Time မဂ္ဂဇင်းရဲ့ “Person of the Year” မှာ Miley Cyrus ဖြစ်နိုင်ဖွယ်ရှိ

ပို့စ်တင်ချိန် - 11/28/2013 06:41:00 PM


လူတွေပြောနေကြတာက လတ်တလောမှာ Miley Cyrus တစ်ယောက် Time ရဲ့ “Person of the Year” အဖြစ် ရေပန်းစားနေပါတယ်တဲ့။

စာဖတ်သူတွေဟာ အသက် ၂၁အရွယ်ရှိတဲ့ အဆိုတော်မလေးကို ချီးကျူးထောပနာပြုဖို့ သောင်းသောင်းဖျဖျနဲ့ မဲပေးနေကြပါတယ်။ ဒုတိယနေရာမှာလိုက်နေတဲ့ ပြိုင်ဖက်ကတော့ CIA ရဲ့ ကွန်ပျူတာ အကျော်အမော်တစ်ယောက်ဖြစ်သူ Edward Snowden ဖြစ်တယ်လို့ သတင်းတွေ ပေါက်ကြားနေပါတယ်။

တတိယနေရာမှာကတော့ အိန္ဒိယ နိုင်ငံရေးသမား Narendra Modi လို့သတင်းထွက်နေပြီး ဆီးရီးယား သမ္မတနဲ့ ရုရှားသမ္မတတို့က သူ့နောက်က လိုက်နေပါတယ်။

ပါကစ္စတန် လူငယ်တက်ကြွလှုပ်ရှားသူ Malala Yousafzai , မင်းသမီး Angelina Jolie, ပုပ်ရဟန်းမင်း Francis, ဘက်စကတ်ဘော ကစားသမား LeBron James နဲ့ သမ္မတ Barack Obama တို့လည်း နာမည်ကြီး စာရင်းထဲမှာပါဝင်နေပါတယ်။

မဲပေးခြင်းများကို ဒီဇင်ဘာလ (၄)ရက်နေ့ထိ နောက်ဆုံး သတ်မှတ်ထားပြီး Time ရဲ့ အယ်ဒီတာက “Person of the Year” ဘယ်သူဖြစ်မယ်ဆိုတာကို ဒီဇင်ဘာလ (၁၁)ရက်နေ့မှာ တရားဝင်ကြေငြာမှာ ဖြစ်တာကြောင့် စောင့်ကြည့်ကြရပါဦးမယ်။

Trend Myanmar