ဆေးလိပ်မီးငြှိရာမှ အရက်ဆီဘူးအားတိုက်မိကာ မီးလောင်သဖြင့် ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသစဉ် သေဆုံး

ပို့စ်တင်ချိန် - 5/14/2014 06:59:00 PM




ရန်ကုန်၊ မေ ၁၄

၁၃.၅.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန်ခန့်တွင် လှည်းကူးမြို့နယ်၊ ၀ါးယားကုန်းကျေးရွာ ရွာသစ်နေ မဇင်မာထွန်းမှ လှည်းကူးမြို့မ
ရဲစခန်းသို့ရောက်ရှိလာပြီး ၎င်း၏ဖခင်ဖြစ်သူ ဦးညွန့်ရွှေ၊(၅၅)နှစ်၊ (ဘ)ဦးလှရွှေမှာ ၂.၅.၂၀၁၄ ရက်နေ့က ခန္ဓာကိုယ်မီးလောင်ခဲ့ပြီး ရရှိသည့်ဒဏ်ရာများဖြင့် ၁၁.၅.၂၀၁၄ ရက်နေ့တွင် သေဆုံးသွားခဲ့
ကြောင်း အကြောင်းကြားလာသဖြင့် လှည်းကူးမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးညွန့်ရွှေအား လည်ပင်း၊ ၀မ်းဗိုက်၊ ၀ဲ/ယာခြေထောက်များတွင် မီးလောင်ဒဏ်ရာများရရှိထား
သည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ဦးညွန့်ရွှေသည် ၂.၅.၂၀၁၄ ရက်နေ့ နေ့လည်
ပိုင်းက နေအိမ်၌အရက်သောက်နေစဉ် ဆေးလိပ်မီးငြှိရာမှ အရက်ဆီ
ဘူးအားလက်ဖြင့်တိုက်မိခဲ့ပြီး မီးလောင်ခဲ့သဖြင့် ရရှိသောဒဏ်ရာများ
အား နေအိမ်တွင်ဆေးကုသနေခဲ့ရာမှ ၁၁.၅.၂၀၁၄ ရက်နေ့တွင်
သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှည်းကူးမြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၅/၂၀၁၄)ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police