အ၇မ်းစိတ်ဖိစီးလာချိန် ချက်ချင်း ပြေပျောက်သွားစေမည့် နည်းလမ်းများ

ပို့စ်တင်ချိန် - 4/14/2014 09:29:00 AM



စိတ်ဖိစီးမှုတွေ များလာချိန်မှာ လူအများစုဟာ ချက်ချင်းပြေပျောက်သွားစေမယ့် နည်းလမ်းတွေကို ရှာဖို့ ခက်ခဲတတ်ပါတယ်။ စိတ်ဖိစီးမှုအားလုံး ပျောက်ကင်းသွားအောင်တော့ မစွမ်းဆောင်နိုင်ပေမယ့် လက်ရှိ အချိန်လေးတစ်ခုမှာတော့ စိတ်သက်သာရာရသွားစေမယ့် နည်းလမ်းတွေကို  ဖြော်ပပေးလိုက်ပါတယ်။



၁။ ဖွင့်ဟ တိုင်ပင်ကြည့်ပါ

အကြောင်းတစ်ခုကို ဆုံးဖြတ်ဖို့ ခက်ခဲနေချိန်မှာ ကိုယ့်အတွက် အနီးကပ်ဆုံး ယုံကြည်ရတဲ့ သူငယ်ချင်း တစ်ယောက်ကို ဖြစ်ဖြစ်၊ အားကိုးရတဲ့သူ တစ်ယောက်ကို ဖြစ်ဖြစ် ဖွင့်ဟပြောဆိုပြီး အကြံယူပါ။

၂။ အလုပ်တွေကို ခဏမေ့လိုက်ပါ

လုပ်လက်စ အလုပ်တွေကို ခဏလောက်တော့ ရပ်တန့်ပစ်လိုက်ပါ။ သင့်စားပွဲပေါ်က မလိုအပ်တဲ့ ပစ္စည်းတွေကို စတိုခန်းထဲ ချက်ချင်းပို့ပစ်လိုက်ပါ။

၃။ အရက် မသောက်ပါနဲ့

ဖိစီးမှုတွေ များလာချိန်မှာ ခေါင်းအုံ ခေါင်းကိုက်တာမျိုး အဖြစ်များဆုံး ဖြစ်ပါတယ်။ အရက် သောက်တာကြောင့်  ခေါင်းပိုကိုက်စေပါတယ်။ ပါရာစီတမောလ် တစ်လုံးသောက်ပြီး  ၁၅မိနစ်လောက်  အိပ်ပလိုက်ပါ။

၎။ အနှိပ်ခံလိုက်ပါ

အရမ်းကို စိတ်ဖိစီးမှု များနေချိန်မှာ သက်တောင့်သက်သာ ဖြစ်စေတဲ့ အနှိပ်ခံတာလိုမျိုးကို တစ်နာရီလောက် အချိန်ပေးပြီး လုပ်လိုက်ပါ။ နှိပ်နယ်တာက သက်တောင့်သက်သာ ဖြစ်စေတာ တစ်ခုတည်း မဟုတ်ပါဘူး။ သွေးလည်ပတ်မှုတွေကို ကောင်းစေပြီး စိတ်ခံစားမှု ကောင်းစေတဲ့ ဟော်မုန်းတွေလည်း ထွက်စေတဲ့အတွက် စိတ်ဖိစီးမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ နှလုံးရဲ့ လုပ်ငန်းဆောင်တာကို  ကောင်းစေပြီး  သွေးဖိအားကိုလည်း  လျော့ကျစေပါတယ်။

၅။ စာတစ်ပိုဒ်လောက် ချရေးပါ

ဟိုးအရင်က ပျော်စရာကောင်းတဲ့ အကြောင်းအရာတစ်ခုကို ဖြစ်စေ၊ လက်ရှိသင်ခံစားနေရတဲ့ အကြောင်းအရာ တစ်ခုကိုဖြစ်စေ စာတစ်ပိုဒ်လောက် ချရေးလိုက်ပါ။ စာရေးရင်း ငိုချင်ရင် အားရပါးရ ငိုချလိုက်ပါ။ ပြီးရင် စာအုပ်ကို ပိတ်ပြီး ခဏလောက် နားလိုက်ပါ။

၆။ အတိုကောက် မှတ်သားထားပါ

အလုပ်တွေ အရမ်းများလွန်းလို့ စိတ်ဖိစီးတာ ဆိုရင် သင့်စားပွဲတင် ပြက္ခဒိန်ပေါ်မှာ စာရွက် တစ်ရွက်ကပ်ပြီး တစ်လတာအတွင်း လုပ်ရမယ့် အလုပ်တွေကို အတိုကောက် ချရေးထားလိုက်ပါ။ ဘယ်ရက်မှာ ဘယ်အလုပ်ကို အရင်ပြီးအောင် လုပ်မယ်ဆိုတာကို ပြက္ခဒိန်နဲ့ တွဲမှတ်ပြီးသား  ဖြစ်စေပါတယ်။

၇။ ဈေးဝယ်ထွက်ပါ

အမျိုးသမီး အများစုဟာ ဈေးဝယ်ထွက်တာကို ၀ါသနာပါတတ်ပါတယ်။ အချို့အမျိုးသားတွေလည်း ဒီလိုပါပဲ။ ဒါပေမယ့် လူထူထပ်တဲ့ အချိန်တွေမှာတော့ ဈေးဝယ်မထွက်လိုက်ပါနဲ့။ စိတ်ပိုညစ်သွားနိင်ပါတယ်။ အိမ်ရှင်မတွေ ဈေးသွားနေကျ မဟုတ်တဲ့အချိန်၊ ရုံးပိတ်ရက် မဟုတ်တဲ့ အချိန်မျိုးတွေမှာ ဈေးဝယ်ထွက်ပါ။

၈။ နည်းနည်းတော့ ရယ်မောပါ

စိတ်ဖိစီးနေတာကို ဘယ်လို ရယ်နိုင်မလဲလို့ တော့ မတွေးပါနဲ့။ မှန်ကြည့်ပြီး တော့ ဖြစ်ဖြစ် ပါးစပ်ကို ဟပြီး ခပ်ကျယ်ကျယ်လေး ရယ်မောလိုက်ပါ။ အနည်းဆုံးတော့ သင့်ကို စိတ်ဖိစီးအောင် လုပ်နိုင်တဲ့သူနဲ့ စိတ်ဖိစီးစေတဲ့ အရာတွေကို အနိုင်ယူလိုက်သလိုပါပဲ။

၉။ ဟင်းတစ်ခွက်လောက် ချက်ပါ

အရသာရှိမယ်ထင်ပြီး သင့်စိတ်ထဲမှာ ကြိုက်နှစ်သက်စေမယ့် ဟင်းတစ်မျိုးလောက် ချက်ပါ။ စိတ်ဖိစီးမှု များနေချိန်မှာ ဘာမှ မစားချင်ဘဲ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်အတွက် စားလို့ ဖြစ်စေမယ့် အစားအစာ တစ်မျိုးလောက်ကို မြန်မြန်လေး ချက်ပြီး လှလှလေး ပြင်ဆင်ကာ တစ်ယောက်တည်း ထိုင်စားပါ။ ဆီများတာတွေနဲ့ ဆီကြော်စာတွေတော့ ရှောင်ပါ။

၁၀။ ကိုယ်ပိုင် အချိန်လေး ဖန်တီးလိုက်ပါ

တစ်ရက်လုံး ကိုယ်ကြိုက်တဲ့ အစားအစာတွေ စားခြင်း၊ ကိုယ်ကြိုက်တဲ့ သီချင်းတွေ နားတောင်ခြင်း၊ ကြိုက်တဲ့ ဇာတ်လမ်းတွေ ကြည့်ခြင်းစတဲ့ စိတ်ထဲ သက်တောင့်သက်သာ ဖြစ်စေမယ့် အနားယူမှုမျိုး ပြုလုပ်ပါ။



credit>>သဲသဲ
World-Myanmar