သင်္ကြန်လည်ပတ်စဉ် ခိုက်ရန်ဖြစ်ပွား

ပို့စ်တင်ချိန် - 4/14/2014 10:28:00 PM



ရန်ကုန်၊ ဧပြီ ၁၄

၁၄.၄.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်တွင် ရန်ကင်းမြို့နယ်၊ (၂)ရပ်ကွက်နေ ကိုမောင်မောင်တင်မှ ၎င်းသည် သူငယ်ချင်းများနှင့်အတူ လမ်းလျှောက်၍ သင်္ကြန်ရေပက်ခံထွက်လာစဉ် ရန်ကင်းမြို့နယ်၊ သစ္စာလမ်းဆုံမီးပွိုင့်
အရောက် သင်္ကြန်ရေပက်ခံထွက်လာသော ယာဉ်အမှတ် ၇က/----ဟွန်ဒိုင်း အမျိုးအစား အဖြူ ရောင်ယာဉ်ပေါ်တွင်ပါလာသည့် လူငယ်များနှင့် စကားများ ရန်ဖြစ်ခဲ့ကြကြောင်း၊ ထိုသို့ရန်ဖြစ်စဉ် ယာဉ်ပေါ်ပါလူငယ်များမှ ဓါးနှင့်ထိုး၊ တုတ်နှင့်ရိုက်ခဲ့ကြ၍ သူငယ်ချင်းများဖြစ်ကြသော ကိုစိုင်းမြင့်သူတွင် ၀ဲဘက်လက်ပြင်၌ ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်ဒူးနာကျင်ဒဏ်ရာ (၁)ချက်၊ ကိုမင်းမင်းနှင့်ကိုအောင်ချိုတို့တွင် နာကျင်ဒဏ်ရာများအသီးသီး ရရှိခဲ့ကြသဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ) များအဖြစ် တက်ရောက်ကုသခဲ့ရကြောင်းနှင့် ယင်းသို့ ကျူးလွန်ကြသူ ၇က/---- ယာဉ်ပေါ်ပါလူငယ်များကိုအရေးယူပေးရန် တိုင်တန်းလာခဲ့
ပါသည်။

တိုင်တန်းချက်အရ ရန်ကင်းမြို့မရဲစခန်း(ပ)၇၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၅/၃၂၆/၁၁၄ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူများဖြစ်သည့် တာမွေမြို့နယ်နေ မင်းဇင်လတ်၊ (၂၆)နှစ်၊ (ဘ)ဦးလှမြင့်နှင့် နေလင်းဇော်၊ (၂၈)နှစ်၊ (ဘ)ဦးလှမြင့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ပြေငြိမ်း၊ (၂၇)နှစ်၊ (ဘ)ဦးခင်မောင်သိန်းတို့(၃)ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police