တရုတ်အာလူးကြောင့် ပြည်တွင်းအာလူးစိုက် တောင်သူများအခက်ကြုံ

ပို့စ်တင်ချိန် - 4/07/2014 03:19:00 PM



မကွေး၊ ဧပြီ ၇။

မြန်မာနိုင်ငံ မြေလတ်ဒေသဖြစ်သည့် မကွေးတိုင်းဒေသကြီး စလင်း၊ ဆင်ဖြူကျွန်းမြို့နယ်ရှိ အာလူးစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် တရုတ်စပ်မျိုး အာလူးများကြောင့် ဒေသထွက်အာလူးများ ဈေးကွက်တွင် ဈေးနှုန်းလျော့နည်းရကြောင်း ယင်းဒေသခံ တောင်သူများထံမှ သိရသည်။

“ကျွန်တော်က ရန်ကုန်ဘုရင့်နောင်ပွဲရုံကို ကိုယ်တိုင်စိုက်ပျိုးသော အာလူးအချိန် ၁၂ဝဝဝ ကိုသွားရောင်းခဲ့တာပါ အရင်နှစ်တွေက တစ်ပိသာ ၇ဝဝ အထက်ရရှိပါတယ်အခုကတော့ ပျမ်းမျှ၅၅၀ဈေးလောက်သာရပါတယ်”ဟု အာလူးပိသာချိန် ၁၂ဝဝဝ အထိ ထွက်ရှိပြီး သီးနှံမျိုးစုံစိုက်ပျိုးသူ ဆင်ဖြုကျွန်းဒေသခံ တောင်သူ ဦးမျိုးချစ်က ပြောသည်။

အဆိုပါ အလုံးကြီး တရုတ်မျိုးစပ် အာလူးများသည် စိုက်ပျိုးရေး ကုန်ကျစရိတ်သက်သာသည့်အပြင် ဈေးနှုန်းမှာလည်း ယခုနှစ်တွင် တစ်ပိသာ ၄ဝဝ ခန့်သာပေါက်ဈေးရှိသောကြောင့် အာလူးကြော်လုပ်ငန်းရှင်များနှင့် အခြားအာလူအသုံးပြုသူများမှာ တရုတ်စပ်မျိုး အာလူးကိုသာအဓိကဝယ်ယူအသုံးပြုကြောင်း သိရသည်။

သို့သော တရုတ်စပ်မျိုးအာလူးမှာ ကြာရှည်အထားမထားမခံဘဲ ပြည်တွင်းဒေသအာလူးမျိုးမှာ ၃လ အထိအထားခံပြီး တစ်ဧကစိုက်ပျိုးစရိတ်မှာ ငွေကျပ် ၄သိန်းခန့်ကုန်ကျကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းဒေသထွက်သီးနှံများ၏နေရာတွင် တရုတ်နိုင်ငံမှဝင်ရောက်သော ဇီဝနည်းပညာဖြင့်ပြုပြင်ထားသော စပ်မျိုးများနှင့် သီးနှံများဈေးကွက်အတွင် စိုးမိုးလာနေပြီး ရှမ်းပြည်မြောက်ပိုင်းနမ့်ဆမ် ဒေသထွက်လက်ဖက်များ၏ဈေးကွက်မှာလည်း တရုတ်နိုင်ငံထွက် အဖန်ဓာတ်များသော လက်ဖက်များကဈေးကွက်ရရှိနေပြီးပလောင်တိုင်းရင်းသားများ၏ အဓိကစီးပွားရေးဖြစ်သော လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းမှာလည်းအခက်အခဲများဖြင့်ရင်ဆိုင်နေရကြောင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီး အဖွဲ့ဥက္ကဌ ဦးမောင်ကျော်ကပြောဆိုသည်။

ဘကြီးအောင်(မကွေး)

The Myanma Age