ဝင်ကြေးအခမဲ့ဖြင့်ကျင်းပမည့် တွံတေး သိန်းတန် ၁၅နှစ်ပြည့် ကွယ်လွန်ခြင်း အမှတ်တရဖျော်ဖြေပွဲ

ပို့စ်တင်ချိန် - 11/23/2013 08:29:00 PM


့မြန်မာ ပြည်သူပြည်သားများ၏ နှလုံးသားတွင် တသသစွဲကျန်ရစ် သော ပြည်သူချစ် အနုပညာရှင် ဟူသည် မှာလက်ချိုးရေ၍ ရပေသည်။ ထိုအထဲ တွင်မှ တစ်ခေတ် တစ်ခါ က အခြေခံ လူတန်းစားဘက်မှ ကိုယ်စား ပြုတေး သီချင်းများစွာ အပြင် မြန်မာသံစဉ် စစ် စစ်များကို ဖန်တီး ဖော်ကျူးခဲ့သော တေးသံရှင်ကြီး တွံတေး သိန်းတန် ၏ ကွယ်လွန်ခြင်း ၁၅နှစ်ပြည့် အထိမ်း အမှတ် ပွဲကြီးကို နိုဝင်ဘာလ ၂၃ရက် နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ကွင်း အမှတ်၂ တွင် ဝင်ကြေး အခမဲ့ဖြင့် ကျင်းပ ပြု လုပ်တော့မည်ဖြစ်သည်။

ထို့အပြင် တွံတေးသိန်းတန် ပုံတူကြေးသွန်းရုပ် ကိုလည်း အဆိုပါပွဲအပြီး တွံတေးမြို့ မှာ သွား ရောက်ထားရှိမည့်အစီအစဉ် လည်း ရှိကြောင်း သိရသည်။ ထိုအစီ အစဉ်များ အတွက် စာနယ်ဇင်း ရှင်း လင်းပွဲကို နိုဝင်ဘာလ ၁၃ရက် နေ့၊ မွန်းလွဲ ၁ နာရီ အချိန်က Orchid City Hotel တွင် ကျင်းပပြုလုပ်ခဲ့ သည်။

ယခု ကျင်းပမည့် တွံတေး သိန်း တန်ကွယ်လွန်ခြင်း ၁၅နှစ်ပြည့် အထိမ်း အမှတ်ပွဲကို တွံတေး သိန်းတန်သား သမီးများ ဖြစ်ကြသော သားကြီး စိုင်းမြတ်သူ၊ သန်းသန်းနိုင် ၊ ချယ်ရီသိန်းတန်၊ ဝင်းပပသိန်းတန် တို့ မောင်နှမ များက စီစဉ်ဆောင်ရွက် ကြခြင်း ဖြစ်ပြီး၊ သရုပ်ဆောင် ကျော်ထူးကလည်း ပါဝင် ကူညီပေးထားကြောင်း သိရ သည်။ အဆိုပါ ပွဲတွင် ပါဝင်ကူညီ ပတ်သက်ဖြစ်ပုံနှင့် ပတ်သက်၍ သရုပ် ဆောင်ကျော်ထူး က “ကျွန်တော်က တွံတေး ဦးသိန်းတန်၊ ပန်တျာကြည် လင် တို့ ဇာတ်အဖွဲ့ ထဲမှာ ပညာသင် အဖြစ် လိုက်ဖူးတယ်။ ခင်ပွန်းကြီး ဆယ်ပါးထဲမှာ တစ်ပါး အပါအဝင် ဖြစ်တဲ့ အတွက် ကျေးဇူးဆပ်တဲ့ သဘော လည်းရောက်အောင် လိုအပ်တဲ့ တစ် ထောင့် တစ်နေ ရာကနေ ပါဝင် ကူညီပေးတာပါ။

ကျွန်တော့် အနေနဲ့ ရုပ်ရှင် အသိုင်းအဝိုင်းက တတ်နိုင်သမျှ ပါဝင် ပေးဖို့ ဖိတ်ပေးတယ်။ ပြီးတော့ တခြား လိုအပ် တဲ့ နေ ရာတွေ မှာလည်း နိုင် သလောက် ကူညီပါတယ်။ ဝင်ကြေး အခမဲ့ ဆိုတာကတော့ တွံတေး သိန်း တန်နဲ့ ပတ်သက်ပြီး သူ့သားသမီး တွေ က လုပ်စား သွားတယ်ဆိုတာမို့ ဖြစ်မှာစိုး လို့ပါ။ ဒီပွဲမှာ ဆိုမယ့် အဆိုတော်တွေ အကုန်လုံးက ဦးသိန်းတန် သီချင်း တွေပဲ ဆိုကြမယ်။ ရုပ်ရှင် အသိုင်း အဝိုင်းက သူတွေက တေးသရုပ်ဖော် အနေနဲ့ ပါဝင်အားဖြည့် ကြမယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး အများကြီး မျှော် လင့်ထားတာ မျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ စိတ်မကောင်းတာ တစ်ခုက တွံတေး သိန်းတန် အတွက် ဒီပွဲမှာ ဘယ်တီဗီချန်နယ် ကမှ လာရိုက်တာမျိုး မရှိဘူး။

နယ်တွေမှာ ရှိတဲ့ သူ့ပရိသတ် တွေလည်း တွံတေးသိန်းတန် ကို ပြန် ခံစားချင်မှာပဲ။ ဘယ်ချန်နယ်ကမှ မရိုက် မလွှင့်တဲ့ အတွက် သူတို့ လည်း ကြည့် လို့မရဘူး။ ရိုက်ကူးရေး မရှိတော့ စပွန် ဆာလည်း တောင်းလို့ မရတော့ သူတို့ မိသားစု အခက်အခဲ ဖြစ်နေကြ တယ်။ မြန်မာနိုင်ငံ က အထင်ကရ ပုဂ္ဂိုလ် တစ်ဦး ရဲ့ပွဲမှာ ပါဝင် ပတ်သက်ရတဲ့ အတွက် ဂုဏ်ယူ ဝမ်းသာပါ တယ်” ဟု ပြောသည်။ ထိုပွဲကြီး ကျင်းပဖြစ်ပုံနှင့် ပတ်သက်၍ တွံတေးသိန်းတန် ၏ သား အကြီးဖြစ်သူ စိုင်းမြတ်သူ ကလည်း “ကျွန်တော်တို့ အရင် ကတော့ အကြောင်း အမျိုးမျိုးကြောင့် မလုပ်နိုင်ခဲ့ဘူး။ အခုတော့ ကျွန်တော့် သူငယ်ချင်း ကိုကျော် ထူးတို့က စေတနာ အပြည့် နဲ့ ကူညီပေး တဲ့အတွက် အခက်အခဲ ကြားထဲကနေ လုပ်ဖြစ်တာပါ။

ဖေဖေ ၁၅နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ပြည်သူ့ရင်ပြင်ကွင်း အမှတ်၂မှာ မြန်မာသံ တေးသံရှင် များနဲ့အတူ ရုပ်ရှင် သရုပ်ဆောင် ညီ၊ ညီမ များကလည်း ဝိုင်းဝန်းကူညီ ကြမှာပါ။ ဖေဖေ့ သီချင်းတွေကို အမှတ် တရ သီဆိုကြရင်း ပြည်သူ အားလုံးကို အခ မဲ့ဖျော်ဖြေ သွားမှာပါ”ဟု ပြောသည်။ တွံတေးသိန်းတန် ၏ အမှတ်တရ ရုပ်တုကိုမူ မန္တလေးမြို့ တွင် ထုလုပ် လျက်ရှိပြီး တွံတေးသိန်းတန် ဖျော်ဖြေပွဲ အပြီး တစ်ပတ်ခန့် အကြာတွင် တွံတေးမြို့၌ သွားရောက် စိုက်ထူမည် ဖြစ်ကြောင်းလည်း သိရသည်။

ရဲရဲ
Popular Journal