Doctors implant lab-grown vagina ဓါတ်ခွဲခန်းထဲမှာ လုပ်တဲ့ဗဂျိုင်းနား

ပို့စ်တင်ချိန် - 4/14/2014 09:46:00 AM


• အမျိုးသမီးတွေရဲ့ ဗဂျိုင်းနားကို ဆရာဝန်တွေနေ ဓါတ်ခွဲခန်းထဲမှာ လုပ်ပေးနိုင်ပြီဆိုတဲ့သတင်းဟာ ကနေ့ ဟော့်-နယူးစ် ဖြစ်ပါတယ်။ အမေရိကန်မလေး လေးယောက်မှာ ဗဂျိုင်းနာအသစ်
ကိုယ်စီရသွားကြပါပြီ။
• မြောက်ကယ်ရိုလိုင်းနားက Wake Forest Baptist Medical Centre ဆေးရုံမှာဖြစ်တယ်။
• မိန်းကလေးတွေက ဆယ်ကျော်သက်သာရှိကြသေးတယ်။ မွေးရာပါ Vaginal aplasia ဗဂျိုင်းနား မဖွံဖြိုးတာ ပါခဲ့ကြသူတွေ ဖြစ်ကြတယ်။





• Tissue sample တစ်ရှူးနမူနာနဲ့ Biodegradable scaffold ဇီဝအဆင့်ချ အထည်ကြမ်းတွေသုံးပြီး ဗဂျိုင်းနား ပုံဖေါ် တည်ထောက်ပေးတာဖြစ်ပါတယ်။ နဂိုအရွယ်အစားနဲ့ ပုံပန်းလဲ ရလာစေပါတယ်။
• အမျိုးသမီးလေးဦးလုံးကနေ Desire, Arousal, Lubrication, Orgasm, Satisfaction ဆန္ဒရှိမှု၊ စိတ်နှိုးကြွမှု၊ စိုစွပ်မှု၊ အော်ဂဇင်ရမှုနဲ့ ကျေနပ်မှုတွေ ရကြတယ်လို့ ဝန်ခံပါတယ်။ နာကျင်မှုလဲကင်းပါသေးတယ်။
• ခွဲစိတ်နည်းမှာ အရင်ဆုံး Cavity လှိုင်ခေါင်းကိုလုပ်ရတယ်။ နောက်မှာ Skin grafts အရေပြား အစားထိုးနည်းနဲ့ လုပ်တယ်။ အူသိမ်ကနေယူတယ်။
• တဦးစီကို တင်ပါးဆုံနေရာကို စကန်လုပ်ပြီး Tube-like 3D-scaffold ပြွန်လို သရီ-ဒီ ပုံကြမ်းလောင်းပါတယ်။
• သိပ်မဖွံဖြိုးသေးတဲ့ မိန်းမကိုယ်ကနေ တစ်ရှူးနမူနာရယူတယ်။ ဓါတ်ခွဲခန်းမှာ ဆဲလ်တွေကို မွေးယူတယ်။ နောက် ပုံကြမ်းရဲ့ အပြင်မှာ ကြွက်သားဆဲလ်တွေနဲ့ တွယ်ပေးရပြန်တယ်။ အထဲမှာတော့ ဗဂျိုင်းနား လိုင်နာ ဆဲလ်တွေ ဆက်ပေးပါတယ်။ ဒါတွေကိုလဲ ဓါတ်ခွဲခန်းထဲမှာဘဲ မွေးယူ၊ လုပ်ယူတာပါ။ အနေတော်တဲ့အထိ စောင့်ပြီးမှ ပိုင်ရှင်လူနာမိန်းကလေးတွေမှာ အစားထိုးနည်းနဲ့ ထည့်ပေးပါတယ်။
• သူတို့အားလုံးဟာ တခြားသူတွေလိုဘဲ လိင်ပိုင်းဆိုင်ရာကို ရယူခံစားနိုင်ကြပါတယ်။
• အဲလို မွေးရာပါရောဂါရှိသူတွေမှာ သားအိမ်လိုကလဲ ချို့ယွင်းချက် တွဲရှိနိုင်လို့ ခုထိတော့ တယောက်မှ ကိုယ်ဝန် မရကြသေးပါ။

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၄