အိမ်ခြံမြေရောင်းဝယ်ခွန် ရာဖြတ် စံနှုန်းသစ် စောင့်ကြည့်

ပို့စ်တင်ချိန် - 5/14/2014 12:39:00 PM


အိမ်ခြံမြေရောင်းဝယ်ခွန်ကို လျှော့ထားပေမယ့် ၁ ပေပတ်လည် ရာဖြတ် စံနှုန်းသစ်ကို ဘယ်လိုသတ်မှတ်မလဲဆိုတာ အိမ်ခြံမြေ ရောင်းဝယ်သူတွေက စောင့်ကြည့်နေကြပါတယ်။

ရန်ကုန်နဲ့မန္တလေးမှာ တန်ဖိုးနည်း အိမ်ခြံမြေတွေပဲ အရောင်းအ၀ယ်ဖြစ်နေပေမယ့် ပုံမှန်ထက် ဈေးကွက်အေးနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

၁ ပေပတ်လည် ရာဖြတ် စံနှုန်းသစ်ထွက်မလာသေးတာကြောင့် အရင်ကထက် အရောင်းအ၀ယ် တ၀က်လောက်ပဲ ဖြစ်တော့တယ်လို့ အိမ်ခြံမြေ အကျိုးဆောင် ဦးစိုင်းခွန်နောင်က ပြောပါတယ်။

ပြီးတော့ အခွန်နှုန်းထားနဲ့ ရာဖြတ်တန်ဖိုးသတ်မှတ်ချက်တွေဟာ လူအများလက်လှမ်းမီနိုင်တဲ့ အခြေအနေမှာရှိမှ အခွန်ကို မှန်မှန်ကန်ကန် ဆောင်ကြမယ်လို့ မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးသန်းဦးက ပြောပါတယ်။

မန္တလေးမှာလည်း သိန်းရာဂဏန်းကနေ ထောင်ဂဏန်းတန်ဖိုးရှိတဲ့ မြေကွက်တွေပဲ အရောင်းအ၀ယ်သွက်နေတယ်လို့ မန္တလေးက အိမ်ခြံမြေ အကျိုးဆောင်တဦးက ပြောပါတယ်။

ရန်ကုန်မှာ တိုက်ခန်း၊ လုံးချင်းနဲ့ မြေကွက်တွေ အရောင်းအ၀ယ်ဖြစ်နေပြီး မန္တလေးမှာတော့ မြေကွက်တွေပဲ ပိုပြီး အရောင်းအ၀ယ်ဖြစ်နေပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

 

DVB Burmese