Google Earth မှာတွေ့ရတဲ့ အထူးဆန်းဆုံး ပုံရိပ်များ

ပို့စ်တင်ချိန် - 2/27/2014 01:05:00 PM

ဟိုးကောင်းကင် အထက်ကပဲမြင်နိုင်တဲ့ အလွန့်အလွန်ကြီးတဲ့ အမှတ်ကြီးတွေဟာ သိပ်ကိုထူးဆန်းလွန်းပါတယ်။  ဒီပုံရိပ်တွေကို Google Earth အသုံးပြု ကြည့်ရှုသူတွေက  စုဆောင်းထားတာဖြစ်ပါတယ်။ ကုန်အမှတ်တံဆိပ်တွေ၊ ထူးထူးဆန်းပုံရှိတဲ့ ရေကန်ကြီးတွေ၊ စက်ဝိုင်းပုံဖြတ်တွေ၊ ကန္တာရ တွေနဲ့ ကျောက်စိုင် အကွေးအပြတ် စတာတွေ ပေါင်းထားတာကို တွေ့ရပါတယ်။

အိုဟိုင်းယိုးပြည်နယ် ကိုလမ်ဘီယာ စတေရှန်မြို့က အသည်းပုံရေကန်ကြီး။

ချီလီနိုင်ငံတ တစ်ယောက်ယောက်ဟာ ကိုကာကိုလာ သိပ်ကြိုက်ပုံရပါတယ်။ မြေဆွေးမြေပျော့မှာ ထွင်းထားတဲ့ ကုန်အမှတ်တံဆိပ် ပုံပါ။

လင်းနို့လူသားရဲ့ လျှို့ဝှက် ရုံးချုပ်များလား။ ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့က အဆောက်အအုံ တစ်ခုရဲ့ ခေါင်မိုးမှာ စူပါဟီးရိုးရဲ့ အမှတ်တံဆိပ် ပေါ်နေပါတယ်။

လူလား၊ ကြောင်လား။ ချီလီနိုင်ငံ၊ တာရာပါကဒေသ၊ ဟွာရာရွာက ပုံရိပ်ကြီး။

Idaho ပြည်နယ်၊ Boise အမျိုးသားသစ်တော ထဲမှာ လူတွေစုပြီး Google Earth က တဆင့် ကမ္ဘာအနှံ့ကို မက်ဆေ့ဂ်ျပေးနေပုံ။

တရုတ်ကန္တာရထဲက ထူးထူးဆန်း ပုံရိပ်ကြီး။

အိုရီဂွန်ပြည်နယ်၊ ဒေတွန်မြို့က Firefox အမှတ်တံဆိပ်ဟာ ဂြိုဟ်သားတွေရဲ့ လက်ချက်တော့ မဟုတ်လောက်ပါဘူး။

အမေရိကဇာတိ လူတစ်ယောက် ဦးခေါင်းပုံရှိတဲ့ Badlands Guardian ကို ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာ ပြည်နယ်၊ Walsh ဒေသ မြေမျက်နှာသွင်ပြင်ကို  Google Earth ရဲ့ အထူးဆန်းဆုံး နေရာအဖြစ် အတည်ပြုထားပါတယ်။


Ref:dailymail.co.uk
Trend Myanmar