ဘီယာသောက်ပေးပါက အဆစ်အမြစ်ရောင်ခြင်းကို လျော့ကျစေနိုင်

ပို့စ်တင်ချိန် - 6/22/2014 02:53:00 PM



တစ်ပတ်ကို ဘီယာနှစ်ခွက်ကနေ လေးခွက်အထိ ဘီယာမသောက်သူတွေထက် rheumatoid arthritis, RA အဆစ်အမြစ်ရောင်ဖြစ်ပွားနိုင်ချေ ၃၁ရာခိုင်နှုန်း လျော့ကျကြောင်း လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဟားဗတ်ဆေးတက္ကသိုလ်နဲ့ Brigham အမျိုးသမီးဆေးရုံတို့ရဲ့ ပူးပေါင်းသုတေသနပြုမှုအရ အသက်၂၀မှ ၂၈ နှစ်အတွင်း အမျိုးသမီးနှစ်သောင်းကျော်မှာ ဘီယာဝိုင်းတို့ကရတဲ့ အယ်ကိုဟောနဲ့ အဆစ်အမြစ်ရောင်ခြင်းတို့ရဲ့ ဆက်စပ်နေမှုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဝိုင်ကရတဲ့ အယ်ကိုဟောကလည်း RA ကိုလျော့ပါးစေပေမယ့် ဘီယာလောက်တော့ သိသာထင်ရှားမှုမရှိဘူးလို့ သိရှိရပါတယ်။ တစ်နေ့ကို ဘီယာ ၅၀ ဂရမ်ကနေ ၉.၉ ဂရမ်လောက်အထိ သောက်သူတွေဟာ RA ရောဂါဖြစ်ပွားနိုင်ချေကို လျော့ပါးစေကြောင်း ဖော်ပြထားပါတယ်။ ဒါဟာ ဘီယာရဲ့အသည်းပေါ်ထိခိုက်နိုင်မှုရယ် အဆစ်အမြစ်ရောင်ရောဂါ အပေါ် ကာကွယ်မှုရယ်ကိုတော့ သောက်သုံးသူတွေအနေနဲ့ ချင့်ချိန်ရမှာဖြစ်ကြောင်း သုတေသနအဖွဲ့က တင်ပြထားပါတယ်။
ဒီသုတေသနကို Journal Arthritis and Rheumatism မှာ ဖော်ပြထားပါတယ်။
ပြည့်ဖြိုး
Ref: medindia

Health Updates Journal