မြန်မာနိုင်ငံလူငယ်များ အစည်းအရုံး၏ တန်ခူးရင်ခွင် သံချပ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့တွင် သင်္ကြန်သံချပ်ဖြင့် ဧပြီလ ၇ရက် ညနေ ၄ နာရီမှ စတင်ကာ ဖျော်ဖြေ


မြန်မာနိုင်ငံလူငယ်များ အစည်းအရုံး၏ တန်ခူးရင်ခွင် သံချပ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့တွင် သင်္ကြန်သံချပ်ဖြင့် ဧပြီလ ၇ရက် ညနေ ၄ နာရီမှ စတင်ကာ ဖျော်ဖြေနေစဉ်။ (ဓာတ်ပုံ- ဟိန်းထက်)
ဒေါ်အောင်ဆန်းစုကြည်သည် သင်္ကြန်တွင်း၌

တစ်ကိုယ်လုံးအရိုးများ ပေါ်လာသည့်တိုင် အသက် (၅) နှစ် အရွယ် ကလေးငယ် ကို အစာငတ်ခံ ထားခဲ့တဲ့ မိထွေးကို အရေးယူ


အမေရိကန် ပြည်ထောင်စု တက်ဆက်စ် ပြည်နယ် မှာ အသက် ငါးနှစ် အရွယ် ကလေး ငယ် တစ်ဦးကို မိထွေး ဖြစ်သူက ပိတ်လှောင် ပြီး အစာငတ်ခံ ထားခဲ့တာ မို့ ဖမ်းဆီး အရေး ယူခဲ့ တယ်လို့ သိ ရပါတယ်။ ဒီဖြစ် စဉ်မှာ ကလေးငယ် ရဲ့ ဖခင်လည်း ပါဝင် ပတ်သက်နေ လို့ စွဲချက် တင်ထား ပါတယ်။ အသက် (၃၃) နှစ်အရွယ် ရှိ တ(စ်)မီဟာ လက်ရှိအချိန်မှာ ကိုယ်ဝန်ဆောင်ထားတဲ့အပြင် သားသမီး ငါးဦးလည်း ရှိထားပါတယ်။ ဒါပေမဲ့ ယောက်ျား ဘက် က ပါလာတဲ့ ကလေးငယ် ကိုလှေကား အောက်က အခန်းထဲမှာ ပိတ်လှောင်ပြီး

ကျုံးတောင်ဘက် မဏ္ဍပ်ဆောက်ခွင့်ပါမစ် တစ်ဆင့်ရောင်းချမှု ကျပ်သိန်းရာဂဏန်းရှိ


မန္တလေး၊ ဧပြီ ၆

မန္တလေးမြို့ မဟာသင်္ကြန်ပွဲတော်အတွင်း ကျုံးဘေးပတ်လည်တွင် ရေကစားမဏ္ဍပ်တစ်ခု တည်ဆောက်ခွင့် ပါမစ်ကို တစ်ဆင့်ပြန်လည်ရောင်းချပါက ကျုံး တောင်ဘက်ခြမ်းတွင် ကျပ်သိန်းရာဂဏန်း ၀န်းကျင်အထိ ဈေးနှုန်းရှိနေကြောင်း သင်္ကြန်မဏ္ဍပ်မဲစနစ်ဖြင့် ရွေးချယ်ရာတွင် မဲမပေါက်ခဲ့သော ပြင်ပမှဝယ်ယူလိုသူများ ထံမှ သိရသည်။

“သင်္ကြန်မဏ္ဍပ် မဲနှိုက်တာမပေါက်တဲ့ အတွက် ပြင်ပကနေ လက်လွှဲပြန်လည် ၀ယ်ယူဖို့အတွက် ဈေးစုံစမ်း တော့ ကျုံး တောင်ဘက်ခြမ်းမှာ ကျပ်သိန်း၈၀နဲ့ ၁၀၀ ကြား ဈေးနဲ့ ပြန်ရောင်းချင်တဲ့သူတွေရှိပါတယ်။ ၀ယ်ယူတဲ့သူရှိပါတယ်။ ကျွန်တော် တို့ကတော့ မ၀ယ်ပါဘူး” ဟု ကုမ္ပဏီတစ်ခု၏ မန်နေဂျာတစ်ဦးက ပြောသည်။

ကျုံးဘေးပတ်လည်တွင် ကျုံးတောင် ဘက်ခြမ်း၌ မဏ္ဍပ် ၁၅ ခုသာ ဆောက်လုပ်ခွင့်ပြုထားသည်။ တည် ဆောက်လိုသည့် အရေအတွက်နှင့် ချထားပေးသည့် အရေ အတွက်မှာ ကိုက်ညီမှုမရှိသဖြင့် ယခုကဲ့သို့ ပြင်ပပေါက်ဈေးတစ်ရပ် ပေါ်ထွန်းလာခြင်း ဖြစ်သည်။

“သင်္ကြန်မဏ္ဍပ်တည်ဆောက်ခွင့်အတွက် မဲစနစ်နဲ့ မြို့တော်စည်ပင်မှာ နှိုက် ပါတယ်။ အဲဒီထဲမှာ တချို့က မရလည်း အရင်း၊ ရလည်းအမြတ်ဆိုပြီး ၀င်နှိုက်တာ တွေ ပါပါတယ်။ အဲဒီအခါမှာ အခုလို ပြဿနာတွေ ဖြစ်လာတာပဲ။ စပေါ်ကြေးက ငါးသိန်း ပြင်ပရောင်းဈေးက သိန်း ၈၀ လောက်ရှိတော့ အမြတ်များများ ကျန်တဲ့အ တွက် အခုလိုလုပ်ကြတာဖြစ်ပါတယ်”ဟု မဏ္ဍပ်တည်ဆောက်လိုသည့် လုပ်ငန်းရှင် တစ်ဦးဖြစ် သည့် ကိုနေသူက ပြောသည်။

ယခုကဲ့သို့သော ပြဿနာများမဖြစ်ပွားစေရန် ရန်ကုန်တွင် ထိရောက်သော ဒဏ်ကြေးများ သတ်မှတ်ဆောင် ရွက် သော် လည်း မန်္တလေးတွင်မူ စစ်ဆေးမှုပိုင်းနှင့် ထိရောက်သော ဒဏ်ကြေးတပ်ရိုက်ခြင်းများ မရှိဟု ၎င်းတို့က ဆိုသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ တာဝန်ရှိသူတစ် ဦးက “ကျွန်တော်တို့အနေနဲ့ စည်းကမ်းချက်နဲ့မညီတဲ့ သူတွေကို စစ်ဆေးမှုတွေစနေပြီဖြစ်ပါတယ်။ အဲဒီ ထဲမှာ စည်းကမ်းချက်နဲ့မညီတဲ့ မဏ္ဍပ်တွေကိုလည်း တွေ့ရပါတယ်။ ဒါတွေကို သတိပေးတာတွေ လုပ်နေ ပြီဖြစ်ပါတယ်။ မန္တလေးမြို့တွင်း တချို့မဏ္ဍပ်တွေဆိုရင် ဆောက်လုပ်ခွင့်မတင်ဘဲ ဆောက်နေတာတွေရှိ ပါတယ်။ အဲဒါတွေကိုလည်း စစ်ဆေးဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

မန္တလေးမြို့ သင်္ကြန်မဏ္ဍပ်နေရာချ ထားရာတွင် ၂၀၁၄ခုနှစ်၌ မဏ္ဍပ် ၅၃ ခုအတွက် ငွေကျပ်သိန်းလေးရာ ကျော် ကောက်ခံရရှိထားသည်ဟု ၎င်းက ပြောသည်။

မန္တလေးမြို့ ကျုံးဘေးပတ်လည်တွင် မဏ္ဍပ်ပေါင်း ကနဦးတွင် ၃၄ ခု၊ လက်ရှိ၌ ၃၆ခုအထိ ရှိနေပြီဖြစ်ရာ မြို့တွင်းတွင် အလှပြမဏ္ဍပ်တစ်ခု၊ ရေကစားမဏ္ဍပ် ၉ခုနှင့် ကန်တော်ကြီး၌ ရေကစားမဏ္ဍပ်ခုနစ်ခု လက်ရှိ တည်ဆောက်နေပြီဖြစ်သည်။

မန္တလေးကျုံးလေးဘက်တွင် တောင် ဘက်ကျုံးမှာ မဏ္ဍပ်အများဆုံးနှင့် နှစ်စဉ် အစည်ကားဆုံးဖြစ်သည်။ ဒုတိယအ စည်ကားဆုံးမှာ အရှေ့ကျုံးဖြစ်ပြီး ကျန်အ နောက်နှင့် မြောက်ဘက်တို့မှာ မဏ္ဍပ်နည်း ပါးပြီး ရေစုပ်စက်၊ မီးသတ်ပိုက်များဖြင့် ရေကစားမှုများသာ များပြားသည်။

မျိုးသန့်

Mizzima - News in Burmese

အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးတို့၏ အဓိက ပြိုင်ဘက်သည် တိုင်းရင်းသားပါတီများဟုဆို


နေပြည်တော်၊ ဧပြီ ၆

၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ဒုတိယအကြိမ် ကြားဖြတ် ရွေးကောက်ပွဲ၌ အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုး ပါတီကြီး နှစ်ခုတို့၏ အဓိကပြိုင်ဘက်မှာ ဒေသခံ တိုင်းရင်းသားပါတီများဖြစ်ကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့က ပြောသည်။

“ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေ မှာ ဒေသခံပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှုတွေက ကိုယ့်ဒေသ ကိုယ်တည်ဆောက်မှ ဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ ပိုခိုင်မာလာတယ်။ ဒီတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသားပါတီ တွေဟာ အင်အားကြီးပါတီ နှစ်ခုအတွက်တော့ အဓိက ပြိုင် ဘက်တွေ ဖြစ်လာမယ်” ဟု ရခိုင်အမျိုးသားပါတီ၏ ဒုတိယခေါင်း ဆောင်၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးမောင်က ပြောသည်။

“တိုင်းရင်းသားပါတီတွေ အာဏာရမှသာ ဒေသအကျိုးကို စွမ်းဆောင်နိုင်မယ်ဆိုတဲ့ အယူအဆတွေ အားပို ကောင်းလာတယ်။ လက်ရှိမှာ ဥပမာပြရရင် ကိုယ့်ဒေသထွက်တဲ့ စွမ်းအင်(လျှပ်စစ်)ကို ရန်ကုန်ကိုယူသွား ပြီး ပြည်မမှာ တစ်ယူနစ် ကို ၃၅ ကျပ်လောက်နဲ့ သုံးနေကြချိန်မှာ အဲဒီစွမ်းအင်ထွက်ခဲ့တဲ့ ဒေသခံတွေက ၅၀၀ ကျပ်လောက်ပေးကြရတယ်။ ရခိုင်က ဓာတ်ငွေ့တွေ၊ ကယားပြည်နယ်၊ လောပိတ ရေအားလျှပ်စစ် တွေ တခြား မန်သကမခန် တွေလဲ အလားတူပဲ။ အခုဆိုရင် ဗန်းမော်မှာလဲ ရှမ်းနီပါတီပေါ်လာပြီ။ ကိုယ့် ဒေသ အကျိုးစီးပွား ကိုယ်ဖန်တီးနိုင်ဖို့ အခုလို တိုင်းရင်းသား ပါတီတွေပေါ်လာတာပဲ”ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

ကိုယ့်ဒေသ ကိုယ်ဖန်တီးမှဖြစ်တော့ မည်ဟူသည့် အတွေ့အကြုံကို အခြေခံသော ယုံကြည်နားလည်မှုများ ကြောင့်လာမည့် ကြားဖြတ်ရွေးကောက်ပွဲသာမက ၂၀၁၅ အတွက်ပါ အင်န်အယ်လ်ဒီနှင့်ပြည်ခိုင်ဖြိုးပါတီ တို့ကိုကောင်းစွာ ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ကျားဖြူပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက ပြောသည်။
“လာမယ့် ကြားဖြတ်ရွေးကောက်ပွဲက တိုင်းရင်းသားဒေသတွေမှာ လစ်လပ်ကိုယ်စားလှယ် ၁၄ နေရာ ရှိတော့ ပွဲကကြည့်ကောင်းမှာပါ။ ရှမ်းနဲ့ ရခိုင် ၁၉၉၀ ရွေးကောက်ပွဲမှာ အခြေအနေကောင်းခဲ့သလို ၂၀၁၀ မှာလဲကောင်းခဲ့တယ်။ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲမှာလဲ ရှမ်းကအခြေအနေကောင်းခဲ့တာပဲ။ လွှတ် တော်သက်တမ်းတစ်လျှောက်လုံးမှာ ဒေသအကျိုး အတွက် ထဲထဲဝင်ဝင်အလုပ်လုပ်ခဲ့လို့ ပြည်သူတွေက ကျွန်တော်တို့ပါတီကို မိဘတွေလို သဘောထားလာကြလို့ အခြေအနေ ကောင်းပါတယ်” ဟု ၎င်းက ရှင်းပြသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာအနက် အင်န်အယ်လ်ဒီက ၄၃ နေရာ တွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်(မြောက် ပိုင်း)၊ အမျိုးသားလွှတ်တော်တစ်နေရာတွင်မူ ကျားဖြူ ပါတီမှ ဦးစိုင်းစံမင်းက ပါတီကြီးနှစ်ပါတီကို ကျော်ဖြတ်အနိုင်ရခဲ့သည် ကိုရည်ညွှန်း၍ ပြောဆိုခြင်းဖြစ် သည်။

ကျားဖြူပါတီသည် ရှမ်းပြည်နယ်တွင် တန့်ယန်း၊ မိုးကောင်း၊ တာချီလိတ်နှင့် နမ့် ခမ်းမြို့နယ်များတွင် ၀င် ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး အဆိုပါလေးနေရာအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင် ပိုင်းရှိ ကျားဖြူပါတီဝင်များ စုပေါင်း အားဖြည့်ကာ ယှဉ်ပြိုင်မည်ဖြစ်သည်။

ရှမ်းပြည်နယ်၌ လစ်လပ်ကိုယ်စားလှယ်လေးဦးအတွက် လေးနေရာ၊ ရခိုင် နှင့် ကချင်ပြည်နယ်တို့တွင် သုံးနေရာစီ၊ တနင်္သာရီ၊ ချင်းနှင့် မွန်ပြည်နယ်တို့တွင် တစ်နေရာစီ စုစုပေါင်း ၁၄ နေရာ လစ်လပ်လျက် ရှိပြီး ဒေသခံအများစုသည် တိုင်းရင်းသားပါတီများကိုသာ ရွေးချယ်ကြမည်ဟု ယုံကြည်ကြောင်းလည်း ကျောက်မဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီက ပြောသည်။“ဒီပါတီကြီးတွေမှာ မဟာဗျူဟာရှိ ရမယ်။ တိုင်းရင်းသားပါတီတွေနဲ့ ဘယ် လောက်ထိ လက်တွဲမလဲဆိုတာ ကြေညာပေးသင့် ပြီ။ တိုင်းရင်းသားတွေနဲ့ မပြိုင်ခင် မဟာမိတ်လုပ်မလား။ ပြိုင်ပြီးမှ လုပ်မှာလား စဉ်းစားရတော့မယ်”ဟု လည်း ဒေါက်တာ အေးမောင်က ရှင်းပြသည်။

စိုးသန်းလင်း

Mizzima - News in Burmese

အင်န်အယ်လ်ဒီနာယက ဦးဝင်းတင် ကျန်းမာရေးအခြေအနေ ကောင်းမွန်


ရန်ကုန်၊ ဧပြီ ၆

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာ ရေးအခြေအနေမှာ ကောင်းမွန်လာကြောင်း ၎င်းနှင့်နီးစပ်သူ မိတ်ဆွေများက ဧပြီလ ၆ ရက် ည ၇ နာရီ ကျော်တွင် မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ဦးဝင်းတင်၏ မိတ်ဆွေတစ်ဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က “တော်တော်လေး ကောင်းလာပါပြီ။ တဖြည်းဖြည်း တိုးတက်လာပါတယ်။ အရင်ကထက်စာရင် တိုးတက်လာတယ် ပြောရ မယ်။ ဒီလိုရောဂါမျိုးတွေကတော့ တစ်မုဟုတ်ချင်း ပျောက်သွားတာတော့ မရှိပါဘူး။ ဖြည်းဖြည်းနဲ့မှန်မှန် တိုးတက်လာတယ်”ဟု ဆိုသည်။

ဒီလှိုင်းဂျာနယ် အမှုဆောင်အယ်ဒီတာ မုံရွာအောင်ရှင်ကလည်း “တော်တော်ကောင်းသွားပါပြီ။ အခြေအနေ တိုးတက်လာပါတယ်”ဟုဆိုသည်။

လက်ရှိအချိန်တွင် ဦးဝင်းတင်ကို နိုင်ငံခြားသို့ သွားရောက်ဆေးကုသရန် အစီအစဉ်မရှိသေးဟုလည်း ဦးထွန်း ကြည်က မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာစေရန်အတွက်ဆုတောင်းပွဲများကို ရန်ကုန်အပါအ၀င် မန္တလေးမြို့ကြီးများတွင် ပြုလုပ်ခဲ့သည်။

တင်ဇာအောင်
Mizzima - News in Burmese

ကိုရင်တစ်ပါး ရထားကြိတ်ခံရသဖြင့် ပျံလွန်တော်မူ


ရန်ကုန်၊ ဧပြီ ၇

၇.၄.၂၀၁၄ ရက်နေ့ ၀၇၁၀ အချိန်တွင် မြောက်ဥက္ကလာပ မြို့ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်း ဘူတာအနီး၊ မိုင်တိုင်အမှတ်(၂၃/၂၄)ကြားတွင် ကိုရင်တစ်ပါး ရထား တိုက်ခံရ၍ ပျံလွန်တော်မူကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ပုရွက်ဆိတ်ကုန်း ရပ်ကွက်ရှိ ဝေနေယျသုခ ကျောင်းတိုက်တွင် ၄.၄.၂၀၁၄ ရက်နေ့မှ စတင်၍ ကိုရင်ဝတ်ခဲ့သည့် ကိုရင်အိန္ဒက(ခ)အောင်မင်းထိုက်၊ (၂၉)နှစ်၊ (ဘ)ဦးထွန်းဝင်း၊ (၈)ရပ်ကွက်၊ မြောက်ဥက္ကလာပ မြို့နယ်နေသူဖြစ်ပြီး ဦးခေါင်းပြတ်လျက် ပျံလွန်တော်မူနေသည်ကို တွေ့ရှိ ရပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ကိုရင် အိန္ဒက(ခ)အောင်မင်းထိုက်သည် ၀၆၁၀အချိန်ခန့်တွင် အခင်းဖြစ်နေရာ၌ ရထားလမ်းအားဖြတ်ကူးစဉ် မင်္ဂလာဒုံမြို့နယ်ဘက်မှ ရန်ကုန်မြို့တွင်းသို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DF-1243 မြို့ပတ်ရထားမှ တိုက်မိကာ ကြိတ်မိခဲ့သဖြင့် ပျံလွန်တော်မူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မြောက်ဥက္ကလာပ မြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မိန်းကလေးများရဲ့ စကပ်အောက်ကို ဖုန်းနဲ့ ဗီဒီယိုခိုးရိုက်သူ ထောင်ကျ


စင်ကာပူနိုင်ငံ Resorts World Sentosa မှာ System Technician အဖြစ် လုပ် ကိုင်နေသူ တစ်ဦးကို အမျိုးသမီးများရဲ့ စကပ်အောက်ကို ဗွီဒီယိုရိုက်ကူးခဲ့ တာကြောင့် ထောင်ဒဏ် ၉ လကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

အသက် ၂၆နှစ်ရှိ Dominic Chia Hooi Chuan ဆိုသူမှာ RWS မှာ အလုပ်လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပြီး အမျိုးသမီးများစွာကို ဗွီဒီယိုရိုက်ကူးမှုပေါင်း ၉ကြိမ်နျှင့် သူနေထိုင်ရာ Elias လမ်းမှ နေအိမ်မှာရှိတဲ့ လက်ကိုင်ဖုန်းတွင်လည်း အမျိုးသမီးတစ်ဦး၏ မဖွယ်မရာ ပုံရိပ်များကို ဗွီဒီယို ရိုက်ကူးထားမှုတို့ကြောင့် ယခုလို ထောင်ဒဏ် သတ်မှတ်လိုက်ခြင်း ဖြစ်တယ်လို့ Straits Times သတင်းစာအရ သိရပါတယ်။

အဆိုပါ ဗွီဒီယိုတွေကိုတော့ RWS ၊ VivoCity နဲ့ White Sands တို့မှာ ၂၀၁၁ ခုနှစ်ကတည်းက ရိုက်ကူးထားခြင်း ဖြစ်ကြောင်း တရားရုံးမှတ်တမ်းများအရ သိရပါတယ်။

သူ့အနေနဲ့ ကြည့်ကောင်းတယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ပြီဆိုရင် ထိုအမျိုးသမီးနောက်ကို သူမ စက်လှေကား (escalator) ပေါ်တဲ့အထိ တောက်လျှောက်လိုက်ပါတယ်။ သူမ escalator ပေါ်တက်ပြီ ဆိုတာနဲ့ သူ့ဖုန်းကို ပေါင်နားမှာထားပြီး အရှေ့က တက်သွားတဲ့ အမျိုးသမီးရဲ့ စကပ်အတွင်းပိုင်းကို ချိန်ပြီး ရိုက်ကူးတယ်လို့ ပြောဆိုပါတယ်။

သူ့ကိုတော့ လွန်ခဲ့တဲ့နှစ် မေ ၂၃ရက်နေ့မှာ ဖမ်းမိခဲ့တာ ဖြစ်ပြီး အဲဒီအချိန် သူ့ဖုန်းထဲမှာ ၁၃နှစ်အရွယ် ကောင်မလေးတစ်ယောက်ရဲ့ ပေါင်အတွင်းပိုင်းနဲ့ အတွင်းခံပါ မြင်ရတဲ့ ဗွီဒီယိုကို တွေ့ရပါတယ်။

သူ့ဖုန်းနဲ့ လပ်တော့ပ်ကို စစ်ဆေးကြည့်တဲ့အခါမှာလည်း အဆိုပါ အလားတူ ဗွီဒီယိုတွေ ဓါတ်ပုံတွေကိုလည်း တွေ့ရပါတယ်။
World Myanmar

HIV ကို အိမ်မှာ ကိုယ့်ဖါသာစမ်းသပ်နိုင်တဲ့ကိရိယာကို ဆေးဆိုင်ကောင်တာမှာ အလွယ်ဝယ်လို့ရပြီ


• ဗြိတိန်မှာ ပဌမဆုံးအကြိမ်ခွင့်ပြုလိုက်တာပါ။ ၁၉၉၂ ကတည်းကတားမြစ်ထားတာကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
• သူတို့နိုင်ငံမှာ HIV ပိုးရှိနေသူပေါင်း တစ်သိန်းရှိတယ်။ ရှိမှန်းမသိသူ ၂ သောင်း ၅ သောင်းအထိ ရှိနိုင်တယ်လို့ မှန်းဆထားပါတယ်။
• ဒီစမ်းသက်စရာတခုကို အရင်က အွန်လိုင်းကနေဝယ်ရင် ၇၅ ပေါင်ပေးရတယ်။ အခုစမ်းသပ်စရာကိုတော့ လာမဲ့နှစ်မှာသာ ဆေးဆိုင်တွေပ်ါရောက်ပါမယ်။
• ယူကေ NHS ကနေ စက္ကန့် ၆ဝ အတွင်း ရှိ-မရှိသိနိုင်တဲ့ကိရိယာကို ၂ဝ-၃-၂ဝ၁၄ ကတည်းက အသိအမှတ်ပြုခဲ့ပါတယ်။
• US FDA ကတော့ OTC HIV test kit ကိရိယာကို ၂ဝ၁၂ ကတည်းကခွင့်ပြုခဲ့ပါတယ်။ OraQuick ကိရိယာက ပါးစောင်နေရာက သွားရည်ကိုစမ်းရတာဖြစ်ပါတယ်။ မိနစ် ၂ဝ-၄ဝ သာကြာမယ်။

ဒေါက်တာတင့်ဆွေ
၇-၄-၂ဝ၁၄
http://www.mirror.co.uk/lifestyle/health/hiv-home-testing-kits-available-3376354

ဖွဲ့စည်းပုံပြင်ဆင်ခြင်းနှင့် နိုင်ငံရေး အကျပ်အတည်း ကျော်လွှားရန် သြဇာကြီး မား သူများ တွေ့ဆုံ ဆွေးနွေးရန်လိုဟု သူရ ဦးရွှေမန်းပြော ကြား

ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်း

ရန်ကုန်၊ ဧပြီ ၆- ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပါအဝင် မြန်မာ နိုင်ငံ တွင် ကြုံတွေ့ရလာ ဖွယ်ရှိသည့်နိုင် ငံရေး အကျပ်အတည်းများကိုကျော် လွှားနိုင်ရန် အတွက် မြန်မာနိုင်ငံ အ တွင်း သြဇာတိက္ကမကြီးမားသူများအ ကြား တွေ့ဆုံဆွေးနွေး မှု ပြုလုပ်နိုင် ရန် အရေးကြီးကြောင်း ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်း က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ဧပြီ ၆ရက် နံနက်ပိုင်းက ပြည် ထောင်စုလွှတ်တော်နာယက သူရ ဦး ရွှေမန်းနှင့် ဒီမို ကရေစီတူဒေးတို့၏ သီးသန့်တွေ့ဆုံမေးမြန်း မှုတွင် အခြေ ခံဥပဒေပုဒ်မ ၅၉(စ) ပြင် ဆင်ရေးနှင့် ပတ်သက် ပြီးမေးမြန်း မှု အ ပေါ်ပြန် လည်ဖြေ ကြားရာတွင် ယင်းကဲ့ သို့ ပြောကြား လိုက်ခြင်းဖြစ် သည်။

““ပုဒ်မ ၅၉(စ)က ဒေါ်အောင် ဆန်းစုကြည်နဲ့တင်မကဘူး။ အားလုံး နဲ့ဆိုင်တယ်။ တစ်ဖက်မှာလဲ ဖွဲ့စည်း ပုံမပြင်လဲ အင်န်အယ်လ်ဒီ ကရွေး ကောက်ပွဲဝင်မယ် ပြောထားတယ်။ ဒါကလဲကောင်းတဲ့အချက်ပဲ။ ဖွဲ့စည်း ပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ အကျပ် အတည်းကြုံမှာကို စိုးရိမ်ပူပန်သူတွေလဲ ရှိတယ်။ နိုင်ငံရေးကတော့ ဆက်ပြီး သွားရမှာပဲ။ အကျပ်အတည်းက ကြုံ ကောင်းလဲ ကြုံနိုင်တယ်။ အခက်အခဲ တွေကိုကျော်လွှားရလိမ့်မယ်။ ကျော် လွှားနိုင်အောင်မ လုပ်တဲ့သူတွေ က ပြု ပြင်ပြောင်းလဲရေး မလုပ်တဲ့သူတွေ။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအပါ အဝင် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် သြဇာကြီးမားသူတွေ တွေ့ဆုံဆွေးနွေး နိုင်ဖို့ သိပ်ကိုအရေးကြီးတယ်””ဟု သူရ ဦးရွှေမန်းက ဒီမိုကရေစီတူဒေးသို့ ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ နိုင်ငံရေးအရ သြဇာကြီးမားသူများဖြစ် သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်နာယက သူရ ဦးရွှေမန်းတို့နှင့် လေးပွင့်ဆိုင်ဆွေး နွေးခွင့်ရရန် အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌဌဒေါ်အောင်ဆန်းစုကြည် က တောင်းဆိုထား သည်။

ယင်းကဲ့သို့ ထုတ်ဖော်ပြောကြား မှုနှင့်ပတ်သက်ပြီး ““ပြောပုံအရတော့ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အဓိက ပြောပုံ ရတယ် ။ ဒေါ်အောင်ဆန်းစုကြည် တို့က တောင်းထားတယ်ဆိုတော့ နီး စပ်မှုရှိ ကြောင်း ပြတာလဲ ဖြစ်နိုင်တယ်”” ဟု မြန်မာ့နိုင်ငံရေးလေ့ လာသူ ကို ကျော် လင်းဦးက သုံးသပ်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် မြန်မာ့တပ်မတော်ကို ဒီမိုကရက် တစ်နည်းကျ တပ်မတော်အဖြစ်ရှိရန် လိုလားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သူမ၏ သမ္မတဖြစ်ခွင့်ကို ကန့်သတ် ထားသည့် ပုဒ်မ၅၉ (စ) နှင့် ပုဒ်မ-၄၃၆ ကဲ့သို့သောပုဒ်မ မျိုးအထိ ပြင် ဆင်ပေး ရန် တောင်းဆိုထားကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ခြင်း ပုဒ်မ-၄၃၆အရ ဖွဲ့စည်းပုံပြင် ဆင်ပါက လွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းအပါအဝင် တပ်မတော် သားကိုယ်စားလှယ် အနည်းဆုံးတစ် ဦးက ပြင်ဆင် ရေး ကိုထောက်ခံမှသာ ဖွဲ့စည်းပုံကို ပြင်နိုင် မည်ဖြစ်သဖြင့် နိုင်ငံရေးလှုပ်ရှားသူအများစုက ယင်း ပုဒ်မကိုပြင်ဆင်ရန် လက်ရှိအချိန်တွင် တောင်းဆိုနေကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းအနေဖြင့် လွှတ် တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ခြင်း အကောင် အထည်ဖော်ရေး ကော်မတီ ကို ဖွဲ့စည်း ပေးထားသလို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ခြောက်လအတွင်း အပြီးသတ် ပြင်ဆင်နိုင်ရန် အဆိုပါကော်မတီကို လမ်းညွှန်မှုပေးထားကြောင်း သိရသည်။

လေ့လာသုံးသပ်သူများ၏အဆိုအရ အစိုးရနှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့အနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် တပ်မတော်၏ အခန်း ကဏ္ဍဍကိုမလျှော့ချဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ခြင်း အခန်း(၁၂) ပုဒ်မ -၄၃၆ပါ ပြဋ္ဌဌာန်း ချက်များဖြင့်သာ ပြင် ဆင်လိုနေသည်ဟု သုံးသပ်ကြသည်။ ယင်းအပြင် တပ်မတော်အနေဖြင့် အစိုး ရမှ အကောင် ထည်ဖော်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက်လည်း အာမခံပေးထားပြီး အစိုးရနှင့် တိုင်းရင်းသားများ အပါ ဝင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေး နွေးပွဲကျင်းပမည့် အစိုးရ၏ အစီအစဉ် အား ထောက် ခံမှုပေး ထားပုံရသည်ဟု နိုင် ငံရေးလေ့ လာသူများက ပြောသည်။

““သမ္မတနဲ့ ကာကွယ်ရေးဦးစီး ချုပ်တို့က ဖွဲ့စည်းပုံပြင်ရေးထက် တိုင်း ရင်းသား ငြိမ်းချမ်းရေးကိစ္စကို အလေး ပေးနေ တာတွေရ တယ်၊ ဒီလေးယောက် တည်းနဲ့ ဖွဲ့စည်းပုံအပါဝင် နိုင်ငံရေး ပြသနာတွေ ဖြေရှင်းနိုင်မယ်လို့ ယုံ ကြည်ထားပုံ မရဘူး ၊ အားလုံး ပါဝင် တဲ့ နိုင်ငံရေးဆွေးနွေးပွဲမှသာ နိုင်ငံရေး ပြသနာတွေကို အဖြေရှာနိုင်မယ် လို့ ယူဆပုံရတယ်”ဟု ကိုကျော်လင်း ဦးက ပြောသည်။

[--Democracy today Daily Newspaper--]

သင့်ဘ၀အတွက် ပျော်ရွှင်မှု ရရှိစေမယ့် သိမှတ်ဖွယ်ရာများ




မေသော် on 2014-04-05 14:05   Tweet
ကိုယ့်နေထိုင်မှုပုံစံ မမှန်လို့၊ ဒါမှမဟုတ် အကျင့်စရိုက်တစ်ချို့ ပြောင်းလဲပစ်ဖို့ လိုနေလို့ ကိုယ့်ရဲ့နေ့စဉ်ဘ၀တွေဟာ လိုအပ်ချက်တွေ ရှိနေတတ်တယ်ဆိုတာမျိုး ဘယ်သူတွေးမိမှာလဲ။ ဘာမှမဟုတ်ဘူးလို့ ထင်တဲ့အရာ တစ်ချို့ကြောင့် သင့်ဘ၀ ပိုမိုပျော်ရွှင်ဖွယ် ကောင်းလာတယ်ဆိုရင်တော့ မဖြစ်မနေကို ပြောင်းလဲပစ်ရမှာပဲနော်။

၁။အိပ်ချိန်တွေကို မလျှော့ပစ်ပါနဲ့။ ဒါဟာ လူတစ်ယောက်အတွက် သိပ်အရေးကြီးတဲ့အရာပါ။ အိပ်ချိန်အပြည့်အ၀ ရှိပါစေ။

၂။ပွေ့ဖက်ခြင်းဟာလည်း သင်ခံစားနေရတဲ့ ဖိအားတစ်ချို့ကို လျှော့ချပေးနိုင်ပါတယ်။ ရယ်မောခြင်းနဲ့ ပွေ့ဖက်ခြင်းအတွက် မတွန့်ဆုတ်ပါနဲ့။

၃။ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို ကျေးဇူးတင်စကားပြောပါ။ ဖြစ်နိုင်ရင် note လေးရေးပြီး ကျေးဇူးတင်တဲ့အကြောင်း သူတို့သိအောင် ပို့ပေးပါ။

၎။ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းတတ်ပါစေ။ အခက်အခဲတစ်ခုအတွက် ကိုယ်ရုန်းကန်ကြိုးစားခဲ့ရတဲ့အချိန်တွေ၊ ကိုယ်ကျော်လွှားနိုင်ခဲ့တဲ့ အခြေအနေတွေကို ပြန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးမြှင့်လိုက်ပါ။

၅။လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ အကသင်တန်းတက်တာပဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု လုပ်တာကလည်း ကောင်းတဲ့အချက်တစ်ခုပါပဲ။

၆။ကိုယ့်စိတ်ကြိုက် သီချင်းတွေချည်း ရွေးပြီး နားထောင်ဖြစ်အောင် နားထောင်ပါ။

၇။ရေများများသောက်ပါ။ ဒါကလည်း နေ့စဉ်ဘ၀မှာ ကိုယ့်ကိုကျန်းမာအောင်၊ ပျော်ရွှင်အောင် ပံပိုးပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

၈။သူငယ်ချင်းတွေနဲ့ တစ်ပတ်ကို တစ်ခါ အနည်းဆုံး တွေ့ပေးပါ။ ရယ်စရာမောစရာတွေကြောင့် သင့်စိတ်တွေ ပြန်လည် လန်းဆန်းလာမှာပါ။

Ref:womenshealthmag.com
Trend Myanmar

Telenor က ပထမဦးဆုံးအကြိမ်ဖုန်းခေါ်ဆိုစမ်းသပ်မှုအောင်မြင်မှုရ


သော်ဇင်ထက်

Telenor မှ ရန်ကုန်မြို့နှင့် ၂၂ကီလိုမီတာ ကွာဝေးသော စက်မှုဇုန်နေရာတစ်ခုတွင် Data Centre အားတည်ဆောက်လိုက်ပြီး ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုစမ်းသပ်မှု၊ဗီဒီယိုခေါ်ဆိုမှုနှင့်ဒေတာအသုံးပြုမှုတို့ကို စတင်သရုပ်ပြခဲ့ကြောင်းသိရသည်။
Telenor က ယခုစမ်းသပ်မှုတွင် 3G network စနစ်ကိုဖြင့်အသုံးပြုပြီး Huawei စမတ်ဖုန်းအသုံးပြုကာ စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ တယ်လီနော၏ data centre မှ ရန်ကုန်မြို့ဗဟန်းမြို့နယ်တွင်းတည်ရှိသော တယ်လီနောမြန်မာ၏ ရုံးချုပ်သို့ ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ဖုန်းခေါ်ဆိုမှုသည် တယ်လီနော၏ 3G ကွန်ယက်ပေါ်မှ ပြုလုပ်ခြင်းဖြစ်ပြီး အသံဖြင့်ဖုန်းခေါ်ဆိုမှုအပြင် ဗွီဒီယိုဖြင့်ခေါ်ဆိုမှုကိုလည်း ပြုလုပ်ခဲ့သည်ဟုသိရသည်။
အဆိုပါဒေတာစင်တာအားသယ်ဆောင်ရလွယ်ကူသော ကွန်တိန်နာများဖြင့် တယ်လီနော်နှင့် Huawei ကုမ္ပဏီတို့မှ ကမ္ဘာ့ပထမဆုံး ရွေ့ပြောင်းရလွယ်ကူသောဒေတာစင်တာကို တီထွင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တာဝါတိုင်တစ်ခုကိုပါ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဒေတာစင်တာ ထားရှိသည့် နေရာကို လက်ရှိတွင်နေရာအတိအကျကိုထုတ်ပြောကြားခြင်းမခြင်းမပြုနိုင်သေးကြောင်း တယ်လီနော်၏စီအီးအို Petter Furberg ကပြောကြားသည်။
ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းလိုင်စင်ရရှိပြီး ၂လတာကာလအတွင်းဒေတာစင်တာကိုတည်ဆောက်နိုင်ခြင်းမှာ တယ်လီနော် ကုမ္ပဏီ၏ သက်တမ်းကာလအတွင်း အမြန်ဆုံးဒေတာစင်တာတည်ဆောက်မှုတစ်ခုဖြစ်ကြောင်းသိရသည်။
လိုင်စင်ရပြီး ၈လအတွင်း မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို ပြည်သူများလက်အတွင်းသို့အရောက်ပို့ဆောင်သွားမည်ဖြစ်သည့်အတွက် တယ်လီနော်ဆင်းကဒ်များစတင်အသုံးပြုချိန်တွင် မိုဘိုင်းဆားဗစ်ဝန်ဆောင်မှုအားလုံးကို ၁၅၀၀ ကျပ်ဖြင့်အသုံးပြနိုင်မည်ဖြစ်သည်။(Voice Mail/MMS/Internet etc.)
မိုဘိုင်းဆင်းကဒ်များကို အကန့်အသတ်မရှိဖြန့်ဝေသွားမည်ဖြစ်ပြီး အင်တာနက်ဝန်ဆောင်မှုတွင် တာဝါနှင့်အဝေးဆုံးနေရာတွင် 1MB အထိအသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တွင်သာမက မန္တလေးမြို့တွင်ပါ ဒေတာစင်တာကို တည်ဆောက်သွားမည်ဖြစ်ပြီး ယခုလအတွင်းအပြီး သတ်တည်ဆောင်သွားမည်ဖြစ်သည်။
တယ်လီနော်၏ တစ်နိုင်ငံလုံးအတိုင်းအတာ ကွန်ယက်ဖြန့်ကျက်မှုကို ထောက်ပံ့ပေးမည့် core network ကို တည်ဆောက်ပေးသူမှာ Huawei ဖြစ်သည်။အခြားကွန်ယက်ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးသူမှာ Ericsson နှင့်အိန္ဒိယ အခြေစိုက် Wipro တို့ဖြစ်ပြီး ဆက်သွယ်ရေးအခြေခံ အဆောက်အအုံ ဖြစ်သော ဆက်သွယ်ရေးတာဝါ များကို တည်ဆောက်၍ စီမံခန့်ခွဲ သူများမှာ Apollo Towers နှင့် Irrawaddy Green Technology(IGT)တို့ဖြစ်သည်။
ဒေတာစင်တာများတည်ဆောက်ပြီးသည်နှင့် နက်ဝေါ့အတွက်မရှိမဖြစ်လိုအပ်သော Base Station များကိုလည်းဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း စီးအီးအို ပီတာက ပြောကြားခဲ့သည်။
ဓါတ်ပုံ-တယ်လီနော

Yangon Media Group




ကင်ညာ အစွန်းရောက် ဘာသာရေးဆရာ ပစ်သတ်ခံရ



သဲသဲထွေး ဘာသာပြန်သည်။   |   Friday, 04 April 2014

ကင်ညာဘာသာရေးဆရာ မာကာဘူရီ (ခေါ်) အဘူဘာကာ ရှရဖ်-အာ-မက်။ အေအက်ဖ်ပီကင်ညာဘာသာရေးဆရာ မာကာဘူရီ (ခေါ်) အဘူဘာကာ ရှရဖ်-အာ-မက်။ အေအက်ဖ်ပီ

မွမ်ဘာဆာ (ကင်ညာ) - အယူဝါဒကို တရားသေ စွဲကိုင်ထားသူအဖြစ် ထင်ရှားသည့်
ကင်ညာမှ ဘာသာရေးဆရာတစ်ဦးသည် ဧပြီ ၁ ရက်တွင် မွမ်ဘာဆာ၌ သေနတ်ပစ်ခံရပြီး
သေဆုံးခဲ့ သည်။

အရှေ့အာဖရိကသို့ အဓိက ၀င်ရောက်ရာ နေရာဖြစ်ပြီး မဟာဗျူဟာကျသည့် ဆိပ်ကမ်း
မြိုကတော်အတွင်း ဘာသာရေးအရတင်းမာမှုများ ပိုဆိုးလာသည့်အချိန်တွင် ယင်းသို့ဖြစ်ပွားခဲ့
ခြင်းဖြစ်သည်။

မာကာဘူရီအဖြစ်လူသိများသည့် အဘူဘာ ကာ ရှရဖ်အာမက်သည် အိုစမာဘင်လာဒင်ထောက်
ခံသူတစ်ဦးဖြစ်ပြီး ယမန်နှစ်ကဖြစ်ပွား ခဲ့သော နိုင်ရိုဘီရှိ ၀က်စ်ဂိတ် ကုန်တိုက် တိုက်ခိုက်မှုကို
ရာနှုန်းပြည့်တရားသော လုပ်ရပ်ဟု ထောက်ခံခဲ့သူဖြစ်သည်။

ထိုတိုက်ခိုက်မှုမှာ အယ်လ်ကေဒါနှင့်အဆက်အသွယ်ရှိသော ရှိဘက် သူပုန်များက ၎င်းတို့
လက်ချက်ဟုဆိုသည်။ မာကာဘူရီသည် ကုလသမဂ္ဂက အရေးယူမှုပြုလုပ်ထားသည့်စာရင်းတွင်
ပါဝင်သူဖြစ်ပြီး ဆိုမာလီတွင် အကြမ်းဖက် စစ်သွေးကြွလုပ်ရပ် များပြုလုပ်ရန် ကင်ညာ မွတ်စလင်
လူငယ်များ ကို ဦးဆောင်စည်းရုံးသူ၊ ရှိဘက်သူပုန်ခေါင်းဆောင်တို့နှင့် ခိုင်မာသည့် ပေါင်းစည်းမှုရှိ
သူဟု စွပ်စွဲခံနေရသူဖြစ်သည်။ သွေးအိုင်ထဲတွင် လဲကျနေသော မာကာဘူရီ ၏အလောင်းကို
အေအက်ဖ်ပီ သတင်းထောက် တစ်ဦးက မြို့ထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်း သည် မည်သူမည်ဝါ
မှန်းမသိသူ၏ သတ်ဖြတ် ခြင်းကိုခံခဲ့ရသည်ဟု မွမ်ဘာဆာမှ အကြီးတန်း ရဲအရာရှိ ရစ်ချတ်
အင်န်ဂါတီယာက အတည်ပြု ပြောကြားခဲ့သည်။

မွတ်စလင်အများစု နေထိုင် ရာ ကမ်းရိုးတန်းဒေသနှင့် မွမ်ဘာဆာရှိ အစွန်းရောက် အစ္စလမ္မစ်
များသည် ကင်ညာ အာဏာပိုင်များ၏ တန်းစီ သုတ်သင်ခြင်းကို ခံနေရသည်ဟု ဘာသာရေး
ဆရာတို့ကို ထောက်ပံ့ ပေးနေသူများက စွပ်စွဲပြောဆိုရာ တာဝန်ရှိသူ များက ထပ်တလဲလဲငြင်း
ဆိုထားသည်။

ဝတ်ရုံအဖြူဝတ်ဆင်ထားသည့် မာကာဘူရီ သည် ရင်ဘတ်ကို ထိမှန်ခြင်းဖြစ်ပြီး ၎င်း၏ဘေး
တွင် အခြားလူငယ်တစ်ဦး သေဆုံးနေသည်ကို လည်းတွေ့ရသည်။

"ဖြတ်သွားတဲ့ ကားထဲကနေပစ်ခတ်ခံရချိန် မှာ သူတို့တွေကိုလာခေါ်မယ့်သူကို စောင့်နေ ခဲ့တာ။
သူတို့ကို ဘယ်သူကဘာကြောင့်သတ်တယ်ဆိုတာ ကျွန်တော်တို့လည်း မသိဘူး။ ကျွန်တော်တို့
ဘက်ကတော့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ" ဟု ၎င်းရဲအရာရှိက
ပြောသည်။

အလောင်းများကိုသယ်သွားခဲ့သော ရဲစခန်း အပြင်ဘက်တွင် ဘာသာရေးဆရာများကို
ထောက်ခံသူ ဒေါသတကြီးဖြစ်နေသည့် လူအုပ် ကြီးရှိနေပြီး ၎င်းတို့ နောက်ဆုတ်သွားစေရန်
ရဲများက သေနတ်များ မိုးပေါ်ထောင်ပစ်ခဲ့သည်။ ပြီးခဲ့သည့်လက အေအက်ဖ်ပီနှင့်ပြုလုပ်ခဲ့
သော တွေ့ဆုံမေးမြန်းခန်းတွင် မာကာဘူရီက ရန်သူ့လက်ချက်ဖြင့် သူ့ဘ၀နိဂုံးချုပ်မှာဖြစ်
ကြောင်း ပြောကြားခဲ့ပြီး " ကျွန်တော့်ဘ၀က အန္တရာယ်တွေ ၀ိုင်းဝိုင်းလည်နေတဲ့ ဘ၀ပါ။
နောက်ဆုံးကျရင် သူတို့က ကျွန်တော့်ကို လာသတ်လိမ့်မယ်။ ဟုတ်တယ်၊ သူတို့ ကျွန်တော့်
ကို လာသတ်မှာပါ" ဟု ဆိုသည်။

အသက် ၅၀ ကျော်ပြီဖြစ်သည့် ၎င်းဘာသာရေး ဆရာသည် စက်တင်ဘာလအတွင်းက
လူ ၆၇ ဦး ထက်မနည်း သေဆုံးခဲ့သော အစ္စရေးတို့ တစ်စိတ်တစ်ပိုင်းပိုင်သည့် ၀က်စ်ဂိတ်
ကုန်တိုက် ကို ဖျက်ဆီးခဲ့သော ကွန်မန်ဒို တပ်ဖွဲ့များကို ချီးကျူး ခဲ့သူဖြစ်သည်။

"ခင်ဗျားတို့ရဲ့ အပြစ်ကင်းတဲ့ လူသားတွေ အတွက် ကျွန်တော်တို့ရဲ့ အပြစ်မဲ့တပ်သားတွေ က
အသက်ပေးသွားတာပါ။ ဒါဟာ တရားမျှတမှုရှိပါတယ်။ ကိုရမ်ကျမ်းအရရော၊ အစ္စလာမ်ဘာသာ
ရေးအရပါ ဒီ ၀က်စ်ဂိတ် တိုက်ခိုက်မှုက ၁၀၀ ရာခိုင်နှုန်းမျှတပါတယ်" ဟု မာကာဘူရီက
အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

မာကာဘူရီ အသတ်ခံရမှုသည် မွမ်ဘာဆာ အနီးရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင်
ဝတ်ပြုသူခြောက်ဦး ပစ်သတ်ခံရပြီးနောက်တစ်ပတ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းပစ်ခတ်မှုကို ကင်ညာ လုံခြုံရေးတပ်ဖွဲ့များ က အချိန်မဆိုင်းဘဲ ချေမှုန်းခဲ့သည်။ ထို့ နောက်
အစ္စလမ္မစ်တို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ကိုဖြေရှင်းရန် အပြတ်ရှင်းမူဝါဒ လက်ကိုင်ထား
သည့် တာဝန်ရှိသူများနျင့် ထပ်မံဆွေးနွေးရန် ကြိုးပမ်းခဲ့ကြသည်။

(အေအက်ဖ်ပီ)
Myanmar Times

ပြည်ခိုင်ဖြိုးပါတီဝင်များ မီဒီယာ၏ အသုံးချခံရသူမဖြစ်ရန် ၀န်ကြီးချုပ်သတိပေး


ရေခဲ(ပြည်)

ပြည်၊ မဇ္ဈိမ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ အနေဖြင့် မီဒီယာ၏ အသုံးချခံရသူများမဖြစ်ရန်နှင့် ကိုယ်ကျင့်တရား အပြုအမူ အပြောအဆို ဆင်ခြင်ရန် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းက ဧပြီ ၇ရက်က ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ မူယာပင်ခန်းမတွင် ပြုလုပ်သော ကြံ့ခိုင်ရေးပါတီ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်ကိုယ်စားလှယ်လောင်း တာဝန်ပေးအပ်ပွဲတွင် သတိပေးပြောဆို လိုက်သည်။

“မိမိတို့သည် မီဒီယာရဲ့သားကောင်များ မဖြစ်ပွားရစေဖို့အတွက် မိမိတို့၏ကိုယ်ကျင့်တရား အပြုအမူ အပြောအဆိုကို ဆင်ခြင်ပြီး နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် စံနမူနာပြဖြစ်အောင်
ကျင့်ကြံနေထိုင်သွားကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းက ဆိုသည်။

အခြားနိုင်ငံရေးပါတီများသည် မီဒီယာများကိုအသုံးချကာ တစ်ဦးနှင့်တစ်ဦး အပြစ်တင်ခြင်း၊ ရှုံ့ချခြင်း၊ ကဲ့ရဲ့ခြင်းစသည့် နိုင်ငံရေးထိုးနှက်မှုများ ပြုလုပ်နေကြသည်ဟုလည်း ပဲခူးတိုင်းဝန်ကြီးချုပ်က ဝေဖန်ပြောဆိုလိုက်သည်။

“လူတစ်ဦးတစ်ယောက်၊ ပါတီတစ်ခုရဲ့ကောင်းခြင်း၊ ဆိုးခြင်းဆိုတဲ့ သတင်းတွေကို ဒီကနေ့ လူတွေကြားမှာ အချိန်တိုအတွင်း ပျံ့နှံ့နေပြီဖြစ်ပါတယ်။ မိမိတို့ရဲ့ကောင်းသတင်း တွေကိုသာ မြန်မာနိုင်ငံအနှံ့ပျံ့နှံ့သွားစေဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ မကောင်းတဲ့ အမူအကျင့် စရိုက်တွေ မပြန့်ပွားစေဖို့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ် ထိန်းချုပ်သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်”ဟု ဆိုသည်။

အခမ်းအနားသိှု့ ပြည်ခိုင်ဖြိုးပါတီဝင် ၅၀၀ ခန့် တက်ရောက်ခဲ့ပြီး ပြည်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်ခုမှ မြို့နယ်အလိုက် လူငယ်ခြောက်ဦးကို လူငယ်ကိုယ်စားလှယ်လောင်းများ အဖြစ်ရွေးချယ်ခဲ့သည်။

Mizzima Burmese

ဆုံရှမ်းကျေးရွာနှင့်မဆယ်ဆိမ့်တံတားအနီးတွင် လုယက်မှုဖြစ်ပွား


ရန်ကုန်တိုင်းဒေကြီး ရန်ကုန်တောင်ပိုင်းခရိုင်း ဆုံရှမ်းကျေးရွာနှင့်မဆယ်ဆိမ့်တံတားအနီးတွင် လုယက်မှုတစ်ခုဖြစ် ပွားခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ၃.၄.၂၀၁၄ခုနှစ် ညနေ(၁း၄၅)အချိန်ခန့်တွင် ဝင်းဇော်(၂၂)နှစ်(ဘ)ဦးကျော်သန်းဌေး(ဈေးရောင်း)သည် ဗညာဒလလမ်း၊လှိုင်သာယာမြို့နယ်တွင်နေထိုင်သူသည် ဆုံရှမ်းကျေးရွာမှ မုန့်ပို့ပြီး၊ LOVE BO(110)အနက်ရောင် နံပါတ်(မပါ) ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဆုံရှမ်းကျွေးရွာနှင့်မဆယ်ဆိမ့်ကျေးရွာကြား ထီးလုပ်လမ်း တံတား(အနီး) ဝါးတော အစပ်တွင် အပေါ့သွားရန် ဆိုင်ကယ်ပေါ်မှဆင်းရာ အမည်မသိလူတစ်ဦးသည် ပုဆိုးခေါင်းမြီးချုံ၍ မျက်နှာအား စီးထားကာ ဝါးခုတ်သော ဓားတစ်လက်ကို ကိုင်ဆောင်၍ ရောက်ရှိလာပြီး၊ အဆိုပါ မုန့်ပို့ကာ ပြန်လာသော ဝင်းဇော်လွယ်ထားသော လွယ်အိပ်အား လုယက်ထွက်ပြေးရာ ဝင်းဇော်က အနောက်မှနေပြီး လိုက်သောကြောင့် တရားခံမှ အသင့်ပါလာသော ဝါးခုတ်ဓားဖြင့် ဝင်းဇော်၏ ဝဲဘက်နားရွက်အောက်(၁)လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်နှင့်ဝဲဘက် လက်မောင်း(၁) လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်တို့ဖြစ် ဒဏ်ရာများစွာရရှိပြီး၊ဝင်းဇော်လွယ်ထားသော လွယ်အိတ်အတွင်းပါ ငွေကျပ်တစ်သိန်းသုံးသောင်းတိတိနှင့်လက်ကိုင်ဖုန်း ဆင်းကဒ်ပါ (HUWAI)အမျိုးအစား အနတ်ရောင်ဖုန်းတစ်လုံးပါရှိ သွားကြောင်း ဝင်းဇော်က ကျိုက်ထော်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်းကြားရာ အမည်မသိလူတစ်ဦး မျက်နှာဖုံးစွပ်အား (ပ/၂၁/၁၄)ပြစ်မှုပုဒ်မ(၃၇၉)ဖြင့် ကျိုက်ထော်မြို့မရဲစခန်းက အမှုစစ် ရဲအုပ် မျိုးဇော်ထွန်းက ယင်း အမှုအား တာဝန်ယူစစ် ဆေးနေကြောင်း သိရှိရပါသည်။

မြင့်မြတ်အောင်မြင်
၀၉.၄၂၁၀၂၂၅၇၈


မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုတို့ဖြင့် တရားစွဲဆိုခံထားရသူ သရုပ်ဆောင်ရဲတိုက်ကို ထောင်၆နှစ်ချ



ပဲခူး-ဧပြီ၇
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုတို့ဖြင့် လွန်ခဲ့သည့်နှစ်က တရားစွဲဆိုခံထားရ
သူသရုပ်ဆောင်ရဲတိုက်ကို ပဲခူးတိုင်း ဒေသကြီး၊
ကျောက်တံခါးမြို့နယ်တရားရုံးက ယနေ့တွင်ထောင်ဒဏ်၆နှစ်ချမှတ်လိုက်ကြောင်းပဲခူးတိုင်း
ရဲတပ်ဖွဲ့မှ သိရသည်။
၂၀၁၃ခုနှစ်ဇူလိုင်လ ကစပြီး ထိန်းသိမ်းခံခဲ့ရသူသရုပ်ဆောင် ရဲတိုက်ကို ပုဒ်မ ၁၅။ ၁၆ (ဂ)ဖြင့် ရဲမှ
တရားလိုလုပ်အမှုဖွင့်ပြီး တရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။၀၅၁

Popular Myanmar News Journal

Advice for Water festival သင်္ကြန်တွင်းကြ ယူကြုံးမရ မဖြစ်ရအောင်


သင်္ကြန်တွင်းမှာ ပျော်စရာကိုသာရှာသူတွေ ဒုက္ခပင်လယ်ဝေရတဲ့ဇာတ်လမ်းတွေကို သူမသိပေမဲ့ တကယ်ရှိပါတယ်။ ခေတ်ပြောင်းလာလို့ ဝတ်စားဆင်ယင်တာတွေ ခေတ်ဆန်းလာသလို အကြံသမားတွအတွက်လဲ အကြံသစ်တွေ၊ လက်နက်သစ်တွေ တပ်ဆင်ထားနိုင်ကြပါတယ်။ အန္တရာယ်အသစ်ကို ကာကွယ်နည်းသစ်နဲ့သာ ကာကွယ်နိုင်ကြမှသာ နှစ်သစ်မှာ လူဖြစ်မရှုံးသူ ဖြစ်နိုင်ပါလိမ့်မယ်။

1. သောက်စရာမှန်သမျှ ရေကအစ ဆင်ခြင်ကြပါ။ သောက်စရာ ဘယ်ကနေလာသလဲ သိနေအောင်လုပ်ပါ။ ပုလင်း၊ ဗူး၊ ခွက်ကအစ ကိုယ့်ပါးစပ်ထဲရောက်တဲ့အတိ မျက်ခြေမပြတ်ပါစေနဲ့။ အများစုဝေးသောက်သုံးစရာထဲကဆို ပိုသတိကြီးကြပါ။
2. မျက်စိအောက်က ခဏလေးပျောက်သွားတဲ့ ကိုယ့်ခွက်ကို ပြန်မသောက်တော့ပါနဲ့။ ခွက်ကို တခုခုနဲ့ ဖုံးပေးထားပါ။ တနေရာမှ ချထားပြီးသားကို ပြန်မသောက်ပါနဲ့။
3. အဖေါ်ကနေ ကိုယ့်အတွက် ဆိုင်ကနေမှာသောက်တာဆိုလဲ ဈေးရောင်းတဲ့သူတိုင်းကို မယုံပါနဲ့။ ဈေးရောင်းသူနဲ့ ကိုယ့်အဖေါ် ဆက်ဆံရေးကိုလဲ အကဲခတ်တတ်ပါ။ မျက်စပြစ်ပြတာ၊ လက်ကုပ်တာ စတာမျိုးလဲ အဓိပ္ပါယ်ဖွင့်တတ်ပါစေ။
4. သောက်စရာထဲမှာ ဆေးရည်၊ အစက်ချဆေး၊ ဆေးမှုံတွေဟာ အနံ့၊ အရောင်၊ အရသာ မသိနိုင်တာများတယ်။ ကိုယ့်ရှေ့မှာ ဖေါက်ပေးတာကိုသာ သောက်ပါ။ ဒါလဲ ကြိုတင်ပြီး ဆေးထိုးအပ်နဲ့ မူးယစ်ဆေး၊ လိင်စိတ်ကြွဆေး ထည့်ထားတာမျိုးလဲ ရှိနိုင်တယ်။ ရောသောက်ရတာမှာ ရောတာတိုင်းကို သတိထားရမယ်။
5. တခုခုသောက်ပြီး မူးဝေလာသလို၊ အိပ်ချင်လာသလို၊ စိတ်မူပြောင်းလာသလို တခုခုထူးတာနဲ့ ဆေးအကူအညီ တောင်းဘို့ ချက်ချင်းလုပ်ပါ။ မသိသူတွေကနေ ကူမယ်ပြောတိုင်းလဲ မယုံပါနဲ့။ ရဲကိုအကူအညီယူပါ။ ကြက်ခြေနီ အကူအညီယူပါ။
6. ကိုယ့်ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ ဖေ့စ်ဘွတ် အိုင်ဒီ သူများကို မပေးပါနဲ့။ ကိုယ်တယောက်ထဲရှိနေတုံးမှာ အနားကပ်လာသူတိုင်းကို မယုံပါနဲ့။
7. ကိုယ့်ကို လိင်ပိုင်းဆိုင်ရာ အပြုမူတမျိုးမျိုး အချိန်မရွေး လာလုပ်နိုင်တယ်ဆိုတာကို ခေါင်းထဲမှာထားပါ။ လက်ကို ကိုင်တွယ်တာကအစဖြစ်တယ်။ ခေါင်းညိတ်တာကို မလွယ်ပါစေနဲ့။
8. ရင်းနှီးတဲ့သူငယ်ချင်း၊ သမီးရည်းစား၊ ယူဘို့စိတ်ကူးထားသူ ဘယ်သူ့ကိုမဆို စည်းကမ်းသုံးတန်နဲ့ တားထားပါ။ စည်းကျော်လာတာနဲ့ တွန်းလှန်ဘို့ သတ္တိရှိပါ။
9. ကိုယ်ဘယ်ကိုသွားမလဲဆိုတာ အနည်းဆုံး တယောက်ယောက်ကို အသိပေးထားခဲ့ပါ။ နေရာပြောင်းတိုင်းလဲ အကြောင်းကြားပါ။ မိန်းကလေးဖေါ်ပါရင် သူဘယ်မှာ၊ ကိုယ်ဘယ်မှာဆို အဆက်အသွယ်အမြဲမပြတ်ရှိနေပါ။
10. လက်ကိုကိုင်တာ၊ ပါးကိုနမ်းရှုံတာလေးနဲ့ ဘာမှမဖြစ်ဘူး မထင်ပါနဲ့။ အစပျိုးမှုကလေးကနေ ဘဝဆိုးအထိ ဆက်နိုင်ဘို့ လမ်းဖွင့်ပေးတာနဲ့ တူပါမယ်။
11. အိမ်ပြန်ပို့ပေးမယ်ဆိုသူ၊ ဟိုနားသွားရအောင်ခေါ်သူ၊ စားရသောက်ရအောင် ဖိတ်သူတွေဟာ အကြံနဲ့ဆိုတာ အမြဲသံသယရှိထားပါ။
12. နေရတာ စိတ်လုံခြုံမှု နည်းတယ်ထင်တဲ့နေရာမှာ ဆက်မနေပါနဲ့။ စိတ်ချရတဲ့နည်းနဲ့ စိတ်ချရတဲ့နေရာကို ပြောင်းပါ။
13. ကိုယ့်ကိုခြိမ်းခြောက်မှုရှိထာကို ငြိမ်မနေပါနဲ့။ တခြားလူတွေကို သိစေအောင် ဆူညံမှုတခုလုပ်ပါ။ နံရံကို ခြေနဲ့ကန်တာ၊ တခုခုအသံဆူအောင်လွှတ်ချတာ၊ အော်ဟစ်တာ စသည်။ အဲလိုအခြေအနေမျိုးများ သိပ်သဘောကောင်းသူ၊ သီးခံတတ်သူလို့ ကိုယ့်ကိုအထင်မခံချင်ပါနဲ့ လူကြမ်း၊ စိတ်ကြမ်းသူလို တမင်တကာပြုမူပါ။ ကိုယ့်ကိုအထင်သေးသွားပါစေ။ အနားကလူတိုင်းဟာ ကိုယ့်အိမ်ထောင်ဘက် ဖြစ်လာမှာ မဟုတ်ပါ။
14. အပြောကောင်းသူ၊ မြူဆွယ်သူတွေကို လူကဲခတ်တတ်ပါစေ။ အပြောတမျိုး အလုပ်တမျိုးလာနိုင်တာလဲ သတိထားပါ။ ရွယ်တူတွေက ဆွဲဆောင်တိုင်း၊ မဟုတ်မထင်ပါနဲ့။ လိင်မှုကိစ္စသာမကပါ၊ ရာဇဝတ်မှုကျူးလွန်ဘို့ အဖေါ်စပ်ရာမှာလဲ မပါမိစေနဲ့။ ခိုးမှု၊ တိုက်မှုသာ မဟုတ်ပါ။ ဆေးပြားရောင်းတာ၊ လက်ဆင့်ကမ်းပေးတာမှာလဲ ကြံရာပါမဖြစ်ပါစေနဲ့။
15. ကိုယ်ဝတ်ဆင်တဲ့အဝတ်အစား၊ ကိုယ်နဲ့တွဲသွားသူ၊ ကိုယ်သွားရာနေရာတွေဟာ ရန်သူကို ဖိတ်ခေါ်နေတာမျိုး ဖြစ်နိုင်တယ်။
16. သူများ အကျဉ်းအကြပ်နဲ့ ဒုက္ခရောက်နေရင်လဲ ကိုယ်တိုင်ဖြစ်ဖြစ် အကြောင်းကြားပေးတာ၊ အကူအညီ ခေါ်ပေးတာမျိုးနဲ့ ကူညီပါ။
17. မသင်ကာတာနဲ့ ဆက်သွယ်ရမဲ့ ဖုန်းကို အဆင်သင့်ကိုယ့်ဖုန်းမှာ အလွယ်နှိပ်နိုင်အောင် အဆင်သင့်လုပ်ထားပါ။ ရောက်နေတဲ့အရပ်က ရဲစခန်းစတာမျိုးကို သိထားပါ။
18. ကိုယ်မြင်တာ သိတာကို ရဲကနေမေးရင် ထုတ်ဖေါ်ပြောဘို့ ဝန်မလေးပါနဲ့။ ဥပဒေအကာအကွယ်ရှိတာကိုလဲ အသုံးချပါ။
19. သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများဆိုတာ ခံလိုက်ရပြီးရင် ဘယ်နေရာမှာ ဘာဖြစ်ခဲ့တယ်လို့ ပြန်မပြောနိုင်တဲ့ မေ့ဆေးအစွမ်းရှိတယ်။ ညစ်ညမ်းဆေးဝါးတွေဟာ နည်းနည်းထည့်တာသောက်မိတာနဲ့ လိင်ပိုင်းမှာ ကိုယ့်ကိုယ်ကို မထိန်းနိုင်တဲ့ ဘဝမျိုး ရောက်သွားတယ်။ ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီတွေကလဲ အတူတူဘဲ။
20. ပြုကျင့်မဲ့သူကနေ အရင်ကတည်းက အရိပ်အကဲခတ်ထားပြီးဖြစ်နိုင်တယ်။ သင်္ကြန်မတိုင်ခင်ကည်းက နောက်ယောင်ခံနေတာလဲရှိနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၇-၄-၂ဝ၁၄

သင်္ကြန်ကို သူတို့တွေ ဘယ်လိုဖြတ်သန်းကြမလဲ




တစ်နှစ်တစ်ခါ မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ သာမက နိုင်ငံခြားသားများကလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပါ တယ်။ မြန်မာ့ရိုးရာ သင်္ကြန် ဟာ ရိုးရာအစဉ်အလာဓလေ့တစ်ခုဖြစ်ပြီး သားစဉ်မြေးဆက်လက် ဆင့်ကမ်းထိန်းသိမ်းခဲ့တဲ့ ရိုးရာအမွေလည်း ဖြစ်ပါ တယ်။ မြန်မာပြည်သူ၊ ပြည်သားများဟာ အတာ သင်္ကြန်မှာ နှစ်ဟောင်းက စိတ်အညစ်အကြေးများကို အတာရေနဲ့ ဆေးကြောသန့်စင် ပြီးနှစ်သစ်မှာ ကောင်းမှုကုသိုလ်များနဲ့ ဖြတ် သန်းကြပါတယ်။

အဲဒီလိုပဲ ပြည် သူချစ် အနုပညာရှင်များကလည်း မြန်မာရိုးရာ အတာသင်္ကြန်ပွဲမှာ ကောင်းမှုကုသိုလ်များနဲ့ ဖြတ်သန်းသူများရှိသလို ပရိသတ်များကို အနု ပညာ နဲ့ ဖျော်ဖြေပြီး ဖြတ် သန်း သူများ လည်းရှိ ပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ အနုပညာရှင်တွေဟာ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ဘယ်လိုဖြတ်သန်းကြမယ်ဆိုတာကို စုစည်းဖော်ပြလိုက်ပါတယ်။

ဇော်ဝင်းထွဋ်

အစ်ကိုကတော့ ရန်ကုန်မှာပဲ ရှိမှာပါ။ အင်ပါယာအဖွဲ့သားတွေနဲ့ အတူ ရှစ်မိုင်၊ မြိုင်ဟေဝန်ပန်းခြံမှာရှိမယ်။ သီချင်းဆိုမယ်။ ရိုးရာသင်္ကြန် ပွဲလေးပေါ့။ ဒီလို လုပ်တာက ဣနြေ္ဒ ရရနဲ့ ဂီတကိုခံစားရအောင် ပုံစံအသစ်တစ်မျိုးနဲ့ စီစဉ်လိုက်တာ။ မဏ္ဍပ်တွေ၊ လမ်းဘေးတွေမှာ နှစ်တွေအများကြီး ဖြတ်သန်း သီဆိုခဲ့ဖူးတယ်။ဒါက အပြောင်းအ လဲ တစ်ခုပေါ့။ Free တင်ဆက်မှာပါ။ ပန်းခြံဝင်ခွင့်ကိုတော့ သူတို့ဘယ်လိုစီစဉ် ကြမလဲတော့ မသိဘူး။ အားလုံးလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်

ပြောရရင် မနှစ်ကသင်္ကြန်မှာ တအားပျော်ခဲ့တယ်။ မဏ္ဍပ်ဆောက်တယ်။ သူငယ်ချင်းတွေနဲ့အတူ ရေကစားတယ်။ တချို့စီစဉ် နေတာတွေရှိတယ်။ ဒီနှစ်လည်း မဏ္ဍပ်ေ ဆာက် ဖြစ်မှာပါ။

အိမ့်ချစ်

” ညီမက ဒီနှစ်သင်္ကြန်မှာ ရန်ကုန်မှာရော၊ မန္တလေးမှာပါ အသွားအပြန် သီချင်းဆိုဖြစ်မှာပါ။ ခွဲပြီးတော့ ဆိုဖြစ်မယ်။ ဟိုဘက်နှစ်ရက်၊ ဒီဘက်နှစ်ရက်ပေါ့။ တခြား အဆိုေ တ်ာတွေလည်း အများကြီးပါဦးမယ်။ သင်္ကြန်မှာ အားလုံးပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်။ သင်္ကြန်မတိုင် ခင် လောလောဆယ်တော့ နိုင်ငံခြားမှာ သီချင်း သွား ဆိုဖို့ရှိတယ်။

ဖြူဖြူကျော်သိန်း

ဖြူဖြူ ဒီနှစ်ရန်ကုန်မှာလုပ်မယ့် ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ရှိမယ်။ သီချင်း တွေဆိုမယ်။ ခါတိုင်းနှစ်တွေတော့ မန္တလေးမှာ ရှိတာပေါ့ နော်။ ဒီနှစ်က ထူးခြား တယ်လို့ပြောလို့ရတယ်။ သင်္ကြန်မှာ ရန်ကုန်ပရိသတ်တွေနဲ့ ထိတွေ့ခွင့်၊ ဖျော်ဖြေခွင့် ရမှာဆိုတော့လေ။ သင်္ကြန်ရောက်တိုင်း ပျော်ရွှင်ရသလို အသက် တစ်နှ စ်ကြီးသွားတာပေါ့။

ခင်ဝင့်ဝါ

” အစောပိုင်းကတော့ စိတ်ကဒွိဟပဲ။ တရားစခန်းမဝင်ဖြစ်ရင် အိမ်မှာအေးအေးဆေး ဆေးနားမယ်ပေါ့။ အခုတော့ တရားစခန်း ဝင်ဖြစ်ဖို့ သေချာသွားပါပြီ။ ကုသိုလ်ကောင်း မှုတွေကို အေးအေးေ ဆးဆေးပြုလုပ်ရင်းနဲ့ သင်္ကြန်ကို ဖြတ်သန်းမှာပါ။ သင်္ကြန်မှာ အားလုံးဘေးရန်ကင်းကွာပြီး စိတ်ရော၊ လူရောချမ်းသာ ကြပါစေလို့ ဆုတောင်းပါတယ်။

စံရတီမိုးမြင့်

သင်္ကြန်ရောက်တိုင်းပျော်ပါတယ်။ ခါတိုင်းနှစ်တွေက မဏ္ဍပ်ဝင်ဖြစ်၊ ထိုင်ဖြစ်ပေမယ့် ဒီနှစ်တော့ သိပ်မသေချာပါဘူး။ အိမ်မှာပဲ အေး အေးဆေးဆေးနေဖြစ်ဖို့များပါတယ်။ အပူချိန်ကလည်းတအားများတယ်လေ။

အောင်လ

မန္တလေးမှာ SIR အဖွဲ့နဲ့ရှိ မယ်။ ပျော်ပျော်ပါးပါးလေးဖြစ် အောင် စီစဉ်ထားတယ်။ နှစ်တိုင်းပါပဲ။ သင်္ကြန်ကို ပရိသတ်တွေနဲ့ ဖြတ်သန်းမယ်။ သီချင်းဆိုရင်းပေါ့ ။

ကျော်ထွဋ်ဆွေ

သေချာမသိသေးဘူးဗျ။ ကမ်းလှမ်း ထားတာတွေတော့ရှိတယ်။ အရင်နှစ်တွေက တော့ ကိုယ့်အဖွဲ့သားတွေနဲ့ မဏ္ဍပ်တွေဆောက် ဖြစ်တယ်။ ဒီနှစ်တော့ မဆောက်ဖြစ်ဘူး။ ကမ်းလှမ်းထားတဲ့သူတွေနဲ့ ညှိလို့ရရင်ဆိုဖြစ်မယ်။

ဘန်နီဖြိုး

သင်္ကြန်ကို ကျွန်တော်တအား နှစ်သက်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာ ဘာလုပ်ရမယ်၊ ဘယ်မှာရှိမယ်ဆိုတာ ပြောလို့မရသေးဘူး။ ကျွန်တော်က မဏ္ဍပ်ထိုင်ရတာကို ခရေဇီပဲ။ အားလုံးပျော်ရွှင်ပါစေလို့ပဲဆုတောင်းပါတယ်။

ဝိုင်းစုခိုင်သိန်း

ကန်တော်ကြီး မျှော်စင်ကျွန်းမှာရှိမှာပါ။ တစ်နေ့ကို နှစ်ပိုင်းခွဲပြီး သီဆိုဖျော်ဖြေသွားမယ်။ ဒီနှစ်သင်္ကြန်မှာ တော်တော်လေးကို စိတ်လှုပ်ရှားနေတယ်။ နှစ်တိုင်း ပရိသတ်ေ တွ နဲ့အတူ ဖြတ်သန်းပါတယ်။

အားတီ (AR.T)

ကျွန်တော်ကတော့ ဒီနှစ်သင်္ကြန် ရန်ကုန်မှာပဲရှိမယ်။ ၁၉ လမ်း၊ Sky Net မဏ္ဍပ်မှာ အထိုင်ပေါ့။ အပြီးထိ အဲဒီမှာထိုင်မယ်။ ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော် ပါးပါးဖြတ် သန်းမယ်။ ပြီးရင် သင်္ကြန်ပြီးရင်ပေါ့၊ ခရီးထွက်ဖို့ရှိတယ်။ အခုလည်း တောက်လျှောက်ပွဲတွေ မှာသီချင်းတွေဆိုနေရပါတယ်။

မင်းသွေး

ကျွန်တော်နေပြည်တော် မဏ္ဍပ်မှာ ဖျော်ဖြေရေးရှိရင်တော့ သွားပါမယ်။ တကယ်လို့မရှိရင် တော့ ကျွန်တော့်သူငယ်ချင်းမဏ္ဍပ်တွေ ကို လျှောက်သွားဖြစ်ပါမယ်။ မိသားစု အနေနဲ့ကတော့ သင်္ကြန် ရောက် တိုင်းအလှူအတန်းတွေကို အမြဲလုပ်ဖြစ်ပါတယ်။ နှစ်ဆန်း တစ်ရက်နေ့ နှစ်စဉ်နှစ်တိုင်းလည်း အိမ်နားက ဘုန်းကြီးကျောင်းမှာ လှူဒါန်းကု သိုလ်ယူဖြစ်ပါတယ်။ ကျွန်တော့်အတွက် မနှစ်က ကုသိုလ်လေးကတော့ ထူးထူးခြားခြားရှိခဲ့တယ်။ မနှစ်တုန်းကလုပ်တဲ့အလှူတုန်းက ကျွန် တော့် အနုပညာပိုက် ဆံေ လးတွေကိုစုပြီးတော့ ကမ္မထလုပ်ပြီးတော့ အလှူလုပ်ဖြစ်ခဲ့တာ။ မနှစ်ကတော့ ကျွန်တော့်အတွက် ထူးခြားခဲ့တယ်။ ဒီနှစ်တော့ ဘာလုပ်ဖြစ်မယ် မသိသေးဘူး။

နန်းမြတ်ဖြိုးသင်း

နေပြည်တော် ရွှေသံလွှင်မဏ္ဍပ်မှာ နန်းက သီချင်းဆိုမယ်။ လေးရက်လုံး သီဆိုဖျော်ဖြေရင်းနဲ့ပဲ ဖြတ်သန်းဖြစ်မှာပါ။

ချစ်စနိုးဦး

ဒီနှစ်သင်္ကြန်ကို ရန်ကုန်က ဂါးဒီးယန်းမဏ္ဍပ်မှာ သီချင်းဖျော်ဖြေရင်းနဲ့ပဲ ဖြတ်သန်းဖြစ်မယ်။

ဆုပန်ထွာ

မပန်က ဒီနှစ်သင်္ကြန်ကို ပဲခူးမှာ ပရိသတ်တွေကို တေးသီချင်းတွေ နဲ့ဖျော်ဖြေပေးမယ်။ တေးသီချင်းတွေကို ဖျော်ဖြေရင်းနဲ့ပဲ ကုန်ဆုံးဖြစ်မှာပါ။

ဟိန်းဝေယံ

သင်္ကြန်ကိုတော့ အိမ်မှာပဲ ကျွန်တော့်မိသားစုနဲ့ အတူတူအနားယူမယ်။ အပြင်တော့ မထွက်ဖြစ်ဘူး။

ဖွေးဖွေး

သင်္ကြန်တွင်းကိုတော့ ဖွေးဖွေးက အိမ်တွင်းပုန်းရင်ပုန်း မပုန်းဖြစ်ရင်တော့ တရားစခန်းဝင်ဖို့တော့ စိတ်ကူးထားပါတယ်။

ဟန်ထွန်း

ကျွန်တော် ဒီနှစ်သင်္ကြန် မန္တလေးက Alpine မဏ္ဍပ်မှာရှိမယ်။ အခုတော့ နားနားနေနေပါပဲ။ မန္တလေးပရိသတ်တွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းသွားမှာပါ။

G Latt
ကျွန်တော် ရန်ကုန်က Grand Royal မဏ္ဍပ်မှာဆိုဖြစ်ဖို့များတယ်။ သေချာတာကတော့ ရန်ကုန်မှာပဲ ရှိမှာပါ။ ခါတိုင်းနှစ်တွေလည်း သီချင်းဆိုဖြစ်သလို ဒီနှစ်လည်း ဆိုဖြစ် မှာပါ။

ဂျေမောင်မောင်

အစ်ကိုက ဒီနှစ် မန္တလေးမှာ ရှိမယ်။ ၁၇ လမ်းဘက်မှာ။ သိပ်တပ် အပ်ပြောလို့မရပေမယ့် မန္တလေးမှာတော့သေချာတယ်။ အဲဒီကို အဖွဲ့သားစုံစုံညီညီနဲ့ သွားဖြစ်မယ်။ သီ ချင်းတွေဆိုမယ်။ အားလုံး ကိုယ်ရောစိတ်ပါ ပျော်ရွှင်စွာ သင်္ကြန်ကို ဖြတ်သန်းနိုင်ကြပါစေ။

ဂျက်ဆန်ထွန်း

ကိုကာကိုလာမဏ္ဍပ်မှာ သီချင်းဆိုမယ်။ မန္တလေးမှာပေါ့။ အခုတော့ သင်္ကြန်အတွက် ပြင်ဆင်နေတယ်။ ပွဲတွေလည်း တောက်လျှောက် ဆိုဖြစ်နေတယ်။ သင်္ကြန်ပြီး ရင်တော့ တောင်ကြီးကိုသွားဖို့ရှိပါတယ်။

ဗျူဟာ

သင်္ကြန်ကို ရန်ကုန်မှာပဲရှိမှာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ရန်ကုန်မှာပဲ။ ဒီနှစ်ဘယ်မှာရှိမလဲဆိုတာတော့ ပြောလို့မရသေးဘူး။ ပြောထားတာ တွေတော့ ရှိတာပေါ့နော်။ ဆိုဖို့ လည်း ရှိသလို မဆိုဖြစ်ဖို့လည်းဖြစ်သွားနိုင်တယ်။

သေချာတာကတော့ ရန်ကုန်မှာရှိမယ်။ သင်္ကြန်ပြီးရင်တော့ သမီးရှင်အခွေကို ဆက်လုပ်မယ်။ အခုလည်း လုပ်နေ တာ ပါပဲ။ အမ်တီဗီရိုက်မယ်။ အကောင်းဆုံးဖန်တီးမယ်။ ငါးလပိုင်းလောက်တော့ မှန်းထားတယ်။ သမီးရှင်ကတော့ ဘဝအတွက်အမှတ်တရဖြစ်ခဲ့ တာပေါ့။

Cobra-

အခုတော့ ကလေးထိန်းနေရတယ်ပေါ့။ သင်္ကြန်မှာဆိုဖြစ်မလား၊ မဆိုဖြစ်လားတော့ တပ်အပ်ပြောလို့ မရသေးဘူး။ အခုတော့ ကလေးထိန်းနေရတာနဲ့ အချိန်ကုန်နေတယ်။ ကမ်းလှမ်းတာတွေရှိလာရင်တော့ ဆိုဖြစ်မှာပါ။ သင်္ကြန်ပြီးရင်တော့ တစ်ကိုယ်တော်အခွေဆက်လုပ်မယ်။ ပရိသတ်ဆီ အကောင်းဆုံးချပြမှာပါ။ အားလုံးနှစ်သစ် မှာ ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပါတယ်ဗျာ။

ပေါ်ပြူလာအဖွဲ့

 Popular Journal

အိုဘယ့်ခြသတ္တ၀ါများ သုံးသိန်းမကျော်စေနဲ့ စားသာစား


-ပြင်သစ်နိုင်ငံ Lorochelle မြို့ကြီး ဘယ့်နှာကြောင့် ပျက်စီးတော်မူခဲ့ပါဘိ သနည်း။ ခြဆိုသော အင်းဆက်ပိုးမွှား တိရစ္ဆာန်တွေက အဆောက်အအုံတွေကို ဖျက်ဆီး ပစ်လိုက်လို့ ပါတဲ့ဗျာရဲ့။

ပြည်ထောင်စု မြန်မာနိုင်ငံမှနိုင်ငံ့ ၀န်ထမ်း အတော်များများ ဘယ့်နှာကြောင့် ပျက်စီးတော် မူနေကြပါသနည်း။ လစာ မလောက်ငှသည်ကို အကြောင်းပြု၍ လာဘ်ပေးလာဘ်ယူ ပြုလုပ်တော်မူကြသဖြင့် (သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ပုံကို ခြဆန်ဆန်ဖျက်ဆီး နေသဖြင့်) စာရိတ္တများ ပျက်စီးရခြင်း ဖြစ်သတည်း။

ခြဆန်ဆန်ဆိုတာ ဘာကိုခေါ်တာ နည်း။ ခြဆိုသော ပိုးမွှားအမျိုးအစား ၁၅၀၀ ခန့်ရှိသလို၊၀န်ထမ်းအမျိုးအစားမှာ လည်းအတော်များလှချေ၏။ ခြ၌ခြဘုရင် နှင့် ဘုရင်မရှိသကဲ့သို့ဝန်ထမ်း၌လည်း ဥပဒေလက်တစ်လုံးကြားစွန့်စားရှာဖွေပေး ရသော နယ်စားပယ်စားဌာနဆိုင်ရာများ ရှိတော်မူချေ၏။ ပြဿနာဖြစ်လာလျှင် ရဲရဲဝံ့ဝံ့ဖြင့် ထောင်နှုတ်ခမ်းနင်းပြီးရှာဖွေ ပေးရသော တိုက်စစ်မှူးများရှိတော်မူချေ ၏။ သူတို့ကြောင့် (အထုပ်ကြီးလျှင် အလုပ်ပြီးတယ်၊ အထုပ်သေးလျှင် အလုပ် နှေးတယ်)ဟု ဆိုရိုးစကားပေါ်ပေါက်လာ ချေသတည်း။
ခြဘုရင်ကြီးနှင့် ဘုရင်မကြီးသည် အလွန်ပါးနပ်တော်မူသည်။ လိင်အင်္ဂါမပါ သောခြများကို (လုပ်သားခြ)အဖြစ်ခန့် ထားပြီးအလုပ်ကို မညှာမတာခိုင်းစေသည်။ ခေါင်းကြီးသောခြကြီးများကို (စစ်သည် တော်ခြ) အဖြစ်ခန့်အပ်ထားသည်။ မနုဿလူသားကြီးများသည်ခြများကဲ့သို့ ၀န်ထမ်းခန့်ပုံခန့်နည်းတူညီမှုရှိမရှိလေ ဗျောက်အိုးလေ့လာကြည့်ပါဦးမည်။

ခြဆိုသောအင်းဆက်ပိုးမွှားတိရစ္ဆာန် ၌၀န်ထမ်းအတိုးအလျှော့ရှိ၏။ ခြတောင် ပို့၏ဘတ်ဂျက်အခြေအနေပေါ်မူတည် ၍ရိက္ခာလိုအပ်ပါက မသန်စွမ်းတဲ့ခြငယ် လေးများကို ခြေထောက်လက်ထောက် များ ဖြတ်ပစ်ပြီး ရိက္ခာအဖြစ်သိုလှောင် ထားကြ၏။ ခြေပြတ်လက်ပြတ်ဒုက်္ခိတခြ လေးများ ၀ဖြိုးလာချိန်၌ အချင်းချင်းကိုက် ဖဲ့စားသောက်ပစ်ကြလေ၏။ မနုဿလူ သားများမှာ မူကားဝန်ထမ်းအတိုးအလျှော့ ကို ဤသို့မညှာမတာပြုလုပ်လေ့မရှိသော် လည်း ဂေါက်ကွင်းများ၌ ကစားခုန်စားပြု လုပ်သောခြကောင်ကြီးများငွေကြေးသိန်း ဂဏန်းဆယ်ချီအပေးအယူပြုလုပ်၍ ရာထူးများတိုးသည်ထက်တိုးနေချိန်၌ (လက်ဖက်ရည် ဖိုးတောင်းသောခြငယ် လေးများ) ဖိုးဝမ်းစီဖိုးတူးအမှုဖြင့် အလုပ် ပြုတ်ထောင်ကျ၊ထမင်းအိုးကွဲ၊ဘ၀ပျက်တော် မူတတ်ပါသတည်း။

ခြဆိုသော အင်းဆက်ပိုးမွှား၏ထူး ခြားချက်မှာ (မျက်စိမမြင်ခြင်း)ပင်တည်း။ မနုဿလူသားတို့သည်ကား (မျက်စိ ကောင်းလွန်းသဖြင့်) မြင်မြင်သမျှတော တောင်ရေမြေကို ရသလောက်ဝါးမျိုနေ ကြလေ၏။ ခြတို့သည်အချင်းချင်း ဆက်သွယ်ချင်လျှင် နှုတ်ခမ်းမွှေးက ရောင်ခြည်လွှတ်၍အဆက်အသွယ်ပြုလုပ် ကြ၏။ လူတို့သည်စီမံကိန်းကြီးတစ်ခုလုပ် မည်ဆိုလျှင် အမိန့်တော်မြတ် (အထက် ကအမိန့်) စာချွန်တော်ကိုင်ဆောင်ထား သော ပတ္တနာတော်ကြီးများဖြင့် ရောင် ခြည်တော်လွှတ်တယ်ဆိုလား၊ ဘာဆို လားကြားရ၏။

ခြသည်သစ်ပင်အဆီအနှစ်လည်းစား အသားလည်းစားတတ်၏။ ထိုကြောင့် ၎င်းခြများကို Cellulose အဆီအနှစ်စား သတ္တ၀ါဟုခေါ်၏။ လူသည်အစုံစားသတ္တ၀ါ ဖြစ်၍ခြထက်ပိုမိုသာလွန်၏။ အသားလည်း စား၏။ အဆီလည်းစား၏။ ကစီလည်း စား၏။ စာရွက်စာတမ်းဖြင့် ရေးသားထား သောအမှန်တရားကိုလည်းစား၏။ (ကကြီး ကိုယပက်လက်လုပ်ထားသော)ကပြောင်း ကပြန်မှားယွင်းမှုကိုလည်းစား၏။ အချို့ လူစွမ်းကောင်းများက မာကျောသော ကျောက်စိမ်းနှင့် ပတ်္တမြားတောင်ကြီးများ ကိုလည်းစား၏။ ကြေးနီတောင်ကြီးများ ကိုလည်းစား၏။ ကောက်ကွေ့သော မြစ် များချောင်းများကိုလည်းစား၏။ ခိုင်မာ သော သံတံတားကြီးများကိုလည်းစား၏။

မွှန်ထူသောသဘောဝဓာတ်ငွေ့ကိုလည်း ရှူ၏။ စေးပျစ်သော ကတ္တရာစေးကိုလည်း မျို၏။ မာကြမ်းသော ဘိလပ်မြေကိုလည်း အရည်ဖျော်သောက်၏။ သဘာဝပေါက် ပင်များကိုလည်း ချိန်းဆော (Chain Saw) စက်လွှဖြင့် ဖြတ်၍ စား၏။ သူတို့အလွန် နှစ်သက်သော အစားအစာမှာ ဂျော့ဘုရင် နှင့် နဂါးခေါင်းဆောင်များကို နှစ်ခြိုက် တော်မူကြပြီး၊ ပြည်တွင်း၌ နာဠာဂီရိဆင် သားနှင့် ကေသရာဇာခြင်္သေ့သားကို အတော်စား၏။ သူတို့သည် (လွတ်လပ် ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းပုံပါလျှင်) ရိုသေသောအားဖြင့် မစားကြမ၀ါးကြပေ။ ဤသည်မှာ ကြည်ညိုဖွယ်ရာကောင်းနေ ပြန်၏။

နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ကြီး Transparency International အဆို အရခြတောင်ဖို့ ၁၈၀ ရှိသည့်အနက် မြန်မာနိုင်ငံသည်အဂတိလိုက်စားမှုအညွှန်း ကိန်းအောက်ဆုံး ၁၀ ၌ပါသည်။ တောင် ပို့ ၁၀ လုံးဆိုတော့ ပါဠိလိုဒဿဂီ ရိပေါ့။

(အဟော့)
အဂတိလိုက်စားမှုတားဆီးရေးဥပဒေ အခန်း (၂) (ခ) ၌ သန့်ရှင်းသောအစိုးရ နှင့် ကောင်းမွန်သောအုပ်ချုပ်ပုံဖြစ်ထွန်း စေရန်ပါရှိတော်မူ၏။ လေဗျောက်အိုးလှိုက် လှဲစွာသာဓုခေါ်တော်မူပါ၏။ ထိုဥပဒေကို သမ္မတကိုယ်တိုင် ၂၀၁၃ ခုနှစ် သြဂုတ်လ ၌ လက်မှတ်ရေးထိုး၍အတည်ပြုလိုက် သဖြင့်ထိုအမိန့်တည်မြဲတော်မူခဲ့၏။

၂၀၁၄ ခုနှစ် မတ်လ (၇) ရက်နေ့၌ (သတင်းမီဒီယာအဆိုအရ) သမ္မတက ၀န်ကြီးဌာနများမှ အစိုးရအရာရှိများကို စာချွန်တော် ၁ ခုပို့ထားပြန်၏။ (၃ သိန်း ကျပ်ထက်ကျော်လွန်သောလက်ဆောင် ပစ္စည်းမျိုးကိုလက်ခံမှသာ အဂတိလိုက် စားမှုဟုသတ်မှတ်မည်)ဟု စာပို့ထား ကြောင်း (ဧ၀ံမေသုတံ) ဤသို့ကြားရပြန် ၏။ အိုဘယ့်ခြသတ္တ၀ါများ (သုံးသိန်း မကျော်စေနဲ့) (စားသာစားဟု) ချော့မော့ ကျွေးသလိုလို ဘာလိုလိုတည်း။

သို့ပေသောကြောင့် ဆရာကြီးသခင် လေဗျောက်အိုးသည် (ဌာနဆိုင်ရာတစ် ခုခုမှအရာရှိကြီး) ဆိုပါက တပည့်တပန်း များကိုလည်းမှာထားမည်။ (ခြဆိုသော သတ္တ၀ါတွေ (၁)နှစ် (၁)ခါ ပလူကောင် အဖြစ်မြူးထူးပျံဝဲသလို) လူ့ပြည်ရှိအခါ ကြီးရက်ကြီးများ၌ မိမိကိုလာရောက်၍ (၁) နှစ် (၁) ခါ ဂါရ၀ပြုသူရှိပါက အိမ် တိုင်ရာရောက်ရဲရဲတင်းတင်းလွှတ်တော် မူစေ (အသပြာ ၃ သိန်းထက်တန်ဖိုးကြီး ကြီးကန်တော့သူများကိုသတ်စေ)။ သေဒဏ်မှလွတ်ငြိမ်းချမ်းသာလိုသူများ လေဗျောက်အိုး၏အိမ်သူသက်ထားဇနီး မယားဘဏ်အကောင့်၌ငွေသွင်းစေ။ တစ်ချက်လွှတ်အမိန့်တော်။

လေဗျောက်အိုး
Hot News Journal

DVBသတင်းထောက်ကို မကွေးတရားရုံးက ထောင်တစ်နှစ်ချမှတ်


အေးမြင့်စန်း

ရန်ကုန်၊ မဇ္ဈိမ။ ။ DVB(Democratic Voice of Burma)၏ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်)ကို ပိုင်နက်ကျူးလွန်မှု၊ ဝတ်တရားနှောက်ယှက်မှုများဖြင့် စွဲဆိုကာ ဧပြီလ ၇ရက်တွင် မကွေးတိုင်း တရားရုံးက ပုဒ်မနှစ်ခုပေါင်း ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်သည်ဟု DVBသတင်းဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက မဇ္ဈိမကိုပြောသည်။

"အခုအပြစ်ပေးလိုက်တဲ့ ပုဒ်မနှစ်ခုက မတရားဘူးလို့ ယူဆတယ်လေ။ အစိုးရ၀န်ထမ်းတစ်ယောက်ကို နည်းမျိုးစုံနဲ့ ဟန့်တားတာကို ၀တ္တရားနှောင့်ယှက်တယ်လို့ ယူဆတယ်၊ အခုက အစိုးရ၀န်ထမ်းတစ်ယောက်ကို သတင်းသွားမေးတာပဲ ၀တ္တရားနှောင့်ယှက်မှုလို့ သတ်မှတ်လို့မရဘူး၊ အိမ်ကျော်နင်းမှုဆိုတာက ပုဂ္ဂလိကနဲ့ပဲဆိုင်တယ်လို့ ယုံကြည်တယ်။ ပညာရေးမှူးရုံးဆိုတာက Publicဧရိယာ ရုံးချိန်အတွင်း လူတိုင်းဝင်ထွက်ခွင့်ရှိတဲ့ကိစ္စမျိုး အိမ်ကျော်နင်းမှုနဲ့ တရားစွဲဆိုထောင်ချတယ်ဆိုတာ တရားသူကြီးတွေက ဥပဒေကို တစ်လွဲအသုံးချတယ်လို့ သတ်မှတ်ပါတယ်၊၊ အယူခံတင်မှာပဲ" ဟု ဦးခင်မောင်ဝင်းက ပြောသည်။

DVBသတင်းထောက် ကိုဇော်ဖေကို မကွေးမြို့ ပညာရေးဌာနက တရားလိုပြုကာ ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ကိုဝင်းမြင့်လှိုင်ကို ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပညာရေးမှူးရုံးအတွင်း ဝင်ရောက် သတင်းယူသည့်အတွက် ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၈၈တို့ဖြင့် ၂၀၁၂ခုနှစ်ကလည်းက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ခုနှစ် ဧပြီ ၇ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ကိုဇော်ဖေကို ထောင်ဒဏ်တစ်နှစ် အမိန့်ချခဲ့ခြင်းကို DVBမြန်မာပိုင်းတာဝန်ခံ ကိုတိုးဇော်လတ်က မကွေးခရိုင် တရားရုံးသို့ အယူခံဆက်လက်ဝင်သွားမည်ဟု ဦးခင်မောင်ဝင်းက ပြောသည်။

သတင်းထောက် ကိုဇော်ဖေ(သူရသက်တင်)သည် ပညာသင်ဆုဆိုင်ရာ သတင်းကို မြို့နယ်ပညာရေးဌာန မှတစ်ဆင့် ရယူခဲ့ခြင်းသည် သတင်းထောက်တစ်ယောက်၏ အလုပ်ကို တာဝန်သိသိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု DVB သတင်းဌာနက ယုံကြည်သည့်အတွက် ၎င်းအား ပြစ်ဒဏ်ချမှတ်မှုကို DVBသတင်းဌာနအနေဖြင့် လုံးဝကန့်ကွက် ရှုတ်ချကြောင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဧပြီလ ၇ရက်တွင် DVBသတင်းဌာနက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

Mizzima Burmese

ဗန်ကောက်မြို့ Aksa လမ်းတစ်လျှောက် ရှပ်နီအဖွဲ့၏ အကြီးစားစုဝေး ဆန္ဒပြနေရာသို့ ရှပ်နီအဖွဲ့ဝင် တစ်သိန်းကျော် လာရောက်ပူးပေါင်း ဆန္ဒပြ


ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ သာဝီဝပ်တနာခရိုင် Aksaလမ်းတစ်လျှောက်၌ အာဏာရှင် ဆန့်ကျင်ရေး စည်းလုံးညီညွတ်သော အမျိုးသား ဒီမိုကရေစီတပ်ဦး (UDD)ရှပ်နီအဖွဲ့၏ဧပြီ ၅ ရက်အကြီးစား စုဝေးဆန္ဒပြမှု နေရာသို့ ရှပ်နီတစ်သိန်းကျော် လာရောက် ပူးပေါင်းစုရုံး ဆန္ဒပြခဲ့ကြောင်းနှင့် ယင်းစုဝေး ဆန္ဒပြမှုကို ဧပြီ ၇ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း UDD ဥက္ကဋ္ဌ ဂျာတူပွန်ပရွမ်ပန်က ပြောကြားခဲ့သည်။

အဆိုပါ စုဝေးဆန္ဒပြမှုများသည် အမှန်တကယ် စုဝေးဆန္ဒပြရေးအတွက် အကြို ဆောင်ရွက်မှုသာ ဖြစ်ပြီး အမှန်တကယ်စုဝေး ဆန္ဒပြမှုကို Songkran ပွဲတော်ပြီးမှသာ စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ PDRC အဖွဲ့နှင့် တရားရုံးများသည် ရွေးကောက်ပွဲပြု လုပ်ခြင်းမရှိဘဲ အာဏာလွှဲယူရန်ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ဒီမိုကရေစီ နည်းလမ်း နှင့်ကိုက်ညီမှု မရှိပါက မိမိတို့အနေဖြင့် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ အစိုးရ အတိုက်အခံ ဆန္ဒပြသမားများနှင့် ထိပ်တိုက် ရင်ဆိုင်မှုများ ပြုလုပ်သွားမည် မဟုတ်ကြောင်း၊ ယခုစုဝေး ဆန္ဒပြမှုသည် တရားရုံးများက ယာယီဝန်ကြီးချုပ် ရင်လပ်အား ရာထူးဖယ်ရှားခြင်းကို လက်သင့်ခံမည် မဟုတ်ကြောင်း သတိပေးရန်ဖြစ်ပြီး မိမိတို့၏ အင်အားကို ပြသခြင်း ဖြစ်ကြောင်း ဂျာတူပွန်က ထပ်လောင်း ပြောကြားခဲ့သည်။ တစ်ပြိုင်တည်းမှာပင် ဆူသက်သောင်ဆူဘန် ဦးစီးအစိုးရ အတိုက်အခံ ဆန္ဒပြသမားများကလည်း လုမ္ဗိနီဥယျာဉ်၏ အရှေ့ဘက် ၂ဝ ကီလိုမီတာခန့် အကွာတွင် ဆန္ဒပြလျက်ရှိကြောင်း သိရသည်။

Myawady News

Abortion or not ကိုယ်ဝန်ဖျက်တယ်ဆိုတာ


(၁) ဆရာခင်ဗျား။ ကိုယ်ဝန်ဖျက်ချတာနဲ့ ပတ်သက်ပြီး လူသတ်မှု မြောက် မမြောက် သိချင်လို့ပါ။ ဆေးပညာအရ သန္ဓေတည်ခြင်း၊ လူ့အသက်၊ သေခြင်း စတာတွေကို ဘယ်လိုသတ်မှတ်သလဲ ရှင်းပြပေးပါခင်ဗျာ။
(၂) ကိုယ်ဝန်ဖျက်ချတာ လူသတ်မှု မမြောက်ပါ။ သို့သော် လူသတ်မှုကဲ့သို့ ပြစ်ဒဏ်ကြီးလေးပါသည်။ ပြစ်မှုပုဒ်မ ၃၁၃ တွင် မိခင်သဘောမတူဘဲ ပျက်စေလျှင် သေဒဏ်ထိပြဋ္ဌာန်းထားပါသည်။ ပုဒ်မ ၃၁၅ တွင် မိခင်ကိုယ်တိုင် ပျက်စေလျှင် ထောင်ဒဏ် ၁ဝ နှစ်ထိပြဌာန်းထားပါတယ်။ မိခင်အသက်ကယ်ရန်ဆိုရင် ကင်းလွတ်ခွင့် ရပါတယ်။

• ယောက်ျားကနေ လိင်ဆက်ဆံမှုဖြစ်စဉ် အဆုံးမှာ သုက်ရည်တွေ ထွက်တယ်။ တခါထွက်တာထဲမှာ သုက်အကောင်ရေ သန်း ၄ဝ ကနေ ၁၅ဝ ပါနေမယ်။
• မိန်းမမျိုးဥအိမ်ကနေ ရင့်မှည့်နေတဲ့ မျိုးဥထွက်လာတာနဲ့ သားအိမ်ပြွန်ထဲကို အဖျားမှာ လက်ဝါးလိုနေတဲ့ အပေါက်ဝကနေ ဝင်လာမယ်။
• အမျိုးသမီး ဗဂျိုင်းနာထဲမှာ အဲလို စွန့်ထုတ်-ပန်းထွက်မှု ဖြစ်တာနဲ့ သုက်ကောင်တွေဟာ သားအိမ်ဝကနေ သားအိမ်ထဲကို ရေကူးသလို တက်လာကြမယ်။ မ-မျိုးဥကို အငန်းမရ လိုက်ရှာနေကြတာ ဖြစ်တယ်။ အမြန်ဆုံး သုက်ပိုးဟာ နာရီဝက်သာ ကြာတယ်။ နှေးတဲ့ကောင်တွေက တရက်နဲ့ မရောက်နိုင်ဘူး။
• တခုတည်းသော သုက်ပိုးကနေ ရင့်သန်မှုရှိနေတဲ့ မျိုးဥထဲကို ထိုးဖေါက်ဝင်ရောက်တာနဲ့ Conception သန္ဓေဖြစ်ခြင်း ဒါမှမဟုတ် Fertilization မျိုးစပ်ခြင်းဖြစ်စဉ် စတင်ပါတော့မယ်။
• ဒီဖြစ်စဉ်က ၂၄ နာရီသာကြာတယ်။ ဒီအချိန်မှာ Genetic makeup မျိုးဗီဇအသစ်ပုံဖေါ်မှု ပြီးဆုံးသွားပြီ ဖြစ်တယ်။ ကလေးဟာ မိန်းကလေးလား၊ ယောက်ျားလေးလား သတ်မှတ်လိုက်ပြီ ဖြစ်တယ်။ စမ်းလို့တော့ မရနိုင်သေးဘူး။
• မျိုးဥထဲကို သုက်ပိုးတခု ဝင်ရောက်လာနိုင်တော့တဲ့နောက်မှာ မျိုးဥအဖုံးနံရံက ပြောင်းလဲလာမယ်။ နောက် သုက်ပိုးတွေ ဝင်မလာစေတော့အောင်လုပ်တာ ဖြစ်တယ်။
• ဆဲလ်တခုချင်းစီသာရှိတဲ့ သုက်ပိုးနဲ့ မျိုးဥဟာ တခုတည်းသာဖြစ်လာပြီး ချက်ချင်း ၁ ကနေ ၂ အဆင့်ကို ဒုတိယနေ့မှာ ဖြစ်မယ်။ ဆက်ပြီး ၂ ကနေ ၄ အဆင့်ကို ၃-၄ ရက်မှာဖြစ်ပြီး ၈ ကို ၄ ရက်မြောက်မှာဖြစ်လာမယ်။
• ဆဲလ်ပွါးခြင်းဖြစ်စဉ်အတွင်းမှာ သုက်ပိုးနဲ့ မျိုးဥတွေ့ဆုံခဲ့ကြတဲ့ သားအိမ်ပြွန်ဖျားပိုင်းလောက်ကနေ သားအိမ်ထဲ ဝင်လာမယ်။
• ဆလ်ပွါးခြင်းဖြစ်စဉ်ဆက်ဖြစ်ပြီး ထောင်ဂဏန်အရေအတွက်ကနေ သိန်း-သန်းအထိ တိုးတိုးလာမယ်။ ၅ ရက်ကနေ ၇ ရက်အတွင်း သားအိမ်အတွင်းနံရံကို လာပြီး တွယ်ကပ်မြုပ်ဝင်မယ်။
• Implantation သန္ဓေကပ်ပြီလို့ပြောနိုင်ပြီဖြစ်တယ်။ အတူနေပြီးနောက် ၆ ရက်လို့ ယူဆနိုင်တယ်။ ဒါကြောင့် အရေးပေါ် တားဆေးတွေကို အတူနေပြီး ၅ ရက် (၁၂ဝ နာရီ) အတွင်း အသုံးပြုဘို့ ညွှန်ရတာဖြစ်တယ်။

• (ဆဲလ်) ပွါးဖြစ်စဉ်က ရပ်မနေဘူး။ များသထက် များလာမယ်။ သားအိမ်အတွင်းဆုံးလွှာမှာ နစ်မြုပ်တွယ်ကပ်တာ ဖြစ်ပြီးနောက် (ဆဲလ်) တချို့က အချင်း၊ (ဆဲလ်) တချို့က ကလေးဖြစ်လာကြတယ်။
• ကိုယ်ဝန်ဆောင်တာနဲ့ ဟော်မုန်းတွေ အမျိုးမျိုးက အချိန်ကိုက်ထွက်လာမယ်။ သန္ဓေဖြစ်ခြင်းဖြစ်စဉ် ပဌမပတ်မှာ အသစ်ထွက်လာတဲ့ အချင်းနဲ့ဆိုင်တဲ့ ဟော်မုန်းတမျိုးက (hCG) ဖြစ်တယ်။ ဒီဟော်မုန်း သွေးထဲ၊ ဆီးထဲ ပါနေတာကို သိအောင် စစ်နည်းနဲ့ ကိုယ်ဝန် ရှိနေ-မနေ စမ်းကြရတယ်။ အဖြေမှန်ရအောင် ၃-၄ ပတ် စောင့်ရတယ်။
• ၄ ပတ်ရှိရင် ဦးခေါင်း၊ လည်ပင်း၊ မျက်နှာ သိသာလာပြီ။ ကလေးရဲ့ နှလုံးဟာ ၅ ပတ်အကြာမှာ ဖြစ်လာတယ်။ ဦးနှောက်၊ ခါးရိုးထဲက အာရုံကြောကြီးတွေလဲ ဆက်တိုက်ဖြစ်ပေါ်လာတယ်။ အဆုပ်၊ အသဲ၊ အစာအိမ်၊ အူ စတာတွေ ဖြစ်လာမယ်။
• ၈ ပတ်ဆိုရင် Fetus သန္ဓေသားလို့ခေါ်နိုင်ပြီ။ အရွယ်အစားအားဖြင့် လက္မဝက်မက ရှိလာပြီ။ ပါးစပ်၊ နှာခေါင်း ပီပြင်လာပြီ။ ၄ဝ-၄၂ ပတ်အထိ ဆက်ကြီးထွားလိမ့်မယ်။
• ၁၂ ပတ်ရောက်ရင် ၂ လက္မရှိပြီ။ လှုတ်ရှားမှုစလာပြီ။ မိခင်လောင်က မသိသေးဘူး။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးမှာ တခုခု ခံနေတာ (သားအိမ်အမြင့်ဆုံးနေရာ) ကိုစမ်းလို့ တွေ့နိုင်ပြီ။ ကရိယာနဲ့စမ်းရင် နှလုံးအလုပ်လုပ်နေတာ သိမယ်။ ကျား-မ ခွဲလို့သိမယ်။
• ၁၆ ပတ်ရှိရင် ၄့၃ ကနေ ၄့၆ လက္မရှိလာပြီ။ ၃့၅ အောင်စလေးနေပြီ။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးနဲ့ ချက်ကြားအထိ သားအိမ်က မြင့်တက်နေပြီ။
• ၂ဝ ပတ်ဆိုရင် သားအိမ်အမြင့်က ချက်အောက်တည့်တည့်မှာရောက်လာပြီ။ ၆ လက္မရှိပြီ။ မအေက အထဲမှာ ကလေးလှုတ်တာ သိနိုင်ပြီ။ (အာလ်ထွာဆောင်း) ရိုက်တာကို အများအားဖြင့် ၂ဝ ပတ်မှာ လုပ်တယ်။
• ၂၄ ပတ်ရှိရင် ၁့၎ ပေါင်လေးနေပြီ။
• ၂၈ ပတ်မှာ ၂ ပေါင် ၆ အောင်စလေးပြီ။ ကလေးက အထဲမှာ အနေအထား အမျိုးမျိုးပြောင်းနေမယ်။ အချိန်စောမွေးတာဖြစ်လာရင်လဲ ရှင်နိုင်စွမ်းရှိလာနေပြီ။
• ၃၂ ပတ်ဆိုရင် ၄ ပေါင်လေးပြီ။ အရေပြားအောက်မှာ အဆီစုလာရာကနေ အရေးအကြောင်းလေးတွေ ဖြစ်လာနိုင်ပြီ။
• ၃၆ ပတ် အကြောင်းခံ အမျိုးမျိုးကြောင့် ကလေးအရွယ်အစား အမျိုးမျိုးဖြစ်နိုင်တယ်။ ပျမ်းမျှ ၆ ပေါင်လေးပြီး၊ ၁၈့၅ လက္မရှည်မယ်။
• ၃၇ ပတ်ပြည့်တာကို ကိုယ်ဝန် အပြည့်သက်တမ်းလို့ ခေါ်နိုင်တယ်။ ANC မှတ်တမ်းမှာ ၄ဝ ပတ်ကို EDD ခန့်မှန်းခြေမွေးမဲ့ရက်လို့ တွက်ပေးထားမယ်။ တကယ်မွေးမှာက ၃၈ ပတ်ကနေ ၄၂ ပတ်အတွင်း ဖြစ်မယ်။

ကိုယ်ဝန်ရှိပြီဆိုတာ ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ ပေါင်းစပ်ချိန်၊ သန္ဓေဖြစ်ချိန်ကို ခေါ်တာလား။ သားအိမ်ထဲမှာ တွယ်ကပ်လိုက်ချိန်ကို ခေါ်တာလား။ ဒီအယူအဆ ၂ မျိုးကို သုတေသန လုပ်တော့ ဆရာဝန်တွေ အမြင်မတူကြတာ တွေ့ရတယ်လို့ အမေရိကန် သားဖွါးမီးယပ် ဂျာနယ်မှာ ရေးသားလိုက်ပါတယ်။

မေးခွန်းကို အမေရိကားမှာရှိတဲ့ သားဖွါး-မီးယပ် ဆရာဝန်ပေါင်း ၁၁၅၄ ဦးတို့ကနေ အဖြေတွေပေးခဲ့ကြတယ်။ ၅၇% က ကိုယ်ဝန်ရှိပြီဆိုတာ ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ Fertilization ပေါင်းစပ်ချိန်၊ Conception သန္ဓေတည်ချိန် ဖြစ်တယ်။ ၂၈% က ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ ပေါင်းစပ်ပြီး နောက်တပါတ်အကြာ သားအိမ်ထဲမှာ Embryo implantation တွယ်ကပ်လိုက်ချိန် ဖြစ်တယ်။ ၁၅% က မသေခြာဘူးလို့ ဆိုပါတယ်။

အဖြေတွေမှာ ဘာသာရေးအယူအဆ သက်ရောက်မှုရှိမှာဖြစ်သလို ကိုယ်ဝန်ကို မလိုချင်လို့ ဖျက်ပြစ်တာမှာလဲ လုပ်သင့်တယ်-မလုပ်သင့်ဘူး ဆုံးဖြတ်ရာမှာလဲ သက်ရောက်စေတယ်။

ဘာသာရေးတွေက မတူသလို ဥပဒေတွေကလဲ တနေရာနဲ့တနေရာမှာ မတူကြပါ။ မြန်မာဆရာဝန် တယောက်အနေနဲ့ ကျန်းမာရေးဒေါင့်ကနေပြောရရင် ယောက်ျား-မိန်းမ အတူနေကြပြီးနောက် အရေးပေါ်တားဆေး-တားနည်းကို (၅) ရက် အတွင်းလုပ်လို့ ကိုယ်ဝန်မရတာဟာ အပြစ်လွတ်တယ်။ ၆ ရက်ကနေစပြီး ကိုယ်ဝန် ဘယ်အဆင့်မှာဖြစ်ဖြစ် ဆက်မတည်နိုင်အောင် ဘယ်နည်းနဲ့လုပ်လုပ် ကိုယ်ဝန်ကို ဖျက်ရာရောက်တယ်။

Dr. တင့်ဆွေ
၁၉-၁၁-၂ဝ၁၁
၇-၄-၂ဝ၁၄

ကိုယ့်လက်ကိုဖြတ်ပြီး သားကိုလည်းသတ်ခဲ့သူနဲ့ မိတ်ဆွေတွေဖြစ်လာ


Tutsi Alice Mukarurindaအမည်ရှိ ရ၀န်ဒါနိုင်ငံသူတစ်ယောက်ဟာ ၁၉၉၄ခုနှစ်တုန်းက သူမရဲ့ညာဘက်လက်ဖြတ်ခံရပြီး သူမရဲ့ ကလေးလည်း အသက်ခံခဲ့ရပါတယ်။ ရက်စက်ခဲ့သူကတော့ Emmanuel Ndayisaba ဆိုသူပါပဲ။

ဒီကနေ့ ဧပြီလ ၇ရက်နေ့ဟာ အတိတ်ကသွေးစွန်းခဲ့တဲ့ဖြစ်ရပ်ရဲ့ အကြိမ်၂၀မြောက် နှစ်ပတ်လည်နေ့အဖြစ် Tutsi Alice Mukarurindaက မှတ်ခဲ့ပါတယ်။

Tutsi Alice Mukarurindaက ဘဏ္ဍာထိန်းဖြစ်နေပြီး၊ Emmanuel Ndayisabaကတော့ လူမျိုးတုံးသတ်ဖြတ်မှုမှာ အသက်ရှင်ကျန်ရစ်ခဲ့သူတွေအတွက် အုတ်အိမ်တည်ဆောက်ရေး ဒုဦးစီးမှူးဖြစ်နေပါတယ်။

ဟူတူလူမျိုးဖြစ်တဲ့ Emmanuel Ndayisabaဟာ ၁၉၉၆ခုနှစ်မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို နောင်တရခဲ့ပြီး သူ့ကိုယ်သူပြောင်းလဲခဲ့ပါပြီ။ ဟူတူလူမျိုးတွေရဲ့ ပစ်မှုကို ၂၀၀၃ခုနှစ်မှာကျေအေးပေးခဲ့တဲ့အတွက် ၁၉၉၇ခုနှစ်ကနေ ၂၀၀၃ခုနှစ်ထိ ထောင်ထဲမှာ နေခဲ့ကြရပါတယ်။

Emmanuel နဲ့ Alice တို့ဟာ ခုအခါမှာ အိမ်နီးချင်းတွေဖြစ်နေပြီး တစ်ဈေးထဲမှာ ဈေးဝယ်နေကြပါပြီ။ Emmanuel ဟာ Alice ရှေ့မှောက်ဒူးထောက်ပြီး သူ့ကိုခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ Alice ဟာ နှစ်ပတ်လောက် စဉ်းစားခဲ့ပြီးတဲ့နောက်မှာတော့ ခွင့်လွှတ်ပါတယ် လို့ ပြောခဲ့ပါတော့တယ်။

Ref:dailymail.co.uk

Trend Myanmar


တရားမ၀င်သစ်ဖမ်းဆီးရန်တားသည့် တောခေါင်းကိုတိုက်ပြေးသည့်ယာဉ်



ဧပြီ ၃ ရက်၊ နံနက် ၀၃း၃၀ နာရီအချိန်ခန့်က မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးသက်နိုင်ဦး၊ တောခေါင်း ဦး ထွန်းဝင်း၊ တောခေါင်းဦးသန်းဝင်း ဇော်တို့က တရားမ၀င်သစ်များ တင်ဆောင်လာသည်ဟုယူဆရ သော ယာဉ် ၃ စီးမောင်းနှင်သွား ကြောင်း၊ ၎င်းတို့အဖွဲ့ကလည်း အဆိုပါယာဉ် ၃ စီးနောက်မှလိုက် ပါလာကြောင်း၊ တောအုပ်ဦးဝေ မျိုးလွင်နှင့်အဖွဲ့၊ မှော်ဘီအမှတ် ၄ လမ်းဆုံသစ်နှင့် သစ်တောထွက် ပစ္စည်းစစ်ဆေးရေးစခန်းတွင် တာ ၀န်ထမ်းဆောင်နေသော တော အုပ် ဦးစောသန်းထွန်းနှင့်အဖွဲ့သို့ တပ်လီဖုန်းဖြင့်သတင်းပေးပို့ခဲ့ ကြောင်း သိရသည်။

မှော်ဘီသစ်တောဦးစီးအရာရှိ ရုံးမှ တောအုပ်ဦးဝေမျိုးလွင်နှင့် အဖွဲ့က မှော်ဘီမြို့မဈေးရှေ့တွင် ကင်းပုန်းဝပ်စောင့်ဆိုင်းနေခဲ့ ကြောင်း၊ မှော်ဘီအမှတ် ၄လမ်း ဆုံတွင် တောအုပ်ကြီးဦးစောသန်း ထွန်းအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက ရန်ကုန်ပြည်ကားလမ်းပေါ်တွင် ဘယ်ရီဂိတ်(၇)ခုဖြင့် ပိတ်ဆို့ထား ခဲ့သည်ဟု သိရသည်။

ဧပြီ ၃ ရက်၊ နံနက် ၄ နာရီ အချိန်ခန့်တွင် မီးပြ၍ရပ်တန့်ပေး ရန် တားဆီးစဉ် ရှေ့ဆုံးမှမောင်း နှင်လာသော ယာဉ်အမှတ် ၃ခ/ ၁၈၉၅TOYOTA COROLLA Saloon  နက်ပြာရောင်ယာဉ်သည် ဂိတ်ရှောင်လမ်းဘက်မှကွေ့ဝိုက် မောင်းနှင်ထွက်ပြေးသွားပြီး၊ ၎င်း ယာဉ်နောက်မှလိုက်လာသော ယာဉ်အမှတ် ရှေ့အက္ခရာမမှတ်မိ /၄၇၄၄ Mester MPV အဖြူ ရောင်ယာဉ်သည် တားဆီးထား သော ဘယ်ရီများကိုတိုက်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ ၎င်းယာဉ်နောက်မှလိုက်လာသော ယာဉ်အမှတ်ရှေ့အက္ခရာမမှတ်မိ /၁၇၈၉ NISSAN SERENA အဖြူရောင်ယာဉ်သည် လမ်း၏ ညာဘက်ခြမ်းပလက်ဖောင်းဘေးမှ ရပ်တန့်ရန်တားဆီးနေသော တောခေါင်း ဦးဇော်နိုင်ကို ၀င်တိုက် ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ သည်။ တောခေါင်းဦးဇော်နိုင်မှာ နဖူး၊ နှာခေါင်း၊ နှုတ်ခမ်းများကွဲပြီး လက်နှင့်ခြေထောက်တွင်ပွန်းပဲ့ ဒဏ်ရာများရရှိသွားသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ပို့ဆောင်ပြီး ဆေး ကုသခံယူနေရကြောင်း သိရ သည်။

ထိုနေ့ နံနက် ၀၇း၃၀ နာရီ တွင် မှော်ဘီအမှတ် (၄)လမ်းဆုံ သစ်နှင့် သစ်တောထွက်ပစ္စည်း စစ်ဆေးရေးစခန်းမှတောခေါင်း ဦးသန်းဇော်ဦးက ၎င်းတို့မှတားဆီး စဉ် ဂိတ်ရှောင်လမ်းဘက်မှကွေ့ ၀ိုက်မောင်းနှင်ထွက်ပြေးသွားသော ယာဉ်အမှတ် ၃ခ/၁၈၉၅ သည် တိုက်ကြီးဘက်သို့ပြန်လည်မောင်း နှင်သွားကြောင်း တောအုပ် ဦး သက်နိုင်ဦးနှင့် အဖွဲ့ကို ဖုန်းဆက် သတင်းပို့သဖြင့် ရန်ကုန်ပြည်ကား လမ်း မိုင်တိုင်အမှတ် ၆၃/၀မိုင်မှ ကင်းပုန်းဝပ်စောင့်ဆိုင်းစဉ် ၎င်းင်း ကားက အုပ်္ပုံကျေးရွာအတွင်း မောင်းနှင်ထွက်ပြေးသွားသဖြင့် ပိတ်ဆို့ဖမ်းဆီးရာ ယာဉ်မောင်း ဦးရန်မျိုးအောင်(ဘ)ဦးစိုးပိုင်၊ အုပ္ပုံကျေးရွာ၊ တိုက်ကြီးမြို့နယ်၊ ယာဉ်ပေါ်ပါသူ ဦးပြည့်ဖြိုးအောင် (ဘ)ဦးဟုတ်ကြည် သန္ဓေပင်၊ တိုး ဂိတ်အနီး၊ မှော်ဘီမြို့တို့ကိုဖမ်းဆီး မိ၍ ရှာဖွေရာ နောက်ထိုင်ခုံများ ဖြုတ်ထားပြီး ကျွန်းသစ်အမှုန့်များ ကို တွေ့ရှိသဖြင့် တရားမ၀င် ကျွန်းသစ်များတင်ဆောင်ထားခဲ့ ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

ယာဉ်မောင်းဦးရန်မျိုးအောင် နှင့် ယာဉ်ပေါ်ပါသူဦးပြည့်ဖြိုး အောင်တို့ကို တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ စစ်ဆေးရာ ဧပြီ ၃ ရက်၊ နံနက် ၄ နာရီ အမှတ်(၄)လမ်းဆုံစစ်ဆေးရေး ဂိတ်၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ယာဉ်တွင် ၎င်းတို့ ရှေ့နောက် မောင်းနှင်လာသော ယာဉ် ၃ စီးမှ အဆိုပါ ယာဉ်ပါဝင်ကြောင်း၊ တောခေါင်း ဦးဇော်နိုင်ကို တိုက် သွားသောယာဉ် ယာဉ်မောင်းမှာ မှော်ဘီမြို့၊ အမှတ်(၄) လမ်းမကြီး ဘေးတွင် နေထိုင်သော ဦးရန်နိုင် ၏ညီ ဦးဝင်းထွဋ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည် ဆို၏။

ဧပြီ ၃ ရက် နံနက် ၁၀း၃၀ နာရီတွင် မှော်ဘီမြို့နယ်၊ မြို့ ရှောင်လမ်း၊ အနောက်ရပ်ကွက်၊ အောင်ရတနာလမ်း၊ ဘွက်ကြီး ကျေးရွာအုပ်စု၊ ရဲစုကျေးရွာအနီး တွင် ယာဉ်၏နံပါတ်ပြားကို ဖြုတ် ထားသော ယာဉ်တစ်စီးကိုတံခါး များပိတ်၍ ရပ်တန့်ထားကြောင်း သတင်းရ၍ အမှတ်(၄)လမ်းဆုံ သစ်နှင့် သစ်တောထွက်ပစ္စည်း စစ်ဆေးရေးစခန်းမှ တောခေါင်း ဦးရီသန်း၊ တောခေါင်း ဦးသန်း ဇော်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များက ကားတံခါးသော့များကိုဖျက်၍ စစ်ဆေးရာ ယာဉ်ပေါ်တွင် ကျွန်း တံခါးအပိုင်းအစများတွေ့ရှိ၍ စစ်ဆေးရာ ကျွန်းတံခါးအပိုင်း အစ ၇၁၇ ချောင်း၊ (၀.၆၄၈၄) တန်ကို သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် အဆိုပါယာဉ်မှာ ဘောနက်ဖုံးပိန်နေခြင်း၊ ရှေ့ညာ ဘက်မီးလုံးပြုတ်နေခြင်း၊ ရှေ့လေ ကာမှန်မှာကွဲအက်နေခြင်း၊ ဆံပင် မွှေးများကိုတွေ့ရှိခဲ့သည်ဟု သိရ သည်။ ယာဉ်ပေါ်မှထွက်ပြေး တိမ်းရှောင်သွားသူယာဉ်မောင်း နှင့် ယာဉ်ပိုင်ရှင်၊ တရားမ၀င်ကျွန်း တံခါးအပိုင်းအစ ၇၁၇ ချောင်း၊ (၀.၆၄၈၄)တန်ပိုင်ရှင်တို့ကို စုံစမ်းဖော်ထုတ်၍ သစ်တောဥပဒေ ပုဒ်မ ၄၃(က)ဖြင့်လည်းကောင်း၊ ယာဉ်တိုက်မှုအရလည်းကောင်း အရေးယူနိုင်ရန်ကြိုးစားဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။          

မှော်ဘီသား
Hot News Journal

ပြည်သူတွေရဲ့အသံကိုလွှတ်တော်က ဘယ်လောက်လုပ်ပြီးခဲ့ပြီလည်း



မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ် သမားသမဂ္ဂများကွန်ရက်မှဦးစီး၍ လှိုင်သာယာမြို့နယ်အတွင်းရှိ အလုပ်သမားများမှဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အလုပ်သမားများ အခွင့်အရေးကိုကာကွယ်ပေးမှု နည်းပါးနေသည့်အတွက်ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆန္ဒထုတ်ဖော်ပွဲကို ဧပြီ(၆)ရက်နေ့က ပြုလုပ်ခဲ့ကြ သည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ကြွေးကြော်သံ(၁၁)ချက်ကြွေးကြော် ခဲ့ပြီး၊ ၎င်းကြွေးကြော်သံထဲတွင် အလုပ်သမား၊ လယ်သမားဆန္ဒ နှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ပေးရေးနှင့် ပုဒ်မ ၄၃၆၊ ပုဒ်မ ၆(စ)၊ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၂၆၁(ခ)၊ ပုဒ်မ ၄၁၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ၂၀၁၄/၂၀၁၅ရွေးကောက်ပွဲမှာ လူထုထောက်ခံသောပါတီကိုယ် စားလှယ်လောင်းကို မဲပေးရေးတို့ ပါဝင်သည်။

““ကျွန်တော်တို့အလုပ်သမား၊ လယ်သမားတွေအတွက် ၂၀၀၈ ဖွဲ့စည်းပုံမှာ ဘာအာမခံချက်မှပေး မထားဘူး။ ဒါကြောင့်ကျွန်တော် တို့ရဲ့ အလုပ်သမား၊ လယ်သမား တွေရဲ့ အခွင့်အရေးတွေအပြည့် အ၀ရရှိဖို့ဆိုရင်တော့ ပုဒ်မ(၄၃၆) ဟာ အတားဆီးတစ်ခုဖြစ်နေပါ တယ်။ ဒါကိုပြင်ဆင်ဖို့အတွက် ထည့်တောင်းဆိုရတာဖြစ်ပါတယ်””ဟု ဆန္ဒဖော်ထုတ်ပွဲတွင်ပါဝင်သူ တစ်ဦးက ဆိုသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် စက်ရုံများမှ လူအင်အား(၂၀၀) ၀န်းကျင်ခန့်ပါဝင်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲနှင့်ပတ်သက် ၍ ၈၈ ငြိမ်း/ပွင့်မှအလုပ်သမား အရေးဆောင်ရွက်ပေးနေသူ မသက်သက်အောင်က ““ဒီနေ့ ဆန္ဒပြပွဲမှာအလုပ်သမားတွေရဲ့ အမှန်တကယ်လိုအပ်ချက်တွေပါဝင် ပါတယ်။ အနိမ့်ဆုံးလစာသတ်မှတ် ချက်တွေနဲ့ ကျွန်မတို့ညှိနှိုင်းရာမှာ အခက်အခဲတွေရှိနေတယ်ဆိုတာကို အလုပ်သမားတွေကတောင်းဆို တယ်။ ယခုလက်ရှိဖွဲ့စည်းပုံဟာ အလုပ်သမား၊ လယ်သမားတွေကို ထိန်းချုပ်ထားတယ်ဆိုတာသိရှိ လာတဲ့အတွက် သူတို့အသိစိတ်နဲ့ တောင်းဆိုလာတာတွေ့ရတယ်။ ဒီဆန္ဒထုတ်ဖော်ပွဲရဲ့ ထူးခြားချက် ဖြစ်ပါတယ်””ဟု ၎င်းကပြောသည်။

အလုပ်သမား၊ လယ်သမား အရေးများကို ယနေ့ကာလလွှတ် တော်ထဲတွင် ဆောင်ရွက်မပေး သောသူများကို ၂၀၁၅ တွင် မဲမပေးရန်အတွက် ဆန္ဒထုတ်ဖော် သူတစ်ဦးက ဆိုသည်။

““အလုပ်သမား၊ လယ်သမား ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်မ အမြင်ရလွှတ်တော်ထဲမှာဘာတွေ ပြောနေတယ်ဆိုတာ နားထောင်  ကြည့်တယ်။ လွှတ်တော်စတင် ကတည်းက ပြည်သူ့အသံ၊ လွှတ် တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ် တော်ဆန္ဒလို့ပြောပြီး လွှတ်တော် ကိုစပြီးတည်ခဲ့ကြတယ်။ ဒီနေ့ ၂၀၁၄ ရှိလာပြီး ပြည်သူတွေရဲ့ အကျိုးအတွက်ပြည်သူတွေရဲ့ တကယ်အသံကိုလွှတ်တော်က ဘယ်လောက်လုပ်ပေးနိုင်ခဲ့တယ် ဆိုတာ အားလုံးသိပြီးဖြစ်ပါလိမ့် မယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ် တွေက အလုပ်သမား၊ လယ် သမားတွေရဲ့ အရေးကိုအဆိုတွေ၊ မေးခွန်းတွေမေးခဲ့ပေမဲ့၊ ရှုံးနိမ့်ခဲ့ တာတွေတွေ့ရပါတယ်။ ဒီလိုတွေ ဖြစ်နေတဲ့အတွက် အလုပ်သမား၊ လယ်သမားအရေးတွေက အားရ စရာမရှိဘူးလို့ပြောချင်ပါတယ်””ဟု မသက်သက်အောင်က ၎င်းင်း၏ အမြင်ကိုထပ်ဆင့်ပြောသည်။

လှိုင်သာယာမြို့နယ်တွင် စက်ရုံအလုပ်သမားများမကြာခဏ ဆန္ဒထုတ်ဖော်မှုများရှိခဲ့ပြီး ယခု ကာလတွင် ဆန္ဒပြနေသော စက် ရုံ (၃) ရုံရှိကြောင်း သိရသည်။



မျိုးကျော်
Hot News Journal

အဖြစ်နိုင်ဆုံး Black Box အချက်ပြမှု ဖမ်းမိ



အချက်ပြမှု ၂ ကြိမ် ဖမ်းယူရရှိခဲ့တဲ့ Ocean Shield သင်္ဘော
လေယာဉ်ရဲ့ Black Box က ထုတ်လွှတ်တဲ့ အချက်ပြမှု အမျိုးအစားနဲ့ ကိုက်ညီတဲ့ ထုတ်လွှတ်မှုတွေကို သြစတြေးလျ သင်္ဘောတစ်စင်းက ဖမ်းယူ ရရှိခဲ့တယ်လို့ မလေးရှား လေယာဉ်ပျောက်ကို ရှာဖွေနေတဲ့ သြစတြေးလျ အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သြစတြေးလျ ရှာဖွေရေး တာဝန်ရှိသူ Angus Houston က ပြောရာမှာ ဒီလို ဖမ်းယူ ရရှိတာဟာ အခုအချိန်ထိ အဖြစ်နိုင်ဆုံး လမ်းစ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ အချက်ပြမှုကို သြစတြေးလျ ကမ်းရိုးတန်းနဲ့ မိုင် တစ်ထောင်လောက် အကွာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ Ocean Shield သင်္ဘောက ဖမ်းယူနိုင်ခဲ့တာလို့ သူက ပြောပါတယ်။

ဒါပေမယ့် ဒီ အချက်ပြမှုဟာ သေချာပေါက် မလေးရှား လေယာဉ်ပျောက်ရဲ့ Black Box ဆီက လာတာ ဟုတ် မဟုတ် အတည်ပြုဖို့တော့ ရက်အနည်းငယ် ကြာနိုင်တယ်လို့ သူက ဆိုပါတယ်။

Perth မြို့က ဘီဘီစီ သတင်းထောက်ကတော့ ဒီကိစ္စဟာ လေယာဉ်ပျောက် ရှာဖွေသူတွေ မျှော်လင့်နေတဲ့ သတင်းထူး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Flight recorder ရဲ့ ဘက်ထရီ ကုန်ခန်းတော့မှာ ဖြစ်လို့ လေယာဉ်ပျောက် ရှာဖွေသူတွေ အနေနဲ့ အချိန်မီ ရှာတွေ့နိုင်ဖို့ အရေးကြီးနေတာ ဖြစ်ပါတယ်။

BBC

သန်လျင်မြို့နယ် မြို့လယ်ခေါင်နေအိမ်တွင်ဓားခုတ်မှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် မြို့သစ်အနောက်ရပ်ကွက် ကြံခိုင်ရေးလမ်း မြို့လယ်ခေါင်တွင် နေထိုင်သူ ဦးခင်လှိုင် (လယ်ယာကုန်သွယ်ရေးအငြိမ်းစား)မိန်းမဖြစ်သူ ဒေါ်အေးအေးလွင် (အထက-၄)အလယ်တန်းပြ ဆရာမတို့၏ နေအိမ်တွင်ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ၂.၄.၂၀၁၄ခုနှစ် ည(၈း၄၅)အချိန်ခန့်တွင် သန်လျင်မြို့ မြို့သစ်အနောက်ရပ်ကွက် ကြံ့ခိုင်ရေးလမ်းတွင် နေထိုင်သူ ဦးခင်လှိုင်(လယ်ယာကုန်သွယ်ရေးအငြိမ်းစား)မိန်းမဖြစ်သူ ဒေါ်အေးအေးလွင်(အထက-၄)အလယ်တန်းပြ ဆရာမတို့၏ နေအိမ်အတွင်းသို့ဝင်ရောက်၍ ဓားဖြင့် ခုတ်သော ဦးခင်တိုးနှင့်အမည်မသိလူတစ်ဦးတို့က နေအိမ်ရှိ အနောက်မီးဖိုချောင်ထဲမှ ဓားကိုယူကာ ခုတ်ခဲ့သောကြောင့် ဦးခင်လှိုင်၏ လယ်ဂုတ်ပြတ်ရှ ဒဏ်ရာတစ်ချက်နှင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတစ်ချက်တို့ရရှိပြီး၊ ဒေါ်အေးအေးလွင်၏ ဦးခေါင်းပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ရရှိကာ သန်လျင်မြို့ မဆေးရုံးမှ ရန်ကုန်အရေးပေါ်ဆေးရုံးကြီးသို့ အတွင်းလူနာအဖြစ်ရောက်ရှိသွားကြောင်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ ဒေါ်အေးအေးလွင်၏ အစ်မဖြစ်သူ ဒေါ်တင်ဌေး အောင်မင်္ဂလာရပ်ကွက်တွင်နေထိုင်သူက တရားလိုပြုကာ သန်လျင်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ သန်လျင်မြို့မရဲစခန်းက (ပ/၂၂၈/၁၄)ပုဒ်မ(၃၂၆/၁၁၄/၄၅၂) ဖြင့်အမှုဖွင့်ကာ စခန်းမှူးကသွားရောက်စစ်ဆေးခဲရာ ဦးခင်လှိုင်၏ ပြောကြားချက်အရ (၁)တရားခံ ဦးခင်တိုး(၆၆) နှစ်(ဘ)ဦးဘအေး ထန်းပင်ကုန်းရပ်ကွက်တွင် နေထိုင်သူနှင့်(၂)တရားခံ (စုံစမ်းဆဲ)တို့အား ဆက်လက်၍ စစ်ဆေး ဆောင်ရွက် လျက်ဖြစ်ကြောင်း သိရှိရပါသည်။

မြင့်မြတ်အောင်မြင်


ဖုန်း-၀၉.၄၂၁၀၂၂၅၇၈


လှည်းကူးတွင် ပုဒ်မ-၁၈၈ ဆက်လက်ထုတ်ပြန်ထားပြီးပြစ်မှုကျူးလွန်သူ သုံးဦးကို အင်းစိန်ထောင်သို့ပို့


မင်းဟိန်းထက် ၊ ရန်ကုန်၊ ဧပြီ ၅-
လှည်းကူးမြို့နယ်တွင် လူစုလူဝေးနှင့် ဆူပူမှုများ ဖြစ်ပေါ်ခဲ့သော ကြောင့် အခြေအနေ တည်ငြိမ်သည်အထိ တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်ပြီး လူစု လူဝေး သွားလာခွင့်မပြုသည့် (ပုဒ်မ-၁၈၈) ကို ထုတ်ပြန်ထားမည်ဖြစ်ကြောင်း လှည်း ကူးမြို့မရဲစခန်းမှ ရဲမှူးခင်မြင့်က ပြောသည်။
ဧပြီ ၄ ရက် ညနေ ၃ နာရီခန့် တွင် လှည်းကူးမြို့နယ် မြို့မဈေးအနီး ဗံဒါ လမ်းတွင် မိုးကာဖျင်ချုပ်သည့် အစ္စလာမ် ဘာသာဝင်နှစ်ဦးနှင့် နာရီအပိုပစ္စည်းရောင်း ဝယ်ရေးမှ ကိုသက်ပိုင်ဦးတို့ ခိုက်ရန်ဖြစ်ပွား ခဲ့ရာမှ အစ္စလာမ်ဘာသာဝင်တစ်ဦးက ကတ် ကြေးနှင့် ထိုးခဲ့သည့်အတွက် ကိုသက်ပိုင်ဦး မှာ မျက်ခွံပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည့်အ တွက် မကျေနပ်ကြသည့်လူများက အဆိုပါ မိုးကာဖျင်ဆိုင်ကို ခဲဖြင့်ထုကာ ဆူပူခဲ့ကြ သောကြောင့် ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်း ကာ ပုဒ်မ-၁၈၈ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

''အခြေအနေ တည်ငြိမ်တဲ့အထိ (ပုဒ်မ-၁၈၈)ကို ထုတ်ထားမှာပါ။ ညက လက်နက်ကိုင်စုဝေးတဲ့ လူလေးယောက်ကို ဖမ်းထားပြီး အရေးယူထားပါတယ်။ ပြစ်မှု ကျူးလွန်သူသုံးဦးကိုတော့ အမှုဖွင့်ပြီး အင်း စိန်ထောင်ကို ပို့လိုက်ပါပြီ''ဟု ရဲမှူးခင်မြင့် ကပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် ဒဏ်ရာရ ရှိခဲ့သည့် ကိုသက်ပိုင်ဦးကို ရန်ကုန်မျက်စိ အထူးကုဆေးရုံကြီးသို့ ပို့ဆောင်ကုသပေး ခဲ့ကြောင်း၊ မျက်စိကို ထိခိုက်ခြင်းမရှိဘဲ မျက် ခွံပြဲသည့်ဒဏ်ရာကိုသာ ရခဲ့သည်ဟု သိရ ကြောင်း ယင်းက ဆက်လက်ပြောသည်။

ပြစ်မှုကျူးလွန်သူသုံးဦးကို လှည်း ကူး မြို့မရဲစခန်းတွင် (ပ)၁၅၃/၂ဝ၁၄၊ ပုဒ်မ ၃၂၄၊ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူကာ အင်း စိန်အကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း လှည်းကူးမြို့မရဲစခန်းမှ သိရသည်။
လူစုလူဝေးများက ခဲများဖြင့်ပစ် ပေါက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ ပွန်းပဲ့ဒဏ် ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၏ လူစုခွဲဖြေ ရှင်းမှုကြောင့် လူတချို့ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ သည်ဟု ရဲအရာရှိတစ်ဦးကဆိုသည်။
အဆိုပါ အခင်းဖြစ်ပွားရာနေ ရာသို့ လှည်းကူးမြို့နယ် လွှတ်တော်ကိုယ် စားလှယ် ဦးဖြိုးမင်းသိန်းလာရောက်ခဲ့ ကြောင်း သိရသည်။

''လူငယ်နှစ်ဦး ရန်ဖြစ်ရာက စပြီး အဓိကရုဏ်းဖြစ်တယ်။ ခုလောလောဆယ် က ဥပဒေစိုးမိုးမှုအတွက် ထိန်းသိမ်းထား နိုင်ပါပြီ''ဟု လှည်းကူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြော သည်။

Yangon Media Group

၂၀၁၅ (သို့မဟုတ်) မြွေပွေးတစ်အုပ်ရဲ့ ဇာတ်သိမ်းခန်း



အာဏာရှင်ခေတ်မဟုတ်တော့ဘူး တဲ့။ အဲဒါတကယ်လား။ ဖြေလျှော့မှုတွေ အဆင့်ဆင့်နဲ့ ပြုပြင်ပြောင်းလဲနေပြီတဲ့။ အဲဒါ အဟုတ်လား။ ပွင့်လင်းမြင်သာမှု တွေ တစ်ပွေ့တစ်ပိုက်နဲ့ ဒီမိုကရေစီခေတ်ဦး တဲ့။ အဲဒါ အမှန်လား။

၂၀၁၀ ရွေးကောက်ပွဲနဲ့ မိတ်ကပ် လိမ်းပြီး ပြည်သူ့အသံလွှတ်တော်အသံဆို  တဲ့ ဆံနွယ်ကို ပြင်ဆင်ထုံးဖွဲ့၊ သန့်ရှင်းသော  အစိုးရဆိုတဲ့ ပန်းတစ်ပွင့်ကိုပန်။ နိုင်ငံတကာ  ဆိုတဲ့ လူပျိုတောမှာ ကုဋေတစ်သန်းတန်  ဒီမိုကရေစီခြေအကြွနဲ့ အလှကြီးလှနေတဲ့   မြန်မာနိုင်ငံကို “အဘဗိုလ်ချုပ်” တွေ ပြောင်းလဲဖော်ဆောင်ခဲ့တာပါတဲ့။ နားရှိ လို့သာကြားရတယ်။ သေနတ်သံတွေက  မစဲသေးဘူး။

ဆင်းရဲမှုတွေကမလွတ်သေး ဘူး။ ဒုက္ခသည်တွေက မကုန်နိုင်ဘူး။ ဓားသွားပေါ်မှာ ပျားရည်တစ်စက်တော့ရှိ တယ်။ အဲဒါဘာလဲဆိုတော့ လွတ်လပ်စွာ  ထုတ်ဖော်ပြောဆိုခွင့်နဲ့ စီတန်းလှည့်လည် ခွင့်ပါပဲ။
ပြောချင်တာပြောဆိုပြီး နားဝမှာ အီးယားပလပ်တပ်ထားတဲ့ အစိုးရဟာ အိမ်ဖျက်ယာဖျက်ဆိုတဲ့ အဖျက်လုပ်ငန်း တွေကို အရေးမစိုက်စတမ်းလုပ်နေတာက တော့ အာဏာရှင်မော်ဒယ်ဒီမိုကရေစီ လားလို့မေးရတော့မှာဖြစ်တယ်။ အလား အလာရှိတဲ့ နိုင်ငံတစ်ခုမှာပြုပြင်ပြောင်း လဲနေပြီဆိုပြီး နိုင်ငံတကာကစိတ်ဝင်စား  မှုတွေ တလိပ်လိပ်တက်လာတယ်ဆိုပေ မဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက တော့ သတိနဲ့ ကြိုတယ်။
တချို့ကျတော့ လည်း ဓားသွားပေါ်ကပျားရည်စက်ကို အငမ်းမရလျက်ရင်းခံယူချက်တွေမေ့၊ နာကြည်းချက်တွေပျောက်ကုန်ကြတယ်။
ပရိုပိုဇယ်နိုင်ငံရေးနဲ့အခမ်းအနားခရေဇီ တွေ မှိုလိုပေါက်လာတယ်။ ဘာပဲပြော ပြောအရွေ့တစ်ခုကိုရွေ့နေတယ်ဆိုတာတော့  မှန်ပါတယ်။ အစိုးရအဖွဲ့၊ တရားစီရင်ရေး  မဏ္ဍိုင်နဲ့ လွှတ်တော်အခင်းအကျင်းတွေ ကို ကြည့်လိုက်ရင်ပြည်သူကိုတကယ်ဦးထိပ်    ပန်ဆင်ထားတဲ့ သူတွေရှိသလိုအတ္တမာန ငို့ဘသမားတွေနဲ့ မလုပ်မရှုပ်မပြုတ်တွေ အများစုရှိနေတာကိုလည်းတွေ့ရတယ်။

 လွှတ်တော်မှာ တပ်မတော်ကိုယ်စားလှယ်  ကိုပါကန့်ကွက်နိုင်ပြီး ကိုယ်စားလှယ်အဖြစ်  က ရုပ်သိမ်းနိုင်တဲ့ ဥပဒေအတည်ပြုလိုက်  သလိုတစ်ဖက်ကလည်း ကုန်ဈေးနှုန်းတွေ သေချာပေါက်ကြီးမြင့်လာစေမယ့်မီတာ  ခတိုးမြှင့်ကောက်ခံရေးအဆိုကိုကန့်ကွက်  သူ ၁၈ ယောက်ကလွဲပြီး တစ်ခဲနက်ထောက်  ခံအတည်ပြုလိုက်တာတွေ့ရတယ်။ ဒီအတောအတွင်းမှာပဲ သမ္မတကလည်း လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာညွှန်ကြားချက်ထုတ်လာတော့  ဝေဖန်သံတွေသရော်စာတွေပလုံစီလာ တယ်။ ၃ သိန်းနှင့် အထက်တန်ဖိုးရှိလက် ဆောင်ပစ္စည်းလက်ခံလျှင် လာဘ်စား သည်ဟုယူဆမည်တဲ့။ ၂ သိန်း ၉ သောင်း နဲ့ ၉ ထောင်ကိုဆယ်ခါခွဲပေးမှာပေါ့။ လာဘ်ယူနည်းမူဝါဒရေးဆွဲပေးလိုက်သလို  ဖြစ်နေပါပေါ့တဲ့။

သမ္မတရဲ့ မိန့်ခွန်း၊ သမ္မတရဲ့ သဘောထားဆိုတာအပြစ်အနာ အဆာအနည်းဆုံးနဲ့ ဝေဖန်မှုအကင်းဆုံး ဖြစ်သင့်တယ်။ ဆိုခဲစေမြဲစေမဟုတ်ပါ လား။ အမှန်တကယ်တော့ လာဘ်ပေး လာဘ်ယူခြင်းဆိုင်ရာဥပဒေတွေကရှိပြီး သားမို့လာဘ်ပေးလာဘ်ယူလုပ်ချင်စိတ် ကိုသာ အရင်ဆုံးအမြစ်ဖြတ်ရမှာဖြစ်ပါ တယ်။ ပြည်ခွင်တစ်လျှိုးမှာ တန်ခိုးထိန်ဖို့  ဒီအကျင့်ဆိုးတွေချိုးနှိမ်မှဖြစ်မယ်မဟုတ် လား။ တရားဥပဒေစိုးမိုးရေးအတွက် ဘက်ပေါင်းစုံကတွန်းအားပေးပြီး အရေး  ယူစရာရှိရင်အရေးယူဖို့စောင့်ကြည့်ရေး အဖွဲ့တွေနဲ့ ပြုပြင်နေပြီဆိုပေမဲ့ မြို့နယ် အဆင့်ခရိုင်အဆင့်တွေမှာတော့ “လာဘ် ပေးရန်မလို” ဖြစ်နေတုန်း၊ လာဘ်မပေး ရင်တော့ရန်လိုမှာလေ။

ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုပြီး တဲပေါ်ကလူကိုဘုန်းကြီးကျောင်းပို့၊ ဘုန်းကြီးကျောင်းကလူကိုတောထဲမောင်း ထုတ်တယ်။ မြေသိမ်းပူပေါင်းထောင်နဲ့ချီ  နေတဲ့အထဲက ရာဂဏန်းသာသာလောက်   ပြန်ပေးပြီးတာကို အသံကောင်းဟစ်ပြီး မိချောင်းကန် ၁၊ ၂၊ ၃ မြေတွေကိုတော့ ဥပဒေနဲ့ အညီအမည်ပြောင်းလဲပြီးတာ ကြောင့် လုံးဝပြန်မပေးတော့ဘူးလို့ မျက်နှာလွှဲခဲပစ်စကားဆိုတယ်။ အလဲထိုး ပြီးတာတောင်ရင်ဘတ်ပေါ်တက်ခုန်ချင်တဲ့  လက်ဝှေ့သမားလိုနိုင်ထက်စီးနင်းမှုတွေက နိုင်ငံတစ်နံတစ်လျားမှာရှိနေကြတုန်းပဲ။ မြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမည်ဆို တဲ့ ဆိုင်းဘုတ်ကြီးရှေ့မှာဘောလုံးလေး ပိုက်လို့ကလေးတစ်ယောက်သူပျောက်ဆုံး နေတဲ့ ကစားကွင်းတွေကို ရှာဖွေငေးမော  နေရှာတယ်။ အသက် ၇၀ အရွယ်အဘွား အိုတစ်ယောက် “ဒါတပ်ပိုင်မြေလား။မဟုတ်  ဘူး။ မဟုတ်ဘူးဘယ်သူ့မြေလဲ၊ ငါတို့မြေ၊  ငါတို့မြေ” လို့ပြောရင်းပလက်ဖောင်းဘေး မှာ အမောဆိုက်နေရှာတယ်။ မုံရွာ၊ ပုသိမ်  အဝေးပြေးကားလမ်းဝဲယာမှာ “ကျွန်မတို့  ယာသိမ်းခံတောင်သူတွေပါ။ လုပ်ကိုင် စားစရာမရှိတော့လို့တောင်းစားရတာပါ” လို့အော်ဟစ်ပြီး ဘုရားဖူးကားတွေပေါ်က  ပစ်ကြဲတဲ့ ငွေစက္ကူတွေကို အလုအယက် ကောက်ကြရင်းစစ်ကိုင်းတိုင်း၊ ယင်းမာပင်   မြို့နယ်၊ အုံတုံပင်ရွာကထန်းတက်သမား  တောင်သူတွေ မျက်ရည်ပြပွဲလုပ်နေကြရ  ရှာတယ်။

ပရမ်းပတာပြောတတ်သူဝန်မင်း များရဲ့ ဖရုဿဝါစာလှိုင်းအငြိမ်မှာ ၂၀၁၄   မကုန်ခင်ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်  ဆိုတဲ့အသံထွက်လာတယ်။ ၂၀၁၂ မှာ NLD ကို အပြတ်အသတ်ရှုံးနိမ့်ခဲ့ရတဲ့ရာ  ဇ၀င်ကြွေးပြန်ဆပ်ချင်တဲ့သဘောလား။ မလုပ်ဘဲထားလည်းရတဲ့ အလုပ်တစ်ခုကို   ဒုတိယအကြိမ်အားစမ်းပွဲအဖြစ်လုပ်ကြည့် ချင်လို့လား။
ပြည်သူကတော့ သိတယ်။ နိုင်ငံရေး  မိုးလေ၀သကို ပြည်သူအပေါ်သစ္စာစောင့်   သိသောမီဒီယာများကြောင့် ပြည်သူက ကောင်းကောင်းကြီးသိနေပြီဖြစ်တယ်။ မြွေပွေးဆိုတာအရေခွံဘယ်နှခါလဲလဲ ရေမြွေဖြစ်မလာဘူးဆိုတဲ့စကားကို သတိ ချပ်ထားတဲ့ ပြည်သူကနှစ်ထပ်ရှိမှ မှတ်မိ  အောင်အသည်းကြားကမဲတစ်ပြားကို ပြတ်ပြတ် သားသားပြလိမ့်ဦးမှာဖြစ်တယ်။ သေချာတာတစ်ခုကတော့ ပြည်သူဟာ အာဏာရှင်စရိုက်ဆိုးရဲ့အမွေခံသားတွေကို လေသံတောင်မကြားချင်တော့တာအမှန် ပဲ။
ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲကို  ၀ဋ်ကြွေးတွေဆုံးတဲ့နေ့ဖြစ်ချင်နေတဲ့ ပြည်သူလူထုတိုင်းရင်းသားညီအစ်ကိုအသီး သီးဟာ ရဲရင့်စွာဆုံးဖြတ်လိမ့်မယ်။ ၂၀၁၅  ဟာ ပြည်သူကိုဘယ်တုန်းကမှ စိတ်ချမ်း  သာမှုမပေးခဲ့တဲ့ မြွေပွေးတစ်အုပ်ရဲ့ ဇာတ်သိမ်းခန်းဖြစ်ကိုဖြစ်ရမယ်။
အဲဒီအတွက် ငါတို့အားလုံးညီညွတ် ဖို့တော့လိုတယ်။ ညီညွတ်ဖို့ပဲလိုပါတယ်။


hot news weekly

မြစ်ဆုံစီမံကိန်းရပ်ရန် မြစ်ဆုံအထိ လမ်းလျှောက်သူအချို့ လမ်းမလျှောက်နိုင်၍ ကားစီး



မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပြီးသတ်ရပ်ဆိုင်းရန် လမ်းလျှောက်ဆန္ဒပြစဉ် လမ်းမလျှောက်နိုင်၍ ကားစီးသူများအား တွေ့ရစဉ်

မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်တန့်ရေး မြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့်အဖွဲ့မှ သက်ကြီးရွယ် အိုအချို့ မော်တော်ယာဉ် အကူအညီဖြင့် လိုက်ပါနေရသည်ဟု ခရီးစဉ်တွင်ပါဝင်သည့် နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှ ဦးဆောင်အဖွဲ့ဝင် ဦးမြင့်ဝင်းမောင်က ဧပြီ ၆ ရက်တွင် မဇ္ဈိမ ကို ပြောသည်။

“သက်ကြီးရွယ်အိုတွေပေါ့ဗျာ။အသက် ၅၀ ကျော်၊ ၆၀ ကျော် အရွယ်တွေကတော့ ကားစီးတာ ရှိပါတယ်။ ဒါပေမဲ့ အချိန်ပြည့် တော့ မဟုတ်ပါဘူး။ နာရီအပိုင်းအခြားနဲ့ လည်း မဟုတ်ဘူး။ သူတို့ကလည်း အမြဲ တမ်းကြီး ကားပေါ်မှာနေနေတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ကလည်း မြစ်ဆုံထိ လမ်းလျှောက်မှာ ဆိုတော့ သူတို့ကို မစီးနဲ့လို့လည်း မပြောရက်ဘူး”ဟု ဦးမြင့်ဝင်းမောင်က ပြောသည်။

ခရီးစဉ်တွင် အဖွဲ့နှင့်အတူ အ၀တ်အထည်အသုံးဆောင် တင်ဆောင်ရန် Toyota Lite Ace တစ်စီးနှင့် ဆေးဝါးပစ္စည်းသယ်ယူသည့် Suzuki R+ တစ်စီး ပါဝင်သည်။ အဆိုပါ မော်တော်ယာဉ်များ ဖြင့်သာ အဖွဲ့ဝင် သက်ကြီးရွယ်အိုအချို့ လိုက်ပါ စီးနင်းနေခြင်းဖြစ်သည်ဟု ၎င်းင်းက ရှင်းပြသည်။

မတ် ၂၃ ရက်တွင် ရန်ကုန်မှ လူအင် အား ၁၀၀ ခန့်ဖြင့် စတင်ထွက်ခွာလာသည့် လမ်းလျှောက်အဖွဲ့သည် ဧပြီ ၆ ရက်မကွေး မြို့သို့ ရောက်ချိန်တွင် အင်အား ၁၆၀ နီးပါးရှိနေပြီဟု လိုက်ပါသူများက ဆိုသည်။ ယနေ့အထိ လမ်းခရီးတစ်လျှောက် ကျန်းမာရေး၊ စားဝတ်နေရေး အပါအ၀င် မည်သည့် အနှောင့်အယှက် တစ်စုံတစ်ရာမျှ ကြုံတွေ့ ရခြင်းမရှိသေးဟု ပြောကြသည်။

အဆိုပါအဖွဲ့သည် ဧပြီ ၈ ရက် ရေနံချောင်းသို့ မထွက်ခွာမီ မကွေးမြို့တွင် ကျန်းမာရေးစစ်ဆေးမှုများ ခံယူရန် စီစဉ် ထားကြသည်။ ခန့်မှန်းရက် ၁၀၀ ဖြင့် မြစ်ဆုံသို့အရောက်သွားရန် မျှော်မှန်းထားသည့် အဆိုပါအဖွဲ့သည် စတင်ထွက်ခွာပြီး ၁၅ ရက်အကြာတွင် မကွေးမြို့သို့ ရောက်ရှိ ခဲ့ပြီဖြစ်သည်။

Mizzima


ပြည်ခိုင်ဖြိုးပါတီဝင် မောင်တောလွှတ်တော်ကိုယ်စားလှယ် သန်းခေါင်စာရင်း အကောက်မခံ


မင်းအောင်ခိုင် ၊ရန်ကုန်၊ ဧပြီ ၅-

ပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ယူရာလျက်ရှိရာတွင် ပြည်ခိုင်ဖြိုးပါတီဝင် မောင်တောမဲန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင် မျိုးမင်း(ခ)ဂျာဟင်ကီးရ်က သန်းခေါင်စာရင်း အကောက်မခံကြောင်း သန်းခေါင်စာရင်း ကောက်ခံသူများက ပြောသည်။

အဆိုပါ လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မျိုးမင်း(ခ)ဂျာဟင်ကီးရ် သည် မောင်တောမြို့ ရပ်ကွက်(၂)တွင် နေ ထိုင်သူဖြစ်ပြီး သန်းခေါင်စာရင်းသွားကောက် သူများ လာသောအခါ အတွေ့မခံဘဲရှောင် နေကြောင်း၊ ယင်း၏အမျိုးသမီးက မိမိတို့ သည် ရိုဟင်ဂျာလူမျိုးများဖြစ်သည်ဟုလည်း သန်းခေါင်စာရင်း လာကောက်သူများကို ပြောဆိုကြောင်း၊ ယင်းကြောင့် သန်းခေါင် စာရင်းကောက်ခံသူများ ယင်းတို့အိမ်မှ ပြန် ထွက်လာကြောင်း ဒေသခံများကပြောသည်။

''ကျွန်တော်က အဲဒီအနီးက ရွာ တွေကိုကောက်ဖို့ တာဝန်ကျတယ်။ အချင်း ချင်းတွေ့လို့ မေးကြည့်တော့ သူကရှောင် နေတဲ့သဘောနဲ့ အိမ်ထဲမှာနေတယ်။ ထွက် မလာဘူး။ အမျိုးသမီးကပဲထွက်ပြီး ရိုဟင် ဂျာလူမျိုးလို့ပြောလို့ ပြန်ထွက်လာကြတယ် လို့ ပြန်ပြောပြတယ်။ အဲဒီရွာက လူတွေ အားလုံးက မကျေနပ်တဲ့မျက်လုံးတွေနဲ့ ကြည့် ကြတယ်။ အကောက်မခံဘူး''ဟု သန်းခေါင် စာရင်းကောက်ခံရေးအဖွဲ့တွင် ပါဝင်သူ မောင် တောမြို့ခံ ဦးစိုးဝင်းကပြောသည်။

ယင်းနှင့်ပတ်သက်၍ ဖလားဝါး နယူးစ်ဂျာနယ်မှ ပြည်ခိုင်ဖြိုးပါတီ မောင် တောခရိုင်စည်းရုံးရေးမှူးအား ဆက်သွယ် မေးမြန်းခဲ့ရာ ယင်းက ''သူ့အနေနဲ့ တစ် ယောက်တည်းမို့လို့ သန်းခေါင်စာရင်း ကောက်ခံတာကို ရှောင်ခဲ့တာပါ။ သူနေတဲ့ ရွာမှာ အားလုံးက မူဆလင်တွေဆိုတော့ သူ့ အနေနဲ့ ဖောက်ဖျက်သလိုမျိုး ဖြစ်သွားနိုင် တဲ့အတွက် အကောက်မခံလိုက်တဲ့ သဘော မျိုးပါ။ သူ့အတွက် လုံခြုံရေးကို ဘယ်သူပေး မလဲ။ ဒါတွေလည်း ရှိသေးတယ်''ဟု ပြော သည်။

Yangon Media Group

ဗုဒ္ဓဘာသာဝင်မှန်လျှင် ပုတီးစိပ်ရမည်လော



ယနေ့ ခေတ်အခါတွင် သာသနာတော်မြတ်သည် "ပရိယတ္တိ" ရော "ပဋိပတ္တိ" ပါ ဘက်စုံ တိုးတက်ဖွံ့ဖြိုးလျက် ရှိပါ၏ ။ ပရိယတ္တိဝန်ဆောင် သံဃာတော်အရှင်သူမြတ်များက ပရိယတ္တိတာဝန်ကို ရွပ်ရွပ်ချွံချွံ ဆောင်နေသကဲ့သို့ ပဋိပတ္တိဝန်ဆောင် အရှင်မြတ်များကလည်း ဝိပဿနာစခန်း ဖွင့်လှစ်ပြီး ယောဂီတို့အား တရားပြ ပို့ချလျက်ရှိပါ၏ ။ ဘာသာရေးစာပေများကို မြတ်နိုးတနာ လေ့လာဖတ်ရှူသူများ ပေါများလာသကဲ့သို့ ဝိပဿနာဘာဝနာမှုကိုပြုသူများလည်း များပြားလှပါ၏။ ထေရဝါဒ ပိဋကတ်တော်များတွင် ဝိပဿနာရှုနည်း၊ ထိုင်နည်းများကို ဖော်ပြထားရာ ဝိပဿနာစခန်းဝင်သူတို့သည် ဘုရားရှင်က တိုက်ရိုက် ညွှန်ကြားခဲ့သည့်အတိုင်း လိုက်နာကျင့်ကြံကြခြင်း ဖြစ်ပါ၏။

အချို့သော စာစောင်မဂ္ဂဇင်းများတွင် ဝိပဿနာမှုထက် 'ပုတီးစိပ်မှု' ကို  ရှေ့တန်းတင် ရေးသားထားသည်ကို ဖတ်ရှုရ၏။ ဗုဒ္ဓဘာသာဝင်မှန်လျှင် ပုတီးစိပ်ရမည်ဟူသောသဘောမျိုး ရေးသားကြ၏။ အထူးသဖြင့် နက္ခတ၊ ဝေဒ၊ ရောင်ပြန်၊ ဂမ္ဘီရ စသော မဂ္ဂဇင်းများတွင် "ပုတီးစိပ်ခြင်း" ကို အသားပေး ဖော်ပြတတ်ကြ၏ ။ ကောင်းပြီ။ စိပ်ပုတီးသည် ထေရဝါဒ ပိဋိကတ်တော်များတွင် ပါဝင်ပါ၏လော။  ဘုရားရှင်က ဗုဒ္ဓဘာသာဝင်တို့အား ပုတီးစိပ်ရန် ညွှန်ကြားခဲ့ပါ၏လော။ ဘုရားရှင် ရွှေလက်ထက်တော်က ရဟန္တာအရှင်မြတ်များ ဗုဒ္ဓဘာသာဝင် သူတော်စင်များ၊ ပုတီးစိပ်ခဲ့ကြပါသလော။ စိပ်ပုတီး၏ အရင်းမှုလသည် အဘယ်ဘာသာနည်း။ အဘယ်အယူရှိသော လူမျိုးများက စတင် သုံးစွဲခဲ့သနည်း။ ဤသည်နှင့်စပ်လျဉ်း၍ ကျေးဇူးတော်ရှင် ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး ၏ ဩဝါဒတော်ကို အလေးအနက် ဆင်ခြင်မှတ်သားအပ်ပါ၏။

- စိပ်ပုတီး၏ မှုလ -

 "ပုတီးဟာ မှုလက ထေရဝါဒရဲ့ အသုံးမဟုတ်ဘူးကွဲ့။ ဟိန္ဒူတို့ရဲ့ အသုံးဖြစ်တယ်။ ဟိန္ဒူဝါဒထဲမှာလည်း တန္တရ၊ မန္တရ ဂိုဏ်းသားများရဲ့ အသုံးဖြစ်တယ်။ တန္တရ၊ မန္တရ ဂိုဏ်းသားများဟာ ဂါထာမန္တန်များကို ပုတီးစိပ်ရတယ်။ ဒီနေရာမှာ  

"စိပ်ဆိုတာ" ဇမ္ဗနပုဒ်ရင်း။ ဇပ်က ဇိပ်၊ ဇိပ်က စိပ် ဖြစ်လာတယ်။ ဇမ္ဗနဆိုတာ ပွါးများခြင်း အနက်ကို ဟောတယ်။ ပွါးများတယ်ဆိုတာ အဖန်တလဲလဲ ရွတ်ဆိုခြင်းဖြစ်တယ်။ 

တန္တရ၊ မန္တရ ပုဂ္ဂိုလ်များဟာ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့ ၊ မန္တန်များကို အသုံးပြုကြတဲ့ အထက်ဂိုဏ်း၊ အောက်ဂိုဏ်း၊ ဂိုဏ်းပုဂ္ဂိုလ်များဖြစ်ကြတယ်။ သူတို့ဟာ ဆေးကို ဖျော်ပြီးတော့လည်း ဂါထာ၊ မန္တန် မန်းမှုတ်တတ်ကြတယ်။ ယုတ်စွအဆုံး လက်ခုပ်၌သော်လည်း ဂါထာမန္တန်၊ မန်းမှုတ်တတ်ကြတယ်။ သူတို့မန်းမှုတ်တဲ့ ဂါထာ၊ မန္တန်ကလည်း ခုနစ်ခေါက် မန်းရမယ်၊ အကြိမ်တစ်ထောင် မန်းရမယ် စသောအားဖြင့် ဂါထာအရေအတွက်ကို ပိုင်းခြားထားတယ်။ ပိုင်းခြားထားတဲ့ မန္တန်အောက် ယုတ်လျော့သော်လည်းကောင်း၊ ပိုင်းခြားထားသည်ထက် ပိုလွန်သော်လည်းကောင်း ရွတ်ဆိုခဲ့လျှင် အကျိုးမရဘူး။ ဒါကြောင့် ရှေးက ရွတ်ပြီးသားမန္တန်များကို ချေဖျက်ပြီး အသစ်ထပ်မံ ရွတ်ဖတ်ရတယ်။ မန်းမှုတ်ရတယ်။ အဲဒါကြောင့် ဂါထာအရေအတွက် မတိုးမလျော့ရအောင် စိပ်ပုတီးနှင့် မှတ်ကြရတယ်။ အဲဒီလို မန်းမှုတ်ရာက စိပ်ပုတီးဟာ ဘာသာရေးအတွင်းဝင်ရောက်လာပြီး ရှေးဦးစွာ ဟိန္ဒူများက စိပ်ကျတယ်။ အဲဒီနောက် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မဟာမေဒင်စတဲ့ ဘာသာပေါင်းစုံအတွင်းဝင်ရောက်လာတယ်။ ဒါကြောင့် ပုတီးဟာ မှုလက ဗုဒ္ဓဘာသာတို့ရဲ့ အဆောင်အယောင်မဟုတ်ဘူး"
.................

- မြန်မာနိုင်ငံသို့ စိပ်ပုတီးစတင်ပေါ်ပေါက်လာပုံ -

"မြန်မာနိုင်ငံမှာ စိပ်ပုတီးစတင်ပေါ်ပေါက်လာတဲ့ အချိန်ကတော့ ဂါထာမန္တန်စတဲ့၊ လောကီကိစ္စတွေ အလွန်ထွန်းကားလာခဲ့တဲ့ ဒုတိယ အင်းဝခေတ်ခေါ်တဲ့ ညောင်ရမ်းခေတ်မှာ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ ညောင်ရမ်းမင်းတရားကြီးဟာ လောကီပညာအရာ ထင်ရှားကျော်ကြားတော်မှုတဲ့ ဗားမဲ့ဆရာတော်ဘုရားကြီးကို ကိုးကွယ်သလို ရမည်းသင်းမင်းကလဲ ရေနဲနတ်စက်ရောင်ဆရာတော်ကို ကိုးကွယ်ခဲ့ပါတယ်။ အဲဒီခေတ်မှာဂါထာမန္တန်တွေစတဲ့ လောကီပညာတွေ အလွန်ခေတ်စားလာတဲ့အတွက် ဂါထာမန္တန်တွေကို ၃၇ အုပ်ရွတ်ဆိုမှု၊ အကြိမ်တစ်ထောင်ရွတ်ဆိုမှုတွေမှာ ဗြဟ္မဏနှင့် မဟာယာနတို့ရဲ့ လုပ်ထုံးလုပ်နည်းကို အတုယူပြီး စိပ်ပုတီးကို စတင်သုံးစွဲ လာတယ်လို့ ယူဆရပါတယ်။ "
(ဆရာကြီး ဓမ္မာစရိယဦးအေးနိုင် <ဘီအေ> )
.........................................................
the eXistence မှ
မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ် (စာမျက်နှာ- ၂၄၆) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

world of widsom

မျောက်များ၏ ဗက္လာယ ပြုမူမှုကြောင့် ကမ္ဘာကျော်တစ်ဦးဖြစ်လာခဲ့သူ



မျောက်များကြောင့် အင်တာနက်တွင် ကမ္ဘာကျော်တစ်ဦး ဖြစ်လာသူ ထိုင်ဝမ် မော်ဒယ်လ်က သူမသည် ထိုသို့ဖြစ်လာရန် မမျှော်လင့်ခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။ အသက်(၂၂)နှစ်သာ ရှိသေးပြီး လက်ရှိတွင်
ကျောင်းတက်နေဆဲဖြစ်သော ချာမီယန်ချန်းသည် အမြီးရှည်ရှည်နှင့် မကာကွီ မျောက်လေးများကို အစာကျွေးရာမှ လက်ဆော့တတ်သည့် တိရစ္ဆာန်လေးများကြောင့် ဒုက္ခများခဲ့သည်။


အဆိုပါ မျောက်များသည် သူမ၏ အင်္ကျီကို ဆွဲချွတ်ရန် ကြိုးစားရာ
ချန်းခမျာ အသည်းအသန် ကာကွယ်နေရပြီး အဆိုပါမြင်ကွင်းကို ဓာတ်ပုံရိုက်ထားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ သွားရောက်လည်ပတ်စဉ် ရိုက်ကူးထားသော အဆိုပါ ဓာတ်ပုံကို ပြန်ကြည့်စဉ်က ချန်းသည် ရယ်ရွှင်စရာ အဖြစ်သာ သဘောထားခဲ့သည်။
သို့သော်လည်း ထိုပုံသည် အင်တာနက်မှတစ်ဆင့် အာရှတိုက်တစ်ဝှမ်းကို ကျော်လွန်ကာ အမေရိကန်၊ ဥရောပနှင့် ဗြိတိန်တို့ထိ ပျံ့နှံ့သွားခဲ့သည်။ ချန်းတစ်ယောက် ထိုင်ဝမ်သို့ ပြန်ရောက်ချိန်တွင် ယင်းကိစ္စကို သိရှိပြီးနောက် မျက်လုံးပြူးခဲ့ရသည်။ “တော်တော် ထူးဆန်းတယ်။ ကျွန်မ ပြန်ရောက်တော့ Facebookထဲမှာ ကျွန်မကို Friendအဖြစ် လာAddထားတဲ့လူတွေ မနည်းဘူး။ နောက်ပြီးတော့ ရုပ်မြင်သံကြား ဌာနတွေ
ကလည်း ကျွန်မကို ဖုန်းဆက်ကြတယ်။ ဒုက္ခပါလားနော်။ ကျွန်မ ဘာလီကို အလည်သွားတာက ကျွန်မဘဝကို ဒီလောက် ပြောင်းလဲသွားစေမယ်လို့ မထင်မိဘူး။ ကျွန်မက လောလောဆယ် ပညာသင်
နေတုန်းပါ။ ကျွန်မရဲ့ မလုံမလဲဖြစ်သွားတဲ့ ဓာတ်ပုံကြောင့် ဒီလောက်ကြီး နာမည်ကြီးသွားတာတော့ မကြိုက်ဘူး”ဟု ချန်းက ညည်းညူပြောဆိုသွားခဲ့သည်။

Myawady News

မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ အများပြည်သူကို ရှယ်ယာ ထုတ်ရောင်း


မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်မှု အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီဟာ နဂိုက ရုပ်ရှင်လောက သားတွေကိုပဲ ရောင်းချပေးခဲ့တဲ့ အစုရှယ်ယာတွေကို ဧပြီ ၁ ရက်နေ့က စပြီး အများပြည်သူကို ထုတ်ရောင်းပေးနေပြီးလို့ ရုံးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

Film Associationပြီးခဲ့တဲ့ မတ်လဆန်းက အများပိုင်ကုမ္ပဏီဟာ ရုပ်ရှင်လောကသားတွေကို ၁ စု ကျပ် ၁ သောင်းတန် အစုပေါင်း ၁ သိန်းခွဲ ရောင်းချခဲ့ရာမှာ အများစု ရောင်းချပြီးခဲ့ပြီလို့ သိရပါတယ်။

အခု လက်ကျန် အစုရှယ်ယာ ၅ ထောင်ကျော် အများပြည်သူတွေကို ရောင်းချပေးတာ ဖြစ်ပြီး ရောင်းကုန်တယ်ဆိုရင် နောက်ထပ် အစုရှယ်ယာ ထုတ်ရောင်းဦးမယ်လို့ ဆိုပါတယ်။

ဒီ ရလာတဲ့ငွေတွေကို ရင်းနှီးမတည်ပြီး လှိုင်သာယာ စက်မှုဇုန် ၂ မှာ စင်ကာပူက မှာယူထားတဲ့ ဒီဗွီဒီအခွေထုတ် စက်ရုံကြီး ၁ ခု တည်ဆောက်သွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန် ကြေညာထားပါတယ်။

DVB Burmese

ဆန်ဖရန်စစ္စကိုမှာ ရေသန့်ဗူး မရောင်း၊ ရေသန့်အခမဲ့ ရရှိ



အမေရိကန် ပြည်ထောင်စုရဲ့ ဆန်ဖရန်စစ္စကို မြို့မှာ လွန်ခဲ့တဲ့ ကိုးလက စတင်လို့ ရေသန့် အခမဲ့ ယူလို့ရမယ့် Gloabl Tap ကို နေရာ အတော်များများ မှာ ချပေးခဲ့ ပါတယ်။


အခမဲ့ ရေသန့်ရယူ နိုင်တဲ့ နေရာ ဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ ရေသန့်ဗူးများ ဝယ်ယူ အသုံးပြုခြင်းကို လျော့ချစေချင်လို့ ဖြစ် ပါတယ်။ နော်ကတော့ လူတိုင်း နီးပါး ရေသန့်ဗူး မဝယ်တော့ပဲ ကိုယ်တိုင် ရှိရင်းစွဲ ရေဗူးအလွတ်ကို သယ်ဆောင်တဲ့ အလေ့အကျင့် ရရှိ လာပါတယ်။ ဒါကြောင့်မို့ မြို့မှာ ရေသန့်ဗူး ရောင်းချခြင်းကိုပါ တရားင် ပိတ်ပင် တားမြစ် လိုက်ပါတယ်။

ရေသန့်ဗူး များ တစ်ဗူးပြီး တစ်ဗူး ဝယ်ယူ  အသုံပြုခြင်းက စွန့်ပစ် ပစ္စည်း အပို ပိုမို ထွက်ရှိစေတာ ကြောင့်မို့လို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယင်း အစီအစဉ်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ တစ်ခုက စတင်ခဲ့ခြင်း ဖြစ်ပြီး အောင်မြင်ခဲ့ ပါတယ်။ နောက်ဆိုရင် အမေရိကန်ရဲ့ အခြားသော မြို့ ပေါင်း များစွာကိုပါ လုပ်ဆောင် သွားစေမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)