ဆွာတိုးဂိတ်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား ဆရာမတဦးသေဆုံး

ပို့စ်တင်ချိန် - 5/14/2014 09:19:00 PM



 ရေတာရှည် မေ ၁၄

 မေလ (၁၁) ရက်နေ့၊ မွန်းလွဲ (၂း၄၅) နာရီအချိန်က ရန်ကုန်- မန္တလေး ကာလမ်းအတိုင်း ဆွာမြို့မှ ရှေတာရှည် မြို့သို့ ပြန်လာသည့် ကျောင်းဆရာမ စီနင်းသည့် ဆိုင်ကယ်အား နောက်မှ မောင်းနှင်လာသော ကားမှ အရှိန်လွန်ကာ ဝင်တိုက်မိခဲ့သဖြင့် သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရေတာရှည်မြို့ အမှတ် (၂) ရပ်ကွက်နေ ဒေါ်ခင်မာဦး (၄၅) နှစ် (ပညာရေး ဝန်ထမ်း) သည် ဆွာမြို့မှ ရေတာရှည်သို့ ဝေ့အယ်ဖာ အမျိုးအစား ဆိုင်ကယ်ဖြင့် ရန်ကုန်- မန္တလေး ကားလမ်းအတိုင်း မောင်းနှင်ပြီး ပြန်လာစဉ် မိုင်တိုင်အမှတ် ၁၉၇/၇နှင့် ၁၉၈/၀ အကြား ဆွာတိုးဂိတ် အနီးအရောက် နောက် မှ ဇော်လွင်ထွန်း (၃၀) နှစ်၊ အမှတ် (၂၁) ရပ်ကွက် တောင်ငူမြို့ နေ သူမောင်းနှင်လာသော တိုယိုတာ မတ်တူးယာဉ်မှ နောက်မှ ဝင်ရောက် တိုက်မိသဖြင့် ဆိုင်ကယ် တိမ်းမှောက် သွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဒေါ်ခင်မာဦးတွင် ဝဲဂျိုဇောင်း ဖူးရောင်၊ ဝဲနားသွေး ထွက်၊ ဝဲနားသွေးထွက် ဒဏ်ရာများရရှိခဲ့ပြီး ဆွာတိုက်နယ် ဆေးရုံမှ တဆင့် နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံကြီးသို့ လွဲပြောင်းတင်ပို့ ကုသစဉ် မေလ (၁၂) ရက်နေ့ နံနက် (၈း၃၀) နာရီအချိန် တွင် သေဆုံး သွားခဲ့၍ ဆွာနယ်မြေ ရဲစခန်းမှ ယာဉ်(ပ) ၁၂/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar