ အလွယ်တကူ ဖြည့်နိုင်မှာလေ” ဟု ၎င်းက ဆိုသည်။ MPU ကတ်ဖြင့် ဖုန်းငွေဖြည့်နိုင်သည့် အတွက် ဖုန်းငွေဖြည့်ကတ် အရောင်းဆိုင်သို့ သီးသန့်သွားရန် မလိုအပ်တော့ဘဲ ATM စက်ရှိသည့် နေရာတွင် တစ်ခါတည်း ငွေဖြည့်နိုင်သည့်အတွက် ပိုမိုအဆင်ပြေလာကြောင်း MPU ကတ် သုံးစွဲသူတစ်ဦးက ဆိုကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ "

khit lu nge

ရခိုင်ပြဿနာ အစိုးရက ဘက်လိုက်နေရင် ယုံကြည်ထိုက်မှု မေးခွန်းထုတ်စရာဟု ဗြိတိန်ပြော


ရခိုင်ပြည်နယ် မောင်တောမှာ ဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ရာမှာ ဘက်တစ်ဖက်တည်းမှာ ရပ်တည်နေမယ်ဆိုရင် မြန်မာအစိုးရအပေါ် ယုံကြည်ထိုက်မှုဟာ သံသယဖြစ်စရာရှိတယ်လို့ ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဟူဂို ဆွားက ဇန်နဝါရီ ၃ဝရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

မောင်တောမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး ငြင်းဆိုခဲ့ပြီးမှ စုံစမ်းစစ်ဆေးရေးလုပ်မယ်လို့ မြန်မာအစိုးရက ပြောလာတာကြောင့် ပြဿနာဖြစ်ခဲ့တယ်ဆိုတာ သေချာတဲ့အကြောင်း၊ ဒါကို ဖော်ထုတ်ရာမှာ ကျယ်ပြန့်တဲ့အသိုင်းအဝိုင်း ပါဝင်မှုရှိမရှိ စောင့်ကြည့်သွားမယ်လို့ ဗြိတိသျှကောင်စီမှာ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။

လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် တားဆီးထားတဲ့ ပုဒ်မ ၅၉(စ)ဟာ ၁၉၄၇နဲ့ ၁၉၇၄ ဖွဲ့စည်းပုံတွေမှာလည်း မပါဝင်ဘဲ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ ကန့်သတ်ချက်ဖြစ် တယ်လို့ ပြောဆိုလိုက်ပြီး ဒါကို မပြင်ပေးရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ ယတိပြတ် ပြောဆိုခဲ့ပါတယ်။

တရားမျှတတဲ့ ရွေးကောက်ပွဲမရှိဘဲနဲ့ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုဟာ ယုံကြည်ထိုက်မှုမရှိဘဲ သံသယတွေသာ ဖြစ်လာစေမှာလို့ ဒုတိယဝန်ကြီး ဟူဂို ဆွားက ရန်ကုန်မြို့မှာ ပြောဆိုခဲ့ပါတယ်။

Kamayut Media

မလေးရှားနိုင်ငံက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပုံစံသစ်


ကွာလာလမ်ပူမြို့တွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့သစ် စတင်ဆောင်ရွက်နေတဲ့ စင်သီယာ ဂါဘရီယယ် (အလယ်)နဲ့ အမ်ဘီကာ စရီနေဗာဆန် (ညာဘက်)

မလေးရှားနိုင်ငံဟာ ဒေသတွင်းမှာ အဂတိလိုက်စားမှု အများဆုံးနိုင်ငံ တနိုင်ငံ ဖြစ်တယ်လို့ အာရှပစိဖိတ် အဂတိလိုက်စားမှု နောက်ဆုံးစစ်တမ်းအရ သိရပါတယ်။

လာဘ်ပေးလာဘ်ယူမှုတွေက တနိုင်ငံလုံးမှာ ပုံမှန်ကိစ္စရပ်တခုလို ဖြစ်နေပါတယ်။ စီဖော လို့ အတိုကောက်ခေါ်တဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့သစ်ကတော့ ဒီ ပျံ့နှံ့လာတဲ့ ရောဂါဆိုးကို တုံ့ပြန်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

ကန်ကွန်းလို့ခေါ်တဲ့ ကန်ဇွန်းရွက်ဟာ မလေးရှားမှာ ဈေးပေါတဲ့ ဟင်းလျာ ဖြစ်ပါတယ်။ ဒါပေမယ့် မလေးရှားမှာ လူတိုင်း ပြောစရာကိစ္စတခု ခဏဖြစ်လိုက်ပါသေးတယ်။ ဒီလ အစောပိုင်းက ပြောတဲ့ ၀န်ကြီးချုပ် နာဂျစ် အဗ္ဗဒူ ရာဇတ်ရဲ့ မိန့်ခွန်းက စခဲ့တာပါ။
သူ့အစိုးရ အုပ်ချုပ်မှု ကောင်းမွန်လို့ ကန်ဇွန်းရွက်ဈေးတွေ ကျခဲ့တာကို ဥပမာထုတ် ပြောသွားခဲ့တာပါ။ ကုန်ဈေးနှုန်း တက်ရင်ကျတော့ အစိုးရကို အပြစ်တင်ကြတယ်။ ကုန်ဈေးနှုန်း ကျရင်တော့ ငြိမ်နေကြတယ်ဆိုပြီး အပြစ်ပြောလိုက်ပါသေးတယ်။ အဲဒီအချိန်ကစပြီး ၀န်ကြီးချုပ်ကို လှောင်ထားတဲ့ ကန်ဇွန်းရွက်ဟာသဟာလည်း အင်တာနက်မှာ ပြန့်သွားတော့တာပါပဲ။
အမ်ဘီကာ စရီနေဗာဆန်ဟာ ရွေးကောက်ပွဲ သန့်ရှင်းမျှတရေးတပ်ပေါင်းစု ဥက္ကဋ္ဌ တာဝန်ကို ယူထားတဲ့ တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ ၀န်ကြီးချုပ်မိန့်ခွန်းကို ဘာကြောင့် မလေးရှားလူထုက ဒေါသထွက်ရသလဲဆိုတာကို ရှင်းပြပါတယ်။

“မလေးပြည်သူတွေက ဟာသညဏ်လည်း အတော်ရှိတယ်။ ပြဿနာက အုပ်ချုပ်တဲ့ လူတွေက အပြင်က တကယ့်လူထုနဲ့ အဆက်အသွယ်ပြတ်နေတယ်။ တကယ်တော့ ပြဿနာက ကန်ဇွန်းရွက်ပြဿနာလောက်တင် မဟုတ်ဘူး။ အဲ့ဒါထက် အများကြီး ကျယ်ပြန့်တယ်။ ကုန်ဈေးနှုန်းတွေ တက်တယ်ပဲ ထားပါအုံး။ သူတို့ကိုယ်တိုင်က အဂတိလိုက်စားမှုကို ထိထိရောက်ရောက် တားဆီးမယ်ဆိုရင် ပြည်သူတွေက လက်ခံအုံးမယ်။ သူတို့တွေသာ တကယ် လုပ်တတ်ကိုင်တတ်ရင် ကုန်ဈေးနှုန်းတက်စရာ အကြောင်းကို မရှိတာ။ အဲ့ဒါကြောင့် လူထုက ဒေါသထွက်တာပေါ့။”

အခုလို ကုန်ဈေးနှုန်းတက်နေတဲ့ကာလမှာ မလေးရှားပြည်သူတွေအနေနဲ့ တတ်နိုင် သလောက် ချွေတာကြဖို့ အစိုးရက တလောက ပြောလိုက်သေးတယ်။ ဒါပေမယ့် မလေးရှားဝန်ကြီး တချို့ကျတော့ မွေးနေ့ပါတီကြီးတွေနဲ့ မင်္ဂလာဆောင်ပွဲကြီးတွေကို ကွာလာလမ်ပူမြို့က တကယ့်ဇိမ်ခံဟိုတယ်ကြီးတွေမှာ လုပ်နေကြတယ်။

အမ်ဘီကာ စရီနေဗာဆန်က “သူတို့ဆောက်တဲ့ အိမ်ကြီးတွေကို ကြည့်လိုက်၊ သူတို့လုပ်တဲ့ ပျော်ပွဲရွင်ပွဲတွေကို ကြည့်လိုက်။ မင်္ဂလာဆောင်ပွဲတွေ၊ တကယ်အလွန်အကျွံ၊ သူတို့စီးတဲ့ကားတွေ၊ ကား ဘယ်နှစ်စီးပိုင်တာတွေ၊ လူတွေက ကန်းနေကြတာမှ မဟုတ်တာ။ နိုင်ငံခြားခရီး ထွက်တာတွေကလည်း အမြဲတမ်း။ အဲဒါတွေကို လျော့ရမှာ။ သူတို့ကျတော့ ဆက်ဖြုန်း။ လူထုကျတော့ ချွေတာဆိုတော့။ ဟုတ်မှ မဟုတ်တာ” လို့ ပြောပါတယ်။

တလောက ထွက်လာတဲ့စစ်တမ်းအရဆိုရင် ဒီ လာဘ်ပေးလာဘ်ယူမှုတွေဟာ မလေးရှား ပြည်သူတွေကြားမှာ ပုံမှန်ကိစ္စလိုတောင် ဖြစ်နေပါပြီ။ အသက် ၅၈ နှစ်အရွယ် ပင်စင်စား ဗင့်စ်လီးက သူ ဆိုင်ကယ်စီးလာတာကို ရဲက ရုတ်တရက် ဖြတ်တားလိုက်တယ်လို့ ပြောပါတယ်။

“ကားသမားတွေနဲ့ ဆိုင်ကယ်သမားတွေကို မိနိုင်မယ့်နေရာမှာ လာစောင့်နေတယ်။ တကယ်တော့ ကားသမားနဲ့ ဆိုင်ကယ်သမားတွေ မှားနိုင်တဲ့နေရာမှာ လာချောင်းနေတာ။ ရှင်းရှင်းလေးပဲ။ ပိုက်ဆံ လိုချင်လို့။ ကျနော်က တပြားမှ မပေးနိုင်ဘူးပြောတော့။ တရားရုံး ခေါ်သွားတယ်။ ကျနော်ကလည်း တရားသူကြီးကို ရှင်းပြလိုက်တယ်။ တော်သေးတာပေါ့။ တရားသူကြီးက လက်ခံပြီး ပြန်လွှတ်ပေးလိုက်လို့။”

မလေးရှားအစိုးရမှာကိုက တရားဝင် ဖွဲ့စည်းထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆိုတာ ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စအပေါ်မှာ အစိုးရကိုယ်တိုင်က စိတ်ကို မ၀င်စားဘူးလို့ အမ်ဘီကာ စရီနေဗာဆန် လို အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက်ကြွ လှုပ်ရှားသူတွေက ဆိုပါတယ်။

အမ်ဘီကာ စရီနေဗာဆန်က “အစိုးရကော်မရှင်ကတော့ အလုပ်လုပ်ရင်လည်း လုပ်မှာပေါ့။ ဒါပေမယ့် တကယ့် အဆုံးအဖြတ်က တရားသူကြီးချုပ်လက်ထဲမှာပါ။ အစိုးရက စွက်ဖက်တာ ဖြစ်မှာပေါ့။ ကိုင်ချင်တဲ့ အမှုမှ ကိုင်တာ။”

အခုတော့ စီဖောလို့ အတိုကောက်ခေါ်တဲ့ အဂတိလိုက်စားမှုနဲ့ ခရိုနီတိုက်ဖျက်ရေး စင်တာဆိုတဲ့ အဖွဲ့အစည်း ထွက်ပ်ါလာပါတယ်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်နေကြတဲ့ လူအခွင့်အရေးအခြေခံနဲ့ အန်ဂျီအို အတော်များများလည်း ရှိပါတယ်။ စီဖောကတော့ ဒီ ကျယ်ပြန့်လာနေတဲ့ ပြဿနာကို ရင်ဆိုင်ဖို့ ပထမဆုံး ဖွဲ့စည်းလိုက်တဲ့ လူမှုအခြေပြု အဖွဲ့အစည်းလို့ပဲ ပြောရမှာပါ။ စီဖောအဖွဲ့ကို ဖွဲ့စည်းတည်ထောင်သူ တဦးဖြစ်တဲ့ စင်သီယာ ဂါဘရီယယ်က တောနေလူတန်းစားကို ဒီ အကျင်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး ပညာပေးရေး အစီအစဉ်ဟာလည်း သူတို့ အဓိကလုပ်ငန်းတွေထဲက တခုဖြစ်တယ်လို့ဆိုပါတယ်။

စင်သီယာ ဂါဘရီယယ်က “ကျေးလက်တောရွာတွေမှာဆိုရင် တော်တော်ဆိုးပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေက သူတို့တွေကို သူတို့ ပေးချင်တဲ့ သတင်းအချက်အလက်တွေကိုပဲ ချပေးပြီး သူတို့ပြောသမျှ ယုံအောင် လုပ်ခံထားရတယ်။ ဒီအချိန်ဟာ လူထုအခြေပြုအဖွဲ့အစည်းတွေအတွက် အရေးကြီးတဲ့ အချိန် ဖြစ်လာပါပြီ။ အဂတိလိုက်စားမှုနဲ့ ပတ်သတ်ပြီး သည်းခံတော့မှာ မဟုတ်တော့ဘူးလို့ အစိုးရကို ကျမတို့ ပြောလိုက်ပါပြီ။ လာဘ်ပေးလာဘ်ယူတွေကို တိုက်ဖျက်မယ်။ ကျမတို့ ပေးထားရတဲ့အခွန်တွေကို မှန်မှန် မစီမံတာတွေနဲ့ အလွဲသုံးစားတာတွေ ဖြေရှင်းရမယ်” လို့ ပြောပါတယ်။

စင်သီယာကတော့ စီဖောအနေနဲ့ အစိုးရကို ပိုပြီးတာဝန်ခံဖို့ မြင်သာထင်သာရှိဖို့ တွန်းအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

“အကျင့်ပျက် ခြစားတဲ့သူတွေပဲ စီဖောလို အဖွဲ့မျိုးကို ကြောက်မှာလေ။ စီဖောကို ကြိုဆိုတဲ့သူတွေ အများကြီးရှိမှာ ဖြစ်သလို မကြိုက်တဲ့သူတွေကလည်း အများကြီးရှိမှာပဲ။ သူတို့ရဲ့လုပ်ရပ်တွေကို ဖော်မှာ ကြောက်တယ်လေ။ ဒါဆိုသိပြီလေ။ ဘယ်သူက ဘယ်သူဆိုတာ။”

အကျင့်ပျက်ခြစားတာကို တဦးချင်းအဆင့်က စတင်ရင် အကောင်းဆုံးလို့ အငြိမ်းစား ဗင့်စ်လီးက ဆိုပါတယ်။ ဒီ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို သူ့မိသားစုထဲကတောင် စပြီး ဆွေးနွေးနေပါပြီလို့ ပြောပါတယ်။

“တခုခုကို ရဖို့ လာဘ်ပေးစရာလည်း မလိုဘူး။ လာဘ်ယူစရာလည်း မလိုပါဘူး။ ဥပမာ အလုပ်ထဲမှာ အထက်လူကြီးက မြန်မြန် ရာထူးတက်ဖို့ တခုခုလုပ်ရမယ်ဆိုပါတော့။ မလုပ်သင့်ဘူး ထင်ရင် မလုပ်ရဘူး။

အာရှဒေသအစီအစဉ်အတွက် စီတရ ပရာစ်တူတီက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ သတင်းပေးပို့ ထားပါတယ်။

DVB Burmese

ဘန်ကောက်ဆန္ဒပြပွဲ အရှိန်မြှင့်တင်ရန် ပြင်ဆင်


ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ အစိုးရက ကြေညာထားတဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဆန္ဒပြပွဲအရှိန်ကို မြှင့်တင်ဖို့ ထိုင်းဆန္ဒပြသူတွေ ဘန်ကောက်မြို့မှာ ပြင်ဆင်နေကြပါတယ်။

ထိုင်းဆန္ဒပြသူတွေက ရွေးကောက်ပွဲနေ့မှာ မဲပေးမှုကို နှောင့်ယှက်မယ်လို့ ပြောဆိုနေ ကြတာကြောင့် ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်းဆုဘန်က ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှောင်ရှားနိုင်ဖို့ ယခင် ပြောဆိုခဲ့တဲ့ ဆန္ဒမဲပေးတာကို အဟန့်အတားပေး၊ နှောင့်ယှက်ဖို့ မပြောတော့ဘဲ လူတွေ အချိန်အကုန်ခံပြီး မဲသွားပေးမနေနဲ့လို့ လျော့ချပြောဆိုခဲ့ပါတယ်။

မဲပေးမှုကို အဟန့်အတားလုပ်ရင် အစိုးရအတွက် အပြစ်ရှာစရာဖြစ်မှာ ဖြစ်ပြီး အကြမ်းမဖက်တဲ့နည်းကသာ အကောင်းဆုံးလို့ ဆန္ဒပြသူတွေက ပြောဆိုခဲ့ပြီး ဆန္ဒပြခေါင်းဆောင် ပြောကြားချက်ကို ထောက်ခံခဲ့ပါတယ်။

ထိုင်းစစ်တပ်ကတော့ ရွေးကောက်ပွဲ ကျင်းပမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ အကြမ်းဖက်မှု တွေ မဖြစ်အောင် ဘန်ကောက်မြို့တော် လုံခြုံရေးကို တိုးမြှင့်ထားမယ်လို့ ဆိုပါတယ်။

အစိုးရကတော့ ရွေးကောက်ပွဲ ကျင်းပဖို့ကို ဆက်လက် တွန်းအားပေးနေပြီး ရွေးကောက်ပွဲ ကျင်းပတဲ့ရက်မှာ ဘန်ကောက်မြို့မှာ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်နေတဲ့ အစိုးရကို ဆက်လက်ဖိအားပေးတဲ့အနေနဲ့ ဘန်ကောက်မြို့က အဓိကလမ်းဆုံနဲ့ လမ်းမတွေကို အစိုးရဆန့်ကျင်သူတွေက ပိတ်ဆို့ခဲ့ကြပြီး ၀န်ကြီးဌာနရုံးတွေကိုလည်း မဖွင့်အောင် ဖိအားပေးခဲ့ကြပါတယ်။

နိုဝင်ဘာ ၃၀ ရက်ကတည်းက စတင်ခဲ့တဲ့ ထိုင်းဆန္ဒပြပွဲတွေမှာ လူ ၁၀ ဦး သေဆုံးခဲ့ပြီး ၅၇၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဘန်ကောက်မြို့မှာ မှတ်တမ်းကောက်ယူနေတဲ့ အီရာဝန်ကျန်းမာရေးဌာနက ဆိုပါတယ်။

DVB Burmese

၅ နှစ်အတွင်း လူဦးရေ ၉၇ ရာခိုင်နှုန်း ဖုန်းကိုင်နိုင်မည်


ဇန်န၀ါရီ ၃၀ ရက်နေ့က နည်းပညာဝန်ကြီးဌာနကနေ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရရှိခဲ့တဲ့ အော်ရီဒူးနဲ့ တယ်လီနော် ကုမ္ပဏီ ၂ ခုဟာ လာမယ့် ၅ နှစ်အတွင်း မြန်မာနိုင်ငံ လူဦးရေ ၉၇ ရာခိုင်နှုန်း တယ်လီဖုန်း အသုံးပြုနိုင်အောင် အကောင်အထည်ဖော်သွားမယ်လို့ နေပြည်တော်လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ပြောဆိုပါတယ်။

စာချုပ်အရ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ လုပ်ငန်းတွေ စတင်ပြီး ၈ လနဲ့ ၉ လအတွင်း 3G စနစ် မိုဘိုင်းဖုန်းဆင်းကဒ်တွေကို ကျပ်ငွေ ၁၅၀၀ လောက်နဲ့ ရောင်းချပေးသွားမယ်၊ နောက်ပိုင်း 4G အဆင့်မြှင့်တင်သွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ကာတာအခြေစိုက် အော်ရီဒူးနဲ့ နော်ဝေအခြေစိုက် တယ်လီနော် ကုမ္ပဏီတို့ဟာ အစိုးရဆီကနေ ၁၅ နှစ်တာ ကာလ သက်တမ်းရှိတဲ့ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ဇန်န၀ါရီ ၃၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

DVB Burmese

လက်ပံတောင်းတောင်အရေး အကြမ်းဖက်ဖြိုခွင်းမှု ၁၄ လပြည့်အဖြစ် ဒေသခံများ ၀မ်ပေါင်ရုံးအနီးအထိ ဆန္ဒပြ

လက်ပံတောင်း အကြမ်းဖက်ဖြိုခွင်းမှု ၁၄ လပြည့်အဖြစ် ဒေသခံများ ဆန္ဒပြနေစဉ်

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွင်းမှု ၁၄ လပြည့် အဖြစ် ဇန်န၀ါရီ ၂၉ ရက် နေ့လယ် ၁ နာရီမှ စတင်ကာ ညနေ ၄ နာရီအထိ လက်ပံတောင်းတောင် ဒေသခံအင်အား နှစ်ရာဝန်းကျင်တို့သည် တုံကျေးရွာမှတဆင့် မြန်မာဝမ်ပေါင်ရုံးအနီးထိ တရားဝင်ခွင့်ပြုမိန့်ဖြင့် တောင်းဆိုချက် ၇ ချက်ကို ကြွေးကြာ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

“လက်ပံတောင်းတောင်အရေးက အခုချိန်အထိ အဆင်မပြေသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က အကြမ်းဖက်နှိမ်နင်းမှု ၁၄ လပြည့်အဖြစ် ဆန္ဒပြဖို့ သက်ဆိုင်ရာကို နှစ်နေရာ ခွင့်ပြုမိန့်တင်ထားတယ်။ လက်ပံတောင်းတောင်ဒေသရယ် မုံရွာမြို့ရယ် ခွဲပြီးတင်တယ်။ လက်ပံတောင်းတောင်ဒေသကိုပဲ ခွင့်ပြုမိန့်ပေးပြီး မုံရွာ အတွက်အပယ်ခံရတယ်။ မီးလောင်စေတဲ့အရာတွေနဲ့ ဒေသခံတွေရဲ့ သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်မပေးမချင်း တရားဝင်ခွင့်ပြုမိန့်နဲ့
ဆန္ဒထုတ်ဖော် တောင်းဆိုသွားမယ်။ စောစောရက်တုန်းက ဆန္ဒပြဖို့နေရာကို ၀မ်ပေါင်ရုံးအထိ တင်ထားပေမယ့် ၀မ်ပေါင်ရုံးမရောက်မီ ညောင်ပင်ကြီး-ယင်းမာပင်ကားလမ်းပေါ်က ရန်မျိုးအောင်စေတီအထိပဲ ခွင့်ပြုမိန့်ပေးထားပါတယ်။ ဒေသခံတွေအနေနဲ့ကတော့ အားအင်တွေရှိနေသရွေ့ တရားခံတွေကို မဖော်ထုတ်မပေးမချင်း ဆန္ဒထုတ်ဖော်ခွင့်ကို တောင်းဆိုသွားမှာပါ”ဟု တုံကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။

လက်ပံတောင်းတောင်အရေး အကြမ်းဖက်ဖြိုခွင်းမှု ၁၄ လပြည့်အဖြစ်ဆန္ဒပြသော ဒေသခံများတောင်းဆိုသည့်အချက်များမှာ -
၁။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုံးဝဖျတ်သိမ်းပေးရေး ၂။ ပုဒ် ၁၄၄ ထုတ်ပြန်ထားမှုကို ရုပ်သိမ်းပေးရေး ၃။ အကြမ်းဖက်ဖြိုခွင်းခဲ့သည့် မီးလောင်ဗုံး တရားခံများကို ဖော်ထုတ်အရေးယူပေးရေး ၄။ လယ်တီသိမ်ကျောင်းကို ဖျက်ဆီးရန် လုပ်ဆောင်နေသည့် မိစ္ဆာဒိဋ္ဌိ ဦးပိုင်နှင့်ဝမ်ပေါင်ကို အလိုမရှိ ၅။ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအတိုင်း မလုပ်ဆောင်သည့် ဦးပိုင်နှင့်ဝမ်ပေါင် အရေးယူပေးရေး ၆။ မြေယာလျော်ကြေးမယူသည့် လယ်ယာမြေများပေါ်တွင် သွပ်ဆူးကြိုးခတ်မှုအား ချက်ချင်းဖြုတ်ရေ။
တရားမ၀င်မိုင်းခွဲနေမှုများ ချက်ချင်းရပ် စသည်များကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြောင်း သိရသည်။

ညနေ ၅ နာရီ ၀န်းကျင်တွင် လက်ပံတောင်းဒေသရှိ တုံကျေးရွာတွင် ဒေသခံများနှင့် သံဃာတော်များ ဦးဆောင်ကာ လယ်တီသိမ် နှင့် စေတီအပြောင်းအရွှေ့အကြောင်း စည်းဝေးပြောဆိုခဲ့ကြောင်း သိရသည်။

Eleven Media Group

ရခိုင်ပဋိပက္ခအပေါ် မှားယွင်း သတင်းထုတ်ပြန်ချက် ဗြိတိသျှသံရုံး ပြန်လည်ရုပ်သိမ်း


မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဇန်န၀ါရီ ၂၃ ရက်နေ့တွင် မှားယွင်းသတင်း ထုတ်ပြန်ခဲ့ကြောင်း၊ ယင်း ထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းကြောင်း ဗြိတိသျှ သံရုံးမှ ယနေ့ ကြေညာချက် ထုတ်ပြန် သည်။ ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း အဖြစ်အပျက်များ အပေါ် များစွာ စိုးရိမ်မိပါကြောင်း၊ ယင်းကြောင့် မြန်မာ အစိုးရအား လွတ်လပ်ပြီး ထင်သာမြင်သာ ရှိသည့် စုံစမ်းစစ်ဆေးမှုများ အလျင်အမြန် ပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။ ရခိုင်ပြည်နယ် ဒုချီးယားတန်းရွာတွင် ရိုဟင်ဂျာ မွတ်စလင်များ သတ်ဖြတ်ခံသည့် အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဗြိတိသျှသံရုံးနှင့် အမေရိကန် သံရုံးတို့က ပူးတွဲ သတင်းထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းခြင်း ဖြစ်သည်။

Irrawaddy ဧရာဝတီ သတင်း

၂၀၁၄ မြန်မာ နေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ ပြန်စမည်

Myanmar National League 2012

၂၀၁၄ ခုနှစ် မြန်မာနေရှင်နယ် လိဂ် (MNL) အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁ ကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သိရသည်။ ဘောလုံး ပြိုင်ပွဲများကို YUSC ကွင်း၊ KBZ ကွင်း၊ မုံရွာကွင်း၊ ဗထူးကွင်း၊ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်းများတွင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ ရန်ကုန်၊ မနောမြေ၊ ကမ္ဘောဇ၊ နေပြည်တော်၊ ဇေယျာရွေမြေ၊ ဆောက်သမ်း၊ ရတနာပုံ၊ ချင်းယူနိုက်တက်၊ ချင်းပြည်နယ်မှ တန်းတက်လာသည့် GFA ၊ ဇွဲကပင်၊ မကွေး၊ ဧရာဝတီ စသည့် ၁၂ အသင်းများပါဝင်ကြောင်း၊ ၂၀၁၃ ခုနှစ် ဘောလုံးရာသီ အပြီး ၅ လကြာရပ်နားထားခြင်း ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

Irrawaddy ဧရာဝတီ သတင်း

ဆရာတော်များ၏ မှတ်သားဖွယ်ရာ အဆုံးအမများ










ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက် သောက်ပါ


ထမင်း စားပြီးလျှင် ချက်ချင်း ရေမသောက်ဘဲ နေလျှင် အစာကိုပို၍ကြေစေ နိုင်ပါသည်။ စားသည့် အစာတွင် ဟင်းချိုနှင့် အရည်ဓာတ်များပါသင့် သလောက် ပါပြီး ဖြစ်သဖြင့် ထပ်သောက်လျှင် ရေများပြီး

ဝမ်းမီးကအစာကို ချေအား လျော့သွား နိုင်သောကြောင့် ရေထပ် မသောက်သင့်ပါ။သို့သော် စားပြီး ခဏအကြာတွင် အစာချေသော ဝမ်းမီးမှ ပါစကတေဇော ဓာတ်ကြောင့် အာခေါင်ခြောက် လာလျှင် ရေအေးဖြင့် လောင်းမချဘဲ ရေနွေးကြမ်း တစ်ခွက် သောက်လျှင် အစာ ကြေကျက်မှုကို အထောက်အကူ ပေးရာ ရောက်ကြောင်း ရေးသားတင်ပြ လိုက်ရ ပေသည်။

ရေနွေး (သို့မဟုတ်) ရေနွေးကြမ်း သောက်သူများ အတွက် ဆက်လက်တင်ပြရန် လိုပါသည်။ ရေကို ဆူပွက်အောင် ကျိုချက်ပြီး လက်ဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်းကို တစ်နေကုန် သောက်သော အကျင့်မှာကျေးလက် တောရွာများတွင် အများဆုံး တွေ့ရသော မြန်မာ့ ဓလေ့ ဖြစ်ပါသည်။ အချို့မှာ ထမင်းစားရင်း ရေနွေးကြမ်း သောက်သော အလေ့ရှိကြသည်။ ထမင်းစားရင်း ရေအေး မသောက်သင့်ဟု ပြောခဲ့သလို ရေနွေးကြမ်း သောက်၍ ထမင်းစားခြင်း သည်လည်း မကောင်းပါ။ တစ်ခွက်စ၊နှစ်ခွက်စ သောက်လျှင် မဆိုသာ သော်လည်း လွန်ကဲလျှင်တော့ မကောင်းပါ။

ရေနွေးကြမ်း အဖန်ရည်တွင် လက်ဖက်ခြောက် အခပ်များသဖြင့် အဖန်ဓာတ် လွန်ကဲလျှင် ဝမ်းချုပ်စေ နိုင်သည်။ အစာအိမ်မှ အာဟာရစုပ် ယူမှုကို အဖန် ဓာတ်က ဟန့်တား နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ဆေးသောက်လျှင် ရေနွေးကြမ်း အဖန်ရည်နှင့် မသောက်ပါနှင့်ဟု အချို့ဆရာ များက တားမြစ် ကြသည်။ ဆေးအာနိသင်ကို အဖန်ရည်က ကျဆင်းစေ နိုင်သောကြောင့် ဖြစ်နိုင်သည်။

အချုပ်အားဖြင့် ကောက်နုတ် တင်ပြရလျှင်-

(၁) အစာကြေစေရန် ချက်ပြုတ်ပြီး နှစ်နာရီအတွင်း ပူနွေးသော ထမင်းဟင်း ကို စားနိုင်အောင် ကြိုးစားပါ။

(၂) ထမင်းမစားမီနှင့် စားနေဆဲ အချိန်တွင် အချိုရည်နှင့် ရေခဲရေ မသောက် သင့်ပါ။

(၃)ရေမသောက်ဘဲ မနေနိုင်လျှင် ရေကျက်အေး(သို့မဟုတ်) ရေနွေးကြမ်း သင့်ရုံမျှ သောက်ပါ။

(၄) ထမင်းစားပြီးလျှင် ရေနွေးကြမ်း တစ်ခွက် သောက်ခြင်းဖြင့် အစာကြေဖို့ အထောက်အကူ ဖြစ်သည်။

(၅) နေ့လည်စာ ထမင်းစားပြီးနောက် ထန်းလျက်ခဲနှင့် ရေနွေးကြမ်း

သောက်ခြင်းသည် ရှေးကမြန်မာ လူကြီးများ၏ ဓလေ့ဖြစ်ပြီး အစာအိမ် အတွက် အကျိုး ရှိစေပါသည်။
မြ၀တီ

မြန်မာနိုင်ငံရှိ လေကြာင်းလိုင်းများမှ လေယာဉ်များ ရိုးရာအတိုင်း နတ်ပြနေရ ဟု ဆို


မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများ လုံခြုံစိတ်ချရမှုမရှိခြင်း၊ မတော်တဆ ဖြစ်မှုများ များပြားလာခြင်းတို့ကြောင့် လေယာဉ် နတ်ပြရသည့် ထုံးစံတစ်ရပ် ပေါ်ပေါက်လာကြောင်း သိရသည်။

မကြာသေးခင်ကပင် အဲယားပုဂံလေယာဉ်များ မီးလောင်ခြင်း၊ အဲယားပုဂံလေယာဉ်များ မတော်တဆဖြစ်ခြင်း စသည်တို့အရ အဲယားပုဂံလေကြောင်းလိုင်းသည် ကမ္ဘာ့အန္တရာယ်အများဆုံး၊ စိတ်မချရဆုံး လေကြောင်းလိုင်းများစာရင်းတွင် ထိပ်ပိုင်းမှ ပါဝင်လာခဲ့သည်။

လေကြောင်းလိုင်းအသစ်များ အပြိုင်အဆိုင် ဖွင့်လှစ်လျက်ရှိသော်လည်း ခရီးသည်များ လုံခြုံစိတ်ချရမှုအတွက် မြေပြင်လေကြောင်းစစ်ဆေးရေး ပညာရှင်များ တိုးမြှင့်ငှားရမ်း အသုံးပြုလာခဲ့ကြသလို တစ်ဘက်တွင်လည်း ရိုးရား အစဉ်အလာ၊ ယုံကြည်မှုတို့အရ လေယာသ်နတ်ပြခြင်းများလည်း ပြုလုပ်လာခဲ့သည်။

အေရှားဝင်းလေကြောင်းလိုင်းသို့ အသစ်ရောက်ရှိလာခဲ့သော ATR 72-500 XY-AJQ လေယာဉ်အသစ် ရန်ကုန်လေဆိပ်သို့ ယနေ့ ဆိုက်ရောက်လာပြီးနောက် လေယာဉ်အား နတ်ပြခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

"မော်တော်ကားတွေ အသစ် ၀ယ်စီးရင် နတ်ပြရတာတို့ ညောင်ပင်ဦးတိုက်ရတာတို့ ကြားဖူးတယ် မဟုတ်လား။ ဒီလိုပါပဲ လေယာဉ်တစ်စီး အသစ်ရောက်လာရင် ဘေးကင်းလုံခြုံဖို့၊ မတော်တဆ ဆိုတာမျိုးတွေ မဖြစ်စေဖို့ အုန်းပွဲ ငှက်ပျောပွဲနဲ့ နတ်ပြတာ နတ်တင်တာပေါ့ဗျာ။ ထုံးစံသဘောမျိုး ဖြစ်နေပါပြီ။ အဓိကကတော့ ကျွန်တော်တို့ မြန်မာတွေရဲ့ ယုံကြည်မှုပေါ့ဗျာ" ဟု အေရှားဝင်းလေကြောင်းလိုင်းမှ မြေပြင်လုပ်ငန်းတာဝန်ရှိသူ တစ်ဦးက ရှင်းလင်းပြောကြားသည်။

လေယာဉ်များ သက်တမ်းကြာမြင့်နေခြင်းကြောင့် စက်ချို့ယွင်းမှုများ ဖြစ်ပွားခဲ့ လျှင် ခရီးသည်များအတွက် မတွေးဝံ့စရာ ဖြစ်သလို လေကြောင်းလိုင်းနာမည် ပျက် သိက္ခာကျစေမည် ဖြစ်၍ ဘေးကင်းလုံခြုံရေးသည် အထူးပင် အရေးကြီးကြောင်း၊ အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့မှလည်း လေကြောင်းလိုင်းများ ဘေးကင်းလုံခြုံရေးအတွက် စံချိန်စံညွှန်းများ သတ်မှတ်ထားပြီး ယင်းသတ်မှတ်ချက်များအတိုင်း အတိအကျ လိုက်နာရန် လိုအပ်ကြောင်း သိရှိရသည်။

ပြည်သူ့အာဏာ

Planet Evening News Sheet (30-Jan-2014)

အကျယ်ချဲ့ကြည့်ရန်





အစိုးရ ကတိမတည်ကြောင်း လွှတ်တော်အမတ်များ ဝေဖန်


အစိုးရအဖွဲ့ဟာ စီမံကိန်းမှာ ပြောဆိုထားတာတွေကို ကတိမတည်ဘူးလို့ ဇန်န၀ါရီ ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အမတ်တွေက ပြောဆိုလိုက်ပါတယ်။

အစိုးရအဖွဲ့က တင်ပြလာတဲ့ ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းရဲ့ မူနဲ့ အခြေခံသဘော ဆွေးနွေးရာမှာ သူတို့က ခုလို ပြောဆိုလိုက်တာပါ။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အမတ် ဦးသူရိန်ဇော်က အရင် ၂၀၁၁ – ၁၅ ဘဏ္ဍာရေးနှစ် စီမံကိန်းမှာ ကရင်ပြည်နယ်ကို ဓာတ်အားလိုင်းတွေ သွယ်တန်းပေးမယ်လို့ ဆိုပေမယ့် အခုထိ အဲဒါမျိုး ဆောင်ရွက် မပေးသေးဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမတ် ဒေါ်ခင်စောဝေကလည်း ၂၀၁၂ – ၁၃ ဘဏ္ဍာရေး နှစ်တုန်းက သူမဲဆန္ဒနယ်မြေထဲမှာ ကျောင်း ၄၀ ကျော် ပြင်ပေးမယ် ကတိခံ ထားပေမယ့် အခု ၁၄ ကျောင်းတောင် ပြင်မပြီးသေးဘူးလို့ ထောက်ပြပါတယ်။

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်က အမတ် ဒေါ်မိမြင့်သန်းကလည်း ပညာရေးမှာ မူလတန်းကို အခမဲ့ဆိုပြီး ထည့်ထားပေမယ့် တကယ်လက်တွေ့ ဖြစ်မလာဘူးလို့ ထောက်ပြခဲ့ ပါတယ်။

DVB Burmese

ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဘတ်ဂျက်မျှ သုံးပေးရန် ဝန်ကြီးဌာနများကို တောင်းဆို


နေပြည်တော်၊ ဇန်နဝါရီ ၃၀

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ဘဏ္ဍာငွေ တိုးမြှင့်သုံးစွဲမှု မရှိသောကြောင့် အခြားဝန်ကြီးဌာနများမှ ရရှိထားသော ဘဏ္ဍာငွေများကို မျှဝေ သုံးစွဲပေးရန် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက တောင်းဆိုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်များကို တင်ပြရာတွင် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

အဆိုပါ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ ဘဏ္ဍာငွေ သတ်မှတ်ချက်များတွင် လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရန် အဓိက ကဏ္ဍများဖြစ်သော ပညာရေးနှင့် ကျန်းမာရေးအတွက် ထပ်မံတိုးမြှင့်မှု မရှိဘဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတိုင်းသာ ရှိနေသောကြောင့် အခြားဝန်ကြီးဌာနများ အနေနှင့် မျှဝေသုံးစွဲ သင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ဆိုသည်။
“နိုင်ငံတော်အတွက် အဓိကကျတဲ့ ကဏ္ဍတွေမှာ တိုးမြှင့်မှုမရှိဘဲ ဒီအတိုင်းသာ ရှိနေတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဝန်ကြီးဌာန ၁၀ ခုလောက်က မျှသုံးလိုက်ရင် အဆင်ပြေမှာပါ” ဟု ၎င်းကဆိုသည်။

ကျောင်းသားနှင့် ဆရာအချိုးမှာ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် တက်လာစေရန် ဆောင်ရွက်ခြင်း မရှိသဖြင့် အချိုးသိသာစွာ မြင့်လာစေရန် စီမံကိန်းများ၊ လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ရန်နှင့် ပညာရေး အသုံးစရိတ် လျာထားရာတွင် လိုအပ်ချက် ပြည့်မီသော အစီအစဉ်များကို တိုးမြှင့် သုံးစွဲသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အစီရင်ခံစာတွင် ပါရှိသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျောင်းသားဦးရေ တစ်ထောင်လျှင် မူလတန်းအဆင့်တွင် ဆရာဆရာမ ၃၀ ဦး၊ အလယ်တန်း အဆင့်တွင် ဆရာဆရာမ ၃၄ ဦးနှင့် အထက်အတန်း အဆင့်တွင် ဆရာ ဆရာမ ၂၅ ဦးကိုသာ အသုံးပြုထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထို့ပြင် ဝန်ကြီးဌာန ၃၄ ခုမှ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းတာ စီမံကိန်း ရင်းနှီးမြှုပ်နှံမှုများတွင် ငွေကျပ် ၆၈၅၅ ဒသမ ၇ ဘီလီယံ အသုံးပြုမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly Myanmar

ပြည်သူများကို သူတောင်းစားလိုဖြစ်အောင် အစိုးရလုပ်နေဟု လွှတ်တော်ကိုယ်စားလှယ်ဝေဖန်


ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ။   ။ နိုင်ငံ တော်အစိုးရသည် ပြည်သူများ အတွက် လုပ်သင့်လုပ်ထိုက်သည်များအား ပြည်သူများကတောင်း မှ လုပ်ဆောင်ပေးခြင်းသည် ပြည်သူများအား သူတောင်းစား လို ပြုလုပ်နေခြင်းဖြစ်ကြောင်း ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)မှ လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက ပြည်ထောင် စုလွှတ်တော်တွင် ပြောကြား ခဲ့သည်။

ဇန်နဝါရီ၃ဝရက်တွင်  ကျင်းပသော ပြည်ထောင်စု လွှတ်တော် နဝမပုံမုန်အစည်း အဝေးသတ္တမနေ့တွင် ၂၀၁၄-၂၀၁၅ဘဏ္ဍဍာနှစ်၊ အမျိုးသား စီမံကိန်းဥပဒေကြမ်း၏မူနှင့် အခြေခံသဘောနှင့်စပ်လျဉ်း ၍ အစိုးရဝန်ကြီးဌာနများ၏ ယင်းဥပ ဒေ ကြမ်း ပါမူနှင့် အ ခြေခံသဘောတရားများအရ လုပ်ဆောင်မှုများအပေါ် လွှတ် တော်ကိုယ်စားလှယ်များမှ ဆွေး နွေးရာတွင် လွှတ်တော်အတွင်း ယင်းကပြောကြားခဲ့သည်။

““ကျွန်တော်တို့ဟာ ယနေ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ကို မရောက်သေးဘူးလားလို့ မေးစရာရှိပါတယ်။ နိုင်ငံတော် အစိုးရသည် တိုင်းရင်းသားပြည် သူများအတွက် လုပ်သင့်လုပ် ထိုက်သည်ကို မတောင်းဘဲ မ ဆိုဘဲလုပ်ပေးရမယ့် တာဝန် ရှိ ပါတယ်။ ပြည်သူများကတောင်း မှ လုပ်ပေးမည်။ ဆောင်ရွက် ပေးမည်၊ တောင်းမှပေးမည်ဆို ပါက ပြည်သူများကို သူတောင်း စားလို မပြုသင့်ပါဘူး””ဟု လွှတ် တော်ကိုယ်စားလှယ် ဦးပေါလ် ထန်ထိုင်းက ပြည်ထောင်စုလွှတ် တော် တွင် ပြောကြားခဲ့သည်။

ယင်းနှင့်ပတ်သက်၍နိုင်ငံ သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦး က ““လွှတ်တော်မှာ ဒီလိုပြော ကြားချက်ဟာ ပရမ်းပတာနိုင် ပါတယ်။ ဒီနိုင်ငံရဲ့ အခြေအနေ၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဓနအင်အား တွေကို ခြုံကြည့်ရင်လိုအပ်တာ များတယ်။ အရင် အစိုးရလုပ် ခဲ့တာတွေနဲ့ ရောထွေးပြီးမပြော သင့်ဘူး။ လက်ရှိမှာနိုင်ငံတော် သမ္မတကြီးက အောက်ခြေက တင်ပြတဲ့  ပြည်သူဗဟိုပြုဘတ် ဂျက်စနစ်နဲ့ ပြည်သူဗဟိုပြုစီမံ ကိန်းစနစ်ကိုကျင့်သုံးနေတာ ပါ။  မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အောက်ခြေအထိ အထောက် အကူပြု ကော်မတီတွေ ရှိတယ်။ အဲဒီမှာအများစုက ပြည်သူတွေ များပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားနဲ့ တိုင်းဒေသနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်တွေပါပါတယ်။ သူတို့ တွေက ကိုယ့်ရပ် ကိုယ့်ရွာမှာ ဘာတွေလိုတယ်၊ ဘယ်လိုစီ မံကိန်းတွေဆောင်ရွက်သင့် တယ်ဆိုတဲ့ အောက်ခြေက တက် လာတဲ့စီမံကိန်းတွေရှိတယ်။ အဲဒီမှာဘယ်ဟာ အရေးကြီး တယ်ဆိုတာကို ဝိုင်းဝန်းဆုံး ဖြတ်ပြီး ပြည်သူတွေအများစု ပါဝင်တဲ့ သက်ဆိုင် ရာတိုင်း ဒေသနဲ့ ပြည်နယ်အထောက်အကူ ပြုအဖွဲ့တွေကဆုံးဖြတ်ပြီး အ ရေးကြီးတာကို ဆောင်ရွက်ပေး ကြတာဖြစ်ပါတယ်။ အဲဒီလိုဆုံး ဖြတ်တဲ့နေရာမှာလဲ လွှတ် တော်ကိုယ်စားလှယ်တွေက ဝင်ရောက်ဆွေးနွေးလို့ရပါ တယ်။ တောင်းစ ရာ မလိုပါ ဘူး။ ပြည်သူပြောတဲ့ဟာတွေကို လုပ် ပေးတာ။ အရင်က ဗဟိုဦးစီးစ နစ်နဲ့လုပ်ခဲ့တယ်။ အခုပြည်သူ ဗဟိုပြုသွားတယ်။ အခုပြော ကြားတဲ့ လွှတ်တော်ကိုယ်စား လှယ်အနေနဲ့ သူ့မြို့နယ်က ဖွံ့ ဖြိုးတိုးတက်ရေး အထောက် အ ကူပြု ကော်မတီ ၊ အုပ်ချုပ်ရေး အထောက်အကူပြုကော်မတီ က ရပ်မိရပ်ဖတွေနဲ့ ထိတွေ့မှု နည်းပါးတယ်လို့ ယူဆပါတယ်”” ဟုပြောသည်။

၂၀၁၄-၂၀၁၅ဘဏ္ဍဍာ နှစ်၊ အမျိုးသားစီမံကိန်း ဥပဒေ ကြမ်း၏မူနှင့် အခြေခံသဘော နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ် စားလှယ်များမှ ဆွေးနွေးရာ တွင်လွှတ်တော်ကိုယ်စားလှယ် ၃ဝမှဆွေးနွေးခဲ့ပြီး အများစု မှာ ၂၀၁၄-၂၀၁၅ဘဏ္ဍဍာနှစ်၊ အမျိုး သား စီမံကိန်း ဥပဒေကြမ်း တွင် ယခင်နှစ်များက လွှတ် တော်ကိုယ်စာလှယ်များအား လွှတ်တော်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးများမှ ကတိပြုလုပ်ဆောင် ပေးမည်ဟု လွှတ်တော်တွင် ကတိပြုခဲ့သော် လည်း ၂၀၁၄- ၂၀၁၅ဘဏ္ဍဍာနှစ်၊ အမျိုးသား စီမံကိန်းဥပဒေကြမ်း မူကြမ်း တွင်ပါရှိလာခြင်းမရှိသည့်အ ပေါ် ဝေဖန်ပြောဆိုခဲ့ကြသည်။

ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၆)လွှတ်တော်ကိုယ်စား လှယ် ဦးဆွန်ထုတ်ကျင့်က ““ကျွန် တော်တို့လွှတ်တော်ရဲ့ ဆောင် ရွက်ချက်၊ အစိုးရရဲ့ဆောင်ရွက် ချက် မူဝါဒတရားများအပေါ်မှ ပြည်သူများကအားကိုးတကြီး ယုံကြည်လေး စားကြ ပါ တယ်။ ဒါပေမဲ့အဲဒီလို ကတိပြုထားတဲ့ အတိုင်း မဆောင်ရွက်နိုင်တဲ့အ ချိန်မှာ ပြည်သူလူထုက လွှတ် တော်နဲ့အစိုးရအပ်ါမှာ အယုံ အကြည်နည်းလာပါတယ်။ ဒါ ကြောင့်မို့လို့ ကတိပြုပြီးသား ကိစ္စများအပေါ်မှာ မင်းမှာသစ္စာ၊ လူမှာကတိ ဆိုတဲ့ အတိုင်း အစိုးရ အနေနဲ့ အကောင်အထည် ဆောင်ရွက်ပေးသင့်တယ်လို့ နာယကကြီးမှ တစ်ဆင့်လေး လေးနက်နက်တင်ပြအပ်ပါ တယ်””ဟုပြောသည်။

ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင်တစ်ဦး ကရှင်းလင်း ရာတွင် ““နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ဖို့ဆိုရင် သက်ဆိုင်ရာစီမံ ကိန်းတွေကနေ အကျိုးအမြတ် ရရှိရမှာဖြစ်ပြီးတော့ တွက်ခြေ ကိုက်ဖို့နဲ့ လူမှုရေးအကျိုးရှိဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ တွေ က အမြဲတမ်းထည့်သွင်းစဉ်း စားနေရမှာ ဖြစ်ပါတယ်။ စီမံ ကိန်းဥပဒေဆိုတာက နိုင်ငံတော် စီမံကိန်းတွေကို ဖော်ပြပြီးတော့ ပြည့်မီအောင် ဘယ်လိုလုပ်မယ် ဆိုတာကို ဥပဒေနဲ့ပြဋ္ဌဌာန်းထား တာဖြစ်ပါတယ်။ ဒါကြောင့်မို့ လို့ အကောင် အထည် ဖော်မယ့် လုပ်ငန်းစီမံကိန်း အခြေအနေ ကို နောက်ဆက်တွဲတွေမှာအ ကျဉ်းချုပ်ဖော်ပြပေးရမှာဖြစ် ပါတယ်။ အခုဥပဒေကြမ်းမှာ ကစီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ် နှံမှုတွေ၊ ကိန်းဂဏန်းတွေပဲပါ လာ တာတွေ့ရပါတယ်။ ဘဏ္ဍဍာ ရေးနှစ် အစမှာ ဘာတွေဖြစ်နေ လဲနှစ်အဆုံးမှာ ဘယ်လိုအခြေ အနေတွေရှိမယ်ဆိုတဲ့ စီမံကိန်း အခြေအနေတွေ ထည့်သွင်းပြီး တော့မှ ကော်မတီလူကြီးတွေ က သိနိုင်မှာဖြစ်ပါတယ်။ ဒါ ကြောင့်မို့ ဌာနအလိုက်ဆောင် ရွက်ဆဲလုပ်ငန်းနဲ့ စီမံကိန်း အသစ်တွေ တစ်ခုချင်းအလိုက် ဖော်ပြရမယ်လို့ယူဆပါတယ်””ဟု သဘောထားမှတ်ချက်ပြုခဲ့သည်။

ရည်မွန်
Yangon Media Group

ရီဟန်နာနှင့် ပူးပေါင်းဖန်တီးသည့် သီချင်းအကြောင်း ပြောဆိုခဲ့သည့် ရှာကီရာ (MTV ပါသည်)



ရှာကီရာက သူမနှင့် ရီဟန်နာတို့၏ ပူးပေါင်းဖန်တီးမှု သီချင်းနှင့် ပတ်သက်သည့် အမြင်သုံးသပ်ချက်များကို ဖွင့်ဟ ပြောကြားခဲ့သည်။ အသက်(၃၆)နှစ်ရှိ ကိုလံဘီယာ Popဂီတ အဆိုတော်သည် ရီဟန်နာနှင့် တွဲဖက်သီဆိုထားသည့် Can't Remember To Forget You သီချင်း၏ ရိုက်ကွင်းနောက်ကွယ် မြင်ကွင်းများကို မှတ်တမ်းတင်ထားသည့် ဗီဒီယို ဖြတ်ပိုင်းလေး တစ်ခုကိုလည်း ထုတ်လွှင့် ပြသခဲ့သည်။ (၅၅)စက္ကန့်စာ ကြာမြင့်သော အဆိုပါ ဗီဒီယိုတွင် ရီဟန်နာနှင့် ရှာကီရာတို့၏ ဆွဲဆောင်မှု ပြည့်ဝသော သရုပ်သကန်ကို ပရိသတ်များ ပိုမိုထိတွေ့ ခံစားခွင့် ရနေစေခဲ့သည်။ ရှာကီရာက ယင်းသီချင်းအတွက် ရီဟန်နာကို ရွေးချယ်ခဲ့သည့် အကြောင်းရင်းကို ရှင်းပြခဲ့သည်။



"Can't Remember To Forget You" ဟာ Reggaeနဲ့ Rock ဝိညာဉ်ကို ပေါင်းစပ်ထားတဲ့ ဖန်တီးမှုမျိုးပါ။ ဒါကြောင့်လည်း Featuring အပိုင်းမှာ ရီဟန်နာကသာ လုံးဝဥဿုံ ပြီးပြည့်စုံတဲ့သူလို့ ကျွန်မယူဆခဲ့တယ်။ တကယ်ဆို ကျွန်မဟာ ဒီသီချင်းရဲ့ တစ်ဝက်သာ ဖြစ်ပါတယ်။ ကျန်တဲ့တစ်ဝက်က ရီဟန်နာပါပဲ"ဟု ရှာကီရာက မှတ်ချက်ပြုခဲ့သည်။ ရှာကီရာက ထုတ်ပြလိုက်သည့် ဗီဒီယိုသည် လော့စ်အန်ဂျလိစ်၏ မြင်ကွင်းကျယ် ပုံရိပ်များကို အခြေခံထားသလို ရီဟန်နာ၏ ပြင်ဆင်မှုများကိုလည်း အနီးကပ်

ရိုက်ကူးထားသည်ကို တွေ့ရှိရသည်။

Popular Journal

နွေရောက်မှာကိုကြောက်မိပါသည်








မ ကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်ညောင် ရွာအုပ်စုညောင် ရွာကျေးရွာ၏မှီခိုအားထားရာသောက်သုံးရေကန်ကြီးဖြစ်ပါသည်။အိမ်ခြေ(၅၃၀)လူဦးရေ(၂၉၃၄)ဦးရှိလေ တော့နွေဦးရောက်ပီဆိုရင် ကန်တော်ကြီးအတွင်းက ရေနဲ့စိမ့်ရေတွင်းများမှရေတို့ဟာကျေးရွာနေပြည်သူတို့၏ရေသုံးစွဲမှုပမာဏကိုလုံလောက်စွာပေးနိုင်ခြင်းမရှိလေရော့နွေရာသီရောက်လာမည်ကိုကြောက်နေကြရပါသည်။နွေရာသီရောက်လာပီဆိုရင်ရေဒုက္ခကိုနှစ်စဉ်ကြုံတွေ့ကြရပါသည်။
နွေရာသီသုံးစွဲရန်စက်ရေတွင်း(အဝီစိတွင်း)တစ်တွင်းရှိပါသည်။သို့သော်တွင်း၏ရေအနက်ပေက၇၅၀ရေတွင်း၏သက်တမ်းကကြာလာပြီဖြစ်သောကြောင့်ရေထွက် ရှိမှုနည်းလာကာရေလုံလောက်မှုမရှိဖြစ်နေပါသည်။
အဲဒီအ ခြေ နေကိုအန်တုရန်အတွက်စက်ရေတွင်းအသစ်တူးဖေါ်ရန်ဦးတည်ဆောင် ရွက်နေပါသည်။တောလက်ကျေးရွာအ နေထားကြောင့် ကျေးရွာအတွင်းမှအလှူငွေ ကျပ်သိန်းတစ် ရာနှစ်ဆယ်နီးပါးရရှိသော်လည်းကုန်ကျမှုကကျပ်သိန်းသုံးရာနီးပါးရှိမည်ဟုခန့်မှန်းထားပါသဖြင့်စေတနာရှင် အလှူရှင် များရှာဖွေနေပါသည်။
စေတနာရှင် အလှူရှင် များရှာဖွေပြီးကူညီလှူဒါန်းပေးနိုင် ပါရန်တင်ပြလိုက်ပါသည်။


အညာသား

နှစ်သစ်မှာ ကလေးများများယူကြပါ - စင်္ကာပူဝန်ကြီးချုပ်


နှစ်သစ်မှာ ကလေးများများယူကြဖို့  စင်္ကာပူဝန်ကြီးချုပ်က သူ့နိုင်ငံသူ နိုင်ငံသားတွေကို တိုက်တွန်းလိုက်ပါပြီ။

တရုတ်နှစ်သစ်ကူးကာလအတွက်ထုတ်လိုက်တဲ့ သဝဏ်လွှာမှာ ဝန်ကြီးချုပ်က ... အနာဂတ်ကိုထူထောင်ဖို့ ကလေးတွေ အလုံအလောက် လိုအပ်တယ်ဆိုတဲ့သဘော ပြောသွားပါတယ်။

လက်ထပ်ကြဖို့၊ မိခင်ဖခင်ဘ၀ခံယူကြဖို့ အစိုးရက လှုံ့ဆော်သော်ငြားလည်း ကလေးမွေးနှုန်းကျင်ဆင်းနေတုန်းပါပဲလို့ သူက ဆိုပါတယ်။

ရှေ့လ ဖေဖော်ဝါရီ ၁၄  ချစ်သူများနေ့မှာ မင်္ဂလာဆောင်ကြဖို့ မှတ်ပုံတင်ထားသူ စုံတွဲပေါင်း ၃ဝဝ နီးပါးရှိကြောင်းလည်း သူက ထည့်ပြောသွားပါတယ်။

မိသားစုဘ၀ တည်ဆောက်ပြီ ဆိုတာနဲ့ ကလေးပြုစုပျိုးထောင်ရေး၊ မူကြိုကျောင်း ဆိုတာတွေ ရှိလာပါပြီ။ ဒီအကြောင်းကိုလည်း ဝန်ကြီးချုပ်လီရှန်လွန်းရဲ့ သ၀ဏ်လွှာမှာ တွေ့ရမှာပါ။
မူကြိုကျောင်းတွေ မြန်မြန်နဲ့များများ ထပ်ပေါ်လာအောင် ကြိုးပမ်းနေတယ်၊ ပြီးခဲ့တဲ့နှစ်က မူကြိုကျောင်း အသစ် ၇,ဝဝဝ ပေါ်လာအောင် စီစဉ်ပေးနိုင်ခဲ့တယ်၊  ၂၀၁၇ ဆိုရင် မူကြိုကျောင်း နှစ်သောင်း ရှိလာဖို့ ရည်ရွယ်ထားတယ်လို့ ဆိုတယ်။
မိသားစုဘ၀တည်ထောင်ရေးကို အားပေးထောက်ခံလာကြအောင်လည်း စီစဉ်ရမယ်လို့ ဆိုတယ်။

လီရှန်လွန်းအကြောင်း အွန်လိုင်းမှာ နည်းနည်းချောင်းကြည့်လိုက်တော့ သူက သားသမီး ၄ ဦး ရှိတဲ့ ဖခင်လို့ ဆိုပါတယ်။ သူကိုယ်တိုင် သားသမီး မနည်းဘူး ဆိုတော့ တခြားသူတွေကိုလည်း  ကလေးများများမွေးကြဖို့  တိုက်တွန်းတာ မှားတယ်လို့ မဆိုနိုင်ပါ။

တရုတ်လူမျိုးတွေဟာ ပဝေသဏီကတည်းက  ကမ္ဘာအနှံ့ရောက်ရှိနေပြီး စင်္ကာပူမှာလည်း တရုတ်အများအပြား နေထိုင်လျက်ရှိပါတယ်။
လူများစု တရုတ်ဖြစ်နေတတဲ့ စင်္ကာပူမှာ တရုတ်နှစ်သစ်ကူး အငွေ့အသက်ကို တခြားသော အာရှနိုင်ငံများထက် ပိုမို မြင်တွေ့ရဖွယ်ရှိပါတယ်။ အခုတောင် ဝန်ကြီးချုပ်က တရုတ်နှစ်ကူး၊ မြွေနှစ်ကနေ မြင်းနှစ်ကို ကူးတဲ့ သမယမှာ စာတစောင် ထုတ်လိုက်ပြီ မဟုတ်လား။
သ၀ဏ်လွှာကို စာဖတ်သူ အများအပြားက မှတ်ချက်ပေးနေရာမှာ တယောက်ကတော့ ... လူငယ်တွေ နိုင်ငံအတွက် ဂုဏ်မယူတော့တဲ့အနေအထားရောက်အောင် ဦးဆောင်နေသူ ဆိုပြီး သူ့ကို မှတ်ချက်ပေးထားပါတယ်။ ခေါင်းဆောင်တဦးအနေနဲ့ဆိုရင် စွမ်းဆောင်ရည် အားနည်းတယ်လို့လည်း သုံးသပ်ထားပါတယ်။

"စင်္ကာပူနိုင်ငံသားဖြစ်ရတာ ဂုဏ်မယူပါဘူး"  ဆိုတဲ့ ပို့စ်မှာလည်း ဒီအမြင်နဲ့ သက်ဆိုင်တာတွေကို ဖတ်ရပါလိမ့်မယ်။လီရှန်လွန်းရဲ့ သ၀ဏ်လွှာကို စင်္ကာပူရဲ့ နာမည်ကြီးသတင်းစာ စထရိတ်တိုင်းမ်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတဲ့အတွက် စိတ်ဝင်စားသူများ အပြည့်အစုံကို အဲဒီမှာ ဖတ်နိုင်ပါတယ်။

အပေါ်ပုံကတော့ တရုတ်နှစ်ကူးကာလတခုမှာ တွေ့ရတဲ့ ပင်နီဆူလာ ပလာဇာ အတွင်းပိုင်းမြင်ကွင်းပါ။ ဧရာဝတီဘလော်ဂါစည်သူလင်း ရိုက်ကူးထားတာပါ။ ပင်နီဆူလာ ဆိုတာ စင်္ကာပူရောက် မြန်မာပြည်သား အများအပြား ဆုံဆည်းတတ်တဲ့နေရာဖြစ်ပြီး အဲဒီမှာ မြန်မာပြည်သားများအတွက် ပစ်မှတ်ထားတဲ့ ဆိုင်တွေ လုပ်ငန်းတွေ ပြည့်နေပါတယ်။

စင်္ကာပူမှာ မြန်မာပညာတတ်အများအပြား သွားရောက် အခြေချနေထိုင်ကြတဲ့အတွက် ၀န်ကြီးချုပ်ပြောတဲ့ စင်္ကာပူရဲ့အနာဂတ်မျိုးဆက်မှာ မြန်မာတွေလည်း ပါဝင်နေပါလိမ့်မယ်။

စင်္ကာပူလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန အွန်လိုင်းမှာတော့ ဒီကနေ့က တရုတ်နှစ်သစ်ကူးနေ့ ဖြစ်တဲ့အတွက် အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားပါတယ်။

Irrawaddy ဧရာဝတီ သတင်း

တယ်လီနော၏ ပြည်တွင်းမြှုပ်နှံမှု သုံးနှစ်အတွင်း အရင်းကျေမည်ဟု ခန့်မှန်း


ရန်ကုန်၊ ဇန်နဝါရီ ၃၀

မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု လိုင်စင် ရရှိပြီးနောက် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ရှစ်လအတွင်း စတင်နိုင်ရန် ပြင်ဆင်နေသော တယ်လီနော ကုမ္ပဏီက ဆက်သွယ်ရေး လိုင်စင်ရရှိပြီး သုံးနှစ်အတွင်း အရင်းကျေရန် ရည်မှန်းထားကြောင်း အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

“ဆက်သွယ်ရေး လိုင်စင်ရပြီး နောက်သုံးနှစ်လောက်မှာ အတိုး၊ အခွန်နဲ့ အခြားကုန်ကျစရိတ်တွေ အရင်းကျေနိုင်ဖို့ မျှော်မှန်းထားတယ်” ဟု ၎င်းကဆိုသည်။

လိုင်စင်ကြေးနှင့် လုပ်ငန်းစရိတ်များ ပါဝင်သော စုစုပေါင်း ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းထားပြီး လိုင်စင်ကြေး သီးသန့် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

အရည်အသွေးမြင့် ကုန်ပစ္စည်းများ အသုံးပြု၍ သုံးစွဲသူ စိတ်ကြိုက် ဝန်ဆောင်မှု ပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် ဈေးကွက် အခိုင်အမာ တည်ဆောက်သွားရန် ပြင်ဆင်ထားပြီး မြန်မာဈေးကွက်တွင် အောင်မြင်မှု ရရှိရန် ယုံကြည်သည်ဟုလည်း တယ်လီနော မြန်မာ၏ အမှုဆောင် အရာရှိချုပ် Petter Furberg က ဆိုသည်။

“သူတို့လည်း အားလုံးတွက်ချက် ပြီးတော့မှ ဝင်လာတာဆိုတော့ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံ ပတ်ပတ်လည်က အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ပါကစ္စတန်၊ မလေးရှားနိုင်ငံတွေမှာ တယ်လီနော ရှိတယ်။ မြန်မာပြည်မှာ စပြီဆိုတာနဲ့ သူတို့ ကွန်ရက်က အာရှတောင်ပိုင်းဒေသ တစ်ခုလုံးကို လွှမ်းသွားမှာ။ အဲဒီတော့သုံးရ ပိုအဆင်ပြေမယ် ထင်တယ်။ သူတို့ ပိုပေါက်နိုင်တယ်” ဟု မြန်မာ့ဆက်သွယ်ရေးမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက ဆိုသည်။

နော်ဝေအစိုးရက ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော တယ်လီနော ကုမ္ပဏီက လူတိုင်း မိုဘိုင်းလ်ဖုန်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို လွယ်ကူ အဆင်ပြေ သက်သာစွာ ကိုင်ဆောင်သုံးစွဲခွင့် ရရှိစေရမည်ဟု ကတိပေးခဲ့ပြီး SIM Card တန်ဖိုး အများဆုံး ၁၅၀၀ ကျပ်နှင့် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုခွင့်ပြုမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ငါးနှစ်အတွင်း HSPA နှင့် 4G LTE စနစ်များ အသုံးပြုနိုင်မည်ဖြစ်ပြီး တယ်လီနော၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ စက်တင်ဘာလခန့်တွင် စတင်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။

ပထမငါးနှစ်အတွင်း ကုမ္ပဏီမှ အရောင်းဌာန ၇၀,၀၀၀ နှင့် လက်ခွဲဆိုင် ပေါင်း ၉၅,၀၀၀ ဖွင့်လှစ်သွားမည် ဖြစ်ပြီး မိုဘိုင်းလ် ငွေပေးချေမှုများ၊ ကျန်းမာရေး ဝန်ဆောင်မှုများ၊ စိုက်ပျိုးရေး ကဏ္ဍများအတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

The Voice Weekly Myanmar

Premier Eleven Sports Journal အတွဲ(၁၁) အမှတ်(၂၃)

အကျယ်ချဲ့ကြည့်ရန်






ဘယ်သူ့မှ စောက်ဂရုမစိုက်တဲ့ မြန်မာ့တပ်မတော် ဗိုဟ်ချုပ်ကြီး (ရုပ်သံသက်သေနှင့်တကွ)


ခွန်ဒီးယမ်

ကိုသာကောင်းနဲ့ မယ်လိုဒီတို့ ရဲ့ ကြည်နူးပျော်ရွှင်စရာ ဓာတ်ပုံများ








ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ မင်္ဂလာပွဲ ပြုလုပ်တော့မယ့် ငယ်ငယ်ကတည်းက တစ်ယောက်အကြောင်းတစ်ယောက်အကုန်သိကြတဲ့ သူငယ်ချင်း ချစ်သူ စုံတွဲ ဖြစ်တဲ့ ကိုသာကောင်းနဲ့ အကယ်ဒမီ မယ်လိုဒီတို့ ရဲ့ ကြည်နူးပျော်ရွှင်စရာ ဓာတ်ပုံများကို ပ်ါပြူလာပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။

ဓာတ်ပုံ - အေးဇော်မိုး(စက်မှု)