နွေရောက်မှာကိုကြောက်မိပါသည်

ပို့စ်တင်ချိန် - 1/31/2014 03:58:00 PM








မ ကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်ညောင် ရွာအုပ်စုညောင် ရွာကျေးရွာ၏မှီခိုအားထားရာသောက်သုံးရေကန်ကြီးဖြစ်ပါသည်။အိမ်ခြေ(၅၃၀)လူဦးရေ(၂၉၃၄)ဦးရှိလေ တော့နွေဦးရောက်ပီဆိုရင် ကန်တော်ကြီးအတွင်းက ရေနဲ့စိမ့်ရေတွင်းများမှရေတို့ဟာကျေးရွာနေပြည်သူတို့၏ရေသုံးစွဲမှုပမာဏကိုလုံလောက်စွာပေးနိုင်ခြင်းမရှိလေရော့နွေရာသီရောက်လာမည်ကိုကြောက်နေကြရပါသည်။နွေရာသီရောက်လာပီဆိုရင်ရေဒုက္ခကိုနှစ်စဉ်ကြုံတွေ့ကြရပါသည်။
နွေရာသီသုံးစွဲရန်စက်ရေတွင်း(အဝီစိတွင်း)တစ်တွင်းရှိပါသည်။သို့သော်တွင်း၏ရေအနက်ပေက၇၅၀ရေတွင်း၏သက်တမ်းကကြာလာပြီဖြစ်သောကြောင့်ရေထွက် ရှိမှုနည်းလာကာရေလုံလောက်မှုမရှိဖြစ်နေပါသည်။
အဲဒီအ ခြေ နေကိုအန်တုရန်အတွက်စက်ရေတွင်းအသစ်တူးဖေါ်ရန်ဦးတည်ဆောင် ရွက်နေပါသည်။တောလက်ကျေးရွာအ နေထားကြောင့် ကျေးရွာအတွင်းမှအလှူငွေ ကျပ်သိန်းတစ် ရာနှစ်ဆယ်နီးပါးရရှိသော်လည်းကုန်ကျမှုကကျပ်သိန်းသုံးရာနီးပါးရှိမည်ဟုခန့်မှန်းထားပါသဖြင့်စေတနာရှင် အလှူရှင် များရှာဖွေနေပါသည်။
စေတနာရှင် အလှူရှင် များရှာဖွေပြီးကူညီလှူဒါန်းပေးနိုင် ပါရန်တင်ပြလိုက်ပါသည်။


အညာသား