စစ်တွေထောင်ထဲတွင် ကွယ်လွန်သွားခဲ့သူ ဦးမောင်သိန်းအသုဘနှင့် သမီးဖြစ်သူ ပေးပို့သော ကဗျာ

ပို့စ်တင်ချိန် - 4/14/2014 10:41:00 PM


စစ်တွေထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းစဉ် ကွယ်လွန်သွားခဲ့သူ ဦးမောင်သိန်း (၅၇) နှစ် အသုဘအား ယမန်နေ့က ရာနှင့်ချီသော ပြည်သူများက လိုက်လံ ပို့ဆောင်ခဲ့ကြသည်ဟု သတင်း ရရှိသည်။

“ မနေ့ နေ့လယ် ၂ နာရီမှာ အသုဘချပါတယ်။ ရာနဲ့ချီတဲ့ လူထုက လိုက်လံပို့ဆောင်နုတ်ဆက်ခဲ့ကြပါတယ်” ဟု သားကြီးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုနိုင်စိုးက ပြောသည်။

ဦးမောင်သိန်းသည် မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့များအတွင်း စစ်တွေရှိ နိုင်ငံတကာ အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရမူနှင့် ဆက်စပ်ပြီး အခြားသူ (၁၁) ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရရသည်။ ဖမ်းဆီးခံရပြီး နောက်တစ်နေ့ ဧပြီလ ၁ ရက်နေ့တွင် သတိမေ့သွားပြီး စစ်တွေဆေးရုံသို့ အရေးပေါ်တင်ပို့ခဲ့ရသည်။

ဖခင်ဖြစ်သူ သေဆုံးသွားခြင်း အတွက် အလွန်ဝမ်းနည်း ပူဆွေးမိသော်လည်း သူ့အတွက် ဂုဏ်ယူကြောင်း ကိုနိုင်စိုးက ဆိုသည်။

“ ကျွန်တော်က အဖေသေဆုံးသွားတဲ့ အပေါ် ၀မ်းနည်းပါတယ်။ ၀မ်းနည်းပေမယ့် ဂုဏ်ယူပါတယ်။ စစ်တွေ တစ်မြို့လုံ၊ ရခိုင်ပြည်နယ် တစ်ခုလုံးက ကျွန်တော်ရဲ့ အဖေကို သူရဲကောင်း သဖွယ် သတ်မှတ်ပြီး အသုဘ လိုက်ပို့ကြပါတယ်။ ဒီအတွက် ကျွန်တော်အဖေ သေဆုံးသွားပေမယ့် ကျွန်တော်အဖေ ၀ိဥာဉ်ဟာ အခုထိ ရှိနေသလို ကျွန်တော် ခံစားရပါတယ်။ ကျွန်တော် အဖေ သေဆုံးသွားပေမယ့် အဖေဟာ ရခိုင်ပြည်သူတွေရဲ့ ရင်ထဲမှာ ရှိနေတဲ့ အတွက် ကျွန်တော် အနေနဲ့ ဂုဏ်ယူပါတယ်။ လေးစားပါတယ်” ဟု ပြောသည်။

IMG_20140413_142621

ဧပြီလ (၁၁) ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် ဦးမောင်သိန်း၏ အသုဘ အခမ်းအနားတွင် မလေးရှားတွင် ရောက်ရှိနေသူ သမီးကြီးဖြစ်သူ ခိုင်မျိုးလိုင်မှ ပေးပို့သော ကဗျာအား အသုဘတွင် ဖြန့်ဝေရာ အများပြည်သူများကို အလွန်စိတ်ထိခိုက်ခံစားခဲ့ရသည်ဟု အသုဘ အခမ်းအနားကို တက်ရောက်ခဲ့သူ ဦးညွှန့်မောင်က ပြောသည်။

ယင်း ကဗျာအား သူက ယခုလို ရွှတ်ပြသည်။

“သမီးချစ်ခင်လေးစားရပါသော ပါပါ”

တစ်နိန့်အားလုံးသူ ခွဲခွာရဖို့ဆိုစွာသိကေလဲ

မတရားနှိပ်စက်

သူတစ်ပါး ပယောဂကြောင့်

သမီးရို့ မိသားစုနန့်

ရခိုင်သူ ရခိုင်သားတိကို ခွဲလို့

ဘ၀တစ်ပါးကို ပါပါကူးပြောင်းလားခရေအတွက်နန့်

မဖြေသိမ့်နိုင်လောက်အောင် ခံစားရပါရေ။

ပါပါမျက်နာကို

နောက်ဆုံး တစ်ခေါက်ချေလောက်တောင်မှ

မြင်ခွင့်၊ တွီခွင့် မရလိုက်ကေလဲ

ဘ၀ဆက်တိုင်းမှာ ပါပါသမီး ဖြစ်ရပါစီလို့

ဆုတောင်းပါရေ။

တုနိုင်းမရရေ မေတ္တာတိနန့်

သားသမီး မိသားစု အပေါ်မှာတောင်မက

ရခိုင်တစ်မျိုးသားလုံးအတွက်

အသက်ကို ပီးဆပ်လားရေ ပါပါ

သမီးအတွက် ထာဝရ သူရဲကောင်း ဖခင်ပါ။

ပါပါ ကောင်းရာသုဂတိ လားပါစီ။



(ချစ်သမီးကြီး ညိုချေ)

နိရဉ္စရာ