မွေးလာတဲ့ကလေး ရုပ်ဆိုးလို့ ယောက်ျားဖြစ်သူက တရားစွဲ

ပို့စ်တင်ချိန် - 4/07/2014 02:32:00 PM


ဒီနေ့လည်း Myanmar CNN က သတင်းထူးလေးတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ တရုတ်မိသားစု တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ လင်မယားနှစ်ယောက် အတူတူပေါင်းသင်းနေထိုင်ကြပြီး ကလေးမွေးလာတဲ့အခါ မွေးလာတဲ့ ကလေးငယ်က အလွန်ရုပ်ဆိုးနေတာကြောင့် ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို တရားစွဲဆိုခဲ့တာပါ။

အစပိုင်းမှာတော့ ယောက်ျားဖြစ်သူ Jian Feng က သူ့မိန်းမကို ဒီ ရုပ်ဆိုးတဲ့ကလေးဟာ ဘယ်နည်းနဲ့မှ သူနဲ့ရတဲ့ ရင်သွေးမဖြစ်နိုင်ဘူးလို့ ယူဆပြီး ဖောက်ပြန်တယ်ဆိုပြီးတော တရားစွဲခဲ့တာပါ။

ဒါပေမယ့် DNA စစ်ကြည့်လိုက်တဲ့အခါမှာတော့ ဒီကလေးဟာ သူနဲ့ရတဲ့ကလေးပါပဲ၊ ဒါပေမယ့် လျှို့ဝှက်ချက်လေး အနည်းငယ်ရှိခဲ့ပါတယ်။ အဲဒါကတော့ သူတို့နှစ်ယောက် မတွေ့ကြခင် Jian Feng ရဲ့ အမျိုးသမီးဖြစ်သူက တောင်ကိုရီးယားမှာ ဒေါ်လာတစ်သိန်းတန် ပလပ်စတစ် ဆာဂျရီပြုလုပ်ခဲ့ပါတယ်။

မခွဲစိတ်မီနှင့် ခွဲစိတ်ပြီးပုံ

ဒါနဲ့ပဲ ယောက်ျားဖြစ်သူက သူ့မိန်းမကို ကွာရှင်းလိုက်ပါတယ်။ ဒါပေမယ့် တရားစွဲဆိုမှုကိုတော့ မရုတ်သိမ်းခဲ့ပါဘူး၊ ခွဲစိတ်မှုအကြောင်းကို လျှို့ဝှက်ထားပြီးတော့ ပင်ကိုယ်အလှအဖြစ် ဟန်ဆောင်လိမ်လည်မှုနဲ့ ပြောင်းလဲ တရားစွဲခဲ့ပါတယ်။

ဖန်း (ယောက်ျားဖြစ်သူ) က အင်တာဗျူးတစ်ခုမှာ

ကျွန်တော်သူ့ကို အရမ်းချစ်လို့ လက်ထပ်ခဲ့တာပါ၊ ဒါပေမယ့် ကျွန်တော်တို့ ပထမဆုံးသမီးလေး မွေးမွေးချင်းမှာပဲ အိမ်ထောင်ရေးပြဿနာတွေ ဖြစ်နေခဲ့ပါတယ်။ ကျွန်တော်တို့သမီးဟာ ကျွန်တော့်ကိုယ်တိုင်တောင် ထိတ်လန့်စေလောင်အောင် ရုပ်ဆိုးနေခဲ့တယ်လေ။

စာဖတ်သူကော တရားရုံးမှာ ဘယ်သူတရားနိုင်မယ်လို့ ထင်ပါသလဲ? အဖြေကိုတော့ မနက်ဖြန် (၈ရက်၊ ၄လ၊ ၂၀၁၄ခုနှစ်)၊ ဒီ post မှာပဲ ဝင်ကြည့်ပေးပါ။

တရားရုံးက ဒီမှုကို ကိုင်တွယ်ဖြေရှင်းပြီးတဲ့နောက်မှာ ယောက်ျားဖြစ်သူရဲ့ အဆိုကို လက်ခံလိုက်ပြီးတော့ ၎င်းအမျိုးသမီးကို Feng အား ဒေါ်လာ တစ်သိန်းနှစ်သောင်း ($120,000) ပေးဆောင်ရန် အမိန့်ချမှတ်လိုက်ပါတယ်။

Credit: Myanmar CNN (www.myanmarcnn.com)