Pages Manager iOS တွင် ဓာတ်ပုံပို့စ်များကို Schedule ဖြင့်တင်နိုင်မည်

ပို့စ်တင်ချိန် - 1/31/2014 12:22:00 PM


iOS အတွက် ဖြန့်ချိထားသည့် Page Manager app တွင်ဓာတ်ပုံပို့စ်များကို Schedule ဖြင့်တင်နိုင်ရန်အတွက် Facebook က update အနေဖြင့်ဖြန့်ချိပေးလိုက်ကြောင်း သိရသည်။ အဆိုပါ feature သည် Android app အတွက် ဖြန့်ချိထားသည့် Pages Manager တွင်ပါဝင်ထားပြီးဖြစ်သည်။

iOS အတွက် update အနေဖြင့် ဖြန့်ချိပေးလိုက်သည့် Pages Manager app သည် iOS 7 ဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး post များနှင့် Comment များတွင် Facebook သုံးစွဲသူများကို tag တွဲနိုင်မည်ဖြစ် သည်။

အဆိုပါ feature ထည့်သွင်းခြင်းသည် လူမှုရေးမီဒီယာနှင့် အွန်လိုင်းဈေးကွက် ရှာဖွေသူများအတွက် သတင်းကောင်းတစ်ရပ်လည်း ဖြစ်သည်။ ယနေ့ခေတ်တွင် Facebook သည် ဈေးကွက်ရှာဖွေရာတွင် အသုံးပြုသည့် အခြေခံ tool တစ်ခုဖြစ်လာလျက် ရှိကြောင်းသိရသည်။

-နောင်နောင်
Ref: TNW
Internet Journal