BitTorrent နှင့် NFL အသင်းများအီးယူ၏ privacy ကိုချိုးဖောက်နေဟု အမေရိကန်ပြောကြား

ပို့စ်တင်ချိန် - 1/31/2014 12:21:00 PM


ဖက်ဒရယ် ကုန်သွယ်ရေး ကော်မရှင် (FTC) က Atlanta Falcons ကဲ့သို့သော အားကစားအသင်းနှင့် peer-to-peer ဝန်ဆောင်မှုပေးသည့် Bit Torrent ကုမ္ပဏီတို့အပါအဝင် အမေရိကန်ကုမ္ပဏီ ၁၂ ခု တို့သည် ဥရောပသမဂ္ဂ နိုင်ငံသားများ အချက်အလက်ကိုင်ဆောင်ခွင့် ပြုသည့်သဘောတူညီချက် စည်းကမ်းများကို ဖောက်ဖျက်နေကြောင်း ကြေညာခဲ့သည်။

သတင်းများ၏ ဖော်ပြချက်အရ အေဂျင်စီက အခြေအနေအချို့တွင် အရေးကြီးသည့် ကျန်းမာရေးနှင့် အလုပ်ခန့်အပ်ရေး အချက်အလက်များအား ကိုင်ဆောင်ထားသည့် ကုမ္ပဏီများကို ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် အမေရိကန်နှင့် ဥရောပသမဂ္ဂ သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း၊ အမေရိကန်ကုမ္ပဏီများ အနေဖြင့် ဥရောပသမဂ္ဂ၏ တင်းကျပ်သည့် privacy ဥပဒေကိုလိုက်နာ အသုံးပြုရန် လိုအပ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

FTC ကလာမည့်ရက် အနည်းငယ်အတွင်း စည်းကမ်းချိုးဖောက်ခြင်းနှင့် ပတ်သက်သည့် အသေးစိတ်ကို ကြေညာသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ချိုးဖောက်မှုများသည် privacy စည်းမျဉ်းများကို သိနားလည်၍ ချိုးဖောက်ခြင်းထက် လုပ်ကိုင်နည်း သဘောသဘာဝကြောင်း မှားယွင်းခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ FTC ၏ စုံစမ်းစစ်ဆေးရေးအရ ကုမ္ပဏီများသည် သဘောတူညီချက်များကို တိတိကျကျ လိုက်နာအသုံးပြုရန် ခံဝန်လိုအပ်ပြီး သို့မဟုတ်ပါက ပြစ်ဒဏ်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

-စိုးထက်
Ref: Gigaom
Internet Journal