အေစီမီလန် လူငယ်ကစားသမား အမ်ဘာရီနိုင်း ထောင် ၁၈လ ကျခံရမည်

ပို့စ်တင်ချိန် - 2/27/2014 09:57:00 AM



အေစီမီလန်တိုက်စစ်မှူး အမ်ဘာရီနိုင်းမှာဖေဖော်ဝါရီလ အစောပိုင်းက
ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကြောင့်ထောင်ဒဏ် ၁၈လ ချမှတ်ခံခဲ့ရသည်။ ယခုလ အစောပိုင်းက မောင့်ပယ်လီယာမြို့တွင် အမ်ဘာရီနိုင်း၏ ဖာရာရီကားကြောင့် ယာဉ် ၁၁စီး တိုက်မှုဖြစ်ပွားခဲ့ပြီး ၎င်း၏ ကားမှာလည်း အရှိန်လွန်ကာ လမ်းဘေးရှိသစ်ပင်ကို ၀င်တိုက်မိခဲ့သည့်အပြင် လူ ၁၁ဦး ဒဏ်ရာရစေခဲ့ကြောင်း အစိုးရရှေ့နေမှ ဖော်ထုတ်နိုင်ခဲ့သည်။

တရားလိုဘက်မှ အမ်ဘာရီနိုင်းအား နာရီ ၁၇၀ကြာ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန်သာ တောင်းဆို ခဲ့သော်လည်း ပြည်သူပိုင်ပစ္စည်း ပျက်စီးစေမှု၊ အသက်အန္တရာယ် ခြိမ်းခြောက်မှု၊ယာဉ်မောင်းလိုင်စင်မရှိခြင်းတို့ကြောင့်
မောင့်ပယ်လီယာ တရားရုံးမှ ၎င်းအား ထောင်ဒဏ် ၁၈လ ချမှတ်ခဲ့ကြောင်း သိရသည်။

@z (ရိုးရာလေး)