ဧပြီ၁၃ရက် သင်္ကြန်အကြို အနုပညာရှင်များ၏ ရင်ခုန်သံများ

ပို့စ်တင်ချိန် - 4/14/2014 09:45:00 AM


ဧပြီ ၁၃ရက်တွင် ကျရောက်သည့် သင်္ကြန်အကြိုနေ့ ၌ ရန်ကုန် မြို့တွင်း ရှိမဏ္ဍာပ် များတွင် လာရောက်ရေကစားကြသည့် အနုပညာရှင် များ၏ သင်္ကြန်ရင်ခုန်သံများနှင့်သင်္ကြန်တွင်း ဗုံးခွဲမည်ဆိုသည့် သတင်းထွက်ပေါ်နေခြင်းကြောင့် ၄င်းတို့၏ ရင်တွင်း ခံစားမှု၊ပျော်ရွှင်မှုများကို ဖော်ပြပေးလိုက်ပါသည်။

နေဒွေး(Four Elements မဏ္ဍာပ်)
အနုပညာ မောင်နှမတွေနဲ့ အတူ ပါဝင်ရေကစားရတာ ပျော်တယ်။ မနှစ်က နေပြည်တော်ACE မဏ္ဍာပ်မှာ ရှိခဲ့တယ်။ ဒီနှစ်သင်္ကြန် မှာ အကြမ်းဖက်သမားတွေ အနေနဲ့ မလုပ်သင့်ဘူးလို့ထင်ပါတယ်။ နိုင်ငံတော် လူကြီးတွေကလည်းအချိန်မီတားဆီးနိုင်မယ်လို့ထင်ပါတယ်။

အားတီ (sky net မဏ္ဍာပ်)
ဒီနှစ် ရန်ကုန်သင်္ကြန်က ပထမဆုံး အကြိမ်ပါ။နှစ်တိုင်း မန္တလေးမှာပါ။ရန်ကုန်ပရိသတ်နဲ့ ထိတွေ့ခွင့်ရတာ ပျော်ရွှင်မိပါတယ်။အကြမ်းဖက် ဗုံးခွဲမယ်ဆိုတာကို နှစ်တိုင်းကြားမိတယ်။ဒီလို တွေရှိနေပေမယ့်ပရိသတ်တွေ နဲ့ အဆိုတော်တွေကတော့ သီဆိုမြဲပါပဲ။ ဒီလို အဖြစ်တွေမဖြစ်ဖို့ဆုတောင်း နေပါတယ်။

ပိုင်ဇေရဲထွန်း(Four Elements မဏ္ဍာပ်)
သင်္ကြန်ဆိုရင် ရင်ခုန်တယ် ၊ပျော်တယ်။ နှစ်တိုင်းသူငယ်ချင်းတွေ နဲ့ မဏ္ဍာပ် ထိုင်ဖြစ်တယ်။ဒီနှစ်လည်း သူငယ်ချင်းတွေရှိတဲ့ နေရာ တွေဆီကို အိမ်သူ သက်ထားနဲ့ အတူ သွားမှာပါ။ လူအများပျော်ရွှင်နေတဲ့ ပျော်ပွဲရွှင်ပွဲမှာ အကြမ်းဖက်သူတွေအနေနဲ့ လုပ်ရက်တယ်ဆိုရင်တော့ လုပ်ကြပါ။မတတ်နိုင်ဘူးပေါ့ဗျာ။



မိုးယံဇွန်

သူငယ်ချင်းတွေစုပြီး မဏ္ဍာပ်ထိုင်ဖြစ်တာပါ။ သူငယ်ချင်းတွေအားလုံးကလည်း ကျွန်တော်တို့ မဏ္ဍာပ်မှာ လာထိုင်တာ အေးအေးဆေးဆေးပါပဲ။ လုံခြုံရေးလည်း စိတ်ချရပါတယ်။ သင်္ကြန်မှာတော့ အားလုံး ပျော်ရွှင်သလို ကျွန်တော်လည်း ပျော်ရွှင်ပါတယ်။

စံရတီမိုးမြင့်( Four Elements မဏ္ဍာပ်)
သူငယ်ချင်းတွေနဲ့ မဏ္ဍာပ် အတူထိုင်ရတာ ပျော်တယ်။အကြမ်းဖက်မှုတွေနဲ့ ဗုံးခွဲတာတွေ ရှိမယ်ဆိုရင်လည်းညီမစိတ်မပူပါဘူး။ညီမတို့ထိုင်တဲ့ မဏ္ဍာပ်က cctv ကင်မရာတွေတပ်ထားတဲ့ အပြင် လုံခြုံရေးအင်အားကောင်းပြီးစိတ်ချ လုံခြုံရပါတယ်။

ထက်ဘုန်းနိုင်(Jade Dragon အကအဖွဲ့) (sky net မဏ္ဍာပ်)
ဒီနှစ် လည်းဒီမဏ္ဍာပ်မှာဖျော်ဖြေ ဖြစ်ပြန်ပါတယ်။ သုံးနှစ်ရှိပြီပေါ့။ လုံခြုံရေးပိုင်းနဲ့ပက်သက်ပြီး sky net ကို အပြည့်အ၀ ယုံကြည်ပါတယ်။

စည်သူမောင် ( Four Elements မဏ္ဍာပ်)
နှစ်ဟောင်း ကအညစ်အကြေးတွေကို အတာရေနဲ့ဆေးကြောရတာ အရမ်းဝမ်းသာပါတယ်။ ပျော်လည်းပျော်မိတယ်။ ဒီနှစ်တော့ သီရိရှင်းသန့်ရဲ့ဖိတ်ခေါ် မှုကြောင့်ပါ။ မဏ္ဍာပ်မထိုင်ဖြစ်တာ ရှစ်နှစ်ရှိပြီ။ လူတိုင်းဘာသာပေါင်းစုံ ပျော်ရွှင်စွာ ဆင်နွှဲကြတဲ့ ပွဲမှာ အကြမ်းဖက်မှု တွေ ဆိုတာ မရှိသင့်ပါဘူး။



ယုသန္တာတင် ( Four Elements မဏ္ဍာပ်)
အခုလိုအနုပညာမောင် နှမတွေနဲ့ မဏ္ဍာပ်ထိုင်ရတာဝမ်းသာပါတယ်။ အကြမ်းဖက်သမားတွေဝင်လာမယ်ဆိုတဲံသတင်းကြောင့် ပျော်စရာတွေပျက်သွားမယ်ဆိုတာမရှိပါဘူး။
ဆိုတာမရှိပါဘူး။

သီရိရှင်းသန့် ( Four Elements မဏ္ဍာပ်စီစဉ်သူ)
ပူးပေါင်းဆောင်ရွက်တဲ့ သူငယ်ချင်း(၇)ယောက် က တစ်ယောက်ခြင်းဆီ တာဝန်ယူမှု အပိုင်းတွေရှိပါတယ်။ မာစီဒီကုမ္ပဏီက စပွန်ဆာပေးတာပါ။ ပထမဆုံးလုပ်ဖြစ်တာပါ။

ကန်တော်ကြီးပတ်လမ်း တွင် ရှိသည့် မဏ္ဍာပ် များ ၌ နာမည်ကြီးမင်းသားမင်းသမီများသည်လည်း ဧပြီ၁၃ရက် သင်္ကြန်အကြိုနေ့တွင်ပင် ပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။ ယင်းမဏ္ဍာပ်များရှိ Four Elements သင်္ကြန်မဏ္ဍာပ်သည် သရုပ်ဆောင် သီရိရှင်းသန့်၊ မိုးယံဇွန်၊ ယုသန္တာတင်နှင့် အနုပညာရှင်(၇)ယောက်က ပါဝင်ကာ တည်ဆောက် ဖွင့်လှစ်ကြခြင်းဖြစ်သည်။



Mizzima Burmese