ပျောက်ဆုံးမလေးလေယာဉ်ဆီက အချက်ပြလှိုင်းတွေကို အိန္ဒိယသမုဒ္ဒရာထဲမှာ ဆက်လက် ခြေရာခံ

ပို့စ်တင်ချိန် - 4/07/2014 02:27:00 PM

ဓာတ်ပုံ – ရိုက်တာ

တရုတ်အစိုးရက စေလွှတ်ထားတဲ့ ရှာဖွေရေးအဖွဲ့ဟာ ပျောက်ဆုံးနေဆဲ မလေးရှား လေယာဉ် MH370 က စေလွှတ်လိုက်တဲ့ အချက်ပြလှိုင်းတွေကို အိန္ဒိယသမုဒ္ဒရာထဲမှာ ဆက်ပြီး ခြေရာခံနေပါတယ်။

တရုတ်ကင်းလှည်သင်္ဘောမှာ တပ်ဆင်ထားတဲ့ ကိရိယာဟာ ပင်လယ်ရေအောက် မီတာ ၃ ထောင်ကနေ ၅ ထောင်မှာ ရောက်နေတဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက်လို့ ခေါ်တဲ့ အနက်ရောင်သေတ္တာ (black box)က စေလွှတ်လိုက်တဲ့ အချက်ပြလှိုင်းတွေကို ဖမ်းယူနိုင်ပါတယ်။

လေယာဉ် ပျံသန်းမှု မှတ်တမ်းတွေကို မှတ်သားတဲ့ black box ဟာ လေယာဉ် ရေအောက်မှာ နစ်မြှုပ်သွားခဲ့ရင် စက္ကန့်တိုင်းမှာ အချက်ပြလှိုင်းတို တခုကို စေလွှတ်ပေးပါတယ်။
စနေနေ့မှာ တရုတ်ကင်းလှည့်သဘောင်္က ဖမ်းခဲ့တဲ့လှိုင်းဟာ လေယာဉ် black box က ထုတ်လွှင့်တဲ့လှိုင်းနဲ့ တူညီနေပါတယ်။

လူ ၂၃၉ ယောက် လိုက်ပါသွားတဲ့ မလေးရှား လေယာဉ်ဟာ အစအန ပျောက်နေဆဲ ဖြစ်ပေမယ့် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ ပျက်ကျသွားခဲ့တယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။

မတ် ၈ ရက်နေ့ကတည်းက ပျောက်ဆုံးနေတဲ့လေယာဉ်ကို နိုင်ငံ ၇ နိုင်ငံက အိန္ဒိယ သမုဒ္ဒရာထဲမှာ ပူးပေါင်း ရှာဖွေနေပါတယ်။

DVB Burmese