ကမ္ဘာကျော်နေတဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်မြင်ကွင်း

ပို့စ်တင်ချိန် - 2/27/2014 09:50:00 AM


သားနဲ့ သမီး ဆုံးရှုံးလိုက်ရလို့ သောကမီးတောက်လောင်နေတဲ့ မိဘရဲ့ ရင်နင့်ဖွယ် မြင်ကွင်းတွေနဲ့ ထိုင်းနိုင်ငံ က အဖြစ်ဆိုးတခုက အခု ထိုင်းမီဒီယာတွေသာမက ကမ္ဘာ့မီဒီယာတွေမှာလည်း ဖော်ပြနေကြပါ တယ်။




ဓာတ်ပုံ- The Nation သတင်းစာ

သားနဲ့ သမီးဟာ မကြာသေးခင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆန္ဒပြသူတွေကို ရည်ရွယ်ပစ်ခွင်း လိုက်တဲ့ ဗုံးကြောင့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးသွားတဲ့အခါ ကျန်ရင်တဲ့ ဖခင်ရဲ့ ပူဆွေးသောကဖြစ်နေ ပုံတွေပါ။
ဘယ်လောက်ထိ ကျေကွဲခံစားနေရမယ်ဆိုတာ ဒီပုံတွေနဲ့ ဈာပနချတဲ့ ဗီဒီယို မြင်ကွင်းတွေနဲ့ ခန့်မှန်း နိုင်ပါ တယ်။

ဘယ်လိုမှ မျှော်လင့်မထားဘဲ ဆန္ဒပြမှုတွေထဲလည်း မပါဝင်တဲ့ မိသားစုတစုက ကလေးငယ် ၂ ဦး ဟာ လောကကြီးက ရုပ်တရက် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ရပြီး ကျန်ရစ်သူ မိသားစုသာ မက ထိုင်း နိုင်ငံသားတွေ၊ နိုင်ငံတကာ မိသားစုတွေကလည်း ဒီမြင်ကွင်းကြောင့် ထပ်တူ ကြေကွဲကြရမှာပါ။



The Irrawaddy