ညီအစ်ကို(၂)ဦးစကားများရန်ဖြစ်နေစဉ် ညီမဖြစ်သူမှ သစ်သားပိုင်း ဖြင့်ရိုက်နှက်ခဲ့၍ အစ်ကိုကြီးဖြစ်သူ သေဆုံး

ပို့စ်တင်ချိန် - 5/14/2014 09:00:00 PM



ရန်ကုန်၊ မေ ၁၄ ၁၃.၅.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်တွင် သုံးခွမြို့နယ်နေ ဒေါ်စန်းဝင်မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် သားကြီးဖြစ်သူ နေလင်းအောင်၊ (၃၈)နှစ်နှင့် သားငယ်ဖြစ်သူ စိုးမင်းအောင်၊ (၃၀)နှစ်တို့(၂)ဦးသည် နေအိမ်ရှေ့ခန်း၌ နေလင်းအောင်မှ ညီဖြစ်သူ စိုးမင်းအောင်အား ကွမ်းယာဝယ်ခိုင်းသည့်ကိစ္စဖြင့် တစ်ယောက်တစ်ခွန်းစကားများနေသဖြင့် ၎င်းမှ ၀င်ရောက်ဖြန် ဖြေပေးစဉ် သမီးဖြစ်သူ မအိအိထွန်းမှာ အရှည်(၂)ပေခန့်ရှိ (၃ x ၁၁/၂) လက်မသစ်သားပိုင်းတစ်ခုအား ကိုင်ဆောင်ကာ နေအိမ်ရှေ့မှ တက်လာပြီး နေလင်းအောင်၏ဦးခေါင်းအား (၂)ချက်ရိုက်ခဲ့သဖြင့် နေလင်းအောင်တွင် ဦးခေါင်း နောက်စေ့ဝဲဘက်ပေါက်ပြဲဒဏ်ရာနှင့် ယာချိုစောင်း ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းနှင့်ယင်းသို့ကျူးလွန်သူ မအိအိထွန်းအား အရေးယူပေးရန် တိုင်တန်းလာခဲ့ ကြောင်း သိရှိရပါသည်။ တိုင်တန်းချက်အရ သုံးခွမြို့မရဲစခန်း(ပ)၁၈၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ မအိအိထွန်း၊ (၂၈)နှစ်၊ (ဘ)ဦးခင်မောင်ဝင်းအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police