ပညာရှင်ကြီးများ၏ ပညာအဆိုအမိန့်များ

ပို့စ်တင်ချိန် - 1/31/2014 09:00:00 AM




ပညာနှင့်တူသော အလင်းရောင်သည်မရှိ။
► မြတ်ဗုဒ္ဓ

ပညာ၏အမြစ်ကားခါး၏။ သို့သော်အသီးကားချို၏။
► အရစ္စတိုတယ်

မနက်ဖြန် သေရတော့မည့်အတိုင်း နေထိုင်ပါ။
ထာဝရနေမည့်အတိုင်း လေ့လာသင်ယူပါ။
► ဂန္ဓီ

ကမ္ဘာကိုပြောင်းလဲစေဖို့ စွမ်းအား အကြီးဆုံး
လက်နက်ကတော့ ပညာရေးဖြစ်ပါတယ်။
► မင်ဒဲလား

ဥာဏ်ပညာနဲ့ ကိုယ်ကျင့်တရား ပေါင်းစပ်ထားမှသာ စစ်မှန်တဲ့ ပညာရေးဖြစ်မယ်။

► မာတင်လူသာကင်း (ဂျူနီယာ)

ကလေးတွေကို ဘယ်လိုတွေးခေါ်ပါလို့
သင်ပေးပါ။ ဘာကိုတွေးခေါ်ပါလို့ မသင်ပေးပါနဲ့။

►မာဂရက်မိဒ်

ယနေ့ခေတ် ပညာရေးသမားတွေရဲ့
အလုပ်တာဝန်က သစ်တောတွေကို ဖျက်ဆီးဖို့မဟုတ်ပါဘူး။
ကန္တာရတွေကို ရေပေးဖို့ဖြစ်ပါတယ်။

► စီးအက်စ် လူးဝိစ်

အသွားနှေးတာ အရေးမကြီးဘူး။ မရပ်သွားဖို့က အဓိကပါ။
►ကွန်ဖြူးရှပ်

ကလေးတွေဟာ သူတို့ကိုဘာသင်ပေးတယ်ဆိုတာထက် သင်ကြားပေးသူ ဘာလဲဆိုတာကို ပိုသတိရကြတယ်။
► ဂျင်ယန်ဆန်

ဆန္ဒမရှိဘဲသင်ယူခြင်းဟာ မှတ်ဥာဏ်ကို ပျက်စီးစေပါတယ်။

► လီယိုနာဒို ဒါဗင်ချီ

ပညာရေးမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ အကောင်းဆုံးအကျိုး ကျေးဇူးကိုပြန်ရစေပါတယ်။

► ဘင်ဂျုမင် ဖရန်ကလင်

ပညာသည် ဘဝအတွက် ပြင်ဆင်နေခြင်းမဟုတ်၊
ပညာသည်ဘဝပင်ဖြစ်သည်။

► ဂျွန်ဒေဝီ

ပညာရေးသည် လွတ်လပ်ခြင်း တံခါးကိုဖွင့်ရန် တစ်ခုတည်းသော သော့တစ်ချောင်း ဖြစ်သည်။

► ဂျော့ဝါရှင်တန်ကာဗာ

ကျွန်တော် မုန်တိုင်းကိုမကြောက်ဘူး။ ရွက်လွှင့်ခြင်းပညာသင်ထားလို့ပါ။

► အဆီးလက်စ်

ပညာမဲ့သူအဖို့ အေ (A) ဆိုတဲ့ စကားလုံးဟာ တုတ်ချောင်းသုံးချောင်းသာလျှင် ဖြစ်နေမယ်။

► အေ အေ မိုင်း

ပညာဆိုတာဟာ သင်ပြီးသမျှမေ့ပျောက်ပြီး ကျန်ခဲ့တဲ့အရာသာ ဖြစ်ပါတယ်။

► ဘီအက်စကင်နာ

လူတချို့သာလျှင် အသိပညာ ရေတွင်းကရေကိုသောက်သုံးကြတယ်။
အများစုကတော့ ပလုတ်ကျင်းကြတယ်။

► ရောဘတ် အန်တိုနီ

ပညာရေးပန်းတိုင်ဟာ အသိပညာဖြစ်တယ်။ အချက်အလက်တွေ မဟုတ်ဘူး။

► ဝီလျံ ဘာရော့စ်

ပညာရေးဟာ ယဉ်ကျေးမှုဖြစ်စဉ် တစ်ခုဖြစ်တယ်။

► ဝဲလ် ဒူးရန့်

ပညာသည် ကာလ၊ဒေသ၊ပယောဂနှင့် ယှဉ်ရမည်။
► ဗိုလ်ချုပ်အောင်ဆန်း

ပညာဆိုတာ ကိုယ်ပေးလိုက်တဲ့ သူဆီမှာ ရပ်မနေဘဲ ဆက်ပြီးပျံ့နှံ့သွား ပါလိမ့်မယ်။

► ဒေါ်အောင်ဆန်းစုကြည်

Popular Journal