အလှအပအတွက် အရေးပေါ် ပြုပြင်နည်း

ပို့စ်တင်ချိန် - 4/14/2014 12:21:00 PM


ပါးနီလိမ်းတာ များလွန်းသွားပါသလား

ပါးနီလိမ်းတာ များသွားတာကြောင့် ပါးနီအရောင် လျော့အောင် တစ်သျှးနဲ့ ပွတ်ထုတ်လိုက်မယ့် အစား ပေါင်ဒါမှုန့် ထပ်လိမ်းပေးလိုက်ပါ။ သန့်ရှင်းတဲ့ ဘရပ်ရှ်နဲ့ ပေါင်ဒါမုန့်ကို တို့ယူပြီး ပါးနီဆိုးထားတဲ့ ပါးပြင်ပေါ်မှာ ထပ်လိမ်းလိုက်ရင် ပါးနီအရောင် လျော့သွားပါလိမ့်မယ်

Tips! ပေါင်ဒါမှုန့်ကို ဘရပ်ရှ်နဲ့ တို့ပြီးနောက်မှာ ဘရပ်ရှ်ကို နည်းနည်းခါလိုက်ပါ။ ပေါင်ဒါ သိပ်များလွန်းရင် သင့်ပါးပြင် အရောင် ရင့်လွန်းတာ ဒါမှမဟုတ် ဖျော့လွန်းတာတွေ ဖြစ်နိုင်လို့ပါ။

ရေမွှေးဆွတ်တာ များလွန်းသွားပါသလား

ဝါဂွမ်းအနည်းငယ်ကို အရက်ပြန်ဆွတ်ပြီး ရေမွှေးဖျန်းထားတဲ့ အရေပြားပေါ်ကို သုတ်လိမ်းလိုက်ပါ။ အရက်ပြန်က ရေမွှေးမှာ ပါဝင်တဲ့ အဆီတွေနဲ့ ရောစပ်သွားပြီး အနံ့တွေ အငွေ့ပြန်စေတာကြောင့် ရေမွှေး အနံ့ပြင်းတာ လျော့သွားစေနိုင်ပါတယ်။

Tips! ရေမွှေးဆွတ်ရင် သင့်အရေပြားနဲ့ ၁၀လက်မခန့် ခွာပြီးမှ ဆွတ်ပါ။ ဒီလို လုပ်တာကြောင့် ရေမွှေးနံ့ဟာ တစ်နေရာတည်းမှာ စုနေမယ့် အစားပျံ့နှံ့သွားနိုင်ပါတယ်။

တစ်နေကုန် ရေမွှေးနံ့သင်းပျံ့နေအောင် ဘယ်လိုလုပ်ရမလဲ မသိသူများ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။


 World Myanmar

ဆက်စပ်သတင်း >>

တနေကုန် ရေမွှေးနံ့ သင်းပျံ့နေစေဖို့