‘‘ဒါဇင်လေဒီ’’မှာ ဖျော်ဖြေမှုကို ရုပ်သံထုတ်လွှင့်ခွင့် မပေးတဲ့ ၀ိုင်းစု

ပို့စ်တင်ချိန် - 5/14/2014 07:20:00 AM


ဓာတ်ပုံ−ဇွဲဉာဏ်
တစ်ကိုယ်တော်ဖျော် ဖြေပွဲပြုလုပ်ရန် စီစဉ်နေသော ကြောင့် ပရိသတ်ရိုးအီသွားမည် ကို စိုးရိမ်သဖြင့် ‘‘ဒါဇင်လေဒီ’’ ဖျော်ဖြေပွဲကို MRTV-4 မှ တိုက် ရိုက်ထုတ်လွှင့်မှုတွင် ၎င်းသီဆို သော အပိုင်းကို ပြသခွင့်မပေးခဲ့ ကြောင်း ၀ိုင်းစုခိုင်သိန်းကပြော သည်။

‘‘One Lady Show’’လုပ်ဖို့ စီစဉ်နေတာကြောင့်မို့ မလွှင့် ဖြစ် တာ။ ဒီနှစ်ထဲလုပ်ဖြစ်မလား၊ နောက်နှစ်ထဲ   လုပ်ဖြစ်မလား တော့ မသေချာသေးဘူး။ အခုမှ စပြီး စီစဉ်တာပေါ့။ ၀ိုင်းစုရှိုးကျ လို့ရှိရင် ရိုးသွားမှာစိုးလို့ မလွှင့် ဖြစ်တာပါ။ ဘာရယ်မှ မဟုတ်ပါ ဘူး’’ဟု အဆိုတော်ဝိုင်းစုခိုင်သိန်း ကပြောသည်။

‘‘ဒါဇင်လေဒီ’’ဖျော်ဖြေပွဲ တွင် ‘‘မက်လောက်စရာ’’၊ ‘‘အ ချစ်နဲ့ အလွမ်း’’၊ ‘‘ရုပ်ဆိုးမ’’၊ မေဆွိ၏ ‘‘အတ္တ’’သီချင်းကို မေဆွိနှင့်တွဲဆိုခဲ့ပြီး ပါဖောမန့်များဖြင့် သီချင်းလေးပုဒ်ဝိုင်းစုခိုင်သိန်းက သီဆိုခဲ့သည်။

မေလ၁၁ ရက်က အမျိုးသမီး အဆိုတော် ၁၂ ဦး ပါဝင်သီဆို သော ‘‘ဒါဇင်လေဒီ’’ဖျော်ဖြေပွဲ တွင် ပါဝင်သော အဆိုတော်များ ၏ ဖျော်ဖြေတင်ဆက်မှုများကို MRTV-4 မှ တိုက်ရိုက်ထုတ်လွှင့် ခဲ့ပြီး ၀ိုင်းစုခိုင်သိန်း၏ တောင်းဆို မှုအရ ၎င်းသီဆိုသော အပိုင်းကို ချန်လှပ်ထားခဲ့ပြီး နောက်ဆုံးပွဲ အပိတ်တွင် အဖွဲ့လိုက်သီဆိုမှု တွင်သာ ၀ိုင်းစုခိုင်သိန်းကို မြင် တွေ့ခဲ့ရသည်။

လတ်တလောလှုပ်ရှားမှုအ နေဖြင့် ယနေ့ (မေ ၁၃ ရက်)တွင် ပြင်ဦးလွင်သို့ သွားရောက်ကာ မင်း သား နေမင်းနှင့် နှစ်ကား၊ မင်း သား စည်ဖြိုးနှင့် တစ်ကားဗီဒီယို ရိုက်ကူးမည်ဖြစ်ပြီး  မေလ ၂၂ ရက်တွင် မန္တလေး၌ ဖျော်ဖြေရန်ရှိ ကြောင်း ၀ိုင်းစုကပြောသည်။

7day