သင်္ကြန်ရေကစားမဏ္ဍပ်များ၌ ခါးပိုက်နှိုက်မှုကျူးလွန်သူများကို ဖမ်းဆီး အရေးယူ

ပို့စ်တင်ချိန် - 4/16/2014 01:10:00 PM




ရန်ကုန်၊ ဧပြီ ၁၆

၁၅.၄.၂၀၁၄ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊
အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ရေကစားမဏ္ဍပ်
များ၌ ခါးပိုက်နှိုက်များဖမ်းဆီးရမိရေးအတွက် သတင်းစုံစမ်းဆောင်ရွက်ခဲ့
ပါသည်။

ထိုသို့ဆောင်ရွက်နေစဉ် လှိုင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ပြည်လမ်းပေါ်ရှိ
Air Bagan ရေကစားမဏ္ဍပ်ရှေ့၌ ရေကစားနေသော အမျိုးသားများ၏
ဘောင်းဘီအိတ်ကပ်အတွင်းမှ ငွေများနှိုက်ယူ နေသူများဖြစ်သည့် တင်အောင်လင်း(ခ)ဖားကြီး၊ (၂၁)နှစ်၊ (ဘ)ဦးမျိုးငွေ၊ လှိုင်သာယာမြို့နယ်၊
နေသူကို ငွေကျပ်(၅၁၀၀)နှင့်လည်းကောင်း၊ သိန်းအေး၊ (၁၈)နှစ်၊ (ဘ)ဦးသိန်းဆွေ၊ ရှမ်းချောင်းကျေးရွာ၊ လှိုင်သာယာမြို့နယ်နေသူကို
ငွေကျပ်(၄၁၀၀)နှင့်လည်းကောင်း၊ မြင့်သန်း၊ (၂၉)နှစ်၊ (ဘ)ဦးဖေတင်၊ ကြည့်မြင်တိုင်မြို့နယ်နေသူအား HUAWEI အမျိုးအစား အနက်ရောင်
ဟန်းဆက် (၁)လုံးနှင့် ငွေကျပ်(၄၀၀၀)တို့နှင့်လည်းကောင်း၊ ငရှဥ့်(ခ)
ဝင်းထွဋ်၊ (၁၈)နှစ်၊ လှိုင်သာယာမြို့နယ်နေသူကို ငွေကျပ်(၅၈၀၀)နှင့်
လည်းကောင်း၊ ၀င်းမြင့်အောင်(ခ)အထစ်၊ (၂၀)နှစ်၊ (ဘ)ဦးမြင့်အောင်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးနေသူအား လက်ကိုင်ဖုန်း(၂)လုံး၊ ငွေကျပ်
(၃၁၅၀၀) နှင့်လည်းကောင်း၊ မိုးသန်းဌေး၊ (၂၂)နှစ်၊ (ဘ)ဦးဌေးအောင်၊ လှိုင်သာယာမြို့နယ်နေသူကို လက်ကိုင်ဖုန်း(၂)လုံး၊ ငွေကျပ်(၃၈၅၀၀)နှင့်
လည်းကောင်း၊ မပပ၀င်း၊ (၂၆)နှစ်၊ (ဘ)ဦးပေါက်စ၊ မရမ်းကုန်းမြို့နယ်
နေသူကို ငွေကျပ်(၆၂၀၀၀)နှင့်လည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ (၇)ဦးအား လှိုင်မြို့မရဲစခန်းတွင် အမှုများရေးဖွင့်ကာ အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဆက်လက်၍ ရန်ကင်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်ရှေ့ ပိတောက်ချစ်သူ ရေကစားမဏ္ဍပ်ရှေ့၌ရေကစား
နေသော အမျိုးသားတစ်ဦး၏ဘောင်းဘီ အိတ်ကပ်အတွင်းမှ ငွေကျပ်
(၄၂၂၅၀)ပါ ပိုက်ဆံအိတ်(၁)လုံးကိုနှိုက်ယူခဲ့သူများဖြစ်သည့် ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ်နေ ငတိ(ခ)သက်ထွန်းအောင်၊(၄၇)နှစ်၊ (ဘ)ဦးရွှေနှင့် အင်းစိန် မြို့နယ်နေ စိုးလင်း(ခ)အောင်မင်းထိုက်၊ (၂၄)နှစ်တို့(၂)ဦးကို
တွေ့ရှိဖမ်းဆီးရမိသဖြင့် ရန်ကင်းမြို့မရဲစခန်းတွင် အမှုဖွင့်ကာ အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police