ထန်တပင်မြို့နယ်တွင် ယာဉ်တိုက်တိမ်းမှောက်သဖြင့် (၇)ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 4/16/2014 01:18:00 PM




ရန်ကုန်၊ ဧပြီ ၁၆

၁၅.၄.၂၀၁၄ရက်နေ့ ၁၅၄၀ အချိန်တွင်ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်
လမ်းမကြီးအတိုင်း ထန်းတပင်ဘက်မှ ညောင်တုန်းဘက်သို့ ယာဉ်မောင်း ဖိုးခွား(ခ)ကရင် (၃၂)နှစ်၊ စမ်းချောင်း မြို့နယ်နေသူ မောင်းနှင်လာသော ၄ဂ--- လင်ခရူဇာ ခဲရောင်ကိုယ်ပိုင်ယာဉ်သည် မိုင်တိုင် အမှတ်(၈/၇)နှင့်
(၉/၀)ကြားအရောက်၎င်း၏ရှေ့မှယာဉ်မောင်းဦးလှကြည် မောင်းနှင်နေသည့်
5G---ဟိုက်ဂျက်မာဇဒါအဖြူရောင် ကိုယ်ပိုင်ယာဉ်ကို နောက်မှဝင်ရောက်
တိုက်မိခဲ့ရာ ယာဉ်(၂)စီးမှာ လမ်း၏ယာဘက် ပေ (၃၀)ခန့်အကွာရှိ
အနက်ပေ (၃၀)၊ အကျယ် (၁၅)ပေခန့်ရှိသော မြောင်းအတွင်းသို့ ထိုးကျ
တိမ်းမှောက် သွားခဲ့ပြီး လင်ခရှုဇာယာဉ်မောင်းဖြစ်သူ ဖိုးခွား(ခ)ကရင်မှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် 5G--- ယာဉ်ပေါ်ပါ ယာဉ်မောင်း ဦးလှကြည်ပါ(၇)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့၍ လှိုင်သာယာ
ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပိုအပ်ကုသခဲ့ရာ အတွင်း/အပြင် လူနာ(မစိုးရိမ်ရ)များအဖြစ် ကုသမှုခံယူခဲ့ရပါသည်။

ယင်းကဲ့သို့ယာဉ်မဆင်မခြင်မောင်းနှင်သူယာဉ်မောင်း ဖိုးခွား(ခ)ကရင်အား ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်းယာဉ် (ပ)၃၅/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၂၇၉/၃၃၇/၃၃၈/၂၀၂ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police