ခန္ဓာကိုယ် တစ်ခုပေမယ့် ဦးခေါင်းနှစ်လုံး ၊ဦးနှောက်နှစ်ခုနဲ့ အမြွှာညီအမ အသက်ရှင်ဖို့ ခက်ခဲ

ပို့စ်တင်ချိန် - 5/14/2014 07:43:00 AM


သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ မိခင်တစ်ဦးဟာ ကိုယ်ခန္ဓာ တစ်ခုတည်း ဖြစ်ပေမယ့် မွေးရာပါ ဦးခေါင်းနှစ်ခု၊ ဦးနှောက်နှစ်ခု ၊ ထပ်တူညီ မျက်နှာနှစ်ခုနဲ့ အမြွှာ မိန်းကလေးနှစ်ဦးကို  မွေးဖွားခဲ့ပါတယ်။


သူမတို့ကိုတော့ မျှော်လင့်ချက် (Hope)  နဲ့ ယုံကြည်ချက် (Faith) လို့ အမည်ပေးထားပြီး သူတို့မှာ ဖြစ်တောင့် ဖြစ်ခဲ ဦးခေါင်းပိုင်းဆိုင်ရာ ထပ်ပွားခြင်း လို့ ပြောနိုင်တဲ့ အခြေအနေရှိနေပါတယ်။

မိခင်ရဲ့ ၀မ်းဗိုက်ထဲမှာ ရှိစဉ် သန္ဓေသား ဘ၀ထဲက အဆိုပါ အခြေအနေတွေသိခဲ့ပြီး အန္တရာယ်ရှိမှန်း သိပေမယ့် မိခင်ဖြစ်သူဟာ Renee Young က တော့ မွေးဖွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူက ကျွန်မသမီးတွေနဲ့ နှစ်ရက်လောက်ပဲ နေရမယ်ဆိုရင်လည်း နှစ်ရက်ပဲပေါ့လေ။ ဒါပေမယ့် အနည်းဆုံး သူတို့နဲ့တော့ နေခွင့်ရတာပေါ့လို့ ပြောပြခဲ့ပါတယ်။

သားဖွားမီးယပ် အထူးကု ဆရာဝန် Dr Greg Kesby ကလည်း ကလေးမွေးဖွားလာပြီတဲ့ နောက် အခြား ပြဿနာတွေကို ရင်ဆိုင်နိုင်ရတယ်လို့ အသိပေးခဲ့ပြီး အဆိုးရွားဆုံးအနေနဲ့ အသက်ရှင်ဖို့အတွက် အသက်မရှူနိုင်မှာ စိုးရတယ်လို့ ဆိုပါတယ်။

အခက်အခဲတွေ အားလုံးကို ရင်ဆိုင်ပြီးတော့ ခြောက်ရက်သား အမြွှာညီအမဟာ အကူအညီမလိုဘဲ အသက်ရှူပြီး ရင်ခုန်သံတစ်ခုတည်းနဲ့ အသက်ရှင်နေပါတယ်။


ဒါပေမယ့် ဒါဟာ ခက်ခဲပြီး ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမို့လို့ Hope နဲ့ Faith တို့ရဲ့ ရှေ့အနာဂတ် ကျန်းမာရေး အခြေအနေကိုတော့ ဆရာဝန်များက အာမ မခံနိုင်သေးဘို့ သိရပါတယ်။

Dr Greg Kesby  က ရှေ့ဆက်ပြီးတော့ ဦးနှောက်နဲ့ ဆက်နွယ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်းသိရပါတယ်။

အမြွာညီအမရဲ့ မိဘများမှာ အခြား ကလေး ရ ဦးရှိပြီး အဆိုပါ အမြွှာညီအမနဲ့ ဘယ်လောက် အချိန်လေးပဲ အတူနေရ နေရ ကျေနပ်ပျော်ရွှင်နေ ကြပါတယ်။

world myanmar news