ဓာတ်ဆီလောင်း မီးရှို့ထွက်ပြေးသွားသူအား ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 4/16/2014 01:07:00 PM


ငွေဆောင် ဧပြီ ၁၆

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့နယ်ခွဲ သပြေခုံကျေးရွာတွင် ဧပြီ ၁၄ ရက်နေ့က မိမိနေအိမ်နှင့် မိသားစုအားမီးရှို့ ထွက်ပြေးသွားသော တရားခံဇင်နိုင်လင်းအား ၁၅ ရက် ညနေ ၆း၃၀ အချိန်တွင် ယင်းမီးရှို့ ခဲ့သည့်နေအိမ်၏ အရှေ့ဘက် ၂ ဖာလုံခန့် အကွာရှိ မီးသွေးဖိုအဟောင်းတွင် မီးလောင်ဒဏ်ရာများဖြင့်တွေ့ ရှိရ၍ မြို့နယ်ခွဲရဲစခန်းမှ ငွေဆောင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျှက်ရှိပြီး မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်းသိရသည်။

MOI Webportal Myanmar