မြင်သမျှ ကြားသမျှ

ပို့စ်တင်ချိန် - 4/25/2014 02:55:00 PM


နှစ်သစ်ကူးပြန်ပေါ့
ဒီလိုရေးဖြစ်တာဟာ ဒီနှစ်သင်္ကြန်မှာ ကျွန်တော်ဟာ မြို့ကြီးအတော်များများကို ရောက်ဖြစ်တဲ့အတွက် ရေးဖြစ်တာပါ။ နာမည်ကြီးမြို့တွေဖြစ်တဲ့ ရန်ကုန် သင်္ကြန်၊ နေပြည်ေ တ်ာသင်္ကြန်၊ မန္တလေးသင်္ကြန်တို့ကို ကိုယ်တိုင်ကိုယ်ကျ ရောက်ခဲ့ပါတယ်။ ရန်ကုန်သင်္ကြန်ကတော့ ထုံးစံအတိုင်းပါပဲ။ ကားရှုပ်ရှုပ် လူရှုပ်ရှုပ်နဲ့ သိပ်ပြီး ပြောစရာမရှိပါဘူး။ ဒုတိယနေ့ကတော့ နေပြည်တော်သင်္ကြန် ရောက်ခဲ့မိပါတယ်။ နေ့လယ်လူစည်ကားရမယ့်အချိန် ရောက်သွားပေမယ့် ပါးစပ်အဟောင်း သားဖြစ်ရလောက်အောင် အံ့ အားသင့်ရပါတယ်။ လူတွေက ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ဥဒဟိုသွားနေကြပေမယ့် ဘယ်နေရာမှ ရေမပက်ပါဘူး။ ဒါနဲ့ပဲ ရေပက်နိုင်တဲ့ မြို့တော်ဝန်မဏ္ဍပ်ကို သွား ခဲ့မိပါ တယ်။
မြင်ထားတာနဲ့ မတူပါလား
မြို့တော်ဝန်မဏ္ဍပ်ကလည်း ထင်ထားတာနဲ့မတူလို့ အံ့အားသင့်ရပါတယ်။ မြို့တော်ခန်းမဝင်းထဲကို အစစ်အဆေးနဲ့ ဝင်ရတဲ့အပြင် အထဲရောက်တော့လည်း ဘာမှမတွေ့ ရပါဘူး။ တက်သစ်စနာမည်ကြီး သရုပ်ဆောင်တစ်ယောက်က သီချင်းဆိုနေပေမယ့် ကျွန်တော်တို့ကားအပါအဝင်ကားလေးစီးပဲ မဏ္ဍပ်ရှေ့မှာ ရှိနေပါတယ်။ စင်ရဲ့ဘေးနား မှာလည်း ရေပိုက်ကိုင်ပြီး ရေပက်နေတဲ့ ကလေး လေးငါး ခြောက်ယောက်ပဲ ရှိပါတယ်။ ရိုက်ကူးရေးကတော့ အပြည့်ပါပဲ။ အံ့သြတကြီးနဲ့ပဲ ကျွန်တော်တို့ ကားလေး ပြန် ထွက်တော့ တာဝန်ရှိသူတစ်ယောက် ထင်ပါ့။ ဘာဖြစ်လို့လဲဆိုတဲ့ စိတ်နဲ့ တထိတ်ထိတ်နဲ့ပဲ ရပ်ပေးလိုက်ပါတယ်။ ကိုယ်ကပဲ ယာဉ်ကြောမှားလို့လား။ ဘုမသိ ဘမသိနဲ့ ဒီ အထဲဝင်လာလို့များ အပြစ်ရှိလို့ တားလားပေါ့။ ဒါနဲ့ပဲ ကားရပ်ပေးလိုက်တော့…
”အစ်ကိုတို့ နောက်တစ်ပတ် ပတ်ပေးလို့ရမလား”
အံ့အားသင့်သွားပါတယ်။ ဒါနဲ့ပဲ
”ဘာလို့လဲ”
သူက ရှက်ယောင်ယောင်နဲ့ ခေါင်းကုတ်ပြီး
”လူကြီးတွေလည်း ရောက်နေပြီ။ အရှေ့မှာ ရေပက်ခံထွက်တဲ့ကား မရှိလို့ဗျ။ အဲဒါ..”
သဘောပေါက်စွာပဲ နောက်တစ် ပတ် ပတ်ပေးလိုက်ပါတယ်။ ဒီအခါမှာ တော့ လာကြည့်သူ ပရိသတ်ထက်များတဲ့ ယိမ်းအဖွဲ့ ခြောက်တီးခြောက်ချက်ကတာ မြင်ရပါတယ်။ စိတ်ထဲမှာလည်း ‘သြော်၊ တီဗီထဲ မြင်ရတာ ဒီလိုမျိုးလည်း မဟုတ်ဘူး’ ဆို ပြီး ပြုံးမိပါသေးတယ်။
ဘာကိုဘယ်လိုကြောင့်ပါလိမ့်
တစ်ဆက်တည်း စဉ်းစားမိပြန်ပါတယ်။ ဘာကို ဘယ်လိုကြောင့်များ မဏ္ဍပ်ကို အတွင်းထဲ ထိုးထားတယ်ဆိုတာကိုပါ။ တော်ရုံတန်ရုံလူက ဒီဝင်းကြီးထဲ အစစ်ဆေးခံပြီး ဘယ်ဝင်ချင်ကြမှာလဲ နော်။ မဏ္ဍပ်ကြီးတစ်ခုထဲ သီးခြားကြီးရှိ နေလေတော့ တော်ရုံလူက ‘နေပါကွာ၊ အဝေးကြီးတော့ မသွားနိုင်ဘူး’ ဆိုပြီး အတွေးဝင်ကြမှာပါပဲ။
အကယ်၍များ မဏ္ဍပ်ကိုသာ အပေါက်ဝထုတ်ထားလိုက်ရင် ဘယ်သူမဆို လမ်းမဘေးမို့ ဝင်လည်ကြမှာပါပဲ။ ဒါ့အပြင်ခန်းမဝင်းထဲ လူမဝင်လေတော့ လုံခြုံရေးအနေနဲ့ လည်း စိတ်ချရမယ် မဟုတ်လားခင်ဗျ။ ဒါလေး စဉ်းစားမိပါတယ်။ ရိုးရိုးသားသား ပြောမိတာပါ။ မှားချင်လည်း မှားပေမပေါ့။ ဥာဏ်ကြီး ရှင်မှမဟုတ်တာ။ ဥာဏ်ကြီး ရှင်တွေ သာ လူမရှိတဲ့နေရာ လူစည်ကားနေကြောင်း ဇာတ်ကားဆက်ထားတာကလား။
ဆိုးလိုက်တဲ့ အကြံများ
မြို့တော်ဝန်မဏ္ဍပ်မှာ စိတ်ပျက်ပြီး မြို့လယ်ကောင် လူစည်ပါတယ်ဆိုတဲ့ ဟိုတယ်ဇုန်ဘက်က မဏ္ဍပ်တွေဆီ ခြေဦးလှည့်ဖြစ်တယ်။ ဟုတ်ပါတယ်။ စည်ပါတယ်။ စည်တာမှ ကားဝင်ပြီးတာနဲ့ ဘယ်မှလှည့်လို့မရ ထွက်လို့မရအောင် ပါပဲ။ ကားတွေလည်း တစ်စီးမှ မလှုပ် တော့ပါဘူး။ ဘယ်ရွေ့ဘယ်မျှ စည်ကား ကြောင်း တီဗီမှာ လည်း ပြမှာပါ။ နှစ်နာရီလောက် ကားလှုပ်မရတာ နဲ့ စုံစမ်းကြည့်တော့ ဘယ်ဟုတ်ပါ့မလဲ။ မဏ္ဍပ်ထောင့်ကနေ ကားလမ်းကို ပိတ်ပစ်ထားတာကိုး။ ဒါကြောင့် ဒီမဏ္ဍပ်ထဲ ဝင်ပြီးရင် ဘယ်မှ လှုပ်မရ၊ လှည့်မရနဲ့ ပိတ်သိပ်ပြီးတော့ကို စည်နေတာ။ ကား တွေကလည်း ဝင်မရ ထွက်မရမို့ မူးမူးရူး ရူးနဲ့ ဆင်းကကြပေါ့။
မယုံရင် ပြန်ကြည့်၊ မဏ္ဍပ်ပေါ်က ဆိုတဲ့အဆိုတော်သာ ပြောင်းသွားတယ်။ အောက်ကလူ မပြောင်းဘူး။ ဆိုပါတော့ဗျာ။ မဏ္ဍပ်တစ်ခုရဲ့ ရှေ့မှာ ပျော်နေသူ ဆယ်ယောက် ဆိုရင် ဖြတ်မရ လှုပ်မရလို့ စိတ်ညစ်သူ တစ် သောင်းလောက်ရှိတယ်။ ကိုယ့်မဏ္ဍပ်ကို လူစည်ကြောင်း တီဗီမှာပြဖို့လောက် စဉ်းစားပြီး ဒီလိုအကြံမျိုးလုပ်တာတော့ လွန်လွန်းပါတယ်။ တီဗီမှာပြတော့ စည် ကားနေတာပေါ့။ စည်ကားမှာပေါ့၊ ထွက် လို့မှမရတာ။ ထွက်လို့မရတာ ရှင်းရှင်း လေး၊ ထွက်လို့မရအောင်လုပ်ထားတာပဲ ကို။ ဒါထက် ပိုဆိုးတာက ကားတွေက ထွက်မရ လှည့်မရနဲ့။ လူတွေကလည်း ထုံးစံအတိုင်း မူးရူးနေကြတာ။ ကားတစ် စီးနဲ့တစ်စီး ရန်ဖြစ်ကြရင် လူတွေ ဘယ် ကိုပြေးကြ မလဲ။ ပြေးကြပါပြီတဲ့၊ ဒီကား ကို လာပြန်ယူတဲ့အချိန် ကားတွေက ပိတ်မိနေတော့ ဒီရန်ဘက်တွေ ပြန်တွေ့ ပြီး ပြန်မဖြစ်နိုင်ဘူးလား။ တစ်ခုခုသာ ဖြစ်ရင် လူတွေ တွေ့ ကရာကား ရိုက်ဖြို သွားရင်ရော ဘယ်လိုလုပ်မလဲ။ ဥပမာ  နွေရာသီမို့ မီးလန့်ရင်ရော။ လူတွေဘယ် ပြေးမလဲ။ နောက်ပြီးတော့ဗျာ။ ထမင်းကျွေး သတဲ့။ ဒါပေမွဲှ့သငူနအ မ ထားပေးဘူး။ ဆိုပါတော့ဗျာ။ ကိုယ့်မဏ္ဍပ် လူစည်ကား ဖို့တစ်ခုတည်း၊ တီဗီမှာ ပြကောင်းရုံသက် သက်ပဲဆိုပြီး ဒီလိုလုပ်တာတော့ လွန် လွန်းတာပေါ့။
နောက်ပြီး အဲဒီမဏ္ဍပ်မှာပဲ။ သမ္မတကြီးရဲ့သဝဏ်လွှာကို ခပ်တည်တည် ဖတ်ကြားပြီး မကြာမီမှာပဲ ”ကိုကို၊ ကို ကို၊ ကိုကို မကောင်းဘူး။ ဒါဟာ ဆိုးတယ်”ဆိုတဲ့ သီချင်း တက်ဆိုတာကလည်း တိုက်ဆိုင်မှုများလား။ ဒါဆို ဒီတိုက်ဆိုင်မှုဟာ နှစ်နှစ်ရှိပါပြီဆိုတာပါပဲ။
မန္တလေးသင်္ကြန်
မန္တလေးသင်္ကြန်ကို ကျွန်တော် တစ်ခါမှ မရောက်ဖူးပါဘူး။ ရောက်သွား တဲ့အခါကျမှ မန္တလေးသင်္ကြန်ကို လူတွေဘာလို့ စွဲမက်ကြတယ်ဆိုတာ သဘော ပေါက်ပါတယ်။ ဟုတ်ပါတယ်။ ခပ်တိုတိုပဲ ညွှန်းပါရစေ။ အင်မတန်မှကို ပျော်စရာကောင်းပါတယ်။ လူတွေရဲ့ ယဉ်ကျေးမှု၊ မြို့တနံတလျား ရေပက်နေ မှု၊ ပျော်ရွှင်မှုတို့ ဟာ ပြောမပြ တတ်အောင်ပါပဲ။ ဒီကြားထဲ နာမည်ကြီးလှတဲ့ ငွေငန်းကြီးကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့အခါ အံ့အားသင့်ပြီး ငြိမ်သက်ခဲ့ရပါတယ်။ ဒါပေမဲ့ပေါ့ဗျာ။ စည်းကမ်းမဲ့တဲ့ ဆိုင် ကယ်တချို့ အိတ်ဇောဖြုတ်ထားတာ ကတော့ ပြောစရာဖြစ်စေပါတယ်။ ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ။
အကြည်တော်
Popular Myanmar