ပလက်ဖောင်းပေါ် လမ်းလျှောက်နေသူတစ်ဦး ခရီးသည်တင်ဘတ်စ်ကားဝင်တိုက်၍ ပေါင်ကျိုး၊ ဗိုက်ပေါက်

ပို့စ်တင်ချိန် - 4/07/2014 10:20:00 AM


Author:
သန်းဌေး
ဇွဲမာန်
Location:
ရန်ကုန်


ရန်ကုန်မြို့လယ်ရှိ လူ စည်ကားရာ ပလက်ဖောင်းပေါ် တွင် လမ်းလျှောက်နေသော အ မျိုးသားတစ်ဦးကို ခရီးသည်တင် ဘတ်စ်ကားတစ်စီးက ဘရိတ် ပေါက်၍၀င်တိုက်မိရာ ကားတိုက် ခံရသူ ပေါင်ကျိုးပြီးဗိုက်ပေါက် ကာ ဒဏ်ရာအပြင်းအထန်ရရှိ ပြီး ဆေးရုံသို့တင်ထားရကြောင်း သတင်းရရှိသည်။

ဧပြီ ၆ရက် နေ့လယ်က အ နော်ရထာလမ်းမကြီးနှင့် ၃၃လမ်း ထိပ်တွင် မထသအမှတ် ၂၁၀ ယာဉ်လိုင်းမှ ဘတ်စ်ကားတစ်စီး ဘရိတ်ပေါက်ကာ ပလက်ဖောင်း ပေါ်တွင် လမ်းလျှောက်နေသူ အမျိုးသားတစ်ဦးကို ၀င်တိုက်မိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်တို့ ထွက်ပြေးသွားကြောင်း  သတင်းရရှိသည်။

‘‘ကားက ဘရိတ်ပေါက်ပြီး အရှိန်ပြင်းလို့ ၀င်တိုက်တာ။ အ တိုက်ခံရတဲ့လူက ပေါင်ကျိုးပြီး ဗိုက်ပေါက်ပြဲဒဏ်ရာနဲ့ ရန်ကုန် ဆေးရုံကြီးမှာ စိုးရိမ်ရတဲ့အခြေအ နေရှိတယ်။ ယာဉ်မောင်းကထွက် ပြေးသွားတယ်’’ဟု ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်လှိုင် ဦးကပြောသည်။

‘‘ကားကြီးဘရိတ်ပေါက်ပြီး ပလက်ဖောင်းပေါ် တက်သွား တာ။ လူတစ်ယောက်ကားဘီး အောက်ပါသွားတယ်။ အင်မတန် မှ ကြောက်စရာကောင်းပါတယ်။ ရန်ကုန်မြို့ထဲမှာ ကားတွေမဆင် မခြင်မောင်းသူကမောင်း၊ ဘာမှ လည်းမကြည့်ဘဲ လမ်းဖြတ်ကူးသူ  ကကူး၊ သင်္ကြန်ကာလ နီးလာလေ လေ၊ ကားတိုက်မှုတွေဆက်တိုက် ဖြစ်နေလေလေပါပဲ။ တော်တော် အန္တရာယ်များပါတယ်။ အခုအ တိုက်ခံရတဲ့သူက အသက်ရှင်ဖို့အ ခွင့်အရေးနည်းတယ်လို့ မျက်မြင် တွေကပြောပါတယ်’’ ဟု အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသမီးတစ်ဦးက ဖေ့စ် ဘွတ်ခ်တွင် ပြန်လည်ရေးသား ထားသည်။

အလားတူဆူဇူကီးဘတ်စ်အမျိုးအစား ခရီးသည်တင်(၄၈) အထူးယာဉ်လိုင်း မှန်လုံကားကြီးတစ်စီးသည် ၂၀၁၃ ဒီဇင်ဘာ ၆ ရက်နံနက်က မြောက် ဥက္ကလာပဘက်အခြမ်း၌ မင်္ဂလာဒုံ လေဆိပ်အ၀င်လမ်းအတိုင်း အ နောက်မှ အရှေ့သို့ မောင်းလာ စဉ်သုခလမ်းအကျော်တွင် ဘရိတ် ပေါက်ကာ လက်ယာဘက်လမ်း ဘေးတွင် လမ်းလျှောက်နေသော အမျိုးသမီး လေးဦးအားဝင်တိုက် မိခဲ့ရာ သုံးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သောဖြစ်ရပ်ရှိခဲ့သည်။ ၂၀၁၃ခုနှစ်အတွင်း ရန်ကုန် တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုဖြစ်ပွားကာ တာဝန်ယူဖြေ ရှင်းပေးခြင်းမရှိဘဲ ထွက်ပြေးတိမ်း ရှောင်နေသည့် ယာဉ်တိုက်မှုဖြစ် စဉ်ပေါင်း ၂၁၄၃မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်များအနက်အမှု ပေါင်း ၁၆၀၀ခန့်သာ စုံစမ်းဖော် ထုတ်နိုင်ခဲ့ပြီး ကျန်အမှုတွဲများရှိ တရားခံ ၁၀၈ ဦးကို လက်ရှိအချိန်ထိ  ၀ရမ်းဖြင့် လိုက်လံရှာဖွေ လျက်ရှိသည်။

7day daily