စာအုပ်တစ်အုပ်ဖတ်လျှင် သုံးရက်လျော့ပေးတော့မည့် အီတလီ အကျဉ်းထောင်များ

ပို့စ်တင်ချိန် - 5/14/2014 09:36:00 PM


အီတလီနိုင်ငံမှာ ထောင်ကျအကျဉ်းသားတွေကို စာအုပ်တစ်အုပ် ဖတ်တိုင်း သုံးရက်လျော့ ဥပဒေပြဌန်းပေးတော့မှာ ဖြစ်ပါတယ်။

တစ်နှစ်အတွင်း အများဆုံး ၄၈ ရက်ထိ လျော့ရက်ရမှာဖြစ်ပြီး ဒါဟာ စာအုပ်ပေါင်း ၁၆အုပ်နဲ့ညီမျှပါတယ်။
အီတလီအရာရှိတွေရဲ့ ပြောကြားချက်အရ ထောင်အာဏာပိုင်တွေ ခွင့်ပြုတဲ့  စာမျက်နှာ ၄၀၀ အထက်ရှိ စာအုပ်တွေကို ဖတ်သွားရာမှာဖြစ်ပြီး ကာတွန်းနဲ့ ရုပ်ပြစာအုပ်တွေ မပါဘူးလို့ဆိုပါတယ်။

ဒီဥပဒေကို အီတလီတောင်ပိုင်းဒေသ Calabria ထောင်တွေမှာ စတင်ပြဌန်းတော့မှာဖြစ်ပြီး ဒီဒေသဟာ Camorra လို့ခေါ်တဲ့ ဒေသခံမာဖီးယား လူဆိုးဂိုဏ်းတွေရဲ့ အမာခံနယ်မြေတွေ ဖြစ်ပါတယ်။

ဒီအကြံညဏ်ကို တင်ပြခဲ့တဲ့ ဒေသတွင်းကောင်စီ ယဉ်ကျေးမှုဆိုင်ရာအကြီးအကဲ Mario Caligiur က “စာဖတ်ခြင်းက မတည်ငြိမ်မှုအတွက် လုံးဝဖြေဆေးတစ်ခုပါ။ လူမှုအသိုင်းအဝိုင်းနဲ့ဆိုင်တာတွေ၊ ကိုယ်ကို့ကိုယ် သိမြင်လာတာတွေအပြင် နားလည် သဘောပေါက်မှုကို သူက ရရှိစေပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဖိုးသူတော်