၂၂ရက်၊ ၆လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ
စိတ်ဝင်စားသည့် သတင်းအား နှိပ်၍ ဖတ်ရှုပါ။
အစကပြန်စကြစို့ - ဟာသ
သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်း
၈ပေစလောင်းမှ ကမ္ဘာ့ဖလား အခမဲ့ တိုက်ရိုက်ကြည့်နိုင်မည့် လိုင်း (channel) အချက်အလက်
ရဲသတင်းတပ်ဖွဲ့က သတင်းစာ ဂျာနယ်တိုက်တွေ ငွေကြေး အရှုံးအမြတ် ခေါ်မေး
ဟာသတိုလေးများ
၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းများ အတွက် အဆင့်လိုက် ချီးမြှင့်မည့် ဆုငွေများစာရင်း
ဒေါ်အောင်ဆန်းစုကြည်အပေါ်အမြင်စောင်းသူများ အမြင်ရှင်းစေရန်
ခင်ပွန်းဖြစ်သူကို သတ်ခဲ့သည့် ကလေးရာဇဝတ်သားအား သေဒဏ်ချမှတ်
မိန်းကလေးများ ရင်သားတွဲကျခြင်း
အွန်လိုင်းမှ ဆေးလိပ်သောက်သည့်ဓာတ်ပုံကိစ္စ ရွှေမှုံရတီ မိခင်ရှင်း
အသက်၁၅ နှစ်အရွယ်မယားပါသမီးငယ်အားအကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး အကြပ်ကိုင်ငွေတောင်း
ငါးဖမ်းစားတတ်လာတဲ့ ဗြိတိန်နိုင်ငံက ပင့်ကူတွေ
လေ့လာတွေ့ ရှိမှုအသစ်တစ်ခုအရ နောက်ထပ် ပင့်ကူအများအပြားဟာလည်း ငါးတွေကို ဘယ်လို ရှာဖွေဖမ်းစားရမလဲဆိုတာကို လေ့လာနေကြပြီလို့ ဆိုပါတယ်။
အစကပြန်စကြစို့ - ဟာသ
တခါတုန်းက မင်းတုန်းမင်းနဲ့ ပြင်သစ်သမ္မတတို့ တွေ့ဆုံပွဲ လုပ်ကြပါသတဲ့။
ပြင်သစ်သမ္မတကလဲ မြန်မာပြည်ကို ကြည့်ပြီး အထင်သေးစွာနဲ့ သူတို့နိုင်ငံမှာ
ဘယ်လို တိုးတက်နေကြောင်း ကြွားလေးတဲ့ အခါ မင်းတုန်းမင်းကြီးလဲ
ခေါင်းငုံနေရပါရောလား။
နောက် ယောက်ျားတွေဆိုတော့ သိတဲ့ အတိုင်း ပြောတဲ့
စကားတွေက မိန်းမကိစ္စရောက်သွားတာပေါ့။
ပြင်သစ်သမ္မတက သူက တစ်နေ့ကို မောင်းမ
၁၀ယောက်နဲ့ ပုံမှန်နေကြောင်း ကာမာအစွမ်းအလွန်ကြီးကြောင်းပြော
ပါ သတဲ့။
ထိုအခါ မင်းတုန်းမင်းက အားကျမခံ သူက တနေ့ အယောက်၂၀ခန့်နဲ့ နေကြောင်း
ပြန်ပြောပါသတဲ့။ ထိုအခါ ပြင်သစ်သမ္မတက မယုံသလို မျက်နှာပေးနဲ့ ဒီလောက်
အစွမ်းကြီးနေအောင် ဘာတွေများစားသလဲ မယုံနိုင်လောက်အောင်ပါပဲလို
ပြောတယ်တဲ့။
ထိုအခါ မင်းတုန်းမင်းကြီးက စာကလေးအသဲအမြစ်စားကြောင်း
ထို့ကြောင့် ထိုလောက်နေနိုင်နေတာဖြစ်ကြောင်း ပြောပါတယ်။
ပြင်သစ်သမ္မတကလဲ
မယုံတာနဲ့ မင်းတုန်းမင်းကြီးကို စိန်ခေါ်ပါတယ် တနေ့တည်း သူမောင်းမ
၂၅ယောက်နဲ့နေပြမယ် နိုင်ရင် ဘာပေးမလဲ မေးတဲ့ အခါ....
မင်းတုန်းမင်းကြီးက ဘာမှ
ပေးစရာမလိုပါဘူး သူဆို အယောက်၅၀လောက်အထိဆက်တိုက် နေနိုင်ကြောင်းပြောတဲ့
အခါ ပြင်သစ်သမ္မတကလဲ အမြင်ကပ်တာနဲ့ ဒါဆို သူတို့ ပြင်သစ်ပြည်ကိုလာပါ
မိန်းမ အယောက် ၅၀နဲ့ အိပ်ပြပါ အကယ်၍ အိပ်နိုင်ခဲ့လျှင် ပြင်သစ်မှာ
ရှိသတဲ့ မိန်းမတွေထဲက ကြိုက်တဲ့ မိန်းကလေး အယောက် ၅၀ခေါ်သွားပါ အကယ်၍
မအိပ်နိုင်ခဲ့လျှင် မြန်မာ မိန်းကလေး အယောက် ၅၀ သူပြန်ယူမယ်လို့ ပြောတဲ့
အခါ မင်းတုန်းမင်းကြီးက ကတိတည်ပါစေ ကျွန်ုပ် နောက်လ လာခဲ့ပါ့မယ်လို
ဆိုသတဲ့။
ဒီလိုနဲ့ နောက်လရောက်တဲ့ အခါကျတော့ ပြင်သစ်နိုင်ငံ
ပဲရစ်မြို့ရှိ ကွင်းပြင်ကြီးမှာ တဲကြီးထိုးပြီး မိန်းမ ၅၀က
အပြင်မှာတန်းစီနေပါသတဲ့ ဘေးမှာတော့ ဂျူရီလူကြီးမင်းများနဲ့တကွ
မြန်မာပြည်မှ တာဝန်ရှိသူတချို့က ဒိုင်အဖြစ် လုပ်ဆောင်ပေးနေပါတယ်။
ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက်နဲ့ မင်းတုန်းမင်းကြီးက ကာမဆံဆက်ပါသတဲ့။
ဒီလိုနဲ့ ၂၅ယောက် မြောက်မှာ ဒိုင်လူကြီးတွေ လူရေတွက်တာမှားလို့
ငြင်းခုန်နေကြပါတယ်။ ထိုအခါ မင်းတုန်းမင်းကြီးက သဘက်လေးပတ်လာပြီး ဒေါနဲ့
မောနဲ့ ထွက်လာပါတယ်။
ဘာဖြစ်တာလဲ ဒီမှာ အရှိန်ပျက်တယ်လို့ပြောတော့
ဒိုင်လူကြီးတွေက ရိုရိုကျိုးကျိုးနဲ့ပြောပါတယ် ကျွန်တော်မျိုးတို့ လူရေတာ
မှားသွားလို့ပါ ဘုရား။ ခွင့်လွှတ်ပါ ဘုရားလို့ပြောတဲ့အခါမှာ.........
မင်းတုန်းမင်းကြီးက မိန့်တော်မူလိုက်ပါသတဲ
့ "တစ်ကပြန်စမယ် ဒီတခါ
မမှားစေနဲ့.............."တဲ့လေ။
credit: ဟာသမင်းသား
သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်း
နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေး
ဦးစီးဌာနက မနေ့ညက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နေပြည်တော် အသိုင်းအ၀ိုင်းက သိရပါတယ်။
ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ်နေတယ်လို့လည်း သိရပါတယ်။
အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူ ၉ဦးရှိပြီး အဲဒီလူပုဂ္ဂိုလ်တွေ
အားလုံးကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဆက်လက် အရေးယူ
သွားမယ်လို့လည်း သိရပါတယ်။
Tomorrow
သတင်းဓါတ်ပုံ- RFA.
===================================================
သာသနာ‌ရေးကဦးအံ့‌မောင်‌ကိုအစိုးရအဖွဲ့ကစစ်‌‌ဆေးဖို့ဇွန်‌လ၂၁ရက်‌‌နေ့
ညကဖမ်းဆီးစစ်‌‌ဆေး‌နေတယ်‌လို့ ပြည်‌ထဲရေးအသိုင်းဝိုင်းကသိရပါတယ်‌
ဘယ်‌မှာ‌ခေါ်စစ်‌‌ဆေး‌နေတယ်‌ဆိုတာကို သတင်းမီဒီယာများမှ ဆက်‌လက်‌
စုံစမ်း‌လျက်ရှိနေပါတယ်‌ ။
သတင်း- အောင်ကြီး(DVB)
နိုင်ငံရေး၊ နိုင်ငံ့အရေး
လက်ရှိ မြန်မာနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများနှင့် ပတ်သက်၍ ပြင်ပပပညာရှင်၊ လူပုဂ္ဂိုလ်၊ နိုင်ငံရေးခေါင်းဆောင်၊ ဥပဒေပညာရှင် အစရှိသူတို့က The Voice အယ်ဒီတာအဖွဲ့ထံသို့ ပေးပို့လာသော သုံးသပ်ချက်မြင်ကွင်းများကို ဤကဏ္ဍတွင် ဖော်ပြပေးခြင်း ဖြစ်ပါသည်။
အယ်ဒီတာ
နိုင်ငံရေးလုပ်တာ အများအတွက်၊ တိုင်းပြည်အတွက် ဖြစ်တယ်။ ဒီလို ခံယူလုပ်ဆောင်ပြီး နိုင်ငံရေးလုပ်တာ ကောင်းတယ်။ နိုင်ငံသားတိုင်း အများအတွက်၊ တိုင်းပြည်အတွက် နိုင်ငံရေးလုပ်ခွင့် ရှိနေရမယ်။ ဒီလိုဆိုရင် နိုင်ငံသား တစ်ယောက်ယောက်ကို ဒါမှမဟုတ် လူတချို့ကို၊ နိုင်ငံသားအများစုကို နိုင်ငံရေးမလုပ်ရ၊ လုပ်ခွင့် မပြုဘူးဆိုရင် မတရားဘူး၊ မမျှတဘူး။ သူတို့လည်း ပါဝင်ခွင့် မရဘူးဆိုရင် ကျေနပ်မှာ မဟုတ်ဘူး။ ကန့်သတ်ပိတ်ပင် တားဆီးနေရင် ခံမှာ မဟုတ်ဘူး။ အာဏာနဲ့ တားဆီး လုပ်ဆောင်ထားရင်လည်း ဆန့်ကျင်နေမှာပဲ။ ဥပဒေနဲ့ ပိတ်ပင်ထားလည်း လွတ်မြောက်အောင် ရုန်းထွက်မှာပဲ။ နိုင်ငံသားလေ။
နိုင်ငံသားတစ်ယောက်ရဲ့ အခြေခံရပိုင်ခွင့် အခွင့်အရေးတွေကို ပေးရမယ်။ လေးစားရမယ်။ သူ့မှာလည်း နိုင်ငံတော်ကို ကာကွယ်ဖို့၊ ချစ်မြတ်နိုးဖို့၊ အကျိုးပြုဖို့ တာဝန်တွေ ရှိတာပဲ။ ကိုယ်ပဲ ချစ်မယ်၊ ကိုယ်ပဲ ချစ်တယ်၊ ကိုယ်ပဲ ကာကွယ်ခွင့် ရှိတယ်လို့ ပြောဖို့ လုပ်ဆောင်နေရင် တရားမျှတမှု မရှိဘူး၊ မမှန်ကန်ဘူး။ တရားမျှတမှု မရှိတဲ့ တွေးခေါ်ဆောင်ရွက်မှုတွေဟာ လူ့အဖွဲ့အစည်းကို ဒုက္ခဖြစ်စေတယ်။ လွန်စွာမှ အကျည်းတန် အရုပ်ဆိုးတယ်။ တကယ်တော့ ဒါတွေ သင်ခန်းစာတွေ ရှိပြီး ဖြစ်တယ်။ မှားတဲ့ လွဲတဲ့ လမ်းကြောင်းကို မလိုက်မိဖို့ လိုတယ်။ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရတယ်။ ၁၉၆၂ ခုနှစ်အထိ ပါလီမန် ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တယ်။ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၀/ ၂၀၁၁ ခုနှစ်အထိ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှု (အမိန့်ပေး အမိန့်ခံ အုပ်ချုပ်မှု) တွေ ရှိခဲ့တယ်လို့ ကမ္ဘာက ဆိုခဲ့ကြတယ်။ မြန်မာပြည်သူ တချို့လည်း အဲဒီအထဲမှာ ပါကြတယ်။
အမိန့်ပေးနိုင်ခဲ့တဲ့ အကြီးအကဲဟောင်း တချို့ဟာ နိုင်ငံကိုချစ်တာ အမှန်၊ နိုင်ငံကို ကောင်းစားစေလိုတာ အမှန်။ အရည်အချင်းလည်း ရှိကြတယ်၊ အတွေ့အကြုံလည်းကြွယ်ဝတယ်။ အင်အားလည်း တောင့်တင်းတယ်။ အုပ်စုလည်း ကောင်းကောင်းရှိတယ်။ စေတနာကောင်း၊ ရည်ရွယ်ချက်ကောင်း၊ အရည်အချင်းကောင်းတွေ ရှိပေမယ့် ပြည်သူက ရွေးကောက်ထားသော အစိုးရ မဟုတ်၍ ပြည်သူအများစုက လက်မခံ၊ ကမ္ဘာက မကြိုက်တော့ စေတနာနှင့် ရည်ရွယ် မျှော်မှန်းချက်အတိုင်း ဖြစ်မလာဘဲ ဆင်းရဲတဲ့နိုင်ငံ၊ ဒုက္ခပင်လယ်ဝေတဲ့ နိုင်ငံ ဖြစ်လာတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားညီညွတ်ရေးများ ဆုံးရှုံးခဲ့ရတယ်။ နစ်နာတော့ တိုင်းရင်းသား ပြည်သူများ၊ မိမိနိုင်ငံသားများ။ ဒါကြောင့် ကမ္ဘာမပြောနဲ့ အာရှ-အရှေ့တောင်အာရှမှာတောင် သူများနှင့် တန်းတူရှိဖို့ ကြိုးစားရဦးမယ်။
တို့မြန်မာတွေကတော့ အမြဲတမ်း မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ နိုင်ငံ့ဂုဏ်အတွက် ပြောကြ၊ လုပ်ကြ၊ ကြိုးစားကြတယ်။ မရောင်ရာ ဆီလူး၊ အနာနှင့် ဆေးတည့်အောင် မပေးနိုင်၊ မအပ်စပ်တာတွေ ရှိနေပေမယ့် အာဏာရှိသူနှင့် အခွင့်အရေး ပေးနိုင်သူများနောက် ပါနေပြီး တိုင်းပြည်တိုးတက်ရေး လမ်းကြောင်းကို ပိတ်ဆို့စေသလို မှုန်ဝါးဝါးလည်း ဖြစ်စေတယ်။
ဒီကိစ္စတွေ ပြင်ဆင်ဖို့၊ ပြုပြင်ပြောင်းလဲဖို့ အကောင်းဆုံးအချိန်ဟာ ဒီအချိန်ပဲ။ ဒီအချိန်မှာ နိုင်ငံ့ခေါင်းဆောင်ပိုင်းက အတိတ်သင်ခန်းစာတွေကို ရယူပြီး လက်ငင်း အခြေအနေအရ နိုင်ငံကောင်းဖို့၊ ပြည်သူအများ အကျိုးရှိဖို့အတွက် အမှန်အတိုင်း ရဲရဲတွေး၊ ရဲရဲဆုံးဖြတ်ပြီး ရဲရဲလုပ်နိုင်ကြဖို့ လိုပါတယ်။ ကိုယ်နဲ့ ကိုယ့်အဖွဲ့ထဲက ယုံကြည်ရသူ တစ်ယောက်စ နှစ်ယောက်စရဲ့ အကြံအစည်လေးနဲ့ လုပ်နေတာထက် ကိုယ်နဲ့ သဘောထား တူတူ၊ မတူတူ အမှန်ကို ပြောဝံ့သူ၊ ပါတီတူ၊ ပါတီကွဲထဲက အဓိကကျသူတွေနဲ့ ညှိနှိုင်းအဖြေရှာရင် မြန်မာတို့ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ် လှပစေမှာ ဖြစ်ပါတယ်။
တစ်နေရာမှာ အစိုးရ အကြီးအကဲတစ်ဦးက ပြောခဲ့ဖူးတယ်။ အသိခေါက်ခက် အဝင်မနက်ကြဖို့၊ စကားကို စကားအဖြစ် မထားဘဲ အလုပ်နဲ့ လက်တွေ့နယ်ပယ်မှာ လုပ်ကြဖို့ ဆိုတဲ့ စကားပါ။ ဒီစကားအတိုင်း ပြည်သူတွေအတွက် လက်တွေ့ အလုပ်လုပ်ကြဖို့ လိုပါတယ်။ အလွန်ချစ်စရာကောင်းတဲ့ ယနေ့ပြည်သူတွေဟာ အလွန်တရာ သနားစရာ ကောင်းလှပါတယ်။ ကိုယ်အာဏာရဖို့အတွက် ပြည်သူတွေဟာ ပုံစံအမျိုးမျိုးနဲ့ အသုံးခံခဲ့ရရှာတယ်။ ကိုယ်သြဇာသက်ရောက်ဖို့ အဖွဲ့အစည်းတွေကို အမည်ခံပြီး သုံးခဲ့ကြတယ်။ နောင်မှာ ဒီလို အသုံးချတာမျိုးတွေ နည်းသွားအောင်၊ ပပျောက်သွားအောင် ကြိုးစားကြရမယ်။
ကျွန်တော်တို့ ညီညွတ်ရင် ညီညွတ်သလောက် ပြည်သူတွေ အကျိုးဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ အလွန်မှန်တဲ့ စကားဖြစ်လို့ စကားနောက် တရားပါဖို့ဆိုရင် ဆွေးနွေးကြရမယ်၊ တိုင်ပင်ကြရမယ်၊ ညှိနှိုင်းကြရမယ်။ တကယ့်အချိန်ကောင်းပါ။ ဆွေးနွေးမယ်၊ ညှိနှိုင်းမယ် ဆိုတာ ဘာကြောင့် လက်မခံချင်တာလဲ။ စေတနာမှန်တဲ့ ပုဂ္ဂိုလ်များရဲ့ စေတနာမှန်သော စကားနဲ့ လုပ်ရပ်တွေ အလိုအပ်ဆုံး အချိန်ပါ။ ဒီအလုပ်တွေကို တခြားဘယ်သူကမှ လာလုပ်လို့၊ ဝင်လုပ်လို့မှ မရပါဘူး။ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းမှ ဝင်လုပ်လို့ မရပါဘူး။ တကယ့်သတ္တိရှိရမယ့် အချိန်။ အဲဒီလိုသာ ဆောင်ရွက်မယ် ဆိုရင် အလိုချင်ဆုံးသော အရာ၊ အလိုချင်ဆုံးသော ဆုများ ရရှိမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က ရေပန်းစားခဲ့တဲ့ စကားလေးတစ်ခု ရှိတယ်။ “ညှိတတ်ရင် ပြေလည်ပါတယ်တဲ့” ဒီနေ့ ဒီအချိန်မှာလည်း ဒီအတိုင်းပါပဲ။ သေးသေး၊ ကြီးကြီး၊ ငယ်ငယ် ညှိတတ်ရင် ပြေလည်ပါတယ်။ မိမိနိုင်ငံ တစ်နိုင်ငံသာမက ကမ္ဘာတင်မယ့် ကိစ္စပါ။
ဒီမိုကရေစီကျင့်စဉ် ရင့်သန်ဖို့ အချိန်တစ်ခု လိုတာ မှန်တယ်။ လိုအပ်ချက်ကို အချိန်နှင့်ပဲ တိုင်းတာရမယ်။ အလုပ်တစ်ခုကို လုပ်သင့်တာ မလုပ်မိရင်လည်း မှားတာပဲ။ လုပ်သင့်တာတွေ ရှိနေပြီ၊ သိနေပြီ၊ လုပ်ကြဖို့ လိုတယ်။
ဒီမိုကရေစီ မရင့်သန်ရင် ရင့်သန်အောင် လုပ်ရမယ်။ ဒီမိုကရေစီက ကျင့်စဉ်မို့လို့ ကျင့်စဉ်အတွက် လေ့ကျင့်ပေးရမယ်၊ လေ့ကျင့်ရဲရမယ်၊ တာဝန်ယူရဲရမယ်။ လမ်းကြောင်းက သွေဖည်မယ် ဆိုရင်လည်း သွေဖည်သူကို စနစ်ကပဲဖြစ်ဖြစ် ပြည်သူကပဲဖြစ်ဖြစ် ဒဏ်ခတ်ပါလိမ့်မယ်။
ဒီမိုကရေစီ လူ့ဘောင်ကို သွားဖို့ဆိုရင် အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ဖို့လည်း လိုတယ်။ Practice make perfect လို့လည်း မှတ်သားဖူးပါတယ်။ Practice became behavior, Behavior became character အကျင့်က အပြုအမူ ဖြစ်လာတယ်။ အပြုအမူက အကျင့်စရိုက် ဖြစ်လာတယ်။ အကျင့်စရိုက်က ယဉ်ကျေးမှု ဖြစ်လာတယ်။ ဒါကြောင့် အကျင့်ကောင်းတွေ အစပြုပေးဖို့ လိုတယ်။ ကောင်းတဲ့ လုပ်ငန်းအတွက် အစပြုတာဟာ နောက်ကျတယ်လို့လည်း ပြောလို့ မရသလို စောလွန်းတယ်လို့လည်း မဆိုနိုင်ဘူး။ ဒါကြောင့် လုပ်သင့်တာ လုပ်ကြရလိမ့်မယ်။ လုပ်သင့်တာကို လုပ်ရမယ့်အချိန်မှာ မလုပ်မိလို့ မှားခဲ့ရင် တိုင်းပြည်နစ်နာဆုံးရှုံးမယ်။ ပြည်သူတွေရဲ့ဘဝ၊ ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အမှန်တကယ် ဖြည့်ဆည်းပေးမယ် ဆိုရင် ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးရမယ်။
ဒီမိုကရေစီဆိုတာ Latin ဘာသာအရ ဒီမို +ကရာတီးယား Demo- ပြည်သူ့ Cratia-ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို ပြည်သူများ ပါဝင်ဖို့ ပြည်သူအားလုံး ပါဝင်ဖို့ လိုတယ်ဆိုတဲ့ သဘောရတယ်။ ပြည်သူအားလုံး၏ ဆန္ဒ တညီတညွတ်တည်း ဖြစ်ဖို့ ခက်ခဲတယ်။ ကွဲပြားခြားနားတဲ့ အယူအဆ၊ ဆန္ဒတွေကို ညှိနှိုင်းဆွေးနွေးကြပြီး အများစု လိုလားလက်ခံတဲ့ အယူအဆနဲ့ ဆန္ဒကို လိုက်ပါ ဆောင်ရွက်ရတယ်။ အနည်းစုရဲ့ ဆန္ဒကိုလည်း အလေးထား လက်ခံပြီး ဆွေးနွေးမှု၊ အချေအတင် ပြောဆိုမှု၊ ပြောဆို ထိန်းကျောင်းမှုတွေနဲ့ ပြည်သူ့အရေး၊ နိုင်ငံ့အရေးအတွက် ဆောင်ရွက်သွားကြရမယ်။ ဒါကြောင့် ဒီမိုကရေစီစနစ် ဆိုတာ အားလုံး ပါဝင်ကြရမယ်။ အနိုင်ရ အဖွဲ့အစည်း၊ အနိုင်ရပါတီ၊ အနိုင်မရတဲ့ အဖွဲ့အစည်း၊ အနိုင်မရတဲ့ ပါတီနဲ့ ပြည်သူများ ပါဝင်ရမယ်။ နိုင်ငံ့အရေးကို နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ခြင်းကို နိုင်ငံရေးလို့ ခေါ်ပြီး နိုင်ငံ့အရေးကို နိုင်ငံသားများနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီများက ဦးဆောင် လုပ်ဆောင်ကြရတယ်။ အနိုင်ရ ပါတီများသာ နိုင်ငံ့အရေးကို ပိုမိုဆောင်ရွက်ခွင့် ရှိမှာ ဖြစ်ပါတယ်။ အနိုင်မရတဲ့ ပါတီတွေကလည်း အနိုင်ရပါတီရဲ့ နိုင်ငံ့အရေး ဆောင်ရွက်မှုတွေအပေါ် အပြုသဘော ဝေဖန်မှု၊ ယှဉ်ပြိုင်မှု၊ ဆွေးနွေးမှုတွေနဲ့ ပြန်လည် ထိန်းကျောင်းနေတာက ကောင်းမွန်တဲ့ နိုင်ငံရေး လုပ်ဆောင်ချက်နဲ့ ဖြစ်စဉ်တွေကို အကောင်အထည် ဖော်နေတာပဲ ဖြစ်ပါတယ်။
နိုင်ငံရေးကို နိုင်ငံသားတိုင်း စိတ်ဝင်စားကြရမယ်။ နိုင်ငံရေးပါတီတိုင်းသည် အမျိုးသားနိုင်ငံရေးကိုပါ ထည့်သွင်း ဆောင်ရွက်ကြရမယ်။ အာဏာရှင်နိုင်ငံလို့ ခေါ်ဆို သမုတ်ကြတဲ့ နိုင်ငံတွေမှာတောင် နိုင်ငံရေးပါတီတွေက ဦးဆောင်နေကြတယ်။ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ဈေးကွက် စီးပွားရေးစနစ်မှာ နိုင်ငံရေးပါတီများကသာ ဦးဆောင်ကြရမှာ ဖြစ်တယ်။
သင်ဟာ နိုင်ငံသား ဖြစ်နေရင် နိုင်ငံ့အရေးကိုလည်း စိတ်ဝင်စားပါ။ နိုင်ငံရေးကို စိတ်မဝင်စားဘူး၊ စားဝတ်နေရေး၊ လူမှုရေးကိုပဲ စိတ်ဝင်စားတယ်၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုပဲ လိုချင်တယ် ဆိုကြသူတွေဟာလည်း တကယ်တမ်း ပြောရရင် အဲဒီလို လိုချင်တဲ့ အကြောင်းအရာ ကိစ္စတွေ ကိုယ်တိုင်က နိုင်ငံ့အရေး၊ နိုင်ငံရေးပဲ ဖြစ်ပါတယ်။
နိုင်ငံ့အရေး (ဒါမှမဟုတ်) အမျိုးသားအရေးဟာ အရေးကြီးတယ်လို့ ဆိုရင် နိုင်ငံ့အရေးကို ဆောင်ရွက်ကြရမယ်။ နိုင်ငံရေးကို စိတ်ဝင်စားကြဖို့ လိုတယ်။ နိုင်ငံ့အရေး၊ နိုင်ငံသားအားလုံးရဲ့ စားဝတ်နေရေး၊ လူမှုရေးကို ကောင်းကောင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
သူရဦးရွှေမန်း
The Voice
ရဲသတင်းတပ်ဖွဲ့က သတင်းစာ ဂျာနယ်တိုက်တွေ ငွေကြေး အရှုံးအမြတ် ခေါ်မေး
ရန်ကုန်တိုင်းရဲသတင်းတပ်ဖွဲ့က ရန်ကုန်အခြေစိုက် သတင်းစာနဲ့ ဂျာနယ် အယ်ဒီတာတွေကို ခေါ်ယူပြီး ငွေကြေးနဲ့ ပတ်သက်လို့ မေးမြန်းမှတ်တမ်းယူနေတယ်လို့ သွားရောက်မေးမြန်းခံခဲ့တဲ့ သဗွိုင့်စ်နေ့စဉ်သတင်းစာ အယ်ဒီတာအဖွဲ့ အတွင်းရေးမှူး ကိုအောင်စိုးက ပြောပါတယ်။
ဇွန်လ ၂၁ ရက် စနေနေ့က လာရောက်ခေါ်ဆောင်မေးမြန်းခဲ့တာဖြစ်ပြီး သတင်းနဲ့ မဆိုင်ဘဲ သတင်းစာတွေရဲ့ အရှုံးအမြတ် ငွေကြေးကိစ္စတွေ အဓိကထားမေးမြန်းခဲ့တာလို့ ကိုအောင်စိုးက ပြောပါတယ်။
“သူတို့ အဓိက ထားမေးတာက ငွေကြေးနဲ့ပတ်သက်ပြီးတော့ မီဒီယာတွေရဲ့ အရှုံးအမြတ် အခြေအနေကို သိချင်နေတယ်။ သူတို့ ကြားရတဲ့ သတင်း တချို့ဂျာနယ်တွေ ရှုံးနေတယ်ပေါ့။ အဓိက သူတို့ သိချင်တာက အရှုံးခံပြီးလုပ်နေတဲ့ နောက်ကွယ်မှာ ဘာတွေရှိလဲဆိုတာ သူတို့ သိချင်ပုံရတယ်လို့ ကျနော်ထင်တယ်။ ဂျာနယ်တစောင်ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က ဘယ်လောက်ရှိလဲ၊ ဈေးကွက် ဘယ်ဈေးနဲ့ ဖြန့်လဲ၊ တခြားဝင်ငွေရနိုင်တဲ့ဟာတွေ၊ ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်က ဘယ်လောက်သုံးရလဲ၊ ၀န်ထမ်းတွေရဲ့ လုပ်ခ လစာ စာမူခတွေ အပါအ၀င် အဲဒီတော့ ဂျာနယ်တွေအနေနဲ့ ရှုံးလား မြတ်လား၊ ရှုံးရဲ့သားနဲ့ ဘာလို့ ဆက်ထုတ်နေရလဲ ဥစ္စာကို သူတို့သိချင်နေပုံရတယ်။ အဓိကပြောချင်တာက မဟုတ်တာတွေ နောက်မှာ ဘာရှိမလဲပေါ့ အဲဒါတွေ သိချင်တာလို့ထင်ပါတယ်။”
အဲ့ဒီနေ့က သူကြားသိခဲ့ရသလောက် ယူနတီဂျာနယ်၊ မြန်မာပို့စ်နဲ့ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာတွေ ကိုလည်း ခေါ်ယူမေးမြန်းခဲ့တယ်လို့ ပြောပါတယ်။
သတင်းတပ်ဖွဲ့က သတင်းစာဂျာနယ်တိုက်တွေကို သတင်းနဲ့ ပတ်သက်ပြီး ခေါ်ယူမေးမြန်းတာပဲ အရင် ရှိခဲ့ဖူးပေမယ့် အခုလို ငွေကြေးအရှုံးအမြတ်ကိစ္စ ခေါ်ယူမေးမြန်းတာကတော့ ဒါ ပထမဆုံး ဖြစ်ပါတယ်။
သတင်းစာဆရာ ကိုဇော်သက်ထွေးကတော့ သတင်းစာဂျာနယ်အယ်ဒီတာတွေကို ငွေကြေးကိစ္စ ခေါ်ယူမေးမြန်းပိုင်ခွင့် ရှိ မရှိ အရင်ဆုံး လေ့လာရမယ်လို့ သုံးသပ် ပြောပါတယ်။
“နံပတ် ၁ က သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးပြီးတော့ နေ့စဉ်သတင်းစာတွေနဲ့ ဂျာနယ်တွေ ထုတ်ဝေတယ်။ အဲဒီထုတ်ဝေတဲ့ မီဒီယာတွေကို ဒီလိုမျိုးခေါ်ယူမေးမြန်းတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘယ်ပုဒ်မအရ မေးမြန်းစစ်ဆေးသလဲ။ နောက် ဒီလို မေးမြန်းစစ်ဆေးဖို့ အတွက် အခွင့်ရှိလား မရှိလားဆိုတာ ကျနော်တို့ အရင်ဆုံးလေ့လာ ဆန်းစစ်ရမှာပေါ့။ နံပတ် ၂ က သူတို့ ဒီလိုမျိုး မီဒီယာတွေကို မေးတာဟာ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ အဓိက ဖြစ်တဲ့အတွက် သူတို့ဟာ ငွေကြေး ငွေဖြူ၊ ငွေမဲ ခ၀ါချမှုတွေကို တကယ်တိုက်ဖျက်ချင်တာလား ငွေအရင်းအမြစ်တွေ မီဒီယာလောကထဲ ဘယ်လို စီးဆင်းနေသလဲဆိုတာကိုပဲ သိချင်တာလား။ ဒါမှမဟုတ်ရင် အခွန်ကိစ္စနဲ့ မီဒီယာတွေကို ကိုင်တွယ်ချင်တာလား။ ဒီလိုမျိုး သို့လော သို့လော ဗားရှင်းတွေ အများကြီးထွက်လာတယ်။ ဒီထဲက ဘယ်ဟာကြောင့်လုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ သို့သော် ဒီလိုမျိုးလုပ်ဆောင်မှုကတော့ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးပြီးတော့ ထုတ်ဝေနေတဲ့ သတင်းလောကအတွက်တော့ ဒါဟာ နှစ်မြို့စရာကောင်းတဲ့ အခြေအနေတရပ် မဟုတ်ဘူးဆိုတာ သုံးသပ်လို့ ရတယ်။”
အခုကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အနေနဲ့ ဘာလုပ်မလဲဆိုတာ လောလောဆယ် သတင်းထွက်ပေါ်လာတာ မရှိသေးပါဘူး။
အခုလို သတင်းစာဂျာနယ်တိုက်တွေရဲ့ ငွေရေးကြေးရေးပိုင်းတွေ မေးမြန်းစုံစမ်းမှုရဲ့ နောက်ကွယ် မှာ ဂျာနယ်တချို့ကို ပိုင်ဆိုင်မှုအကြောင်းပြပြီး ပစ်မှတ်ထား အရေးယူဖို့ လုပ်ဆောင်လာတာလည်း ဖြစ်နိုင်တယ်လို့ ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းက သုံးသပ်ကြပါတယ်။
DVB Burmese
ဖခင်တစ်ဦး၏ ချစ်ခြင်း မေတ္တာ
သားသမီး အပေါ်ထားရှိတဲ့ မိဘတို့ရဲ့ မေတ္တာတရားဟာ အမြဲတမ်း တူညီမျှရှိပါတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မိဘတို့ရဲ့ မေတ္တာတရားဟာ ပြောင်းလဲသွားခြင်း မရှိပါဘူး။ အမေရိကန်ပြည်ထောင်စု၊ လိုဂန်မြို့မှာ နေထိုင်တဲ့ ဖခင်တစ်ဦးဟာ သားအပေါ် ဘယ်လောက်အထိ မေတ္တာထားခဲ့သလဲ ဆိုတာ သိရှိနိုင်ဖို့ အစိုးရဌာန တစ်ခုဟာ ဖခင်များနေ့ မှာ ဓာတ်ပုံနဲ့ တကွ ဖော်ပြမှုပြု လုပ်ခဲ့ပါတယ်။ အသက် (၆၀) နှစ် အရွယ်ရှိ ဂျိမ်းစ်ဟာ အသက် (၁၈) နှစ် အရွယ်ရှိ သားဖြစ်သူကို အပင်ပန်းခံပြီး ဖြစ်ချင်တဲ့ ဆန္ဒတွေလိုက်လုပ်ပေးခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ရှေ့နေဟောင်း တစ်ဦးဖြစ်ပြီး သားဖြစ်သူ ဂျိုနက် ဟာ ငယ်စဉ်ဘ၀ကတည်းက မသန်စွမ်း ဘ၀ကို ရောက်ရှိခဲ့ပါတယ်။ ဂျိုနက်ဟာ ပြင်ပကမ္ဘာကို သွားရောက်လေ့လာလို တာမို့ ဂျိမ်းစ်ဟာယူတက်ပြည်နယ်  မှာရှိတဲ့ သဘာဝဥယျာဉ်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဂျိမ်းစ်ဟာ သားဖြစ်သူ အဆင်ပြေစွာ လိုက်ပါနိုင်ရေး အထူးပြုလုပ်ထားတဲ့ တွန်းလှည်းနဲ့ ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး၊ ပေ (၅၀၀) အထိ မြင့်တဲ့ကျောက်ဆောင်တွေကို ဖြတ်ကျော်ခဲ့ရပါတယ်။ ဂျိမ်းဟာ သားဖြစ်သူအတွက် အပင်ပန်းခံပြီး သဘာဝရှုခင်း တွေ လိုက်လံပြသနေတဲ့ ဓာတ်ပုံကို သမီးဖြစ်သူ လော်ရာက ပြီးခဲ့တဲ့ နှစ်နှစ်က မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ အဓိပ္ပာယ်များစွာ ရှိခဲ့ တာမို့ ဖခင်များနေ့မှာ အစိုးရဌာန တစ်ခုက အထိမ်းအမှတ် အဖြစ် အင်တာနက်ပေါ် လွှင့်တင်ခဲ့ရာ လူကြိုက်များတဲ့ ဓာတ်ပုံဖြစ်ခဲ့ပြီး၊ ဖခင် နဲ့သားသမီး အကြား ရှိနေတဲ့ မေတ္တာတရားကို ပြသလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။ ဂျိမ်းစ်ကလည်း မိမိသည် သားဖြစ်သူကို အလွန်ချစ်ကြောင်း၊ မိသားစု ကလည်း သားဖြစ်သူကို ဂရုစိုက်ကြကြောင်း၊ မိမိနှင့် သားဖြစ်သူအကြားတွင် ဖခင်တစ်ဦး ထက်ပိုသည့် ဆက်ဆံရေး ရှိကြောင်း ဂုဏ်ယူစွာပြောကြား သွား ခဲ့ပါတယ်။
အေသင်အောင်
The Messenger
ချစ်ကြစမ်းပါဗျာ . . . .ကျော်သူ
ချစ်ကြစမ်းပါဗျာ . . . .
ကမ္ဘာမြေပြင်ကြီးရှိ ကမ္ဘာ့လူသားများ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်မျိုးနဲ့ တစ်မျိုး၊ ဆင်းရဲ ချမ်းသာ၊ ပညာရှိ / ပညာမဲ့ … စသည့် အလွှာပေါင်းစုံ လူသားများ ချစ်ခင်စေချင်သည်။ လူသားအချင်းချင်း စာနာစိတ်များ မွေးဖွားစေချင်သည်။ ကြင်နာစိတ်၊ ဖေးမစိတ်တို့ မွေးဖွားစေသည်။ ဒါကြောင့် ကျွန်တော်ရဲ့ အပြင်းပြဆုံးသော ဆန္ဒတစ်ခုဖြစ်ပေသည်။
ထိုကဲ့သို့ တစ်ဦးနဲ့တစ်ဦး ချစ်နိုင်ဖို့ … မိမိကိုယ်ကို ချစ်ကြဖို့၊ တန်ဖိုးထားဖို့၊ လေးစားဖို့က အရေးကြီး ဆုံးဖြစ်သည်။ ကိုယ့်ကိုယ်ကို ချစ်နိုင်မှ အများကိုလည်း ချစ်နိုင်မည်ဖြစ်သည်။ အများကိုချစ်နိုင်မှ တိုင်းပြည် ကိုလည်း ချစ်ရာရောက်မည်။ ဒီကနေ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ လူတွေအတွက် အကျပ်အတည်း ဖြစ်စေတဲ့ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေနဲ့အတူ လေထုညစ် ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေဆီသြဇာခမ်းခြောက်မှု၊ သားငှက်တိရစ္ဆာန်မျိုးစိတ်များ ရှားပါးပျောက်ကွယ် လာမှု၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေနှင့် သဘာဝတရားကို ညှဉ်းပန်းအနိုင်ကျင့်မှုများစတာတွေနဲ့ ပြည့် နှက်လို့ လာနေပါပြီ။
ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် “ကိုယ့်အမှိုက် … ကိုယ်ရှင်း” ဆိုပြီး အသင်းရုံးချုပ် တည်နေရာသည် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်ဖြစ်ပါသည်။ ၄၂ ရပ်ကွက်သည် အပိုင်း (၇) ပိုင်း၊ လမ်းပေါင်း (၅၈) လမ်းရှိပြီး အုပ်ချုပ်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်နေ မိဘပြည်သူ အပေါင်းတို့အား ၆.၅.၂ဝ၁၄ ရက်နေ့တွင် “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုံ” ဖြစ် မြောက်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုအား ပြုလုပ်ခဲ့သလို၊ ၁၅.၆.၂ဝ၁၄ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်ရှိ “ပုဗ္ဗဝိဒေဟဓမ္မာရုံ” တွင် ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ ဆရာမ ဂျူး၊ ဆရာ ထင်လင်းဦးတို့ ဟောပြောခဲ့ပြီး ၃.၆.၂ဝ၁၄ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက် (တိုးချဲ့)ရှိ “စိတ္တသုခ အရုဏ် ဆွမ်းလောင်းအသင်း” နေရာ၌လည်း ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် ဆရာ ထင်လင်းဦးတို့မှ ထပ်မံဟော ပြောခဲ့ကြသည်။ ၇.၆.၂ဝ၁၄ ရက်နေ့တွင် အသင်းသား/သူများတို့သည် ၄၂ ရပ်ကွက်အတွင်းရှိ မိဘပြည် သူတို့၏ နေအိမ်များသို့ တစ်အိမ်ဝင် တစ်အိမ်ထွက်၍ လက်ကမ်းစာရွက်များဝေငှပြီး အမှိုက်များ စွန့်ပစ် စနစ်တကျ စွန့်ပစ်ကြဖို့ ပြောကြားခဲ့သည်။ ၈.၆.၂ဝ၁၄ (တနင်္ဂနွေနေ့) နံနက် (၇း၃ဝ) နာရီတွင် ၄၂ ရပ် ကွက်၊ တိုးချဲ့အပါအဝင် ဇော်ဂျီလမ်းတစ်လျှောက်မှ စတင်ခဲ့ပြီး ၁၅.၆.၂ဝ၁၄ (တနင်္ဂနွေနေ့) နံနက် (၇း၃ဝ) နာရီတွင် ၄၂ တိုးချဲ့ရပ်ကွက်ရှိ အေးသာယာ (၁) (၂) လမ်းရှိ အမှိုက်များအား ရပ်ကွက်တွင်းရှိ “မာဃ လုလင်” နာရေးကူညီမှုအဖွဲ့၊ ရပ်ကွက်ပြည်သူများ၊ ကလေးငယ်များတို့နှင့်လက်တွဲ၍ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့် အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အသင်းသား/သူများနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရန် စိတ်ပါဝင်စားကြသည့် လူမှုရေးအသင်းအဖွဲ့များပါ လာရောက်ပူးပေါင်း၍ ဝိုင်းဝန်းလုပ် ဆောင်ခဲ့ကြသည်။
အမှိုက်များအား လိုက်လံကောက်ယူ သိမ်းဆည်းကြသည့်အပြင် စည်းကမ်းတကျ အ မှိုက်များ စွန့်ပစ်နိုင်ကြရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သတ်မှတ်ထားသည့် အမှိုက်ပုံးများကို ရပ်ကွက်မှ တာဝန်ရှိသူများနှင့် တိုင်ပင်၍ နေရာတကျ စီစဉ်ချမှတ်ခဲ့သည်။ အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်ခြင်းတို့အား သတ်မှတ်ထားရှိသလို အပါတ်စဉ် အင်္ဂါနေ့၊ ကြာသပတေးနေ့များတွင်လည်း မိမိတို့၏ အမှိုက်ပုံးများထဲမှ စနစ်တကျ စွန့်ပစ်ထားရှိသည့် အမှိုက်များတို့အား သိမ်းဆည်း၍ စွန့်ပစ်ရန်လို အပ်သည့် အမှိုက်များတို့အား သတ်မှတ်နေရာများသို့ စနစ်တကျ စွန့်ပစ်စေခဲ့ပြီး ပြန်လည်၍ အသုံးပြုနိုင် သည့် အမှိုက်များတို့အား စနစ်တကျ ခွဲခြမ်းထုတ်ပိုး၍ မိမိတို့နှင့် ချိတ်ဆက်ထားပြီး လာရောက်သယ်ယူ ကြသူများထံသို့ ပေးအပ်ခဲ့သည်။ ရန်ကုန်မြို့တွင် လုပ်ဆောင်နေကြသလို ကျွန်တော် လူမှုရေးဟောပြော ပွဲ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် မန္တလေးဘက်သို့ ရောက်ရှိနေချိန်တွင်လည်း ဦးပိန်တံတား ပတ်ဝန်းကျင်တစ် လျှောက်နှင့် မန္တလေးတောင်တော်ဝန်းကျင်ရှိ အမှိုက်များကို ကျွန်တော်နှင့် လိုက်ပါလာကြသည့် အသင်း သား/သူများတို့သည် မန္တလေးမှ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ လိုက်လံကောက်ယူ သိမ်းဆည်းခဲ့ကြ သည်။
ထိုသို့ လုပ်ဆောင်ခဲ့ရာတွင် ရပ်ကွက်တွင်းရှိ အချို့သောသူများသည် မိမိတို့အသင်းမှ လာရောက် အမှိုက်ကောက်နေကြချိန်တွင် အိမ်တွင်းအမှောင်တစ်နေရာမှ ပုန်းအောင်း၍ ချောင်းမြောင်းနေခြင်း၊ မဆိုင် သလိုနေကြခြင်း၊ အမှိုက်ကောက်ရမည်ကို ရှက်စိတ်များဖြစ်ပေါ်နေခြင်း၊ ကျွန်တော်တို့နှင့်အတူ လိုက်ပါပြီး အမှိုက်ကောက်ရန် မဝံ့မရဲဖြစ်နေကြသော်လည်း ကလေးငယ်အချို့တို့သည် အင်တိုက်အားတိုက် လုပ်ကိုင် နေကြသလို အချို့ကလေးများသည်လည်း ဆော့ကစားနေကြပြီး မိမိတို့နှင့် မဆိုင်သလို နေထိုင်ကြ သည်ကို တွေ့မြင်ခဲ့ရသည်။ ထိုအခါ မိမိတို့အသင်းသို့ လူမှုရေးလုပ်ငန်းများနှင့် ပတ်သက်၍ လာရောက် လေ့လာကြသော ဟောင်ကောင်နိုင်ငံရှိ ကျောင်းသူလေးများ၏ ဆန္ဒအလျောက် လိုက်ပါပြီး ကျွန်တော်တို့ အဖွဲ့နှင့် ပူးပေါင်းကာ ပျော်ရွှင်စွာဖြင့် အမှိုက်များကို လိုက်လံကောက်ယူ လုပ်အားပေးမှုများကိုလည်း ပြု လုပ်ခဲ့သည်။ ထို့ကြောင့် ရှက်စိတ်ဖြစ်နေသောသူများ၊ မဝံ့မရဲဖြစ်သောသူများနှင့် မိမိတို့နှင့် မဆိုင်သလို ဖြစ်နေသူများအပြင် မိမိတို့နှင့် ပူးပေါင်း၍ အမှိုက်ကောက်ရန် ဇဝေဇဝါဖြစ်နေသူများတို့အား အတွင်းရေး မှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ “ကိုရီးယားကား ကြိုက်ကြသလား။” ဟု မေးလိုက်သောအခါ “ဟာ .. ကြိုက်တာပေါ့။” ဟု ပြန်လည်ဖြေဆိုကြသည်။ ဆက်လက်၍ “အေး .. ကိုရီးယားနိုင်ငံလို ကမ္ဘာ ပေါ်မှာ အဆင့်အတန်းမြင့်မားပြီး သန့်ရှင်းသာယာလှပတဲ့ ဟောင်ကောင်နိုင်ငံက မိန်းကလေးတွေက တောင် အမှိုက်လာပြီး ကောက်နေကြပြီ၊ ကလေးတို့ကလည်း ဒီအတိုင်းဘဲ ကြည့်နေတော့မှာလား။” ဟု ပြောကြားလိုက်သောအခါ ထို လူငယ်/ရွယ်များနှင့် ကလေးငယ်များပါ မိမိတို့နှင့် ပူးပေါင်း၍ တတ်ကြွစွာ ကောက်ယူသည်ကို ဝမ်းမြောက်စွာဖြင့် တွေ့ရှိခဲ့ရသည်။ ထို့အပြင် ရပ်ကွက်အတွင်းရှိ လမ်းအချို့ မိသားစု များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) မှလည်း ဆီထမင်း၊ ကောက်ညှင်းပေါင်း၊ သာကူ၊ မုန့်လုံးကြီး၊ ကော်ဖီ စသည့် အာဟာရဒါနအဖြစ် လုပ်အားပေးသူများတို့အား ကျွေးမွေးဒါနပြုခဲ့သည်။ EMERALO LION ကုမ္ပဏီမှလည်း REAKTOR Energy Drink များအား လာရောက်တိုက်ကျွေးပြီး ဝိုင်းဝန်းကူညီ လုပ် အားပေးခဲ့သည်ကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုလိုက်မိသည်။
ထို့အပြင် လမ်းတစ်ခုအတွင်း အမှိုက်များကောက်ယူကြစဉ် နေအိမ်ခြံဝန်းထဲရှိ အမှိုက်များကိုပါ အိမ်ရှင်များနှင့် ပူးပေါင်း၍ ကောက်ယူရာတွင် အိမ်အတွင်းသို့ မထင်မှတ်ဘဲ ကြည့်ရှုမိသောအခါ အိမ်တွင်း ၌ ရှုပ်ပွနေသော အမှိုက်များ၊ စားကြွင်းစားကျန်များကို တွေ့ရှိခဲ့ရ၍ အိမ်ရှိကလေးငယ်များအား “သားတို့ သမီးတို့ ညအိပ်တဲ့အခါ ဒီလိုအမှိုက်တွေ အိမ်ထဲမှာရှိနေရင် ကြွက်တွေလာမှာပေါ့” ဟု ဒု-ဥက္ကဋ္ဌ ဒေါ်သန်း မြင့်အောင်မှ ပြောကြားလိုက်သောအခါ ကလေးငယ်များမှ “ဟုတ်တာပေါ့။ သားတို့ သမီးတို့က ကြွက်တွေ နဲ့အတူ ညအိပ်ရတာ” ဟု ရိုးသားစွာ ပြန်လည်ပြောဆိုကြသည်။ ထိုအခါ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ “နေကြထိုင်ကြ စားကြရင် သားတို့ သမီးတို့ ရောဂါတွေထူပြောလာမယ်။ ကျန်းမာရေးတွေ ထိခိုက်လာ မယ်။ စာသင်လည်းပျက်မယ်။ အခုလို ဆော့ကစားနိုင်တော့မှ မဟုတ်ဘူး။ ဒါကြောင့် အဲဒီအမှိုက်တွေကို ရှင်းပစ်ဖို့လိုတယ်” ဟု ပြောကြားလိုက်သောအခါ ကလေးငယ်များနှင့်အတူ အိမ်ရှင်မိသားစုများကပါ ဝင် ရောက်​ ရှင်းလင်းမှု ပြုလုပ်နေသည်ကိုလည်း တွေ့မြင်ခဲ့ရပြန်သည်။
သို့ရာတွင် အချို့သော လူကြီးများသည် မှောင်ရိပ်မှ ခိုးကြောင်ခိုးဝှက် ကြည့်ရှုနေခြင်း “ဒီအမှိုက် ကောက်တဲ့ အလုပ်ဟာ ငါတို့နဲ့ မသက်ဆိုင်ဘူး။ ငါတို့အလုပ် မဟုတ်ဘူး” ဟု ဆိုကြသော ယူဆချက်များ ဖြင့် ဖာသိဖာသာ နေထိုင်နေခြင်းမျိုးကိုလည်း တွေ့မြင်နေရဆဲဖြစ်သည်။
“ကလေး ကလေး အထင်မသေးနဲ့။
ကလေးကောင်းမှ လူကြီးကောင်းမှာ။
လူကြီးကောင်းမှ အားလုံးကောင်းမှာ။”
ဟူသော စကားအတိုင်း ကလေးငယ်များ၏ အတွင်းသန္ဓေတည် ကောင်းမွန်စေရန်အတွက် လူကြီး များတို့မှ စံပြအဖြစ် ရှေ့ဆောင်ပြောဆို လုပ်ဆောင်မှုများကို ပြုလုပ်ကြရန် အရေးကြီးလှပေသည်။ မိမိတို့ ရပ်ရွာ၊ ရပ်ကွက်၊ မြို့နယ်များသို့ စေတနာဖြင့် လာရောက်သစ်ပင်စိုက်ခြင်း၊ အမှိုက်ကောက်ခြင်း၊ ခြင်ဆေး ဖျန်းပေးခြင်းတို့ကို ပြုလုပ်ပေးနေသော ဗြဟ္မစိုရ်တရားလက်ကိုင်ထားသည့် ပရဟိတသမားများ၊ ပရဟိတ အသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပေးရန်အတွက်လည်း အရေးကြီးလှသည်။ အများအကျိုး အတွက် ပူးပေါင်းလုပ်ဆောင်ပေးခြင်းသည် မင်္ဂလာတစ်ပါးပင် ဖြစ်ပေတော့သည်။ ထို့ကြောင့် မိမိကိုယ်ကို ချစ်ဖို့လိုသည်။ ကိုယ့်ကိုယ်ကိုချစ်မှ မိသားစုကိုချစ်မည်။ မိသားစုကိုချစ်မှ ရပ်ကွက်ကိုချစ်မည်။ ရပ်ကွက်ကို ချစ်မှ မြို့နယ်ကိုချစ်မည်။ မြို့နယ်ကိုချစ်မှ နိုင်ငံကိုချစ်မည်။ နိုင်ငံကိုချစ်မှ ကမ္ဘာအလယ် ဝင့်ကြွားနိုင်တော့ မည်ဖြစ်တော့သည်။ “ချစ်သည်” ဟုဆိုရာ၌ လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာ၊ လူ့သီလတို့အား စောင့်ထိန်း လိုက်နာကျင့်သုံးရန် ဖြစ်တော့သည်။ ထို့ကြောင့် “ကိုယ့်ကိုယ်ကို ချစ်ကြစမ်းပါဗျာ” ဟု ကျွန်တော် လှုံ့ဆော် တိုက်တွန်း ရေးသားလိုက်ရပါတော့သည်။
ကျော်သူ
လူထုခေါင်းဆောင်အန်တီစု ခွေးတော့ သတိပြု
သူငယ်ချင်းရေ...
          လူထုခေါင်းဆောင်အန်တီစုနဲ့ ဒီမိုကရေစီသူရဲ ကောင်း ဦးမင်းကိုနိုင်တို့ မြန်မာနိုင်ငံအနှံ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုထောက်ခံ ဆန္ဒပြပွဲ တွေ လှည့်လည်ကျင်းပနေတာ အင်တာနက်နဲ့ သတင်းစာဂျာနယ် လူထုပရိသတ် အုံးအုံးထနေတော့ အာဏာပိုင်တွေလဲ ဖင်ကြားခဲညှပ်နေမှာပေါ့နော်။ ဒါပေမယ့် မင်းတို့ကိုပြောစရာရှိသကွ၊ မင်းတို့ NLDဥက္ကဋ္ဌကိုလူထုက သဲသဲလှုပ်ဖြစ်နေတော့ မင်းတို့ ကိုယ်တိုင်က အန်တီစုဆိုရင် ခွေးရောလူရောထောက် ခံတယ်အောက်မေ့နေကြတာ။ အဲဒီလို ထင်ရင် မှားမယ်သူငယ်ချင်း လူစိတ်ရှိတဲ့လူတွေကဘဲထောက် ခံတာ၊ ခွေးတွေက မထောက်ခံဘူးသူငယ်ချင်းရဲ့. .။
          ခွေးဆိုတာက သူ့ထမင်းကျွေးတဲ့သူကိုဘဲ သခင် လို့မြင်တာ။ ဒါတောင်ကျွေးတဲ့လက်ကို ပြန်ပြန်ကိုက် တတ်တဲ့ခွေးဆိုတာရှိသေးတယ်ကွ၊ ခွေးက ဒီမိုကရေစီ မသိဘူး၊ လူ့အခွင့်အရေးမသိဘူး၊ အများကောင်းစား ရေးဝါဒသူမသိဘူး၊ သခင်အားရကျွန်ပါးဝဘဲ လုပ် တတ်တာ။ အန်တီစုက နိုင်ငံတကာအမြင်၊ နိုင်ငံတ ကာ အတွေးတွေနဲ့ ခွေးကို လူ့အခွင့်အရေးသွားပေး တော့ ခြေသလုံးဖက်မကိုက်တာကံကောင်း၊ နေပြည် တော် နယ်မြေမှာ ပုဒ်မ ၄၃၆ပြင်ဆင်ရေး တရားသွား ဟောတာ ခွေးခပ်ဆိုးဆိုးတစ်ကောင် အန်တီစုကိုလိုက် ကိုက်တယ်ဆိုပြီး အင်တာနက်မှာ ဖတ်လိုက်ရတော့၊ ရုတ်တရက်စိတ်ပူသွားသေးတယ်။ ဘာပဲပြောပြော တို့ မြန်မာအယူမှာ ခွေးကိုက်ခံရရင် ကံနိမ့်တယ်လို့မှတ် ယူကြတာလေ။
          ဒါတောင်တော်ပါသေးရဲ့ သတင်းကြားရတာ  ခွေးအိုကြီးတစ်ကောင်လိုက်ကိုက်တာဆိုတော့ သွား  တွေသိပ်ကောင်းမှာမဟုတ်ဘူး။ရှူးတိုက်တဲ့သူရှိလို့ သာ သူ့ခမျာလိုက်ကိုက်ရတာ။ ကိုယ်တိုင်က ချိနဲ့နဲ့ ဆိုတော့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် မင်းတို့တစ် တွေ သတိထားဖို့လိုတယ်။ လူထုခေါင်းဆောင်ဟာ ဘယ်လောက်ပဲသတ္တိကောင်းကောင်း ခွေးနဲ့တော့ဖက် မကိုက်သင့်ဘူး။ ခွေးနဲ့နပမ်းမလုံးသင့်ဘူး။ တစ်ခါ တလေကျတော့ နှာစေးနေတာ၊ ရှောင်လွှဲနေတာ ဒီပ လိုမေစီဆန်တယ်သူငယ်ချင်း လူ့အခွင့်အရေးဆိုတာ နာမည်ကိုက လူ့အခွင့်အရေး၊ လူတွေရရှိသင့်တဲ့ အ ခွင့်အရေး၊ လူကိုပေးရမဲ့ အခွင့်အရေးကို ခွေးကို သွားပေးလို့ကတော့ ဝိုင်းလုံတို့လက်ချက်မိသွားမယ်၊ ဝိုင်းလုံတို့က သူ့သခင်ခြံထဲဝင်လာပြီး သူ့သခင်ကို ဒုက္ခပေးမဲ့ သူကိုအလွတ်ပေးမှာမဟုတ်ဘူး၊ နာ မည် ကိုက ဝိုင်းလုံ သခင့်ဥစ္စာစည်းစိမ်ခြံဝင်းကို ကာကွယ် ဖို့ပေးထားတဲ့နာမည် သူငယ်ချင်းရဲ့...
သူငယ်ချင်းရေ...
          ရှေးရှေးပုံပြင်ထဲမှာ လူထုသူရဲကောင်းတွေက ခြင်္သေ့တွေကျားတွေနဲ့ဖက် နပန်းလုံးပြီး လူထုရဲ့ အားကိုးရသူအဖြစ် လူထုရှေ့မှာ ဂုဏ်ယူဝင့်ကြွားစွာ လုပ်ပြကြတာ ဒဏ္ဍာရီအဖြစ်ဖတ်ဘူးပါတယ်။ အခု ဟာက စစ်အာဏာရှင်ရဲ့ ခြံစောင့်အိမ်စောင့် ဝိုင်းလုံ တွေကွ၊ သူတို့နဲ့အန်တီစုနဲ့ သူတင်ကိုယ်တင် စကား ပြောစရာ အကြောင်းမရှိဘူး၊ မှန်ရင်လဲ ဂုဏ်တက် မှာမဟုတ်သလိုမှားသွားရင် လူထုခေါင်းဆောင် ဂုဏ်ပုဒ်က ရေစုံမျောရော၊ အဲဒီနေရာကြ အန်တီစုက ပြည်ထောင်စုဝန်ကြီး တွေလောက် အကင်းမပါးဘူး၊ ဝန်ကြီးတွေက မီဒီယာရှေ့မှာ အီးတောင်ရဲရဲ မပေါက် ဘူး အသံကျယ်ရင်လဲ အဝေဖန်ခံရမယ်။ အနံ့ပြင်းရင် လဲ အပုပ်ချခံရမယ်။ မီဒီယာထဲမှာလဲလိုတဲ့သူရှိတယ်။ မလိုတဲ့သူတွေရှိတယ် သူငယ်ချင်းရဲ့။
          ပညာရှိသတိဖြစ်ခဲဆိုသလို ဘေးနားက လူတွေ က နည်းနည်းဝိုင်းထိန်းပေးမှကောင်းမယ်။ တခါတ လေ ဒီလိုကိစ္စမျိုးတွေက ဖြစ်တတ်ပါတယ်၊ ဖြစ်တာ များလာရင်တော့ လူထုထောက်ခံမှုကျဆင်းတတ် တယ်။ လူထုနဲ့တိုက်ရိုက်ထိတွေ့တယ်၊ လူထုကို အချိန်မရွေးတံခါးဖွင့်လက်ခံကြိုဆိုတယ် ဆိုပေမယ့် ရန် သူလား မိတ်ဆွေလားတော့ သတိထားရမယ် သူငယ် ချင်း၊ အခုအချိန်ကာလက ဒီပဲယင်းရာသီ ရောက်နေ ပြီ သူငယ်ချင်း လူတိုင်းကိုသာမန် ပြည်သူတွေလို့ရိုးရိုး ရှင်းရှင်း မြင်လို့မရဘူး။
          နေရာဒေသကလဲရှိသေးတယ်။ အဲဒီနေရာက စစ်အာဏာရှင်တွေကြီးစိုးတဲ့၊ မင်းနေပြည်တော်လေ ဂျာမန် သိုးထိန်းအယ်လ်ဇေးရှင်းတွေလို ကောင်း    ကောင်းမွန်မွန်ကျွေးမွေးသင်တန်းပေးထားတာ မ ဟုတ်ပေမဲ့ ဆိတ်ရိုးနဲ့ပဲ၊ ကျွေးပြီးခရာမှုတ်တာနဲ့ပြေး ကိုက်မဲ့ သုနက္ခတွေအများကြီးရှိ တယ်ဆိုတာ မင်းတို့တတွေသတိထားကြအုံး၊ ၂ဝ၁၅ ရွေးကောက်ပွဲ နီးလာပြီကွ၊ ဒီပွဲက ဒီမိုကရေစီ မြို့သိမ်းတိုက်ပွဲဆိုတော့ ချောင်ပိတ်ရိုက်ခဲ့ရတဲ့ သုနက္ခတွေလို အသေပြန်ကိုက် မှာနော်။ အန်တီစု ခွေးကိုက်ခံရရင် ဟိုရှင်ဘုရင် ကျွဲ ခတ်ခံရတာထက် ဆိုးသွားမယ်။
သူငယ်ချင်းရေ...
          မင်းတို့ကလူထုခေါင်းဆောင်အနားမှာနေတာဆိုတော့ အစစအရာရာ သတိရှိရမယ်၊ မင်းတို့ ခေါင်း ဆောင်၊ လူထုခေါင်းဆောင်ကို အသက်၊ ဂုဏ်သိက္ခာ၊ တစ်ခုမဟုတ်တစ်ခု ပျက်စီးချောက်ကျအောင်လုပ်ကြ လိမ့်မယ်။ တချို့ကိစ္စတွေက လွှတ်ပေးထားလိုက်ပါ။ ခွေးလေးခုန်လို့ ဖုန်မထပါဘူး။ နိုင်ငံရေးမှာ ဆန်စင် ရာ ကျည်ပွေ့မလိုက်မိစေနဲ့ အချိန်ကုန်၊ လူပန်း၊ ဂုဏ် သိက္ခာ ပွန်းပါတယ်။ မိုက်တိုက်စန်ကို စိုးလင်းဦးနဲ့ မထိုးခိုင်းစမ်းပါနဲ့ ယှဉ်ထိုးရုံနဲ့ သိက္ခာကျနေပြီ၊ လူ ထုခေါင်းဆောင်ဆိုတာ သူ့ဝိတ်တန်းက အနည်းဆုံး သမ္မတနဲ့ ခါးပတ်လုရမှာ၊ သမ္မတမှာတော့ခါးပတ်မရှိ ဘူးကွ၊ စလွယ်လုရမှာပေါ့။ သမ္မတနဲ့စကားစစ်ထိုးရမှာ၊ ဘယ့်နဲ့သူငယ်ပြန်နေတဲ့ ခြံစောင့်အဘိုးကြီးနဲ့ပွဲစီစဉ် ပေးတာတော့ မင်းတို့နည်းနည်းလွန်သွားပြီ၊ သတိ ထား သူငယ်ချင်းရေ သမ္မတဖြစ်ခါနီးမှာ သစ်ပင် တက်လို့မရဘူး၊ ရေကူးလို့မရဘူး၊ စားသတိ၊ သွား သတိ၊ လာသတိနဲ့နေရမှာ မင်းတို့ကလဲဘေးနားက နေ ထိန်းပေးအုံး။
သူငယ်ချင်းရေ...
          အန်တီစုရဲ့ပြိုင်ဘက်တွေကို လျော့မတွက်နဲ့နော် ထမိန်ကြားထဲကနေ လက်သီးပုန်းထိုးတာတို့ ခါး အောက်ပိုင်းဖြတ်ကန်တာတို့၊ အမှောင်ထဲကနေခဲနဲ့ ပစ်တာတို့။ သူရဲဘောကြောင်စွာနဲ့ ရန်သူကိုအနိုင် ယူတဲ့နေရာမှာ အိုစမာဘင်လာဒင်က အဘခေါ်ရ တယ်။ ဘင်လာဒင်ကတောင် အဘခေါ်တယ်ဆိုတော့ ကျန်တဲ့တပည့်သားမြေးတွေကလည်း 'အဘ' 'အဘ' နဲ့ပါးစပ်ဖျားကမချဘူး။ လွှတ်တော်ထဲမှာ လူထုခေါင်း ဆောင်ကို 'အမ' 'အမ'နဲ့မျက်နှာချိုသွေးပြီး၊ လွှတ် တော် ပြင်ပ လူထုတရားပွဲတွေမှာ လက်သီးပုန်းဆော် နေကြတာ အဲဒီအဘတွေပဲ သူငယ်ချင်းရေ...
          လူထုခေါင်းဆောင်က အသက်လဲကြီးနေပြီဆို တော့ သူ့ကျန်းမာရေးကို ဂရုစိုက်ပါကွာ၊ တော်ကြာ အသွားမတော်တစ်လှမ်း ဆိုသလို လူကြားမကောင်း သူကြားမကောင်း နေပြည်တော်မှာ ခွေးကိုက်ခံရလို့ ဗိုက်လှန်ပြီး ချက်တစ်ဝိုက်မှာ ခွေးရူးကာကွယ်ဆေး ထိုးနေရရင် ရာဇအိနြေ္ဒ ထိခိုက်လှပါတယ်။ ပြည်သူ လူထုကြီးက သူ့ကိုအားထားနေကြတော့ လှေပြေး တုန်းတက်ကျိုး မဖြစ်စေချင်ကြဘူး၊ ငါတို့တတွေက ဒုတိယမြောက်ဒီပဲယင်း ဖြစ်လာမှာကို သိပ်ကြောက် နေကြတယ်။ အန်တီစုကို စကားတစ်ခွန်းတော့ ပြောပေးပါ။  ခွေးကိုတုတ်နဲ့ ရိုက်ရတယ်၊ လက်နဲ့ရိုက် လို့ မရဘူးလို့။ မင်းတို့ကိုလဲမှာချင်ပါတယ် သူငယ်ချင်း ရှင်ဘုရင်ကို ခွေးမမောင်းခိုင်းပါနဲ့ကွာ။
 မင်းတို့ရဲ့
 အရမ်းသန်းညွန့်
ပြည်သူ့ဆန္ဒဂျာနယ်အတွဲ(၂)အမှတ်(၁၂)
၈ပေစလောင်းမှ ကမ္ဘာ့ဖလား အခမဲ့ တိုက်ရိုက်ကြည့်နိုင်မည့် လိုင်း (channel) အချက်အလက်
သတင်းဖတ်သူ ပရိတ်သတ်တစ်ယောက် ပေးပို့လာတာပါ။ ၈ပေ စလောင်းကနေ ကမ္ဘာ့ဖလား ဘော်လုံးပွဲတွေကို အခမဲ့ တိုက်ရိုက် ကြည့်နိုင်မယ်ဆိုပြီးတော့ ပေးပို့လာတာပါ။ အင်တာနက်ကနေ တိုက်ရိုက် ကြည့်ချင်တဲ့ သူတွေအတွက်ကတော့
ကမ္ဘာ့ဖလား ၂၀၁၄ အင်တာနက်မှ တိုက်ရိုက် ကြည့်နိုင်ပြီ
ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ အင်တာနက်လိုင်း နှေးလို့ စလောင်းက ကြည့်ချင်သူများအတွက်တော့ ၈ပေ စလောင်းအတွက် အောက်ပါအချက်အလက်တွေကို မှတ်သွားပြီး ပြန်ရိုက်ထည့်ပြီး ကြည့်ရှုနိုင်ပါတယ်။ စမ်းကြည့်ပါဦး။ အချက်အလက်တွေကတော့
World Cup Live Satellite TV
Satellite = INSAT 3A/4B 93.5 E {India DD sport line}
Code = 4141 V 5150
Ariana national {atn tv}
can watch 8 feets satellite receiver
ကမ္ဘာ့ဖလားကြည့်ချင်သူ သူငယ်ချင်းများအတွက်လည်း Share လိုက်ပါဦး။
Ygn News မှ တင်ဆက်သည်။
လူသားဆန်မှု မချိုးဖောက်မိအောင်
ယနေ့မျက်မှောက် ကာလ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းမှ ပြည်သူများ အတောင့်တဆုံးနှင့် အလိုအပ်ဆုံး အရာကား လူသားဆန်စွာ၊ လူပီသစွာ အသက်ရှင်နေထိုင်ရေးသာဖြစ်ပါတယ်။ သို့သော်လည်း လူအများစုကြီး၏ ဆန္ဒကားမပြည့်ဝသေး။ လူသားဆန်စွာနေနိုင်ဖို့ နေရာများစွာမှာ ငြင်းဆန်ခံနေရဆဲဖြစ်ပါတယ်။ ကမ္ဘာ့ သမိုင်းကိုပြန်ကြည့်ပါက တချို့နေရာများမှာ လူမျိုးတစ်မျိုးအား နောက်ထပ်လူမျိုးတစ်မျိုးကမျိုးတုံးအောင် အထိသတ်ဖြတ်ခဲ့တာကို အထင်အရှားတွေ့မြင်ခဲ့ရပါတယ်။ ကနေ့ကာလမှာလည်း တချို့နေရာများမှာလူမျိုးတစ်မျိုးက နောက်လူမျိုးတစ်မျိုးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခွင့်ရအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေတာတွေလည်း မြင်တွေ့နေရပါတယ်။
အိရှီဆိုတဲ့ ဂျပန်လူငယ်လေး ဟာ တိုကျိုမြို့အရှေ့ဘက်အရပ် ဒေသက ချမ်းသာတဲ့မြေပိုင်ရှင် တစ် ဦးရဲ့ သားဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက စာတော်တဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး အထက်တန်းအဆင့်ကို အောင်မြင်ပြီးနောက် တိုကျိုဆေးတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဆရာဝန်ဖြစ်ပြီးတာနဲ့ လူသားတို့ရဲ့ အသက်ကို ကယ်တင်ဖို့ ရည်မှန်းထားပါတယ်။ ဆေးကျောင်းသားလေး အိရှီအထူးဝါသနာထုံတဲ့ ဘာသာရပ်ကတော့ ဇီဝပိုးမွှားများကို လေ့လာခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအကြောင်းရင်းက ဘယ်လိုများ သူ့ကိုစေ့ဆော်လိုက်သည်မသိ၊ ဆရာဝန် ဖြစ်လာပြီးတဲ့နောက် ဂျပန်တပ်မတော်မှာ ဝင်ရောက် အမှုထမ်းခဲ့ပါတယ်။
 အဲဒီနောက်ပိုင်းမှာတော့ ဂျပန်တပ်မတော်က သူ့ကို ၁၉၂၈ ခုနှစ်တွင် ဂျာမနီနိုင်ငံမှာ ဇီဝပိုး မွှားဆိုင်ရာ ဘာသာရပ်များလေ့ လာရန်အတွက် စေလွှတ်ခဲ့ပါ တယ်။ စစ်ဗိုလ်ဆရာဝန်လေး အိရှီဟာ ပထမကမ္ဘာစစ်အတွင်း က ဂျာမန်တပ်မတော်မှာ အသုံး ပြုခဲ့တဲ့ အဆိပ်ငွေ့ဓာတုလက် နက်များအကြောင်း အထူးပြုလေ့ လာခဲ့ပါတယ်။ နောင်မှာတော့ သူဟာ ဂျပန်တပ်မတော်အတွင်း မှာ ဗိုလ်ချုပ်အဆင့်အထိ ရာထူး တိုးလာခဲ့ပါတယ်။ ဂျပန်အစိုးရက သူ့ကို ထိုအချိန်က ဂျပန်တို့ သိမ်း ပိုက်ထားတဲ့ တရုတ်ပြည် မန်ချူး ကိုးဒေသအတွင်းရှိ ဟာဘင်ဆို တဲ့ အရပ်မှာ ပိုးမွှားလက်နက် များ တီထွင်စမ်းသပ်ဖို့အတွက် ဌာနတစ်ခုဖွင့်လှစ်လုပ်ကိုင်စေခဲ့ ပါတယ်။
၁၉၄၁ ဒီဇင်ဘာလဆန်းမှာ ဂျပန်တို့ ပုလဲဆိပ်ကမ်းကို အငိုက် ဖမ်းဗုံးကြဲတိုက်ခိုက်တာရဲ့ အကျိုး ဆက်ကြောင့် အမေရိကန်တို့ ဒုတိယကမ္ဘာစစ်အတွင်း ဝင်ရောက်လာခဲ့ပါတော့တယ်။ ဂျပန်တို့ကို လက်တုံ့ပြန်တဲ့အနေနဲ့ ၁၉၄၂ ခုနှစ် ဧပြီလထဲမှာ အမေရိကန်လေတပ်က ဂျပန်ကုန်းမြေကို ပထမဆုံးအကြိမ် စတင်ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံကို ဗုံးကြဲပြီးတဲ့ အမေရိကန်လေယာဉ်တွေဟာ သူတို့ မူလထွက်ခွာလာတဲ့မိခင်လေယာဉ်တင် သင်္ဘောဆီကို ပြန်လာဖို့အတွက် လေယာဉ်ဆီမလုံလောက်တာကြောင့် အဲဒီအချိန်က အမေရိကန်နဲ့ မဟာမိတ်ဖြစ်တဲ့ ချန်ကေရှိတ် တရုတ်တပ်မတော်က စိုးမိုးထားတဲ့တရုတ်ပြည်အတွင်း တချို့နေရာများမှာ ဆင်းသက်ခဲ့ရပါတယ်။ ဂျပန်ပြည် ဗုံးအကြဲခံရတဲ့အတွက် ဂျပန်အစိုးရယမ်းပုံမီးကျ ဖြစ်ပါတော့တယ်။ အမေရိကန်တို့ကို လက်တုံ့ပြန်ဖို့ချက်ချင်း ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက အမေရိကန်ကုန်းမြေအထိ ဂျပန်ကနေသွားပြီး ဗုံးကြဲရမယ့်ခရီးကအသွားအပြန် မိုင်ပေါင်းတစ်သောင်းကျော်ရှိတာကြောင့် အဲဒီခေတ်က ဂျပန်လေယာဉ်များအတွက် ဝေးလွန်းလှပါတယ်။ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။
အဲဒါကြောင့် အမေရိကန် ဗုံးကြဲလေယာဉ်တွေကို ဆင်းသက် ခွင့်ပေးတဲ့ချန်ကေရှိတ်အစိုးရကို လက်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်ပါ တယ်။ ရိုးရိုးလက်တုံ့ပြန်ခြင်း မဟုတ်ပါ။ တစ်ချက်ခုတ် နှစ်ချက် ပြတ်ဆိုသလို ဗိုလ်ချုပ်အိရှီတီထွင်ထားတဲ့ ပိုးမွှားဗုံးတွေကို လည်း စမ်းသပ်တဲ့အနေနဲ့ မန် ချူးကိုးဒေသတစ်နေရာမှာ ကြဲချ လိုက်ပါတယ်။ အဆိုပါ ဓာတု လက်နက်ဗုံးကြဲလေယာဉ်အုပ်စု ဟာ ဗိုလ်ချုပ်အိရှီရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာရှိပါတယ်။ အဆိုပါပိုးမွှားဗုံးများမှ ကာလဝမ်း၊ အသည်းရောင်အသားဝါ၊ ပလိပ် ရောဂါ၊ တိုက်ဖွိုက်ရောဂါအစရှိ တဲ့ ပိုးမွှားများကြောင့် တရုတ်ပြည် သူ နှစ်သိန်းငါးသောင်းကျော် သေဆုံးခဲ့ရပါတယ်။ အဲဒီပိုးမွှား လက်နက်များကြောင့် သေဆုံးခဲ့ ရတဲ့ တရုတ်ပြည်သူတို့ရဲ့ သား မြေးများက ဂျပန်အစိုးရအနေနဲ့ လျော်ကြေးပေးဖို့ ကနေ့အထိ တောင်းဆိုတိုက်ပွဲဝင်နေဆဲဖြစ်ပါ တယ်။ ဒါ့အပြင် ဂျပန်ဖက်ဆစ် စစ်ဝါဒီတို့ ကလေးများနဲ့ အမျိုး သမီးများအပါအဝင် တရုတ်ပြည် သူများကို သိန်းနဲ့ချီပြီးသတ်ဖြတ် ခဲ့တဲ့ ၁၉၃၇ ဒီဇင်ဘာလအတွင်း က နန်ကင်းလူသတ်ပွဲဟာ တရုတ်တို့အဖို့ လတ်တလောဖြစ်ရပ်သဖွယ်မမေ့ကြသေးပါ။
ဂျပန်ဖက်ဆစ်စစ်ဝါဒီတို့ လက်ချက်နဲ့ ဒုတိယကမ္ဘာစစ် မတိုင်ခင်ကာလနဲ့ စစ်ကြီးအတွင်း သေဆုံးခဲ့ရတဲ့ တရုတ်ပြည်သူများ ရဲ့ အရေအတွက်ဟာ သန်းပေါင်း ၂၀ ကျော်ရှိခဲ့ပါတယ်။ စစ်ကြီး မတိုင်ခင်ကာလကတည်းက ဂျပန်စစ်ဝါဒီတို့ တရုတ်ပြည်မှာ ထင်တိုင်းကြဲနေတာကို ထိုအချိန်က ယဉ်ကျေးပါသည်ဆိုသော အနောက်တိုင်းအစိုးရများက ဒီ အတိုင်း လက်ပိုက်ကြည့်နေခဲ့ကြ ပါတယ်။ ဘာကြောင့်ပါလဲ။ ထို နိုင်ငံကြီးများအားလုံးက သူတို့ ကိုယ်တိုင် တရုတ်ပြည်မြေကြီး ပေါ်မှာ ကိုယ်ထိလက်ရောက်စစ် မခင်းကြပေမယ့် တရုတ်ပြည်က သယံဇာတပစ္စည်းများကို ဈေးပေါပေါနဲ့လိုချင်တယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့်ဖြစ်တယ်လို့ သမိုင်းဆရာများကဆိုပါတယ်။
စစ်ကြီးအပြီးမှာ ဂျပန်စစ် အစိုးရအတွင်းက တာဝန်ရှိသူ တွေကို စစ်ကြီးအတွင်း နေရာ များစွာမှာ လူသားမျိုးနွယ်တို့ အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု များအတွက် မဟာမိတ်ခုံရုံးမှ သေဒဏ်နဲ့ထောင်ဒဏ်များအသီး သီးချမှတ်ခဲ့ပါတယ်။ သို့သော် ထို သေဒဏ်နဲ့ ထောင်ဒဏ်အပေး ခံရတဲ့အထဲမှာ ဗိုလ်ချုပ်အိရှီ မပါ ဝင်ခဲ့ပါ။ မပါတဲ့အပြင် သူ့ကို စစ် ပြီးကာလ အမေရိကန်ပိုးမွှားလက် နက် သုတေသနလုပ်ငန်းမှာ အ ထူးအကြံပေးအရာရှိအဖြစ် ခန့် ထားခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာ ဗိုလ်ချုပ်အိရှီကွယ်လွန်ပါတယ်။ အကျိုးစီးပွားနဲ့ပတ်သက်လာတဲ့ အခါ လူသားဆန်မှုကို ချိုးဖောက် ခဲ့တဲ့၊ လူသားတို့အပေါ် ရာဇဝတ် မှုကြီးများကျူးလွန်ခဲ့တဲ့ တချို့ ရာဇဝတ်ကောင်များဟာ အပြစ် ပေးမခံရတဲ့အပြင် အကာအကွယ် ပေးခြင်းတောင် ခံခဲ့ရပါတယ်။
နိုင်ငံတကာ သတင်းမီဒီယာ များက စစ်ကြီးအပြီး နှစ်ပေါင်း များစွာအကြာမှာ ဂျပန်စစ်ပြန် ကြီးများနဲ့ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို မေး မြန်းတဲ့အခါမှာ ဘာအကြောင်း ကြောင့် ဂျပန်တို့စစ်ရှုံးခဲ့ရသလဲဆို တာလည်း ပါပါတယ်။ ဂျပန်စစ် ပြန်ကြီးတို့ရဲ့ အဖြေများမှာ ဂျပန် နိုင်ငံစစ်ရှုံးရခြင်း အကြောင်းဟာ အချက်အလက်ပေါင်းများစွာပေါ် မှာ တည်မှီတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ အရေးကြီး ဆုံးအချက်ကတော့ ထိုအချိန်က ဂျပန်အစိုးရဟာ ဖက်ဆစ်အစိုးရ ဖြစ်တာကြောင့် လူသားဆန်မှု ကင်းမဲ့ခဲ့ကြတယ်လို့ ဖြေဆိုခဲ့ကြ ပါတယ်။ လူသားဆန်မှု ကင်းမဲ့ခဲ့ တာကြောင့် ဂျပန်တို့စစ်ရှုံးခဲ့ရတာ လို့ စစ်ပြန်အများစုက ထောက်ပြ ပါတယ်။ လူသားဆန်မှုကင်းမဲ့တဲ့ စိတ်ဟာ ဖက်ဆစ်စနစ်နဲ့ စစ်ဝါ ဒီလုပ်ရပ်တို့ကြောင့် ပေါ်ပေါက် ကြီးထွားလာခဲ့ရတယ်လို့လည်း ထိုစစ်ပြန်ကြီးတွေက ဖြေကြားခဲ့ ကြပါတယ်။
လူသားဆန်မှုကင်းမဲ့တဲ့ လုပ်ရပ်တွေကို လူ့ယဉ်ကျေးမှု စတင်ပေါ်ပေါက်လာတဲ့နှစ် ထောင်ပေါင်းများစွာကတည်းကတောက်လျှောက်တွေ့လာခဲ့ရတယ်လို့ဆိုရင် မမှားပါဘူး။ မိမိအနိုင်ရလိုမှု၊ ပိုင်စိုးလိုမှု၊ ကြီးကျယ်မြင့်မြတ်လိုမှုနဲ့ ကြွယ်ဝ ချမ်းသာမှုတို့အတွက် အင်အားနည်းသူတွေ နှိပ်ကွပ်ခံလာခဲ့ကြရတာဟာလည်း ကနေ့အထိ ဖြစ်ပါတယ်။ ရပ်တန့်မသွားသေးပါဘူး။
  အင်အားကြီး နိုင်ငံတွေ ကြောင့် တရုတ်ပြည်က ပြည်သူ တွေဟာ တစ်ချိန်က လူသားဆန် မှုကို ချိုးဖောက်ခံခဲ့ရပါတယ်။ အခုကာလမှ တရုတ်နိုင်ငံအင် အားကြီးမားပြီး ချမ်းသာလာတဲ့ အချိန်မှာ တရုတ်အစိုးရဟာ အင် အားသေးငယ်တဲ့ တိုင်းပြည်တွေ၊ ဒေသတွေပေါ်မှာ ကိုယ်ချင်းစာမှု ရှိရဲ့လားဆိုတာ မေးရမယ့်မေး ခွန်းဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ တိဗက်ဒေသအပေါ်မှာထားတဲ့ သဘောထားဟာ စိုးရိမ်ဖွယ် ကောင်းပါတယ်။ လူသတ်ပြီး ဖိနှိပ်တာမျိုးမဟုတ်ပေမယ့် တိဗက်ဒေသအတွင်းမှာ ဟန်တရုတ်တွေကို လှိမ့်သွင်းလာပါတယ်။
တိဗက်ဒေသဟာ ရာသီဥတုပြင်းထန်တာကြောင့် တစ်ချိန်တုန်းက သာမန်တရုတ်ပြည်သူတွေ အခြေချနေလိုတဲ့အရပ်မျိုး မဟုတ်ပါဘူး။ တရုတ်အစိုးရက စီးပွားရေးလုပ်ဖို့ကိုင်ဖို့ ထောက်ပံ့ကြေးတွေပေးလာတော့ ဆင်းရဲတဲ့တရုတ်တွေ တိဗက်ဒေသကို အလုံးအရင်းနဲ့ ဝင်လာပါတော့တယ်။ အခုဆိုရင် တိဗက်လူမျိုး တွေဟာ သူတို့ဒေသအတွင်းမှာ လူနည်းစုလူမျိုးတွေ သဖွယ်ဖြစ် လာပါတယ်။ နောက်တစ်ခုက တော့ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ပင်လယ်ရေပိုင်နက်အငြင်းပွား တဲ့အပေါ်မှာလည်း တရုတ်အစိုးရ ဟာ ဗိုလ်ကျအနိုင်ကျင့်လိုတဲ့ အပြုအမူကို ထုတ်ပြလာတာတွေ့ ရပြန်ပါတယ်။
အာရှတိုက်က နိုင်ငံတွေဟာ တစ်ချိန်တုန်းက စက်မှုထွန်းကား တဲ့ အနောက်နိုင်ငံတွေရဲ့ ကိုလိုနီ နယ်ချဲ့မှုအောက်မှာ နေခဲ့ရပါ တယ်။ အခုအချိန်မှာတော့ အရှေ့ အာရှနဲ့ အရှေ့တောင်အာရှဒေသ အတွင်းက နိုင်ငံတွေကို တရုတ် အစိုးရဟာ နည်းမျိုးစုံနဲ့ အမြတ် ထုတ်နေပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာလည်း တရုတ်စီးပွား ရေးကုမ္ပဏီတွေဟာ ကျင့်ဝတ်ကို မစောင့်ထိန်းဘဲ ရသလောက် အမြတ်ထုတ်ပါတယ်။ အဲဒါအပြင် တရားမဝင် ဝင်ရောက်နေ ထိုင်တဲ့ တရုတ်လူဦးရေဟာများ လာပါတယ်။ ဒေသခံတွေကို အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံတာမျိုးလည်းမတွေ့ရပါ။
ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာတို့ရဲ့ ယဉ်ကျေးမှုမြို့တော် ဖြစ်တဲ့ မန္တလေးဟာ နောက်ဝင် လာတဲ့ တရုတ်တွေလက်ထဲကို ကျသွားပြီလို့ ပြောနိုင်ပါတယ်။ တရုတ်နဲ့ဖြစ်တဲ့ ပြဿနာတိုင်းကို ကိုင်တွယ်တဲ့နေရာမှာ အာဏာ ပိုင်တွေဟာ တရုတ်တွေကို မျက် နှာသာပေးလွန်းတယ်လို့ ဒေသခံ တွေဘက်ကပြောလာတာ မနည်း တော့ပါ။ ဒီဆောင်းပါးဟာ တရုတ်ဆန့်ကျင်ရေး၊ မုန်းတီးရေးအတွက် ရေးသားတာမဟုတ်ပါ။ အမှန်တကယ်ဖြစ်ပျက်နေတာတွေကို ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ဖို့အတွက် ထောက်ပြလိုရင်းဖြစ်ပါတယ်။ ဘယ်လူမျိုးကို မုန်းတီးပါ၊ ဘယ် ဘာသာဝင်တွေကို ဆန့်ကျင်ပါ အစရှိသဖြင့် အမုန်းတရားကြီး ထွားလာအောင် ဖြန့်ဖြူးတာဟာ အဖြေမှန်မဟုတ်ဘူးလို့ ခံယူပါ တယ်။
တစ်ချိန်တုန်းက လူသား ဆန်မှုကို ချိုးဖောက်တဲ့နေရာမှာ စစ်အင်အားကို တိုက်ရိုက်သုံးခဲ့ ကြပါတယ်။ လူမျိုးတစ်မျိုးက အမျိုးမတူတဲ့ နောက်လူမျိုးအုပ်စု တစ်စုကို လူအုပ်အားကိုးနဲ့ သတ် ဖြတ်တာမျိုးတွေရှိခဲ့ပါတယ်။ ကနေ့ခေတ်မှာတော့ တရားမဝင် လူအုပ်စုကြီးတွေ ဒေသတစ်ခုက နေ နောက်ဒေသတစ်ခု၊ နိုင်ငံ တစ်ခုကနေ နောက်ထပ်နိုင်ငံတစ် ခုကို ရွှေ့ပြောင်းအခြေချတာမျိုး၊ စီးပွားရေးသာမက လူမှုရေးအရ ပါ အုပ်စီးလာတာမျိုးဟာ နောင် မှာ လူသားဆန်မှုကို ချိုးဖောက် မယ့် ရှေ့ပြေးအရိပ်အယောင်တွေ ဖြစ်ပါတယ်။ ဒါတွေကို အကြောင်း ပြပြီး လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေဖြစ်လာအောင် တလွဲမျိုးချစ်စိတ်ကို နှိုးဆွမယ့်၊ မီးမွှေးမယ့် လူတွေ၊ အုပ်စုတွေက လည်း ရှိပါတယ်။ လူမျိုးရေး၊ ဘာသာရေး ပြဿနာဖြစ်လာပြီ ဆိုတာနဲ့ လူလူချင်းသတ်ဖြတ်တာ တွေဖြစ်လာနိုင်ပါတယ်။ အုပ်စု ကြီးတဲ့သူက အုပ်စုသေးတဲ့သူကို နှိပ်ကွပ်တော့မှာပါ။ အဲဒီလို နှိပ် ကွပ်တာနဲ့ လူသားဆန်မှုကို တစ် ချိန်တည်းမှာ ချိုးဖောက်ကြပါ လိမ့်မယ်။
ဒီလိုပြဿနာတွေ နောင်မှာ ပေါ်ပေါက်မလာအောင် အုပ်ချုပ် တဲ့ အစိုးရများမှာ တာဝန်ရှိပါ တယ်။ အာဏာပိုင်အဆင့်ဆင့် မှာ တာဝန်ရှိပါတယ်။ လိမ္မာပါး နပ်ဖို့လိုပါတယ်။ မြန်မာအစိုးရ မှာ တာဝန်ရှိသလို တရုတ်အစိုးရ မှာလည်း တာဝန်ရှိပါတယ်။ အာရှဒေသအတွင်းမှာ အခုဆိုရင် တရုတ်ဆန့်ကျင်ရေးကိစ္စတွေက တဖြည်းဖြည်းမြင့်တက်လာနေ တာ တွေ့ရတဲ့အတွက် စိုးရိမ်မိပါ တယ်။ နိုင်ငံတချို့မှာ လူသားဆန် မှုကို ချိုးဖောက်ခြင်းဟာ အစိုးရ များကိုယ်တိုင် တိုက်ရိုက်ဖြစ်စေ တစ်ဖက်လှည့်နဲ့ဖြစ်စေ ဖန်တီး တာမျိုးတွေကလည်းရှိခဲ့သလို ဘာသာရေး ခေါင်းဆောင်တွေ ကြောင့် ဖြစ်ရတာမျိုးလည်း တွေ့ ခဲ့ဖူးပါတယ်။ အမျိုးမတူတဲ့ လူ အုပ်စုတွေ ဝင်ရောက်အခြေချရာ ကနေ စီးပွားရေး၊ လူမှုရေး ကွာ ဟမှုအပေါ် အခြေခံပြီးဖြစ်တာမျိုး တွေလည်း ရှိပါတယ်။ ဘယ်လို အချက်ကြောင့်ပဲဖြစ်ဖြစ် လူသား ဆန်မှုကို ချိုးဖောက်မယ့်၊ ကျိုး ပေါက်စေမယ့် ကိစ္စမှန်သမျှကို သတိရှိရှိ၊ အမြော်အမြင်ရှိရှိ ကြို တင်ဟန့်တားကာကွယ်ဖို့ လိုအပ် ပါကြောင်း။။
7day daily
သင် မထင်မှတ်ထားတဲ့ Vodka ကို အသုံးပြုနိုင်တဲ့ နည်းခြောက်သွယ်
ဒါ့အပြင် Vodka ဟာ ဆေးဘက်ဝင်ပစ္စည်းတစ်ခုအဖြစ်လည်း သမိုင်းကြောင်းကောင်းကောင်းရှိခဲ့ပါတယ်။ ဆေးဝါးရောင်းချသူတွေဟာ Vodka ကို မြုံ ခြင်း၊ ၀မ်းရစ်နာခြင်းကနေစလို့ ပလိပ်ရောဂါတွေ ကုသတဲ့ ဆေးဝါးအဖြစ်အနေနဲ့ ပါ ရောင်းချခဲ့ကြပါတယ်။
သင် ကိုယ်တိုင်ကော Vodka ကို ယမကာအနေနဲ့ ပဲ သိရှိထားပါသလား။ Vodka ဟာ သောက်သုံးဖို့  သက်သက် မဟုတ်ပဲ သင်မထင်မှတ်ထားတဲ့ အသုံးဝင်နည်းများစွာရှိပါသေးတယ်။
၁။ အိမ်ထောင်ပရိဘောဂတွေကို အရောင်တင်နိုင်တယ်
Vodka ဟာ သင်ရဲ့ ဖန်ထည်၊ခရိုမီယမ်သတ္တုနဲ့ ကြွေထည် အိမ်ထောင်ပရိဘောဂပစ္စည်းတွေကို အကောင်းဆုံး အရောင်တင်နိုင်တဲ့ အရာဖြစ်ပါတယ်။ အသုံးပြုနည်းကတော့ နူးညံ့တဲ့ အ၀တ်သန့် တစ်ခုကို Vodka စွတ်ပြီး တိုက်ချွတ်ကာ အရောင်တင်နိုင်ပါတယ်။ နည်းနည်းတော့ အားစိုက်ရမယ်နော်။
၂။ ပန်းတွေ မညိုးအောင် ထားမယ်
သင့်ရဲ့ ပန်းအိုးထဲမှာ ရှိတဲ့ ရေထဲကို Vodka အစက်လေးအနည်းငယ်နဲ့  သကြား စားပွဲတင်ဇွန်းတစ်ဇွန်းစာ လောက် လောင်းထည့်ပေးခြင်းက ပန်းပွင့်တွေကို ကြာရှည် လန်းဆန်းစေပါတယ်။ Vodka နဲ့ သကြားတို့ ပါတဲ့ ရေကို နေ့ စဉ်လဲပေးပါ။
၃။ ပိုးမွှားကာကွယ်အုန်းမလား။
အင်းဆက်ကာကွယ်ရေးဖြန်းဆေးတွေမှာပါတဲ့ DEET လို့ ခေါ်တဲ့ အရောင်မရှိ၊အဆီရည် ရဲ့ ကျန်းမာရေးစိတ်ချ ရမှုအပေါ် မီဒီယာတွေက မေးခွန်းထုတ်ခဲ့ပြီးနောက် အဲဒီ့ အဆိပ်ရှိတဲ့ပိုးသတ်ဆေးတွေကို သင့်ကိုယ်မှာ ဖြန်းရမှာ စိတ်မသန့် ဘူးလား။ ရပါတယ်။ Vodka က စိတ်ရှုပ်စရာ ပိုးမွှားတွေကို သတ်ပစ်နိုင်ပါတယ်။ Vodka အနည်းငယ်ကို စပရေးဘူးထဲ လောင်းထည့်ပြီး ပိုးမွှားတွေကို သတ်နိုင်သလို ၊ သင့်ကိုယ်သင် ပက်ဖျန်းပြီးလည်း ပိုးသတ်နိုင်ပါတယ်။
၎။ ဂျယ်လီငါးရဲ့ အဆိပ်ရှိဆူးတွေ စူးမိတာကိုလည်း သက်သာစေနိုင်တယ်။
ဂျယ်လီငါးတွေဟာ အံ့သြမှင်တက်လောက်အောင် လှပတဲ့ ပင်လယ်သတ္တ၀ါလေးတွေပေါ့။ ဒါပေမယ့် သူတို့ ရဲ့ အဆိပ်ဆူးက ထိုးခံရရင် သေလောက်အောင် နာတယ်။ Vodka ဟာ ဂျယ်လီငါးတွေရဲ့ ဆူးက အဆိပ်ကို သတ်ပေးနိုင်ပြီး နာကျင်မှုကိုလည်း သက်သာစေပါတယ်။
၅။ ဆံပင်အရောင်တင်အုန်းမလား။
Vodka သောက်ပြီး သင့်မျက်လုံးထဲမှာ လူတွေက ပိုလှနေတယ်လို့ မထင်ဘူးလား။ တကယ်တမ်းလည်း Vodka က လူတွေကို ပိုမိုလှပစေပါတယ်။ ဘယ်လိုများလဲ?
ဒီ နည်းကို ကျန်းမာသန်စွမ်းတောက်ပြောင်တဲ့ ဆံပင်တွေရရှိဖို့ အသုံးချနိုင်ပါတယ်။ ရှန်ပူ ၁၂ အောင်စခွက်ထဲကို  Vodka ခွက်သေးလေး တစ်ခွက်လောင်းထည့်ပြီး ဆံပင်ကို သုတ်လိမ်းနိုင်ပါတယ်။
၆။ သွားကိုက်သက်သာစေနိုင်တယ်။
သွားကိုက်နေပါသလား။ ပထမဦးစားပေးရမှာကတော့  သွားဆရာဝန်ဆီသွားပါ။ ဒါပေမယ့် တစ်ခါတစ်လေ မှာ သွားဆရာဝန်နဲ့ ရက်ချိန်း ချက်ချင်းမရနိုင်သလို သွားဆရာဝန်ကိုယ်တိုင်က အလိုလိုသက်သာသွားပါလိမ့်မယ် လို့ အကြံပေးတာလည်း ခံရနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ Vodka တစ်ခွက်လောက်နဲ့ ငုံပြီး ပလုတ်ကျင်းလိုက်ပါ။ သွားပိုးတွေကို သတ်နိုင်ပြီး သွားဖုံးထဲက နာကျင်မှုဝေဒနာကိုလည်း ထုံကျင်သက်သာစေနိုင်ပါတယ်။
Ref: cosmopolitan.com
trend myanmar
ဘဲလေးကောင်နဲ့ ဆွေမျိုးသဖွယ် ချစ်ခင်စွာနေထိုင်တဲ့ ထူးခြားတဲ့ခွေး
အေသင်အောင်
ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာ မွေးထားတဲ့ ခွေးတစ်ကောင်ဟာ ဘဲလေးကောင်နဲ့ ချစ်ခင် ရင်းနှီးစွာ နေထိုင်နေတယ် လို့ သိရပါတယ်။ ဂျာမန်အမျိုးအစား ခွေးလေးဟာ ဘယ်နေရာကိုပဲသွားသွား ဘဲလေးကောင်က လိုက်ပါစမြဲ ဖြစ်နေတာ အံ့အားသင့်ဖွယ်ရာ တွေ့ခဲ့ရပါ တယ်။ ဘဲလေးကောင်ဟာ ခွေးလေးကို အလွန်ခင်ပြီး သူတို့ရဲ့ နှုတ်သီးတွေနဲ့ ထိုးကာ ဆော့ကစားလေ့ရှိပါတယ်။ တိရိစ္ဆာန်တွေကို မွေးထားတဲ့ ပိုင်ရှင် ဖြစ်သူ ယူရီကီက ဘဲလေးကောင်နဲ့ ခွေးတစ်ကောင် ရင်းနှီးစွာနေထိုင်တဲ့ မြင်ကွင်းဟာ ထူးခြားကြောင်း၊ ဘဲလေးကောင်ဟာ ခွေးလေးကို အလွန်ခင်ကြပြီး အမြဲတမ်း ဆော့ကစားတတ်ကြောင်း၊ သို့သော်လည်း ခွေးလေးဟာ ရန်လိုသည့် အပြုအမူများလုံးဝမရှိခဲ့ကြောင်း ပြောသွားခဲ့ပါတယ်။ ဘဲလေးကောင်ဟာ ခွေးလေးကို စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပြီး အစောပိုင်းမှာ ရန်ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ခြံဝင်းထဲမှာ ပျော်ရွှင်စွာ နေထိုင်ကြတယ်လို့ သိရပါတယ်။ အချို့အချိန်တွေမှာ အိပ်နေတဲ့ ခွေးလေးအပေါ်ဘဲတွေက ခုန်တက်ပြီး နှုတ်သီးတွေနဲ့ ထိုးတတ်ကြပေမယ့် မည်သည့်ပြဿနာမှ မရှိခဲ့တာကတော့ အံ့အား သင့်စရာ ဖြစ်ခဲ့ပါတယ်။ မျိုးမတူတဲ့ တိရိစ္ဆာန်တွေတောင် အတူနေထိုင်လို့ရတယ်ဆိုတဲ့ အသိပေးမှုက ယူတတ်ရင် သင်ခန်းစာတစ်ခုလို့ ပြောရမှာ ဖြစ်ပါ တယ်။
The Messenger
ဟာသတိုလေးများ
 သေချာစေချင်လို့
လူတစ်ယောက် မီးရထားရုံပိုင်ထံ ရောက်လာကာ မေးမြန်းလိုက်သည်။
"အမြန်ရထား ထွက်သွားပြီလားဗျ"
"ဟုတ်ကဲ့…ထွက်သွားပါပြီ"
"ဒါဆို လောကယ်ရထားရော…"
"ရှစ်နာရီခွဲတုန်းက ထွက်သွားပါတယ်"
"ကုန်တင်ရထားဆိုရင်ရော…"
"ဒီဘူတာကို ညသန်းခေါင်လောက်မှ ဖြတ်သွားမှာပါ"
"ဒါဆို ခုထွက်မဲ့ ရထားမရှိတော့ဘူးပေါ့"
"ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲ။ ခင်ဗျား ရထားစီးပြီး အရေးတကြီး သွားစရာများရှိလို့လား" ဟု စိတ်တိုလာသည့် ရုံပိုင်က အော်လိုက်သည်။
ထို့အခါ သူက ပြန်ပြောလိုက်သည်။
"မဟုတ်ရပါဘူးဗျာ…. ကျွန်တော့် ရထားလမ်း ဖြတ်ကူးချင်လို့ပါ"
Cc်.... >:|
 အမလေးတော့ "
အသက်ငယ်ငယ် အမျိုးသမီးချောတစ်ဦး ဟိုတယ်တစ်ခု၏
ခေါင်မိုးပေါ်တွင်နေပူစာလှုံနေသည်။
ချောင်ကျသောနေရာဖြစ်သည်ဟုယူဆပြီးနောက်
သူမ၏ရေကူးဝတ်စုံကိုပါချွတ်ပစ်လိုက်ရန် သူမဆုံးဖြတ်လိုက်သည်။
သိပ်မကြာမှီမှာပင် သူမ၏ အနီးသို့ ချဉ်းကပ်လာသည့်ခြေသံကိုကြားလိုက်ရသဖြင့်
သဘက်ကိုယူပြီး သူမ၏ကိုယ်ပေါ်သို့ လွှားလိုက်၏။
'' ဒီမှာ အမျိုးသမီး'' သက်ပြင်းရှိုက်သံနှင့်အတူ ဟိုတယ်မန်နေဂျာမှပြောသည်။
'' ဒီနေရာဟာ အ၀တ်မပါဘဲနဲ့ နေပူစာလှုံရမယ့် နေရာမဟုတ်ပါဘူးခင်ဗျာ''
'' ဒါပေမယ့် ရှင်....ရှင်းပြစမ်းပါအုန်း'' သူမကဆက်ပြောသည်-
'' ဒီအပေါ်မှာကျွန်မအတွက်ကြောင့် ဘယ်သူမှအနှောင့်အယှက် ဖြစ်မှာမဟုတ်ပါဘူး''
'' ကျွန်တော် သိပါတယ်'' မန်နေဂျာ၏အသံက ဟိန်း၍ထွက်လာသည်။
''ဒါပေမယ့် ခင်ဗျားလှဲအိပ်နေတဲ့ နေရာဟာ ဧည့်ခန်းရဲ့  အပေါ်တည့်တည့်မှာပါ။
ကောင်းကင်ရှုခင်းကိုကြည့်တဲ့ တစ်ဘက်မြင် အလင်းဖောက် ဒိုးယိုပေါက်အမိုးဖြစ်နေပါတယ်ခင်ဗျာ''
'' ရှင်...ဟင်...ဟင်......''
" မေ့တတ်ပုံ "
----------------
အမျိုးသမီးတစ်ဦး သင်္ဘောနဲ့ ခရီးထွက်ရန် သဘောင်္ပေါ်အရောက်...
အမျိုးသမီး~~ သင်္ဘောဝန်ထမ်းရေ… ကျွန်မ တစ်ခုခု မေ့နေတယ်ဆိုတာ သေချာတယ်။
ဒါပေမဲ့ ဘာမေ့နေသလဲဆိုတာတော့ ကျွန်မမသိဘူး။
သင်္ဘောဝန်ထမ်း~~ ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ်ရော ရှိရဲ့လားဗျ။
အမျိုးသမီး~~ ဟုတ်ကဲ့ ကျွန်မမှာရှိပါတယ်။ ပြီးတော့ သင်္ဘောလက်မှတ်လည်း
ရှိပါတယ်။ မေ့နေတယ်ဆိုတာ နောက်ထပ် ဘာများဖြစ်နိုင်မလဲ။
သင်္ဘောဝန်ထမ်း~~ ခင်ဗျားရဲ့ ခရီးဆောင်အိတ်အားလုံးရော ရှိတယ်မဟုတ်လား။
အမျိုးသမီး~~ ရှိတယ်လို့တော့ ထင်တာပဲ။ စစ်ကြည့်လိုက်ဦးမယ်နော်။
တစ်…နှစ်…သုံး…လေး…ငါး…။ ဟုတ်တယ် …အိတ်တွေအားလုံး ရှိပါတယ်။
သင်္ဘောဝန်ထမ်း~~ ဒါဆိုရင်တော့ ခင်ဗျားလိုအပ်နေတယ်ထင်တဲ့ အရာအားလုံး
ခင်ဗျားမှာ ရှိတယ်ထင်တာပဲ။
အမျိုးသမီး~~ မဖြစ်နိုင်ပါဘူးရှင်။ တစ်ခုခုတော့ လိုနေသလိုပဲ။ ဒါပေမဲ့
ဘာလဲဆိုတာတော့ ကျွန်မ စဉ်းစားလို့မရသေးဘူး။
သင်္ဘောဝန်ထမ်း~~ လောလောဆယ် ဒီအတွက် မပူပါနဲ့ဗျာ။ သင်္ဘောက ခုပဲထွက်တော့မယ်။
ဒါနဲ့ခင်ဗျားယောက်ျားကရော။
အမျိုးသမီး~~ အဲ..ဟုတ်ပါရဲ့။ ကျွန်မ ခုမှပဲသိတော့တယ်။ ကျွန်မ မေ့နေတယ်ဆိုတာ
ကျွန်မ ယောက်ျားပဲလေ။
Uိာုm်...!!!!
credit to : မချိုမချဉ်ဟာသများ
အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကို ဘယ်တော့မှ ဖွင့်ဟလေ့မရှိတဲ့ အကြောင်းအရာများ
မေသော် on 2014-05-17 11:29    
ချစ်သူတွေကြားမှာတောင် လျှို့ဝှက်ထားတဲ့အရာတွေ ရှိနိုင်ပါတယ်။ ဒါဟာ ဖောက်ပြန်မှုနဲ့လည်း မဆိုင်ပါဘူး။ နောက်တစ်ယောက်ကို ချစ်နေတာမျိုး၊ စိတ်ဝင်စားနေတဲ့ အကြောင်းအရာမျိုးလည်း လုံးဝမဟုတ်ပါဘူး။ သို့ပေမယ့် ကိုယ့်ချစ်သူ ကို ယောင်္ကျားလေးတွေအနေနဲ့ ဖွင့်ဟပြောလေ့မရှိတဲ့ အကြောင်းအရာတစ်ချို့ကတော့
၁။သင့်ရဲ့သူငယ်ချင်း (သိုမဟုတ်) ညီမလေး (သို့မဟုတ်) အမေ က ဆွဲဆောင်မှုရှိတယ်ဆိုတာ
ကိုယ့်သူငယ်ချင်းကောင်မလေးက ဆွဲဆောင်မှုရှိတယ်ဆိုတာမျိုး ကိုယ့်ကိုလာပြောရင် အနည်းဆုံးတော့ သင်စိတ်ကသိကအောက်ဖြစ်မယ်ဆိုတာ သင့်ချစ်သူကောင်လေးက သိပြီးသားပါ။ သူဘယ်တော့မှ ဖွင့်မပြောပါဘူး။ နောက်ပြီး သင့်ညီမလေးကလည်း အရမ်းချစ်ဖို့ကောင်းတယ်ဆိုတာမျိုးကိုလည်း သူတို့ ဘယ်တော့မှ ဖွင့်မပြောဘူး စိတ်ချ။
၂။ပင့်ကူလို အကောင်မျိုးကို သူတို့ကြောက်တယ်ဆိုတာ
သတ္တ၀ါအသေးစားလေးတွေ ပင့်ကူ၊ အိမ်မြှောင်စတာတွေကို သူတို့ကြောက်ပါတယ်လို့ ကိုယ့်ကိုဖွင့်ဟမယ်လို့ မထင်ပါနဲ့။ ဒါမျိုးတွေကို သူတို့ရှက်ကြပါတယ်။
၃။အနာဂတ်ကိုတွေးရင် ကြောက်စရာကောင်းတယ်ဆိုတာ
အမျိုးသားတစ်ယောက်အနေနဲ့ အနာဂတ်ကို တွေးကြည့်ရင် ကြောက်နေလိမ့်မယ်လို့ သင်ဘယ်တော့မှတွေးဖူးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့လည်း အနာဂတ်ကိုတွေးလိုက်ရင် စိတ်ပူနေတာမျိုး၊ ကြောက်နေတာမျိုးတွေ ရှိတတ်ပါတယ်။
၎။ဟိုဟာ မလုပ်တတ်၊ ဒီဟာ မလုပ်တတ်ဖြစ်နေတတ်တာ
အိမ်မှာ တစ်ခုခုပျက်လို့ ပြင်ဖို့လိုလာရင် သူကဘေးကပဲ ကြည့်နေရပြီး ဘာမှမလုပ်တတ်ပါဘူးလို့ သင့်ကို ဘယ်တော့မှ ဖွင့်ဟလိမ့်မယ် မထင်ပါနဲ့။ ဒါမျိုးကိုလည်း သူတို့ရှက်တတ်ပါတယ်။
၅။သင်ဝါသနာပါတဲ့အရာတွေကို သူမကြိုက်တာ
သင်က ငါးမျှားတာ ၀ါသနာပါတယ်ဆိုရင် သူအောင့်အီးပြီး ဘေးကနေ ထိုင်နေပေးလိမ့်မယ်။ ဒါမှမဟုတ် သင်စကိတ်စီးတာ ၀ါသနာပါတယ်ဆိုရင်လည်း သူက လိုက်ပြီးအဖော်လုပ်ပေးလိမ့်မယ်။ ဒါပေမယ့် ဒါတွေကို သူလုံးဝမကြိုက်ဘူး ဆိုတာကိုတော့ ဖွင့်ဟလိမ့်မယ် မထင်ပါနဲ့။
၆။သင်မကြိုက်တဲ့အရာတွေကို သူမြတ်နိုးတယ်ဆိုတာ
ဒါလည်း အချက် ၅ကအတိုင်းပါပဲ။ တစ်ခါတစ်လေ ကိုယ်လုံးဝမကြိုက်တဲ့အရာတွေကို သူနှစ်သက်နေတာမျိုးတွေ ရှိတတ်ပါတယ်။ သူကိုလည်း သူရေငုံနှုတ်ပိတ် မပြောပဲ ထားပါလိမ့်မယ်။
၇။သင့်အိမ်ကလူတွေနဲ့ ပတ်သက်ပြီး သူဘာတွေ မနှစ်သက်ဘူးဆိုတာ
ကိုယ့်အိမ်အကြောင်း သူလည်း သိသင့်သလောက် သိနေပြီဆိုပါစို့။ အဲ့ဒီလိုအချိန်မှာ မင်းအမေကတော့ မမိုက်ဘူး၊ မင်းအဖေကတော့ ဘယ်လို ဆိုပြီး သူ မဝေဖန်မိအောင် နေပါလိမ့်မယ်။
Ref:cosmopolitan.com
Trend Myanmar
ပါကစ္စတန်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သစ်ပင်၌ ဆွဲကြိုးချ အသတ်ခံရ
Photo - STRINGER/REUTERS
ပါကစ္စတန်နိုင်ငံတွင် အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သစ်ပင်၌ ဆွဲကြိုးချ အသတ်ခံရသည်ဟု ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောသည်။ ယင်းအမှုမှာ ပြီးခဲ့သည့်လတွင် ပါကစ္စတန်နိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်၍ လူသတ်သည့်အမှုများနှင့် ဆင်တူနေသည်။
အသတ်ခံရသူအမျိုးသမီးငယ်၏ချစ်သူ မူဟာမက်ဆာကွစ်က အဓမ္မပြုကျင့်၍ သတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး တရားခံကို ရဲစခန်းတွင် ဖမ်းချုပ်ထားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ဆာကွစ်သည် ချစ်သူမိန်းကလေးအား ၎င်း၏ မိတ်ဆွေနှစ်ဦးနှင့် လိင်ဆက်ဆံရန် အတင်းအကျပ်တိုက်တွန်းခဲ့ရာ မိန်းကလေးက ငြင်းဆန်ခဲ့၍ အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ်သတ်ကာ သစ်ပင်တွင် ချိတ်ဆွဲထားခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ထိုသို့ အဓမ္ပပြုကျင့်ပြီး အသတ်ခံရမှုမှာ ကြာသပတေးနေ့ညက ပန်ဂျက်ဒေသ လေယာခရိုင်၌ ဖြစ်ပွားခဲ့ပြီး သောကြာနေ့ နံနက်တွင် ရဲတပ်ဖွဲ့က သတင်းရရှိခြင်းဖြစ်သည်။
‘‘အမျိုးသမီးက အဓမ္မပြုကျင့်ခံရပြီး လည်ပင်းညှစ်သတ်ခံရတာပါ။ အဲဒီနောက်မှာ သူ့အလောင်းကို ကိုယ့်ကိုယ်ကိုယ် သတ်သေသလိုမျိုး သစ်ပင်မှာ ဆွဲကြိုးချထားခဲ့တာပါ။ ဒါပေမဲ့ သစ်ကိုင်းက နိမ့်နိမ့်ကလေး။ အလောင်းက ထိုင်လျက်အနေအထားနဲ့ မြေကြီးနဲ့လည်း ထိနေတယ်’’ဟု ယင်းဒေသရှိ အကြီးတန်းရဲအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။
သေဆုံးသူ အမျိုးသမီးငယ်မှာ မျက်မမြင်မိဘနှစ်ပါးနှင့် မောင်နှမခုနစ်ဦးကို လယ်ယာလုပ်ကိုင်၍ ရှာဖွေကျွေးမွေးနေသော မိသားစု၏ သမီးအကြီးဆုံး ဖြစ်သည်။ ယင်းအမျိုးသမီးနှင့် မူဟာမက်ဆာကွစ်တို့မှာ ချစ်သူသက်တမ်း ခြောက်လကြာပြီဖြစ်ပြီး လက်ထပ်ရန် ရည်ရွယ်ထားသူများဖြစ်သည်။ ဆာကွစ်သည် အပြစ်ဝန်ခံခဲ့ပြီဖြစ်၍ ၎င်း၏ မိတ်ဆွေနှစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေစုံစမ်းနေဆဲဖြစ်သည်။
—Ref: AFP
7day daily
ဦးစိုးဝင်းမှာ ယခင်ပြန်ကြားရေးဝန်ကြီးဌာနတွင် ငွေကြေးအရှုပ်အရှင်းရှိသူဟု ဦးလှဆွေ ပြော
သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ် တော်သို့ အမည်စာရင်းပေးပို့ထား သော ဦးစိုးဝင်းမှာ ယခင်ပြန်ကြား ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်း ဆောင်စဉ်ကာလအတွင်း ငွေ ကြေးကိစ္စရပ်နှင့်ပတ်သက်၍ နာ မည်ပျက်ရှိခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှ ဆွေက ပြောသည်။
‘‘သူ ဦးဆောင်ညွှန်ကြားရေး မှူးလုပ်တုန်းက စက္ကူတွေဝယ် တာနဲ့ပတ်သက်ပြီး သိန်းထောင် ချီငွေကွာမှုတွေ ဖြစ်တယ်။ အဲဒီ အမှုက ခုထိ မပြီးသေးဘူး။ သူက ဦးကျော်ဆန်းရဲ့ တပည့်ကြီးဆို တော့ ဦးကျော်ဆန်းက သူ့ကို ရာ ထူးတိုးပေးလိုက်တာ’’ ဟု ပြန် ကြားရေးဝန်ကြီးဌာနတွင် ညွှန် ကြားရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သော ဦးလှဆွေက ပြော သည်။ ထိုကဲ့သို့ဖြစ်ပွားခဲ့မှုအတွက် အရာရှိငယ်တစ်ဦးအား တာဝန်မှ ရပ်နားကာ ဖမ်းဆီးအမှုရင်ဆိုင် စေပြီး ရုံးချိန်းပေါင်း ၅၀ ခန့်တွင်  မပြီးပြတ်သေးသော အမှုအား ရင် ဆိုင်နေရကာ ၎င်းအရာရှိငယ်နှင့် မိသားစုများသည် အခက်အခဲ များနှင့် ရင်ဆိုင်နေရကြောင်း အ မျိုးသားလွှတ်တော်  ကိုယ်စား လှယ်တစ်ဦးကလည်း ပြောသည်။
ဦးစိုးဝင်းအနေဖြင့် ပြည် ထောင်စုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခွင့် ရရှိပါက ၀န်ကြီး အရှိန်အ၀ါကို အသုံးချ၍ ဖော်ပြ ပါကိစ္စရပ်ကို ရှောင်လွှဲသွားရန် အခွင့်အရေးရရှိသွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
ပြည်ထောင်စုဝန်ကြီးတစ် ဦးအဖြစ် ခန့်အပ်ရာတွင် လွှတ် တော်အားပေးအပ်သည့် အချိန် နည်းပါး၍    အဆိုပါ ပုဂ္ဂိုလ်၏ နောက်ကြောင်းကို  စုံစမ်းရန် အ ချိန်မရဘဲ လက်ခံလိုက်ရသည်က များကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
ထိုကဲ့သို့ နောက်ကြောင်းမ ရှင်းသူ ပုဂ္ဂိုလ်တစ်ဦးအား ၀န်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးပါက ပြည်ထောင်စု အစိုးရ၏ ပုံရိပ်ကို လည်း ထိခိုက်စေကြောင်း ၎င်းက ဆိုသည်။
သို့သော် ဦးစိုးဝင်းအနေဖြင့်သာသနာရေးဒုတိယ၀န်ကြီးအ ဖြစ် တာဝန်ထမ်းဆောင်စဉ်တွင် ပြဿနာတစ်စုံတစ်ရာ  ဖြစ်ပွားမှုမရှိခဲ့ကြောင်း သာသနာရေးဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
ယခုလ ၁၉ ရက်တွင် ပြည် ထောင်စုဝန်ကြီးတာဝန်မှ ရပ်နား ခံလိုက်ရသော ဦးဆန်းဆင့်နေရာ ၌   ပြည်ထောင်စုဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ရန် ဦးစိုးဝင်း၏ အမည်စာရင်းအား   နိုင်ငံတော် သမ္မတက   ပြည်ထောင်စု လွှတ် တော်သို့  ယခုလ ၂၀ ရက်တွင် ပေးပို့ခဲ့သည်။
ဦးစိုးဝင်းသည် တပ်မတော် တွင် ဗိုလ်မှူးကြီးအဆင့်ထိ တာ ၀န်ထမ်းဆောင်ခဲ့ပြီး ပြန်ကြားရေး ၀န်ကြီးဌာန သတင်းနှင့် စာနယ် ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသည်။
အစိုးရသစ်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ၀န်ကြီးဦးကျော်ဆန်းအား သမ၀ါယမ၀န်ကြီးအဖြစ် ပြောင်း ရွှေ့ရာတွင် ဦးစိုးဝင်းကိုလည်း သာသနာရေးဝန်ကြီးဌာနသို့ ပြောင်းလဲတာဝန်ပေးခဲ့သည်။
မင်းဟိန်းကျော်
7day daily
ဘယ်သူ့အတွက် အခွန်တော် ဆောင်နေကြတာလဲ (အပိုင်း(၁)
နှင်းကိုရေးသားသည်။ ရန်ကုန်တိုင်းမ် ဂျာနယ်
နှစ်စဉ် ငွေကျပ်တစ်သိန်းကျော်ကို မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ပြည် တွင်းအခွန်ဦးစီးဌာနသို့ ပေးဆောင်ရသည်ကို သူ မှတ်မိနေသည်။ အမြတ်ခွန်လား၊ ဝင်ငွေခွန်လားဆိုတာတော့ သူ နားမလည်ကြောင်း
လှိုင်မြို့နယ် စံပယ်ခြံ ၂လမ်းတွင်နေထိုင်သော အသက် ၈ဝကျော်အရွယ်အငြိမ်း စားဝန်ထမ်း ဦးသန်းကဆိုသည်။
''ဘယ်လိုကောက်လဲတော့ မသိဘူး။ အခွန်ဆောင်ခဲ့တာ အနှစ်၂ဝကျော် ပြီ''ဟု ဦးသန်းက ပြောပြသည်။ ထိုသို့ နိုင်ငံတော်အစိုးရ၏ သိန်းကျော်သောအခွန် အခကို ပေးပြီးသော်ငြား မြို့နယ်စည်ပင်မှကောက်ခံသော ကျန်းမာရေးအခွန်၊ အမှိုက်အခွန် စသဖြင့် အခွန်တို့ကိုလည်း ထပ်ပေးရသေးသည်။ အဘယ်ကြောင့် နည်းမျိုးစုံဖြင့် အခွန်တော်များကို သူ ထမ်းဆောင်နေရသလဲဆိုသည်ကိုတော့ နားလည်သဘောပေါက်ဖို့ သူကြိုးစားနေဆဲဟု အဘိုးဦးသန်းက ဆိုသည်။
ပြီးခဲ့သည့်မေ ၃၁ရက်က လစာထုတ်တော့လည်း ကျပ်နှစ်သိန်းထက်ကျော် သော သူ၏ဝင်ငွေကြောင့် နိုင်ငံတော်အစိုးရကို အခွန်ပေးဆောင်ရတော့မည့်အ ကြောင်း အသက် ၂ဝကျော်အရွယ် မောင်အောင့်ကို သူ၏ကုမ္ပဏီသူဌေးက ရှင်း ပြသည်။ နိုင်ငံသားတစ်ယောက်အတွက် နိုင်ငံတော်ကို အခွန်ပေးဆောင်ရမည်ကို သူ နားလည်သော်လည်း အစိုးရအနေနှင့် မည်သည့်ဝန်ဆောင်မှုမျိုးကို ပြန်လည် ပေးဆပ်မလဲဆိုသည်ကိုတော့ မောင်အောင်က သိချင်သည်။
''အခွန်တော့ စဆောင်ရပါပြီ။ အစိုးရကရော ကျွန်တော်တို့ကို ဘာပြန်လုပ် ပေးမှာလဲ။ အခုဆို မိုးတွင်းမို့ ဗွက်တွေ၊ ချိုင့်တွေထနေတဲ့ ကတ္တရာလမ်းက ကျွန် တော်တို့အတွက် ပြန်ပေးတဲ့ ဝန်ဆောင်မှုလား။ လျှပ်စစ်မီးဆိုလဲ ဘယ်မှာအလကား သုံးရလို့လဲ''ဟု မောင်အောင်က မေးခွန်းထုတ်သည်။
ယင်းသို့သော 'ဘာကြောင့်အခွန်ဆောင်ရမှာလဲ'ဆို သည့်မေးခွန်းသည် အခွန်ဌာနဝန်ထမ်းများအတွက် အမေး ခံရဆုံးသော မေးခွန်းဖြစ်သည်။ ပြည်တွင်းအခွန်ဦးစီးဌာန တွင် နှစ်ပေါင်း ၃ဝကျော်ကြာအောင် ဒုတိယညွှန်ကြားရေးမှူးအဆင့်အထိ လုပ် ကိုင်ဆောင်ရွက်ခဲ့ဖူးသော အခွန်ပညာရှင်ဦးဟန်ထွန်းက ပြန်ပြောပြသည်။
''နားလည်လက်ခံကျေနပ်အောင် ဖြေဖို့ဆိုတာ တကယ့်အဖြစ်မှန်တွေကို ပြောနိုင်မှသာ နားလည်လက်ခံနိုင်လိမ့်မယ်။ တံတားဆောက်တယ်၊ လမ်းဖောက် တယ် ပြောရုံနဲ့တော့ မလုံလောက်တော့ဘူး။ အဓိကကတော့ ပြည်သူလူထုလက်ခံ ယုံကြည်အောင် ရှင်းပြဖို့ပဲ''ဟု ဦးဟန်ထွန်းက သူ့အတွေ့အကြုံကို ဖောက်သည် ချသည်။
အခွန်တော်ကို နိုင်ငံတော်၏အသုံးစရိတ်များအား ကျခံပေးနိုင်ဖို့အတွက် ကောက်ခံရပါသည်ဟု မည်မျှပင် ရှင်းပြနေပါသော်ငြား သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်းနှင့် အပေါင်းအပါလုပ်ငန်းရှင်များ၏အိတ်ထဲသို့ အခွန်တော်များ ရောက်ရှိနေတာတွေက ပြည်သူလူထုအတွက် မျက်မြင်ကိုယ်တွေ့ ကြားနေ၊ သိနေ ရတော့ အခွန်ဌာနက ဖြေရှင်းနေသည်ကိုက ''ပြည်သူလူထုအတွက် ရယ်စရာလို ဖြစ်နေတယ်။ လိမ်နေသလိုဖြစ်နေတယ်''ဟု ¤င်းကဆိုသည်။
''ဆိုတော့ ဒီအခွန်ငွေနဲ့ တိုင်းကျိုးပြည်ကျိုးအတွက် ဆောင်ရွက်နေတယ်ဆို တာကို လက်ခံနိုင်တဲ့ပြည်သူဟာ အလွန်နည်းပါလိမ့်မယ်''။ မည်သည့်နိုင်ငံတွင် မဆို ဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင် နိုင်ငံတော်တည်ဆောက်ရေး၊ ကာကွယ် ရေးအတွက် အခွန်စနစ်သည် လွန်စွာအရေးပါသော်လည်း ယနေ့နိုင်ငံတော်၏ ပြည်သူများအနေဖြင့် ကောက်ခံသည့်အခွန်စနစ်ကို ကောင်းစွာနားလည်သည် ဟု မဆိုနိုင်သေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက ထောက်ပြသည်။
လက်ရှိဦးသိန်းစိန်အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှုအသစ်သည် ယခု ၂ဝ၁၄ခုနှစ် ဧပြီလမှစပြီး အသက်ဝင်သည်။ မြန်မာနိုင်ငံတွင်ကောက်ခံနေ သော အခွန်အမျိုးအစား ၁၄မျိုးရှိသည်။ ထိုအနက် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေ ခွန်၊ အောင်ဘာလေသိန်းဆုခွန်နှင့် တံဆိပ်ခေါင်းခွန် စသည့်အခွန်လေးမျိုးသည် ဦးသန်းတို့၊ မောင်အောင်တို့လိုမျိုး အခြေခံပြည်သူလူထုအတွက် တိုက်ရိုက်ထိ တွေ့ရသည်။ ¤င်းအခွန်လေးမျိုးကို ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ယူ ကောက်ခံသည်။
အဆိုပါအခွန်လေးမျိုး၏ ကောက်ခံရရှိမှုသည် နိုင်ငံတော်၏အခွန်ဖွဲ့စည်း ပုံမှ အခွန် ၁၄မျိုး ကောက်ခံရရှိငွေစုစုပေါင်း၏ ၉ဝရာခိုင်နှုန်းကျော်(၉၂ရာခိုင် နှုန်း)အထိရှိသည်ဟု ဘာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဒေါက်တာလင်း အောင်က ယခုနှစ် ဇန်နဝါရီလကပြုလုပ် သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြော ကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံ၏ အခွန်အကောက်၊ ဘဏ္ဍာရေးစနစ်ကို အခွန်ရငွေ GDP (အသားတင်ထုတ်လုပ်မှုတန်ဖိုး)အချိုးတို့နှင့် တိုင်းတာလေ့ရှိရာတွင် အိမ်နီးချင်း နိုင်ငံများ၏ အခွန်ရငွေနှင့် GDP အချိုးသည် ၁ဝရာခိုင်နှုန်းအထက်ရှိနေသော ကြောင့် မြန်မာနိုင်ငံ၏အခွန်ရငွေနှင့် GDP အချိုးသည် လေးရာခိုင်နှုန်းခန့်သာရှိ ကာ အခွန်ရရှိမှုတွင် အိမ်နီးချင်းနိုင်ငံများထက် များစွာလျော့နည်းနေသေးကြောင်း ဒေါက်တာလင်းအောင်က ဆိုသည်။
သတင်းများအရ ပြည်တွင်းအခွန်ဦးစီးဌာနမှ အခွန်ကောက်ခံ ရရှိမှုသည် ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၅ဝ,ဝဝဝကျော်ရရှိခဲ့ပြီး၊ ၂ဝ၁၂-၁၃ ဘဏ္ဍာ နှစ်တွင် ကျပ်သန်းပေါင်း ၂,၅ဝဝ,ဝဝဝ နီးပါး ရရှိခဲ့ သည်ဟုဆိုသည်။
မိမိတို့ရန်ကုန်တိုင်းမ်မှမေးမြန်းခဲ့သမျှသော အခွန်ကျွမ်းကျင်သူများ၊ လုပ် ငန်းရှင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားများနှင့် ပြည်သူတချို့၏ တုံ့ပြန်ဖြေဆိုမှု များကတော့ နိုင်ငံတော်၏ ကဏ္ဍစုံ၊ နယ်ပယ်စုံမှ လုပ်ငန်းများ လည်ပတ်နိုင်ဖို့ အတွက် အခွန်ဘဏ္ဍာငွေသည် မရှိမဖြစ်ဟုလက်ခံကြသော်လည်း ¤င်းအခွန်ဘဏ္ဍာ ငွေများကို ပြန်လည်ခွဲဝေသုံးစွဲမှုအပိုင်းတွင်တော့ ပွင့်လင်းမြင်သာမှုအားနည်း နေသေးကြောင်း ပြောဆိုကြသည်။
''အဓိကကတော့ အခွန်စနစ်မှာ ပွင့်လင်းမြင်သာမှုရှိဖို့အရေးကြီးဆုံးပဲ''ဟု မကြာသေးခင်ကဖျက်သိမ်းလိုက်သော အမျိုးသားလွှတ်တော်ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးတင်မောင်ဝင်းက ကောက်ချက်ချသည်။ အခွန်ဌာနဝန်ထမ်းများအနေဖြင့် ပြည်သူတွေ အခွန်ပေးဆောင်ချင်လာအောင် အကြောင်းအမျိုးမျိုးပြကာ ရှင်းပြ နေသည်ဆိုသော်လည်း လုံလောက်မှုမရှိတာကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် လုပ်ရပ်များဖြင့်သာ သက်သေပြဖို့လိုသည်ဟု ¤င်းကဆိုသည်။
အခွန်ငွေတွေ ဘယ်သူ့အတွက်လဲ
ပြည်သူလူထု၏ အခြေခံစားဝတ်နေရေးအတွက် ဖြည့်ဆည်းပေးဖို့၊ လမ်း တွေဖောက်၊ တံတားတွေဆောက်၊ တန် ဖိုးနည်းအိမ်ရာလိုမျိုး စီမံကိန်းကြီးဖော်ဆောင် စသဖြင့် အစိုးရနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့ဝန်ကြီးဌာနများက စီမံ ဆောင်ရွက်နေသော်လည်း တကယ်တမ်း ပြည်သူများ၏ ခံစားရမှုအပိုင်းတွင် မျှတမှုမရှိဘဲဖြစ်ကာ ''အခွန်ဆောင်လို့ ဒါတွေခံစားရတယ်ဆိုတဲ့အသိမျိုး ဖြစ်မလာ ဘူး''ဟု ဦးတင်မောင်ဝင်းကပြောသည်။
အခွန်ငွေသည် ပြည်သူ့ဘဏ္ဍာငွေသာဖြစ်သည်။ ရေအိုးတစ်လုံးထဲသို့ ရေ များစုပေါင်းပြီးထည့်ထားသလို ဖြစ်သည်။ ထိုရေကိုပြန်သုံးစွဲတော့လည်း ညီတူ ညီမျှဖြစ်ရမည်။ တကယ်တမ်း သုံးစွဲသင့်သုံးစွဲထိုက်သောနေရာတွင် ခွဲဝေသုံးစွဲဖို့ လိုသည်ဟု ¤င်းက ပမာပြသည်။
''အစိုးရအနေနဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်လည်းဖြစ်၊ အရေးအပါ ဆုံးလည်းဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးလိုကဏ္ဍမျိုးမှာ သုံးတော့ သုံးနေတယ်၊ ဒါပေမယ့် နည်းတယ်''။ တည့်တည့်ပြောရလျှင် အစိုးရအနေဖြင့် အခွန်ကောက်ခံ နေခြင်းသည် စစ်တပ်အတွက် စစ်တိုက်ဖို့၊ လက်နက်ဝယ်ဖို့၊ စစ်သားတွေအတွက် လခပေးဖို့၊ စစ်အင်အားတိုးချဲ့ဖို့စသဖြင့် ငါတို့(ပြည်သူ့)ငွေများဖြင့် လူသတ်သည့် အလုပ်တွေ၊ မကောင်းမှုအလုပ်တွေကိုပဲ ဆောင်ရွက်နေကြတာလားဆိုသည့် အမြင်များသည် ပြည်သူများတွင်စွဲကပ်နေသည်ဟု အခွန်ပညာရှင်ဦးဟန်ထွန်း က ယူဆသည်။
''ကာကွယ်ရေးအသုံးစရိတ်တွေတိုးမြင့်တယ်ဆိုတာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေနဲ့သွားတာပဲ။ ဒီလိုအမြင်တွေရှိနေ တာကို အစိုးရအနေနဲ့ လုပ်ရပ်နဲ့ဖျောက်ပစ်နိုင်ဖို့လိုတယ်'' ဟု ဦးဟန်ထွန်းက အကြံပြုသည်။
''ပြည်သူလူထုက ပေး ဆောင်ထားတဲ့အခွန်ဘဏ္ဍာဖြစ်တဲ့ နိုင်ငံတော်ဘတ်ဂျက် အသုံးစရိတ်မှာ ကာကွယ်ရေးကဘယ်လောက်၊ ကျန်းမာရေး၊ ပညာရေးက ဘယ်လောက်သုံးတယ်ဆိုတာက ပြည်သူလူ ထုအကြားမှာ ကြားသိမြင်တွေ့နေပြီးသား''ဆိုတော့ ငါတို့ အခွန်ငွေတွေနဲ့ လက်နက်တွေဝယ်။ တပ်အင်အားတွေ တိုးချဲ့နေတယ်ဆိုတာ လူတိုင်းလွယ်လွယ်ကူကူသဘော ပေါက်သွားနိုင်တယ်။ နိုင်ငံတော်အစိုးရရဲ့ ဘတ်ဂျက်ခွဲဝေ သုံးစွဲမှုအပေါ်မှာ ပြည်သူလူထုက ယုံကြည်လာအောင် လုပ်ရမယ်။ ဒါဟာ ဘတ်ဂျက်ပွင့်လင်းမြင်သာမှုပဲ''ဟု ဦး ဟန်ထွန်းကဆိုသည်။ မြန်မာနိုင်ငံ၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ နှစ် ကာကွယ်ရေးအသုံး စရိတ်သည် စုစုပေါင်းရသုံးမှန်းခြေ ငွေစာရင်း၏ ၂၃ ဒသမ ၂ရာခိုင်နှုန်းရှိနေပြီး ယခင်နှစ်က ၂၉ဒသမ ၁ရာခိုင်နှုန်းအထိရှိခဲ့သည်ဟု ပြည်တွင်းသတင်း များကဆိုသည်။
အစိုးရအနေဖြင့် ပြည်သူတွေဆီမှ အခွန်အခများ ကောက်ခံသည်နှင့်အညီ ထိရောက်သည့်ဝန်ဆောင်မှုများ ကိုလည်း ပြန်ပေးဖို့လိုသည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်ဒုဥက္ကဋ္ဌဦးနှင်းဦးကထောက်ပြသည်။ ပြည်သူလူထုအ တွက် အဓိကလိုအပ်သည့် လုပ်ငန်းနယ်ပယ်များတွင် အ ခွန်ငွေများကို ပြန်သုံးစွဲဖို့လိုသည်ဟုဆိုသည်။ မည်သည့် ကဏ္ဍသည် ပြည်သူတွေအတွက်တော့ ပိုအရေးကြီးသည် ဆိုသည့် ဘတ်ဂျက်ခွဲဝေသုံးစွဲမှုအပိုင်းတွင် သေချာစဉ်းစား ပြီး ရှင်းလင်းပြတ်သားနေဖို့လိုသည်ဟု ဦးနှင်းဦးကတိုက် တွန်းသည်။
''အကြမ်းဖျဉ်းပြောရရင် ပြည်သူတွေအတွက် လိုအပ် တဲ့ နေရာတွေမှာ အပြည့်အဝမရသေးတာတော့ သေချာ တယ်''။ နိုင်ငံတော်အစိုးရအနေဖြင့်တော့ အခွန်ဆောင် သည့်သူရော၊ အခွန်မဆောင်သည့်သူရောအားလုံးအတွက် လုပ်ကိုင်ဆောင်ရွက်ပေးနေပါတယ်။ အစိုးရ၏အလုပ်တွေ ကိုကြည့်လျှင် ပြည်သူလူထုအကျိုးရှိမည့် လုပ်ကိုင်ဆောင် ရွက်မှုများလည်းရှိပါတယ်''ဟု အခွန်ဝန်ထမ်းဟောင်းတစ် ဦးဖြစ်သူဦးဟန်ထွန်းကဆိုသည်။ သို့သော် အများကောင်း ကျိုးအတွက် လုပ်တာကို ပြည်သူလူထုက ယုံကြည်လာအောင် လုပ်ပြရမည်က အစိုးရ၏တာဝန်ဟု ¤င်းကဆိုသည်။
''အများကောင်းကျိုးအတွက်လုပ်တာဟာ လူတစ် ယောက်အတွက်၊ လူတစ်စုအတွက်စားကွက် ဖန်တီးပေးတဲ့ သဘောမျိုးမဖြစ်ဖို့လိုအပ်တယ်''ဟု ဦးဟန်ထွန်းက ထောက် ပြသည်။ ယခုလိုလည်း သူကဥပမာပေးပါသည်။
ဥပမာ ''အာဖရိကမှာ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို စောင့်ကြည့်တဲ့အခါ အပေါ်က အောက်ကို စောင့်ကြည့် တာမျိုးမလုပ်ဘဲ အောက်ခြေကနေ အပေါ်ကို အဆင့်ဆင့် စောင့်ကြည့်တဲ့စနစ်နဲ့သွားတယ်။ ကူညီထောက်ပံ့ပေးလိုက် တဲ့ဘတ်ဂျက်တွေကို ဘယ်လိုသုံးစွဲသလဲဆိုတာ စောင့်ကြည့် ဖို့က အောက်ခြေပြည်သူလူထုကို အာဏာအပ်ထားတာ။ ဒီလိုအာဏာအပ်တဲ့အတွက် အစိုးရပဲဖြစ်ဖြစ်၊ နိုင်ငံတကာ ထောက်ပံ့ငွေပဲဖြစ်ဖြစ် ခွင့်ပြုလိုက်တဲ့ငွေဟာ အောက်ခြေ က မြို့နယ်၊ ကျေးရွာဆေးခန်းမှာဆိုရင် ထောက်ပံ့ငွေပမာဏ ရဲ့ တစ်ရာခိုင်နှုန်းလောက်ပဲရောက်တဲ့ အနေအထားမျိုးက နေ ရာခိုင်နှုန်း ၈ဝကျော်လောက်အထိ ရောက်ရှိသွားတဲ့ အနေအထားမျိုးပြောင်းသွားတယ်။
အစိုးရက ဘယ်ကျေးရွာက ဘယ်ဆေးခန်းအတွက် ထောက်ပံ့ငွေဘယ်လောက်ပေးတယ်ဆိုတာကို အောက် ခြေကျေးရွာက လူတွေသိအောင် ထုတ်ပြန်ပေးလိုက်တယ် ဆိုတော့ ဘယ်လောက်သုံးတယ်၊ ဘယ်လောက်ပိုတယ်ဆိုတာ ကို အောက်ခြေပြည်သူက ထောက်ပြလို့ရသွားတယ်။ ဒါပေ မဲ့ ဒီစနစ်ကိုကျင့်သုံးတဲ့ ဘဏ္ဍာရေးဝန်ကြီးဆိုရင် သူရဲ့အစိုး ရဝန်ထမ်းတွေရဲ့အသက်အန္တရာယ် ခြိမ်းခြောက်တာပါခံ ရတယ်လို့ သိရတယ်။
မြန်မာနိုင်ငံမှာတော့ မကြာသေးခင်ကပဲ ကျောင်း ဆောင်တစ်ခုမှာ ကြမ်းခင်းကျိုးသွားလို့ ကလေးတွေ ဒဏ် ရာရတဲ့အဖြစ်အပျက်မျိုး ရှိနေတယ်။ ကျွန်းသုံးရမှာ တ ခြားဈေးပေါတဲ့သစ်တွေ အစားထိုး။ ဘိလပ်မြေ အချိုးအ စားတွေလျှော့နဲ့ ဖြစ်ချင်တိုင်းကိုဖြစ်နေတာ။ ဒါဟာ မကောင်း တဲ့သင်ခန်းစာပဲ။ အခုဆိုရင် မူလတန်း အခမဲ့ပညာရေး ကနေ အလယ်တန်း အခမဲ့ပညာရေးစနစ်ကို လုပ်ပေး တယ်။ ဒါပေမဲ့အကောင်အထည်ဖော်တဲ့ ဌာနဆိုင်ရာတွေက ပြည်သူတွေ အထင်အမြင်မှားအောင်လုပ်မယ်ဆိုရင်တော့ အစိုးရက လုပ်ပေးသမျှဟာ အလကားဖြစ်သွားမှာပဲ''။
''အစိုးရက ကောင်းတာတွေလုပ်နေပေမယ့် ပြည်သူ လူထုက အယုံအကြည်မရှိရင် အယုံအကြည်မရှိအောင် ဖန်တီးနေမယ်ဆိုရင် ဘယ်လောက်ပဲ ကောင်းအောင်လုပ် လုပ် လုပ်သမျှက အလကားဖြစ်သွားမှာပဲ၊ ဘာဖြစ်ဖြစ် အစိုးရအနေနဲ့က ဒီလိုမျိုး အများအတွက် ကောင်းကျိုးပြု မယ့်စနစ်တွေကို စဉ်းစားသင့်ပါတယ်။ အစိုးရကိုယ်တိုင်က စောင့်ကြည့်ဖို့လိုတယ်'' ဟု အခွန်ပညာရှင် ဦးဟန်ထွန်းက ထောက်ပြသည်။
အခွန်ဝန်ထမ်းနှင့် အဂတိတရား
Yangon Media Group 
ဘီယာသောက်ပေးပါက အဆစ်အမြစ်ရောင်ခြင်းကို လျော့ကျစေနိုင်
တစ်ပတ်ကို ဘီယာနှစ်ခွက်ကနေ လေးခွက်အထိ ဘီယာမသောက်သူတွေထက် rheumatoid arthritis, RA အဆစ်အမြစ်ရောင်ဖြစ်ပွားနိုင်ချေ ၃၁ရာခိုင်နှုန်း လျော့ကျကြောင်း လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဟားဗတ်ဆေးတက္ကသိုလ်နဲ့ Brigham အမျိုးသမီးဆေးရုံတို့ရဲ့ ပူးပေါင်းသုတေသနပြုမှုအရ အသက်၂၀မှ ၂၈ နှစ်အတွင်း အမျိုးသမီးနှစ်သောင်းကျော်မှာ ဘီယာဝိုင်းတို့ကရတဲ့ အယ်ကိုဟောနဲ့ အဆစ်အမြစ်ရောင်ခြင်းတို့ရဲ့ ဆက်စပ်နေမှုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဝိုင်ကရတဲ့ အယ်ကိုဟောကလည်း RA ကိုလျော့ပါးစေပေမယ့် ဘီယာလောက်တော့ သိသာထင်ရှားမှုမရှိဘူးလို့ သိရှိရပါတယ်။ တစ်နေ့ကို ဘီယာ ၅၀ ဂရမ်ကနေ ၉.၉ ဂရမ်လောက်အထိ သောက်သူတွေဟာ RA ရောဂါဖြစ်ပွားနိုင်ချေကို လျော့ပါးစေကြောင်း ဖော်ပြထားပါတယ်။ ဒါဟာ ဘီယာရဲ့အသည်းပေါ်ထိခိုက်နိုင်မှုရယ် အဆစ်အမြစ်ရောင်ရောဂါ အပေါ် ကာကွယ်မှုရယ်ကိုတော့ သောက်သုံးသူတွေအနေနဲ့ ချင့်ချိန်ရမှာဖြစ်ကြောင်း သုတေသနအဖွဲ့က တင်ပြထားပါတယ်။
ဒီသုတေသနကို Journal Arthritis and Rheumatism မှာ ဖော်ပြထားပါတယ်။
ပြည့်ဖြိုး
Ref: medindia
Health Updates Journal
သက်သာပန်းတောင်းရွှေရင်အေးစေတီတော် အ၀င်လမ်းပိတ်ပြီး ခြံစည်းရိုးခတ်ထားမှု ဒေသခံများ ဖယ်ရှား
ခြံစည်းရိုးအားဖယ်ရှားပြီးနောက် တွေ့ရစဉ်(ဓာတ်ပုံ - တင့်ဇော်)
 လှိုင်သာယာမြို့နယ်ရှိ သမိုင်းဝင် သက်သာပန်းတောင်း ရွှေရင်အေးစေတီတော်မြတ်ကြီး အနောက်ဘက်မုခ်ဦး မြေကွက်ပေါ်တွင် ပိုင်ရှင်ဖြစ်သူက ခြံစည်းရိုးခတ်ရာမှ ဘုရားသို့ သွားရာလမ်းပိတ်သကဲ့သို့ဖြစ်၍ ဒေသခံရွာသား ၆၀၀ ကျော်တို့က ခြံစည်းရိုးများကို ပယ်ဖျက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၁ ရက် နေ့လယ် ၁၂ နာရီတွင် ကျုံစု၊ ကံလှကျေး ရွာနှင့်ရပ်ကွက်ခုနစ်ခုရှိ ဒေသခံများကခြံစည်းရိုးများကို ၀င်ရောက်ဖျက်ခဲ့ပြီး ၁၂ နာရီ ၄၅ မိနစ်တွင် လူစုခွဲသဖြင့် ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပွား ခဲ့ကြောင်း လှိုင်သာယာမြို့နယ်မှူးရဲမှူးဦးသန်းမြင့်ဦးက အတည်ပြုပြောကြားသည်။
 ‘‘လမ်းတွေ ဖောက်ပြီး ခြံ စည်းရိုးခတ်လိုက်တော့ ဘုရား သွားရာ လမ်းကို ပိတ်သလိုဖြစ် သွားတယ်။ ရပ်ကွက်က လူတွေ က ဖွင့်ပေးဖို့ သွားပြောတော့ ၉ နာရီမှာ လမ်းဖွင့်ပေးမယ်ပြောပြီး မဖွင့်ပေးဘူး။ ပြီးတော့ တာဝန်ရှိ သူတွေကို အကြောင်းကြားတာ လည်း ရောက်မလာတာနဲ့ ၁၂ နာရီလောက်မှာ ၀င်ပြီး ခြံစည်းရိုး တွေကို ပယ်ဖျက်တာပါ’’ ဟု ဒေသခံ ကိုကျော်မျိုးက ပြောသည်။
ယင်းမြေကွက်ပေါ်တွင် ဇွန် လ ၁၉ ရက်မှစ၍ လူဦးရေ သုံး ဆယ်ဝန်းကျင်က အပြာရောင် များနှင့် ခြံစည်းရိုးခတ်နေခြင်းဖြစ် ပြီး ပိုင်ရှင်ကို ၎င်းတို့အနေဖြင့် တိ တိကျကျ မသိရှိကြောင်း၊ နောက် ဆုံး စေတီအနောက်ပေါက်ကို လမ်းပိတ်လိုက်သဖြင့် ၀င်ရောက် ပယ်ဖျက်ရခြင်းဖြစ်ကြောင်း ဒေ သခံကိုဝင်းသိန်းက ပြောသည်။
‘‘ဘုရားမြေလား၊ ဘယ်သူ ပိုင်လဲဆိုတာတော့ မသိဘူး။ ဘုရားကိုသွားတဲ့လမ်းက ပိတ်သလိုဖြစ်လို့ ၀င်ဖျက်တာပါ။ ဘုရား မြေလည်းဖြစ်တဲ့အတွက် ပြည်သူ လူထုက လက်မခံနိုင်ဘူး။ စဖြစ် တုန်းက လူနည်းနည်းလေးပါ။ ပြီးတော့ တဖြည်းဖြည်းနဲ့ ရပ်ကွက်ပေါင်းစုံထဲက လူတွေရောက်လာ ပြီး များလာတာ’’ ဟု ကိုဝင်းသိန်းကပြောသည်။
အဆိုပါဖြစ်ပွားရာ မြေကွက် သည် မြို့တော်စည်ပင်မှ တရား ၀င်အကွက်ချထားသော မြေ ကွက်ဖြစ်ပြီး ယင်းဖြစ်ပွားသော ပြဿနာအတွက် ပြန်လည်စစ်ဆေးပေးရန် အထက်ဌာနသို့ တင်ပြသွားမည်ဟု လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ပြောသည်။
လက်ရှိတွင် ပြဿနာထပ်မံမဖြစ်ပွားစေရန်အတွက် လုံခြုံရေးများ ထားရှိပြီး ပိုင်ရှင်ထံမှ တိုင်ကြားမှုရှိလာပါက အမှုဖွင့် အရေးယူရန် စီစဉ်သွားမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရဲမှူး ဦးသန်းမြင့်ဦးက ပြောသည်။
By ရဲနိုင်
7DAY DAILY
ကျောက်တံခါးမြို့၌ ၂၂ ဘီးတွဲ ယာဉ်နှစ်စီး မီးလောင်မှု ဖြစ်ပွား
ကျောက်တံခါးမြို့နယ် ရင်းတိုက်ကုန်းကျေးရွာအုပ်စု ကျွန်းကုန်း ကျေးရွာအနီး ရန်ကုန်-မန္တလေးကား လမ်းဟောင်း မိုင်တိုင်အမှတ် (၁၁၉/၁)နှင့် (၁၁၉/၂)အကြားတွင် ဇွန် ၂၁ ရက် နံနက် ၂ နာရီခန့်တွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) ယာဉ်အမှတ် ၂ခ/..... ၂၂ ဘီးတွဲယာဉ်သည် သံချောင်းများတင်ဆောင်၍ မောင်းနှင်နေစဉ် ၎င်း၏ယာဉ်နောက်မှ (ယာဉ်မောင်း စုံစမ်းဆဲ)၂၂ ဘီးတွဲယာဉ်က စားအုန်းဆီများတင်ဆောင်၍ မောင်းနှင်လာပြီး နောက်မှဝင်တိုက်မိ၍ ယာဉ်နှစ်စီးလုံး ယင်းနေရာတွင် မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။
အခင်းဖြစ်နေရာသို့ ကျောက်တံခါးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းညွန့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရင်းတိုက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ ရောက်ရှိကြပြီး မီးငြှိမ်းသတ်နိုင်ရေးအတွက် ကျောက်တံခါး၊ ဖဒို၊ ပဲနွယ်ကုန်း၊ တောကျွဲအင်းမြို့မှ မီးသတ်ယာဉ်များလာရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီခွဲတွင် မီးညွန့်ကျိုး၍ နံနက် ၄ နာရီခွဲတွင် မီးလုံးဝငြိမ်းခဲ့ပြီး ယာဉ်များ နံနက် ၆ နာရီတွင် ပုံမှန်ပြေးဆွဲ သွားလာနိုင်ကြောင်း သိရသည်။
MOI Webportal Myanmar
ကန်စွန်းရွက် အကြွတ်ကြော်
ကန်စွန်းရွက် အကြွတ်ကြော်
ဒီနေ့ကြော်ဖြစ်တဲ့ ကန်စွန်းရွက် အကြွတ်ကြော်လေးပါ တမူလေးထူးတာမို့ ကြွတ်ကြွတ်ရွရွလေးနဲ့စားလို့ကောင်းပါတယ် ကန်စွန်းရွက်ကို ဒီအတိုင်းကြော်စားရတာရိုးလာပြီမို့ အခုလို မုန့်နှစ်လေးနဲ့ကြော်လိုက်တာပါ။
အကြော်အတွက်
ဆန်မှုန့် ထမင်းစားဇွန်း -  ၃ဇွန်း
ပဲအစိမ်းမှုန့် ထမင်းစားဇွန်း -  ၃ဇွန်း
ကောက်ညှင်းမှုန့် ထမင်းစားဇွန်း  - တစ်ဇွန်း
baking soda လက်ဖက်ရည်ဇွန်း  - တစ်ဝက်မရှိတရှိ
ရေ ထမင်းစားဇွန်း -  ၆ဇွန်း
ဆား လက်ဖက်ရည်ဇွန်း  - သုံးပုံတစ်ပုံ
အရသာမှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း ( အားလုံးကို ဇလုံထဲမှာထဲ့ပြီး ဖျော်ထားပါ    )
ရေဆေးပြီးစစ်ထားသော ကန်စွန်းရွက် - အပင် နှစ်ဆယ်
ကြော်ရန်
ဆီ လက်ဖက်ရည်ပန်းကန်လုံ ၃လုံးခန့်ကို အပူပေးပါ
ဆီဆူပြီးကျက်လာပါက မုန့်နှစ်ထဲတွင် ကန်စွန်းရွက်ကိုနှစ်ပြီး ဆီပူအိုးထဲထဲ့ပေးပါ
မီးအနေတော်နှင့်ကြော်ပေးပါ
မုန့်နှစ် ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
ဆီစစ်သွားပါက ကြိုက်နှစ်သက်ရာ အချဉ်နှင့် စားသုံးနိုင်ပါပြီ။
credit : စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ
ဒေါ်အောင်ဆန်းစုကြည်အပေါ်အမြင်စောင်းသူများ အမြင်ရှင်းစေရန်
ဒေါ်စု သမ္မတ ဖြစ်သင့် မဖြစ်သင့်ဆိုတဲ့ ပိုစ့်အောက်မှာ မဖြစ်သင့်ဘူးလို့ ရေးထားတဲ့သူတွေရဲ့ ကွန်မက်တော်တော်များများမှာ သူမဟာ ဗုဒ္ဓဘာသာကို စော်ကားလို့၊ ဘာသာခြားအရေးပေးလို့ စတဲ့ အကြောင်းအရာကို အခြေခံပြီး ပြောတာများတယ်။ ဒါဆို သူမဟာ တကယ်ဘဲ အဲလိုဖြစ်နေလား…. တကယ်ဘဲ ဗုဒ္ဓဘာသာရဲ့ ရန်သူလား…. ကိုယ့်လူမျိုးကို အရေးမပေးဘူးတဲ့လား…. ဆိုတဲ့ မေးခွန်းတွေအတွက် တချက်စဉ်းစားကြည့်လိုက်ရအောင်ဗျာ….
ဒေါ်စုကို ဗုဒ္ဓဘာသာရဲ့ ရန်သူလို့ စွပ်စွဲတာ မသီတာထွေးကနေ အစပြုတဲ့ ရခိုင်အရေးအခင်းမှာ ဒေါ်စုရဲ့ ရပ်တည်ချက်ကို ရည်ညွှန်းပြောဆိုတယ်လို့ အကြမ်းအားဖြင့် သုံးသပ်ရပါတယ်။ ဟုတ်ပြီ…. အဲ့ဒီအချိန်ကာလကို တစ်ချက် ကြည့်ရအောင်။
ထိုအချိန်က ဘင်္ဂလီလူမျိုးတွေနဲ့ ရခိုင်နဲ့ ပြသနာဖြစ်ပွားချိန်၊ အိမ်တွေ မီးရှို့ လူတွေသတ်နဲ့ ထိန်းမနိုင် သိမ်းမရဖြစ်ချိန်၊ ပြည်သူတွေက ဒီပြသနာအပေါ် ဒေါသထွက်ပြီး ရန်မီး အစပျိုးတော့မယ့်အချိန်၊ မသမာသူတစ်စုရဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လမ်းကြောင်းလွဲ လှုံဆော်နေချိန်၊ သမ္မတလုပ်သူ ဦးသိန်းစိန်က သတင်းထုတ်ပြန်မှု၊ ပြည်သူလူထုကို မစိုးရိမ်ရန် ပြောဆို နှစ်သိမ့်မှု လုံးဝ မလုပ်ဘဲ ပစ်ထားချိန်.. အဲ့လို အချိန်မှာ အဲဒီအတိုင်းဘဲ ရှေ့ဆက်သွားရင် ရခိုင်မီးစဟာ တတိုင်းပြည်လုံးပျံ့နှံ့ပြီး စစ်ဘေး ကပ်ဘေး ကျရောက်လာမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။
အဲ့ဒီအချိန်ကျရင် နောက်ကြောင်းပြန်လှည့်ချင်သူ တစ်စုက တိုင်းပြည်မငြိမ်မသက်ဖြစ်လို့ မလွဲမရှောင်သာ စစ်အာဏာပြန်သိမ်းလိုက်ရပါတယ်ဆိုပြီး ဖြစ်လာမယ်။ အဲ့လိုမျိုးဆို ခင်ဗျားတို့ ကျွန်တော်တို့ ခုချိန်မှာ ဒီမိုကရေစီဆိုတဲ့ အရသာ လုံးလုံးခံစားရမှာမဟုတ်ဘဲ အရင်လို အာဏာရှင်လက်အောက်မှာဘဲ ပေးတာယူ ကျွေးတာစားဘဝနဲ့ နေနေရမှာ မလွဲပါဘူး။ ဒါတွေကို ကြိုမြင်တဲ့ ဒေါ်စုက ပြသနာပိုမကြီးလာခင်မှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဝင်တားဖို့ သူလုပ်ရတော့မယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူမ ဘယ်လိုလုပ်သွားလဲ ကြည့်ကြပါ။
ရန်ကုန်မှာရှိတဲ့ မွတ်ဆလင်တွေဖက်ကို သွားနှစ်သိမ့်တယ်၊ လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူးလို့ ပြောသွားတယ်။ အဲ့လို ပြောအပြီးမှာ ဘာဖြစ်သွားလဲ…. ဒေါ်စုကို ထောက်ခံတဲ့ သူတွေထဲက ဒေါ်စု ဘာဖြစ်လို့ တခြားဖက်ပါရတာလဲ၊ ဒေါ်စုကို ငါတို့ဖက်က ထင်ထားတာ ခုဘယ်လိုဖြစ်တာလဲဆိုပြီး တွေဝေကုန်တယ်။ တချိန်လုံး ချမယ် ဆော်မယ် တကဲကဲဖြစ်နေတဲ့သူတွေ ဒေါ်စုစကားအပြီးမှာ ဒီဖြစ်စဉ်ကို ပြန်စဉ်းစားသုံးသပ်လာကြတယ်။ ဒီလိုနည်းနဲ့ ဒေါ်စုဟာ ပြည်သူတွေရဲ့ အမျက်ဒေါသကို လူမျိုးရေး အဓိကရုန်းဆီ ဦးမတည်စေဘဲ သူ့အပေါ်ဘဲကျရောက်ပါစေတော့ဆိုပြီး လမ်းလွဲလိုက်တာဘဲ ဖြစ်တယ်။ ဂျောက်ထဲ ကျဖို့ လိမ့်နေတဲ့ကားကို ရှေ့ကနေ ဝင်ခံလိုက်တဲ့ သဘောပေါ့။
ဒေါ်စု မွတ်ဆလင်တွေကို သွားနှစ်သိမ့်တာတွေ၊ လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူးလို့ ပြောသွားတာတွေဟာ ဘာအဓိပ္ပါယ်လဲ…..
ဒါတွေက ရခိုင် ကိစ္စမကျေနပ်လို့ နီးစပ်ရာမဆိုင်တဲ့ မွတ်ဆလင်တွေကို လူထုပြသနာရှာမှာစိုးလို့ ဖြေရှင်းလိုက်တဲ့ သဘောပါဘဲ။ လူထုဒေါသကနေ အဓိကရုန်းဖက်မရောက်အောင် လမ်းကြောင်းလွဲလိုက်တဲ့သဘောပါ။ ဒီလိုလုပ်လို့ သူမအပေါ် ထောက်ခံမှု ကျဆင်းကုန်မယ် ပြည်သူတွေ အမြင်စောင်းကုန်မယ်ဆိုတာ ဒေါ်စုအနေနဲ့ သိမှာပါ။ ဒါပေမယ့် ရွေးစရာလမ်းမရှိတော့ တိုင်းပြည် ပဋိပက္ခဖြစ်မှာ၊ စစ်အာဏာရှင်လက်ထဲ ထပ်ပြီးကျရောက်သွားမှာကို စိုးရိမ်ပြီး ပြည်သူတွေ အပြစ်တင်ခံ၊ အတိုက်ခိုက်ခံပြီးတော့ကို မှန်ရာ ပြောခဲ့ဆိုခဲ့တာပါ။ ဒီလို ဒေါ်စု လမ်းကြောင်းလွဲတောင်မှ နောက်ဆက်တွဲ မိထ္ထီလာ၊ လားရှိုး အစရှိတဲ့ မြို့တွေမှာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာပါသေးတယ်။ ဖြစ်လာတဲ့ ပဋိပက္ခတွေကလည်း နောက်ကြောင်းပြန်ချင်တဲ့ လူတစ်စုရဲ့ စနက်ပါတယ်ဆိုတာလည်း အားလုံးအသိဘဲ ဖြစ်ပါတယ်။
နောက် ဒေါ်စု ဘာပြောသွားလဲ….. တရားဥပဒေ စိုးမိုးမှုရှိရမယ်လို့ ပြောသွားတယ်။ ဒီကိစ္စမှာ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်တာ၊ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် မပြောဘဲ အပြစ်ရှိရင် ရှိတဲ့ ဘင်္ဂလားဘဲ ဖြစ်ဖြစ် ရခိုင်ဘဲ ဖြစ်ဖြစ် ဥပဒေနဲ့ တိတိကျကျ အရေးယူဖို့ တိုက်တွန်းတာ။ ဒါဟာ ပြသနာရဲ့ တကယ့် main point ပါဘဲ။ အဲလိုမဟုတ်ဘဲ ဘက်တစ်ဘက်ကို နင်းပြီးဖြေရှင်းရင် မြန်မာပြည်လို လူမျိုးပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်မှာ အဓိကရုန်းဖက်ကို ဦးတည်သွားစေနိုင်ပါတယ်။ အဲလိုဖြစ်လို့ နစ်နာရင် တိုင်းပြည်နဲ့ ပြည်သူတွေဘဲ နစ်နာမှာဖြစ်ပြီး အာဏာရှင်ဟောင်းတွေအတွက်တော့ စားပေါက်ရသွားမှာဘဲဖြစ်ပါတယ်။
နောက် အများစွပ်စွဲနေကြတဲ့ ဒေါ်စုက ဟိုဖက်ကိုလိုက်တယ်ဆိုတဲ့ ကိစ္စကို မမှန်ကြောင်း သူမ ဖြေရှင်းသွားတယ်။ “ကျွန်မ ရိုဟင်ဂျာကို မသိဘူး” ဆိုတဲ့ နိုင်ငံခြား အင်တာဗျူးမှာပါတဲ့ သူမရဲ့ ပါးနပ်တဲ့ အဖြေဟာ သူမရဲ့ ရပ်တည်ချက်ကို ဖော်ပြလိုက်တာပါဘဲ။ ဒါဟာ ရခိုင်မှာ စိမ့်ဝင်နေတဲ့ ဘင်္ဂလားနိုင်ငံသားတွေကို ရိုဟင်ဂျာလို့ မသတ်မှတ်ဘူးဆိုပြီး အတိအလင်းပြောသွားတာပါ။ အင်မတန် ရှင်းလွန်းအားကြီးပါတယ်။
နောက်တချက်ရှိတာ ဒေါ်စုဟာ ဗုဒ္ဓဘာသာအတွက် အန္တရယ်ဆိုရင် ဘာလို့ သီတဂူဆရာတော်လို ကမ္ဘာ့သာသနာပြု ဆရာတော်တွေ၊ အရှင်ဆန္ဒာဓိကလို အများကြည်ညိုရတဲ့ ဆရာတော်တွေ၊ ဒယ်အိုးဆရာတော်လို အမှန်ကို အမှန်အတိုင်းဟောရဲတဲ့ ဆရာတော်တွေက ဘာလို့ဒေါ်စုဘက်မှာ ရပ်တည်နေရတာလဲ။ ဒေါ်စု သမ္မတဖြစ်ရင် ကုလားတိုင်းပြည်ဖြစ်မယ်ဆိုရင် ဒီဆရာတော်တွေက ဘာလို့ ဒေါ်စုဘက်မှာ ရှိနေတာလဲ။ ဒါတချက်စဉ်းစားစရာပါ။ နောက်ပြီး ဒေါ်စုဟာ ဘာသာတရား ကိုင်းရှိုင်းသလို သူမကြောင့် နိုင်ငံတကာမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးဆိုတာ ဒီလိုမျိုးဆိုပြီး ဂုဏ်တက်ရတာဘဲရှိပါတယ်။ ဒေါ်စုကြောင့် နိုင်ငံတကာမှာ ဗုဒ္ဓဘာသာ နာမည်ပျက်တာ မရှိဖူးပါဘူး။ သူမဟာ သံဃာတော်တွေကို မရိုက်ဘူး၊ ဝရမ်းပြေးအဖြစ် မဖမ်းဘူး၊ သေနတ်နဲ့ ပစ်ဖို့ အမိန့်မပေးဘူး၊ မီးလောင်ဗုံးတွေနဲ့ မပစ်ဘူး၊ ကျောင်းတွေ မသိမ်းဘူး၊ သိမ်တွေ မဖျက်ဘူး။ ဒီလိုမျိုးတောင်မှ သာသနာဖျက်မယ့်သူ၊ ဗုဒ္ဓဘာသာကို ဖျက်ဆီးမယ့်သူလို့စွပ်စွဲရင် ယုတ်တိရှိရဲ့လား…. သေချာစဉ်းစားကြည့်ရင် အဖြေ အရှင်းသားတွေ့ရမှာပါ။
ဒါမှ သဘောမပေါက်ဘူးဆိုရင် ဒေါ်စုရဲ့ သမိုင်းကို ပြန်ကြည့်ပါ။ လင်ယောင်္ကျား အင်္ဂလန်မှာ ရောဂါအခြေအနေဆိုးရွားပြီး ဆုံးခါနီးအချိန်တောင် မပြန်ဘဲနေတာ၊ ဖတဆိုး သား ၂ ယောက်ကို ပြန်မကြည့်အားဘဲ မြန်မာပြည်မှာ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတာ၊ အသက်အန္တရယ် ခြိမ်းခြောက်ခံရတဲ့ ဒီပဲယင်းလို အရေးအခင်းမျိုးကြုံလည်း နောက်မဆုတ်ဘဲ ဒီမိုကရေစီရရေး မမှိတ်မသုံကြိုးစားတာ၊ နေအိမ်အကျယ်ချုပ်ခံရလည်း ဘယ်တော့မှ အလျော့မပေးတာစတဲ့ သမိုင်းတွေကို ဖြတ်သန်းလာခဲ့တာ ဘယ်သူ့အတွက်လဲ။ မြန်မာပြည်သူတွေ အတွက်လား တိုင်းတပါးသားတွေ အတွက်လား။ ပြောမှာပေါ့ အာဏာရချင်လို့၊ ငွေမက်လို့၊ တိုင်းပြည်ရဲ့ အကြီးဆုံးနေရာမှာနေပြီး စိတ်တိုင်းကျ ချယ်လှယ်ချင်လို့ဆိုပြီး။
ဒါဆို အဲ့ဒီ စွပ်စွဲချက်တွေ မှန်မမှန် တချက်ကြည့်ရအောင်။ သူမသာ တကယ် ငွေမက်ရင် မြန်မာပြည်က ထွက်ပြီး ကြိုက်တဲ့ နိုင်ငံကြီးမှာ သွားနေလို့ရတာပေါ့။ နိုင်ငံတိုင်းကလည်း သူမလို သြဇာတိက္ခမ ကြီးတဲ့ ခေါင်းဆောင်မျိုးကို ကြိုဆိုပြီးသားဘဲ။ ငွေလိုချင်လား ပေးမှာဘဲ၊ အိမ်လိုချင်လား ပေးမှာဘဲ၊ ရာထူးလိုချင်လား လိုလိုလားလားနဲ့ကို ပေးအုံးမှာပါဘဲ။ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံတွေဟာ လူတစ်ယောက်ရဲ့ တန်ဖိုး၊ ခေါင်းဆောင်တစ်ယောက်ရဲ့ တန်ဖိုးကို အတိအကျ နားလည်လို့ပါဘဲ။ ဒါဆို သူမ ဘာလို့ ဒီနိုင်ငံမှာ အနစ်နာခံနေတာလဲ။ ဇိမ်နဲ့နေ ဇိမ်နဲ့သွားလို့ရတဲ့ အခြေအနေမျိုးကို စိတ်မဝင်စားဘဲ ပြည်သူတွေနဲ့ ဒီမိုကရေစီရရေး ဘာလို့ ရုန်းကန်နေရတာလဲ။
ဒါကရှင်းနေပါပြီ။ သူမ ရာထူးကို မက်တာမဟုတ်ဘူး၊ ငွေကိုလည်း မက်တာမဟုတ်ဘူး။ သူမမက်တာ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ရောက်ပြီး ပြည်သူပြည်သားအားလုံး တပ်မတော်ပါ မကျန် စည်းစည်းလုံးလုံး နေထိုင်ခွင့်ရတာကို မက်မောတာ။ ဒါကလည်း သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာပါဘဲ။ ဒေါ်စု ငယ်ငယ်လေးကတည်းက ဗိုလ်ချုပ်ဆုံးသွားလို့ ဖခင်နဲ့ သိပ်မနေလိုက်ရပေမယ့် ဖခင်ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ဗိုလ်ချုပ်ရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုင်းပြည် ထူထောင်နိုင်ရေးအိပ်မက်ကို တတ်နိုင်သလောက် အကောင်အထည်ဖော်ရင်း ကျေးဇူးဆပ်နေတာပါဘဲ။ ဒီလောက်ဆိုရင် ဒေါ်စုအပေါ် တော်တော်လေး အမြင်ရှင်းလောက်ပြီ ထင်ပါတယ်။ မှိုင်းတိုက်ခံထားရတဲ့ သူတွေ၊ အထင်လွဲနေတဲ့ သူတွေလည်း ဒေါ်စုအပေါ် အမြင်မှန် ပြန်ရပါတော့ဗျာ။ ၂၀၁၅ ဆိုတဲ့ ခရီးကြမ်းအတွက် တကွဲတပြားဖြစ်မနေဘဲ စုစည်းမှုဖြင့် အာဏာရှင်ဆန်တဲ့ ခြေဥကို ပြင်ဆင်ပြီး ဒီမိုကရေစီ တိုင်းပြည်သစ်ဆီ လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းရင် ဒီစာကို ဒီမှာဘဲ နိဂုံးချုပ်ပါတယ်ခင်ဗျာ။ အားလုံး ကျန်းမာချမ်းသာကြပါစေ။
Credit: Ryo Miyaichan
တရုတ်လမ်းသရဲ ၁၃ ဦးကို ရဲက ပစ်သတ်ဟု အစိုးရ ရုပ်သံ ဆို
တရုတ်နိုင်ငံ တောင်ပိုင်းက မငြိမ်မသက် ဖြစ်နေတဲ့ ရှင်ကျန်း ပြည်နယ်မှာ ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ လမ်းသရဲ ၁၃ ယောက်ကို ရဲက သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ အစိုးရ ရုပ်သံက ဆိုပါတယ်။
ရဲက ပစ်သတ်လိုက်တဲ့အဖွဲ့ဟာ ကက်ခ်ျဂါ ရဲစခန်းကို ကားနဲ့ ၀င်တိုက်ခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းကို ဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ရဲ ၃ ယောက်ဒဏ်ရာ အနည်းငယ် ရရှိတာကလွဲလို့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ စီစီတီဗွီက ဆိုပါတယ်။
အခြေအနေကို ဆက်လက်စုံစမ်းနေပြီး အခြေအနေကို ထိန်းသိမ်းထားနိုင်တယ်လို့ သတင်းက ဆိုပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်စွန်း ရှင်ကျန်း ပြည်နယ်မျာ အခုနောက်ပိုင်း တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပေါ်ပေါက်နေလို့ အစိုးရကလည်း ဆက်တိုက် နှိမ်နင်းနေရပါတယ်။
ဒီလအစောပိုင်းမှာပဲ တောင်ပိုင်းဒေသမှာ ဆိုးသွမ်းတိုက်ခိုက်သူ တဒါဇင်နဲ့ ဘေဂျင်းမြို့လယ် တီယန်နန်မင် ရင်ပြင်ကို တိုက်ခိုက်တဲ့ တခြားသုံးယောက်ကို အစိုးရက ကွပ်မြက်ခဲ့ပါတယ်။
မေလ ၃၁ ရက်နေ့က ရှင်ကျန်း ပြည်နယ်ထဲက ဥရန်ကျီ မြို့မှာ တိုက်ခိုက်ရေးသမားတွေက ဈေးတခုထဲကို ဖောက်ခွဲရေးပစ္စည်း ပစ်သွင်းဖောက်ခွဲခဲ့လို့ လူ ၃၁ ယောက်သေဆုံးခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ ဒီနှစ်တွေအတွင်း တရုတ်ပြည်မှာ အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။
dvb burmese
ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဒေါ်ကြိုင်ကြိုင် ကျန်းကျန်းမာမာရှိ
မဇ္ဈိမသတင်းဌာန
ရန်ကုန်၊ မဇ္ဈိမ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)၏ ဇနီး ဒေါ်ကြိုင်ကြိုင် ရန်ကုန် စစ်ဆေးရုံ၌ ယနေ့ (ဇွန်လ ၂၁ရက်) နံနက်က ဆုံးပါးသွားပြီဟု လူမှုကွန်ယက်တွင် သတင်းများ ပျံ့နှံ့လာ၍ ယခင် စစ်အစိုးရနှင့် နီးစပ်သူတစ်ဦးကို မဇ္ဈိမက မေးမြန်းရာ အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ယင်းသတင်းကို မကြားမိကြောင်းနှင့် ကျန်းကျန်းမာမာပင် ရှိနေကြောင်း ပြန်လည်ဖြေကြားသည်။
ဒေါ်ကြိုင်ကြိုင်မှာ ရန်ကုန်မြို့၊ ဦးဝိဇာရလမ်းရှိ စစ်တပ်အရာရှိများ ကုသသည့် ဆေးရုံတွင် ဆေးကုသလျက်သည်။
Mizzima Burmese
စင်္ကာပူ ချန်ဂီလေဆိပ်အတွင်းမှ လည်ပတ်စရာ နေရာလေးများ
Changi လေဆိပ်ကို အခေါက်ခေါက်အခါခါ  ဖြတ်သန်းဖူးပေမယ့် ကမ္ဘာ့အဆင့် best airport award ဆုတွေရထားတဲ့ လေဆိပ်ကြီးအတွင်းမှာ ဘယ်လို Entertainment တွေရှိတယ်ဆိုတာ သတိမထားမိခဲ့ဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် အမြဲတမ်း သုတ်ချည်တင်နေရလို့ပါ။
မကြာသေးမှီကမှ duty free ၀ယ်ဖို့ Airport website ကိုမွှေနှောက်ရင်း တွေ့မိသမျှ free entertainment ရတာလေးတွေကို ဘော်ဒါတွေ စိတ်ဝင်စားမယ်ထင်လို့ ရှယ်လိုက်တယ်။
၁။ Sunflower garden 
Terminal 2 အတွင်း တတိယအထပ်မှာရှိပါတယ်။ အမှတ်တရ ဓာတ်ပုံရိုက်လို့ကောင်းတယ်။ နေကြာပန်းခင်းအပြင် ကွင်းထဲမှာရှိတဲ့ လေယဉ်ပျံ အကြီးစားကြီးတွေအပါအ၀င် နောက်ခံထားအမှတ်တရ ရိုက်ပြီး ရွာကအမျိုးတွေ ကြွားလို့ရတာပေါ့။ (ကြွားပြီးပြီ။)
၂။ Movie Theatre 
Terminal 2 transit lounge တတိယထပ် နဲ့ Terminal 3 Department lounge တတိယထပ် မှာ ရှိပါတယ်။ တကယ့် ရုပ်ရှင်ရုံကြီး အပြင်အဆင်နဲ့မခြား ခုံ ၃၀ လောက်နဲ့ mini Theatre သဘောလေးဖန်တီးထားတာပါ။ Transit သုံးလေးနာရီလောက် အချိန်ဖြုန်းရမယ့် သူတွေအတွက် သင့်တော်ပါတယ်။ Free ဖြစ်ပြီး ခဏတော့ ကြည့်ဖြစ်ခဲ့တယ် T2 မှာ။
၃။ Gamer များအတွက် Entertainment Deck 
Xbox Kinect Room, MTV booth, XBOX360 and Playstation 3 consoles, music area and the aforementioned movie theatre စတဲ့ နေရာတွေမှာ free ကစားလို့ရတယ်။ Terminal 2 အတွင်း level 2 မှာ ရှိပါတယ်။ ဂိမ်းစိတ်မ၀င်စားလို့ ကြည့်ရုံပဲကြည့်ခဲ့တယ်
၎။ Social Tree 
Terminal 1 အတွင်းမှာပဲ ရှိပါတယ်။ photo booths ၈ ခုရှိပြီး ချက်ချင်းရိုက် ချက်ချင်းပို့ ချက်ချင်း facebook upload လုပ်လို့ရပါတယ်။ social tree က မိသားစုလိုက် ဓာတ်ပုံရိုက်ပြီးရင် Airport history ဒါမှမဟုတ် မိသားစုအမှတ်တရအတွက် နှစ်ပေါင်းများစွာ သိမ်းဆည်းထားနိုင်တယ်လို့ ဆိုပါတယ်။ အချိန်မရလို့ အများကြီး မစမ်းသပ်နိုင်ခဲ့ပါ။
၅။ Rest area နဲ့ free message chairs 
T1, T2, T3 အတွင်းနေရာတော်တော်များများမှာ ရှိပါတယ်။
၆။ Free Internet, Free Phone, free Wifi & free charging 
T1, T2, T3 အတွင်းနေရာတော်တော်များများမှာ ရှိပါတယ်။ free Wifi သုံးမယ်ဆို ကိုယ့်ဖုန်နံပတ် ရိုက်ထည့်လိုက်တာနဲ့ password ပို့ပေးပါလိမ့်မယ်။ ဒါမှမဟုတ် information counter ကနေ password ယူပြီးအသုံးပြုလို့ ရပါတယ်။ ကောင်တာမှ မိန်းကလေးတွေ သဘောကောင်းပါတယ်။
၇။ Orchid garden 
T2 အတွင်း level 2 မှာ ဓာတ်ပုံရိုက်သူများစွာဖြင့် တွေ့ရပါတယ်။ သစ်ခွပန်းအစစ်များရေပန်းများဖြင့် တော်တော်အလှဆင်ထားပါတယ်။
၈။ the Xperience Zone 
ဆိုဖာခုံ ကောင်းကောင်းနဲ့ latest sport news တွေကို ငြိမ့်ငြိမ့်ညောင်းညောင်း ကြည့်လို့ရတာ T2 အတွင်းမှာ ရှိပါတယ်။
၉။ Butterfly garden 
T3 အတွင်း departure transit lounge Level 2 & 3 မှာ ရှိပါတယ်။ လိပ်ပြာအမျိုးအစားပေါင်း ၄၇ မျိုးနဲ့ အကောင်အရေ ၁၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
၁၀။ Enchanted Garden 
T2 အတွင်း level 2 မှာ ရှိပါတယ်။ ပန်းအလှဆင်မှုတွေ လှပါတယ်။ ဓာတ်ပုံရိုက်သူများနဲ့ ရှုပ်ယှက်ခက်နေတဲ့ နေရာပါ။
၁၁။ Cactus Garden (ရှားစောင်း၊ ဇောင်းကြမ်း ဥယာဉ်)
T1 အတွင်း Level 3 မှာရှိပြီး လေယဉ်ပျံများ နောက်ခံထားပြီး ဓာတ်ပုံရိုက်လို့ကောင်းတယ်။
၁၂။ အမြင့် ၁၂ မီတာရှိ လျှောစီး 
၁ စက္ကန့်ကို ၆ မီတာနှုန်းဖြင့် လျှောစီးလို့ရပါတယ်။ T3 public area မှာရှိတာပါ။ Airport မှာ ၁၀ ဖိုး ၀ယ်တဲ့ single receipt ၁ခု ပြနိုင်ရင် စီးလို့ရပါတယ်။
၁၃။ Information counter တွေမှာ free candy လည်းရသေးတယ်။  
ဘယ်လိုနှံ့အောင် လည်ရမလဲဆိုတော့ စင်္ကာပူကပြန်ရင် အစေားဆုံး check in လုပ်ပြီးဝင်ပါ။ အတွင်းမှာ Terminal 1,2 & 3 ကို ဆက်သွယ်တဲ့ sky train ရှိပါတယ်။ ကိုယ့်လေယာဉ် Gate ပိတ်ချိန်တော့ သတိထားပေါ့။ ၁ နာရီခွဲ အချိန်ပေးနိုင်ရင် နှံ့စပ်နိုင်ပါတယ်။
တခြားနိုင်ငံကနေ စ လုံးကိုဝင်ရင် ချက်ချင်းမထွက်ပါနဲ့။ Sky Train စီးပြီး ပတ်လိုက်ပါဦး။ baggage ရွေးရမယ်ဆိုပြီး စိတ်မပူပါနဲ့ ။ နောက်ဆုံး ကိုယ်အိတ်ပဲ ကျန်ပြီး တနေရာရာမှာ ပုံထားပါလိမ့်မယ်။ လုမရွေးရတော့ဘူးပေါ့။ အိတ်မှာ နာမည် အကြီးကြီးရေးထားဖို့တော့လိုတယ်။ တော်ကြာ မှားပါသွားရင် အချိန်ကုန်မှာစိုးလို့ပါ။
မသိသေးသော သူငယ်ချင်းများအတွက်ဖြစ်ပါတယ်။ ပျော်ရွှင်စွာ လည်ပတ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း….
လွမ်းအောင် ကူချွဲ
ရန်ကုန်ဘူတာကြီးမှ လမ်းဘေးစာသင်ဝိုင်း (ရုပ်သံ)
အတန်းပညာ ဆက်လက်မသင်ကြားနိုင်တဲ့ ကလေးငယ်တွေဟာ ရန်ကုန်ဘူတာကြီးရဲ့ စင်္ကြန်နံပါတ် (၃) မှာ သူတို့ရောက်နေပါတယ်။
လမ်းဘေးစာသင်ဝိုင်း (ရန်ကုန်) ပရဟိတအဖွဲ့ကနေ စာသင်ကြားပေးနေတာဖြစ်ပါတယ်။ လာရောက်သင်ကြားသူ ကလေးငယ် ၆၀ ရှိတဲ့အနက် ကလး ၆ ဦးကသာ အစိုးရကျောင်းကို တက်နေတာဖြစ်ပါတယ်။ ဒီစာသင်ဝိုင်းတွေကို ၂၀၁၄ ခုနှစ် မေလမှာ စတင်သင်ကြားနေတာဖြစ်ပါတယ်။
Mizzima Burmese