စိန်ဂေဟာစူပါမားကတ်၏ အီးမေးလ်များ တိုက်ခိုက်ခံရ

ပို့စ်တင်ချိန် - 11/28/2013 07:33:00 PM


အတွဲ (၁၄)၊ အမှတ် (၄၆)
Tue, 11/26/2013 - 12:35
စိန်ဂေဟာစူပါမားကတ်၏ လုပ်ငန်းသုံးဆိုင်ရာ အီးမေးလ်များတိုက်ခိုက်ခြင်း ခံနေရသည်ဟု စိန်ဂေဟာ စူပါမားကတ်၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဟန်ဝင်းထွဋ်က ဆိုသည်။

၎င်းတို့အနေဖြင့် လုပ်ငန်းသုံးဆိုင်ရာ အီးမေးလ်တိုက်ခိုက်ခံရရုံသာမက စူပါမားကတ်အတွက် လွှင့်တင်ထားသည့် ဖေ့ဘုတ်စာမျက်နှာများကိုလည်း တိုက်ခိုက်သူများ၏ ထိန်းသိမ်းမှုကိုခံခဲ့ရသည်ဟု သိရသည်။ “ရုံးလုပ်ငန်းဆိုင်ရာ အီးမေးလ်တွေကို တိုက်ခိုက်ခံနေရလို့ Password တွေကို ပြန်ချိန်းနေရပါတယ်” ဟု ဦးဝင်းထွဋ်က ပြောသည်။ စိန်ဂေဟာစူပါမားကတ်၏ ဖေ့ဘုတ်စာမျက်နှာကို ယခု ၁၅ ရက်နေ့၌ တိုက်ခိုက်သူများ လက်ဝယ်၌ အထိန်းသိမ်းခံလိုက်ရခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ပြန်လည်ရရှိခြင်းမရှိကြောင်း သိရသည်။

ထိန်းသိမ်းခံထားရသည့် ဖေ့ဘုတ်စာမျက်နှာ၌ စိန်ဂေဟာစူပါမားကတ်အနေဖြင့် ပရိုမိုးရှင်းများ ပြုလုပ်မည်ဖြစ်ကြောင်း လွှင့်တင်ထားသော်လည်း စူပါမားကတ်၏ ဒါရိုက်တာအဖွဲ့ဝင်များသည် ၎င်းတို့လွှင့်တင်ြခင်းမဟုတ်ဘဲ ထိန်းသိမ်းထားသူများ၏ လုပ်ရပ်သာဖြစ်သည်ဟု ပြောဆိုခဲ့သည်။ စိန်ဂေဟာစူပါမားကတ်သည် ၎င်းတို့၏ အင်တာနက်အသုံးပြုမှု တိုက်ခိုက်ခံခဲ့ရခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့သည် သတင်းမှားများနှင့် တိုက်ခိုက်ခြင်းမရှိဟု ပြောဆိုခဲ့သည်။ စိန်ဂေဟာစူပါမားကတ်အနေဖြင့် Seingayhar အမည်ဖြင့်လွှင့်တင်ထားသည့် ဖေ့ဘုတ်စာမျက်နှာတိုက်ခိုက်ခံခဲ့ရသည့်နောက်ပိုင်း seingayhar.myanmar အမည်ဖြင့် ဖေ့ဘုတ်စာမျက်နှာတစ်ခုကို ထပ်မံလွှင့်တင်ခဲ့သော်လည်း လွှင့်တင်ပြီး ၁၀ နာရီအကြာ၌ ထပ်မံထိန်းသိမ်းခြင်း ခံခဲ့ရသည်။


ဝေဝေ
Internet Journal