မြန်မာပြည် မြောက်ဖျားပိုင်းမှာ သွားဖျော်ဖြေတဲ့ Iron Cross

ပို့စ်တင်ချိန် - 2/27/2014 01:04:00 PM


ဦးတေဇရဲ့ ထူးဖောင်ဒေးရှင်က ကြီးမှုးကျင်းပပြုလုပ်တဲ့ မလိခမြစ်လယ်က နတ်ကျွန်းစေတီ ထီးတင်ပွဲ အခမ်းနား အောင်မြင်တဲ့အထိမ်းအမှတ်အနေနဲ့  Iron Cross (IC) တေးဂီတနဲ့ ပူတာအို ဘောလုံးကွင်းမှာ မနေ့ ညပိုင်းက ဖျော်ဖြေခဲ့တဲ့   ပွဲဖြစ်ပါတယ်။

တိုင်းရင်းသား ရိုးရာအကတွေနဲ့ ဖျော်ဖြေပွဲကို စတင်ခဲ့ပြီးနောက်မှာ  Iron Cross အဖွဲ့က လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ ချမ်းချမ်း၊ ကော်နီ၊ ဆုန်းသင်းပါ(ရ်)၊ စိုင်းအောင်ခမ်းထီ တို့က တေးသီချင်းတွေနဲ့ ဖျော်ဖြေ တင်ဆက်သွားတာ ပူတာအို ဒေသခံပရိသတ်တွေနဲ့ ခြိမ့်ခြိမ့်သည်း စည်ကားတယ်လို့ သိရပါတယ်။

မြန်မာ့ ဆိုင်းဝိုင်း ဖြစ်တဲ့ မြန်မာပြည် ကျောက်စိမ်းအဖွဲ့ နဲ့အတူ ပူးပေါင်းတီးခတ်ဖျော်ဖြေမှုလည်း လုပ်ခဲ့ပြီး ယူရေနီယံ Dancer အဖွဲ့ကလည်း စစ်နှင့်ငြိမ်းချမ်းရေး အပါအ၀င် တေးသီချင်းတွေကို ကကွက်တွေဖော်ပြီး တင်ဆက်သွားတာဖြစ် ပါတယ်လို့ ထူးဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘုတ် Facebook စာမျက်နှာမှာဖော်ပြထား ပါတယ်။























ဓာတ်ပုံ- ထူးဖောင်ဒေးရှင်း ဖေ့စ်ဘုတ်

The Irrawaddy