ဘရာဇီးမှ အေးခဲ အမဲသားနှင့် ကြက်သားများ တင်သွင်းရန် စီစဉ်

ပို့စ်တင်ချိန် - 11/23/2013 08:28:00 PM


ရန်ကုန် ၊ နိုဝင်ဘာ ၂၂။ ။ ဘရာဇီး နိုင်ငံမှ အေးခဲအမဲသားနှင့်ကြက် သားများ မြန်မာနိုင်ငံသို့တင်သွင်းရန်စီစဉ်လျက်ရှိကြောင်း မွေးမြူ ရေး၊ ရေလုပ် ငန်းနှင့်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းသို့တင်သွင်းနိုင်ရေး အတွက် ဘရာဇီးနိုင်ငံအမဲသား ပြည်ပတင်ပို့သူများ အသင်းနှင့် ကြက်သား တင်ပို့သူများအသင်း မှ မွေးမြူရေး၊ ရေ လုပ်ငန်းနှင့်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူများနှင့် လာရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင် မြတ်ဦးက ''သူတို့အနေနဲ့ အေးခဲ အမဲသားနဲ့ ကြက်သားတွေကို ဒီ မှာလာပြီးတော့ ရောင်းချင်လို့ စကားလာပြောတဲ့ အဆင့်ပဲရှိပါ သေးတယ်။ ဌာနအနေနဲ့ကတော့ ခွင့်ပြုမယ်၊ မပြုဘူးဆိုတာမဆုံး ဖြတ်ပါဘူး။ တင်သွင်းခွင့်ရရင် တော့ အဲဒီအသားတွေကိုစားသုံး ရန်သင့်မသင့်၊ ကျန်းမာရေးနဲ့ညီ ညွတ်မှုရှိမရှိ စစ်ဆေးပေးဖို့ပဲ ရှိ ပါတယ်''ဟု ဆိုသည်။
လက်ရှိ ပြည်တွင်းမွေးမြူ ရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မား နေမှုကြောင့် ကုန်ဈေးနှုန်းကြီး မြင့်နေသဖြင့် အိမ်နီးချင်းနိုင်ငံ များမှ အေးခဲအသားများ တရား မဝင် ဝင်ရောက်မှုများရှိနေ ကြောင်း ပြည်တွင်းလုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆိုသည်။

ပြည်တွင်းမွေးမြူရေး လုပ် ငန်းရှင်တစ်ဦးက ''အေးခဲအသား တွေ ပြည်တွင်းကိုတင်သွင်းမယ် ဆိုရင် ပြည်တွင်းလုပ်ငန်းရှင်တွေ အတွက် အများကြီးထိခိုက်မှုရှိ နိုင်ပါတယ်။ ဒီမှာရှိတဲ့ဟိုတယ်တွေ သုံးဖို့အတွက် တင်သွင်းချင်တယ် လို့ ကြားတယ်။ အဲဒါနဲ့ပတ်သက် ပြီး ဟိုတယ်တွေလိုချင်တဲ့အရည် အသွေးနဲ့ အမဲသားရော၊ ကြက် သားပါ ဒီမှာ ထုတ်ပေးနိုင်ပါ တယ်''ဟု ဆိုသည်။
လက်ရှိတွင် ပြည်တွင်းနယ် စပ်ဒေသများမှတစ်ဆင့် အေးခဲ အမဲသားနှင့်ကြက်သားများ ဖမ်း ဆီးရမိကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များအရ သိရ သည်။
Yangon Media Group
အာကာစိုး