ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ အောရီဒူးအားဆက်သွယ်ရေးလိုင်စင်ပေးအပ်

ပို့စ်တင်ချိန် - 1/31/2014 07:30:00 AM


နေပြည်တော်(၃၀-ဇန်နဝါရီ-၂၀၁၄)
ရာဇကိုကို(အကြီးတန်းသတင်းထောက်-Tech Space ကွန်ပျူတာ၊သိပ္ပံနှင့်နည်းပညာဂျာနယ်) သတင်းပေးပို့သည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆက်သွယ်ရေးနှင့် သတင်းအချက်နည်းပညာဝန်ကြီးဌာမှ Ooredoo Myanmar အား Telecom License ပေးအပ်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနတွင် ယနေ့နံနက် ၉နာရီကကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ဒုတိယဝန်ကြီးများ၊ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ Ooredoo Company မှ ဥက္ကဌဖြစ်သူ H.E. Sheikh Abdullah Bin Mohammed Bin Saud Al Than, Ooredoo ၏ Group Chief Operation Officer Dr . Nasser , Chairman of Ooredoo Myanmar Aziz Aluthman Fahroo Dr.Lin, U Hla Thein ,Ooredoo Myanmar ၏ CEO Ross Cormanck, COO Chris Bannister, Group Chief Strategy Officer Jeremy Sell, Chief Strategy Officier Nick Swierzy , Ooredoo Asia ၏ General Counsel Scott Weenink, Launch director Roary Stasko , Chief Marketing Officer Loma Mcpherson နှင့် မီဒီယာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နောက် Ooredoo Company မှ ဥက္ကဌဖြစ်သူ H.E Sheikh Abdullah Bin Mohammed Bin Saud Al Thani မှမိန့်ခွန်းပြောခဲ့သည်။

ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သက်နှင့် Ooredoo Company မှ ဥက္ကဌဖြစ်သူ H.E. Sheikh Abdullah Bin Mohammed Bin Saud Al Thani တို့ ဆက်သွယ်ရေးလိုင်စင်နှင့်ပတ်သက်သော စာရွက်စာတမ်းများအားလက်မှတ်ရေးကာ Ooredoo Myanmar မှ CEO Ross Cormack မှာ မိန့်ခွန်းပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

တယ်လီနော မြန်မာအတွက် အလားတူဆက်သွယ်ရေးလိုင်စင်ပေးအပ်ပွဲအခမ်းအနားကို လာမည့် ဗုဒ္ဓဟူးနေ့(၅-ဖေဖော်ဝါရီ-၂၀၁၄)တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

TechSpace Journal