သင်္ကြန်ရေကစားမဏ္ဍပ်များ၌ ခါးပိုက်နှိုက်မှုကျူးလွန်သူများကို ဖမ်းဆီး အရေးယူ ရန်ကုန်၊

ပို့စ်တင်ချိန် - 4/14/2014 09:28:00 AM


ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ရေကစားမဏ္ဍပ်များ၌ ခါးပိုက်နှိုက်များဖမ်းဆီးရမိရေးအတွက် သတင်းစုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်နေစဉ် လှိုင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ပြည်လမ်းပေါ်ရှိ Air Bagan ရေကစားမဏ္ဍပ်ရှေ့၌ ခါးပိုက်နှိုက်မှုကျူးလွန်ကြောင်း မသင်္ကာတွေ့ရှိသူများဖြစ်သည့် မိုးဝင်း (ခ)အောင်မိုးဝင်း၊ (၂၁)နှစ်၊ (ဘ)ဦးဝင်းကြည်၊ လှိုင်သာယာမြို့နယ်နေသူထံမှ ငွေကျပ်(၆၀၅၀)အား လည်းကောင်း၊ မဲကြီး(ခ)ဇင်မင်းထက်၊ (၂၄)နှစ်၊ (ဘ)ဦးကျော်တင့်၊ ရွှေပြည်သာမြို့နယ်၊ ကိုဖြိုး(ခ) ဖြိုးမောင်မောင်၊ (၁၇)နှစ်၊ (ဘ)ဦးပေါက်စ၊ လှိုင်သာယာမြို့နယ်နှင့် ကောက်ကွေး(ခ) အောင်ကိုဦး၊ (၂၄)နှစ်၊ (ဘ)ဦးကြည်ဝင်း၊ လှိုင်သာယာမြို့နယ်နေသူတို့(၃)ဦးထံမှ ငွေကျပ် (၃၀၀၀)အား လည်းကောင်း၊ အောင်နိုင်ဦး၊ (၂၅)နှစ်၊ (ဘ)ဦးရောဘတ်၊ ရွှေပြည်သာမြို့နယ်နေသူထံမှ ငွေကျပ်(၄၀၅၀)အားလည်းကောင်း အသီးသီးရှာဖွေတွေ့ရှိခဲ့၍စစ်ဆေးရာ အဆိုပါငွေများအား မဏ္ဍပ်ရှေ့၌ ကခုန်နေသော အမျိုးသားများ၏ဘောင်းဘီအိတ်ကပ်အတွင်းမှ နှိုက်ယူခဲ့ ကြောင်းပေါ်ပေါက်သဖြင့် လှိုင်မြို့မရဲစခန်းတွင် အမှုများရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်၍ ရန်ကင်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုးနား ဟိုတယ်ရှေ့ ရေကစားမဏ္ဍပ်ရှေ့၌ ခါးပိုက်နှိုက်မှုကျူးလွန်ကြောင်း မသင်္ကာတွေ့ရှိသူများဖြစ်သည့် ကျော်ကြီး (ခ)ကျော်ကျော်အောင်၊ (၃၀)နှစ်၊ (ဘ)ဦးအုန်းမြင့်၊ ရွှေပြည်သာမြို့နယ်နေသူထံမှ ငွေကျပ်(၁၂၀၅၀) အား လည်းကောင်း၊ ငယ်မောင်ထွေး၊(၃၀)နှစ်၊(ဘ)ဦးချစ်သောင်း၊ ကြည့်မြင်တိုင် မြို့နယ်နေသူထံမှ ဖုန်းရေစိုခံအိတ်(၁)လုံးနှင့် ငွေကျပ်(၇၉၀၀)အား လည်းကောင်း၊ ကျော်စိုး၊ (၂၉)နှစ်၊ (ဘ)ဦးအာပနား၊ ကြည့်မြင်တိုင်မြို့နယ် နေသူထံမှ ငွေကျပ်(၁၈၆၀၀)ကျပ်အားလည်းကောင်း အသီးသီးရှာဖွေ တွေ့ရှိခဲ့၍ စစ်ဆေးရာ အဆိုပါငွေများအား မဏ္ဍပ်ရှေ့၌ကခုန်နေသော အမျိုးသားများ၏ဘောင်းဘီ အိတ်ကပ်အတွင်းမှ နှိုက်ယူခဲ့ကြောင်း ပေါ်ပေါက်သဖြင့် ရန်ကင်းမြို့မရဲစခန်းတွင် အမှုများရေးဖွင့်ကာ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းပြင် ရန်ကင်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိROAR ရေကစားမဏ္ဍပ်ရှေ့တွင် ခါးပိုက်နှိုက်မှုကျူးလွန်ကြောင်းမသင်္ကာတွေ့ရှိသူ ဘာဘူ(ခ)ချစ်အေး၊ (၂၅)နှစ်၊ (ဘ)ဦးနာနား၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် နေသူထံမှ ငွေကျပ်(၅၀၀၀)အား ရှာဖွေတွေ့ရှိသဖြင့်စစ်ဆေးရာ ရေကစား နေသည့် အမျိုးသားတစ်ဦး၏ ဘောင်းဘီအိတ်ကပ်အတွင်းမှ နှိုက်ယူခဲ့ ကြောင်းပေါ်ပေါက်သဖြင့် ရန်ကင်းမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police