ကြွက်လောက်ရှိတဲ့ ခရုကြီးတွေက တိုက်ခိုက်

ပို့စ်တင်ချိန် - 4/14/2014 07:21:00 PM


ကြားရတာတော့ သဘာဝလွန် ရုပ်ရှင်ကား တစ်ကားလိုပါပဲ။ ဒါပေမယ့် ဒါဟာ အမေရိကန်၊ ဖလော်ရီဒါ တောင်ပိုင်းက လူတွေအတွက်တော့ တစ်ကယ့် ဖြစ်ရပ်မှန်ပါ။ သူတို့တွေက ဒီခရုတွေဆီကလာတဲ့
ပလိပ်ရောဂါတွေကို ကာကွယ်နေရပါတယ်။

၈လက်မလောက်ရှည်တဲ့ အာဖရိက ခရုကြီးတွေဟာ မြေကြွက်တစ်ကောင်ရဲ့ အရွယ်လောက်ရှိပါတယ်။ အဲဒီ မြေကြွက်ကြီးတွေ (အဲ .. ဆောရီး) ခရုကြီးတွေ ညဘက် အစာရှာတဲ့ အခါမှာတော့ သူတို့သွားရာ လမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့ သစ်သီးတွေ၊ လမ်းပေါ်မှာ သေနေတဲ့ အကောင်တွေ၊ ကျောက်တုံးတွေ၊ ပလာစတာတွေနဲ့ ကားတာယာတွေကိုတောင်မှ စားသောက်ပစ်တတ်ကြပါတယ်။

အဲဒီအကောင်တွေကို ကိုင်မယ်ဆိုရင် အလွန် အန္တရာယ်များပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ Menegitis ရောဂါကို ကူးစက်စေလို့ပါ။ Menegitis ရောဂါကို ကူးစက်ခံရတဲ့သူဟာ ခန္ဓာကိုယ်ပေါ်မှာ မီးကျွမ်းထားသလို နီညိုရောင် အကွက်တွေ ထလာမှာဖြစ်ပါတယ်။ သဘာဝ တိရစ္ဆာန်တွေထဲမှာ ဒီခရုကြီးတွေကို စားသောက်တဲ့အကောင်တွေကလည်း မရှိသလို၊ ဒီခရုတွေရဲ့ မျိုးပွားနှုန်းကလည်း အလွန်အမင်း မြန်ဆန်၊ များပြားတဲ့အပြင် ခရုတစ်ကောင်ကို ၉ နှစ်အထိ အသက်ရှင်နိုင်ပြီးတော့ ခရုတစ်ကောင်ရဲ့ ဥဥနှုန်းက တစ်နှစ်မှာ ၁၂၀၀ ထိရှိပါတယ်။ ဖလော်ရီဒါမှာတော့ တစ်ကယ့် ခြိမ်းခြောက်မှုကြီး တစ်ရပ်ပါပဲ။



၂၀၁၀ ခုနှစ်ရောက်တဲ့ အခါမှာတော့ တာဝန်ရှိသူတွေက ၎င်းခရုတွေကို ဖမ်းဆီးဖို့ ချားလ်စ် စတီးဝါ့တ် ကို စတင်ရှာဖွေပါတော့တယ်။ ချားလ်စ်က အာဖရိက ဘာသာတရား ကျင့်စဉ် Ifa Orisha ကို ကျင့်နေတဲ့သူပါ။ သူ့ရဲ့ ကျင့်စဉ်မှာ ခရုတွေကို အသုံးပြုခဲ့အတွက်အတွက်လည်း ဒဏ်ငွေဆောင်ရဖူးပါတယ်။ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ အာဖရိက အမျိုးသမီးတစ်ယောက်က သူမဝတ်ဆင်လာတဲ့ အဝတ်အစားတွေအောက်မှာ ဝှက်ကာ၊ လေယာဉ်စီးလာပြီး သူ့ထံ ယူလာပေးတာလို့ ဆိုပါတယ်။

သိပ်မကြာခင်မှာပဲ ဖလော်ရီဒါ စိုက်ပျိုးရေးဌာနက ၂၀၁၁ ခုနှစ်ကစပြီး ခရုအကောင်ရေ တစ်သိန်းကျော် (၁၁၇၀၀၀) ဖမ်းဆီးခဲ့ပြီး တစ်ပတ်လျှင် ခရုအကောင်ရေ ၁၀၀၀ စီ ဆက်လက်ဖမ်းဆီးနေတယ်လို့ ကြေငြာခဲ့ပါတယ်။

ဒီပြဿနာရဲ့ တစ်ခုတည်းသော အဖြေကတော့ ဒီခရုကြီးတွေကို ဖမ်းဆီးပြီး ဖျက်ဆီး သတ်ဖြတ်လိုက်ခြင်းပါပဲ။ အဲဒီအချိန်မှာသာ သင်ဟာ အဲဒီခရုကြီးမျိုး တစ်ကောင်လောက်ကို တောထဲ လွှတ်ပေးခဲ့မယ်ဆိုရင်တော့ သင့်ကို တရားဥပဒေအရတောင် အရေးယူနိုင်တယ်လို့ ဆိုပါတယ်။

Ygn News (www.YgnNews.com)

ဆက်စပ်သတင်း - ထူးဆန်းထွေလာ သတင်းများ