သင်္ဘောပန်ကာ၌ ကြိုးငြိနေသဖြင့်ရေငုပ်၍ဖယ်ရှားသူပြန်ပေါ်လာခြင်းမရှိဘဲ ပျောက်ဆုံးနေသဖြင့် ရှာဖွေလျက်ရှိ

ပို့စ်တင်ချိန် - 4/16/2014 08:02:00 PM



ရန်ကုန်၊ ဧပြီ ၁၆

၁၆.၄.၂၀၁၄ ရက်နေ့ ၀၅၃၀အချိန်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီး
အရှေ့ရပ်ကွက်၊ခနောင်တိုချောင်းအတွင်းရှိ “တနင်္သာရီ”လွန်းကျင်းတွင် လွန်ခဲ့သော(၁၅)ရက်ခန့်က ဒေါက်တင်ထား သည့် “ရတနာထွန်းအောင်” ကုန်တင်သင်္ဘောသည်လွန်းကျင်းမှရန်ကုန်သို့ထွက်ခွာစဉ်သင်္ဘောပန်ကာ၌
ကြိုးငြိနေသဖြင့်ရပ်ထားပြီး ပဲ့နင်းငယ်လုပ်သားဖြစ်သူ မောင်ထွန်းလှိုင်၊ (၂၈)နှစ်၊ (ဘ)ဦးစံသာအောင်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်နေသူမှေ
ချောင်းအတွင်းရေငုပ်၍ ကြိုးအားဖယ်ရှားရာမှ ပြန်ပေါ်လာခြင်းမရှိဘဲ
ပျောက်ဆုံးနေကြောင်းကို ပဲ့နင်းကြီးဖြစ်သူ ဦးရွှေဝင်းမှဆိပ်ကြီးခနောင်တို မြို့မရဲစခန်းသို့ လာရောက်အကြောင်းကြားခဲ့ပါသည်။

၎င်းပျောက်ဆုံးမှုနှင့်ပတ်သက်၍ ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း လူပျောက်
အမှတ်စဉ် (၂/၂၀၁၄) ဖြင့် ရေးဖွင့်ကာ ရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police