အန်ဖီးလ်တွင် မန်ချက်စတာစီးတီးကို အနိုင်ယူပြီး ချန်ပီယံဆုနှင့် နီးစပ်သွားခဲ့သည့် လီဗာပူးလ်

ပို့စ်တင်ချိန် - 4/14/2014 11:00:00 PM


ပရီးမီးယားလိဂ် ပွဲစဉ် (၃၄) လီဗာပူးလ်နှင့် မန်ချက်စတာစီးတီး ပွဲစဉ်တွင် အိမ်ရှင် လီဗာပူးလ်က ၃-၂ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

လီဗာပူးလ်တွင် မစ်ဂ်နိုလတ်၊ ဂျွန်ဆင်၊ ဖလာနာဂန်၊ ဆာခို၊ စကာတယ်၊ ဂျရတ်၊ ဟန်ဒါဆန်၊ ကော်တင်ဟို၊ စတာလင်၊ ဆွာရက်ဇ်၊ စတားရစ်ခ်ျတို့ ပါဝင်ကစားခဲ့သည်။
မန်ချက်စတာစီးတီးတွင် ဟတ်၊ ဇာဘလက်တာ၊ ကွန်ပနီ၊ ဒီမစ်ချယ်လစ်၊ ကလစ်ချီ၊ တိုရေး၊ ဖာနန်ဒင်ဟို၊ နာဗက်စ်၊ နာဆရီ၊ ဆေးလ်ဗား၊ ဒီဇီကိုတို့ ပွဲထွက်ပါဝင်ခဲ့သည်။

ပွဲချိန် ၅ မိနစ်တွင် ဒီမစ်ချယ်လစ်ကို ဖျက်ထုတ်ပုံကြမ်းခဲ့သည့် ဆွာရက်ဇ် အဝါကတ်ပြသခံရသည်။ ၆ မိနစ်တွင် လီဗာပူးလ်က အဖွင့်ဂိုး ရရှိသွားခဲ့ပြီး အဆိုပါဂိုးကို ဆွာရက်ဇ် ပေးပို့သည့် ဘောလုံးမှတစ်ဆင့် စတာလင်က ကွန်ပနီနှင့် ဂျိုးဟတ်ကို ခြေယောင်ပြကာ ကန်သွင်းယူခဲ့သည်။ ၁၅ မိနစ်တွင် စတာလင် ပေးပို့သည့် ဘောလုံးကို စတားရစ်ခ်ျ ပိတ်သွင်းသော်လည်း ဂိုးဘေးထွက်ခဲ့သည်။ ၂၆ မိနစ်တွင် တန်ပြန်တိုက်စစ်မှ တစ်ဆင့် ရရှိခဲ့သည့် ထောင့်ကန်ဘောကို ဂျရတ်ကန်တင်ရာမှ စကာတယ်က ခေါင်းတိုက်သွင်းပြီး လီဗာပူးလ် အတွက် ဒုတိယဂိုး ရယူခဲ့သည်။

ဒုတိယပိုင်းတွင် နာဗက်စ်အစား ဂျိမ်းစ်မီလ်နာ ဝင်ရောက်လာပြီးနောက် မန်စီးတီး ကစားပုံ ကောင်းမွန်လာခဲ့ပြီး ချေပဂိုးများ ရရှိခဲ့သည်။ ၅၇ မိနစ်တွင် မီလ်နာ၏ ကြိုးပမ်းမှုမှတစ်ဆင့် ဆေးလ်ဗားက ပထမ ချေပဂိုး သွင်းယူခဲ့သည်။ ၆၂ မိနစ်တွင် ဘယ်ခြမ်းမှ ဆေးလ်ဗား ထိုးပေးလိုက်သည့် ဘောလုံးက ဂျွန်ဆင်နှင့်ထိ၍ ဂိုးထဲဝင်သွားသဖြင့် မန်စီးတီး ဒုတိယ ချေပဂိုး ရရှိခဲ့သည်။ ထို့နောက် လီဗာပူးလ်က တိုက်စစ်ပြန်ဆင်လာခဲ့ပြီး ၇၈ မိနစ်တွင် လက်ပစ်ဘောကို ကွန်ပနီ ရှင်းထုတ်ပုံ မသေသပ်သောကြောင့် ရရှိသွားသည့် ဘောလုံးကို ကော်တင်ဟို အပြင်းကန်သွင်းရာမှ လီဗာပူးလ်က ဦးဆောင်ဂိုး ပြန်လည်ရရှိသွားခဲ့သည်။ မိနစ် ၉၀ တွင် နာဆရီကို ဖျက်ထုတ်ပုံ ကြမ်းခဲ့သည့် ဟန်ဒါဆန် တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ သို့သော်လည်း လီဗာပူးလ်က အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပြီး ပွဲအပြီးတွင် မန်ချက်စတာစီးတီးကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

soccermyanmar