အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်မှုများကို စောင့်ကြည့်မှတ်သားမည့် Software ကို Google စမ်းသပ်

ပို့စ်တင်ချိန် - 4/16/2014 07:36:00 PM


အင်တာနက်ကုမ္ပဏီကြီး Google က အွန်လိုင်းကနေ ဈေးဝယ်ယူမှုတွေကို စောင့်ကြည့်မှတ်သားတဲ့ software တစ်ခုကို စမ်းသပ်နေပြီလို့ ဆိုပါတယ်။ Google ရဲ့ software က အွန်လိုင်းကနေ ဈေးဝယ်ယူမှုတွေကို စောင့်ကြည့်မှတ်သားပြီး အဆိုပါ အချက်အလက်တွေကို ၎င်းတို့ရဲ့ အွန်လိုင်းကြော်ငြာလုပ်ငန်းမှာ ပိုမိုထိရောက်အောင် အသုံးချသွားမှာ ဖြစ်ပါတယ်။

ဒီ software ကို အသုံးပြုပြီး Google မှာ အွန်လိုင်းကြော်ငြာထည့်တဲ့ လုပ်ငန်းရှင်တွေကို ကြော်ငြာတွေကိုကြည့်ပြီး ဖောက်သည်တွေက အမှန်တစ်ကယ် ဝယ်ယူကြတယ်ဆိုတာ Google က သက်သေပြဖို့ဖြစ်တယ်လို့ သိရပါတယ်။

Google ဟာ အွန်လိုင်းကြော်ငြာလုပ်ငန်းကနေ ဝင်ငွေအများအပြား ရရှိနေပြီး ယခု အကောင်အထည်ဖော်နေတဲ့ software က Google အတွက် ကြော်ငြာဝင်ငွေ ပိုမိုရရှိလာစေမှာဖြစ်ကြောင်း သုံးသပ်ကြပါတယ်။ အဆိုပါ software ကို Google ရဲ့ လက်ရှိ အွန်လိုင်းကြော်ငြာ software ဖြစ်တဲ့ AdWords နဲ့ ပေါင်းစပ်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

Planet Myanmar Network