တစ်ကိုယ်လုံးအရိုးများ ပေါ်လာသည့်တိုင် အသက် (၅) နှစ် အရွယ် ကလေးငယ် ကို အစာငတ်ခံ ထားခဲ့တဲ့ မိထွေးကို အရေးယူ

ပို့စ်တင်ချိန် - 4/07/2014 10:46:00 PM


အမေရိကန် ပြည်ထောင်စု တက်ဆက်စ် ပြည်နယ် မှာ အသက် ငါးနှစ် အရွယ် ကလေး ငယ် တစ်ဦးကို မိထွေး ဖြစ်သူက ပိတ်လှောင် ပြီး အစာငတ်ခံ ထားခဲ့တာ မို့ ဖမ်းဆီး အရေး ယူခဲ့ တယ်လို့ သိ ရပါတယ်။ ဒီဖြစ် စဉ်မှာ ကလေးငယ် ရဲ့ ဖခင်လည်း ပါဝင် ပတ်သက်နေ လို့ စွဲချက် တင်ထား ပါတယ်။ အသက် (၃၃) နှစ်အရွယ် ရှိ တ(စ်)မီဟာ လက်ရှိအချိန်မှာ ကိုယ်ဝန်ဆောင်ထားတဲ့အပြင် သားသမီး ငါးဦးလည်း ရှိထားပါတယ်။ ဒါပေမဲ့ ယောက်ျား ဘက် က ပါလာတဲ့ ကလေးငယ် ကိုလှေကား အောက်က အခန်းထဲမှာ ပိတ်လှောင်ပြီး
ဘာ ကြောင့် အစာငတ်ခံထားရသလဲဆိုတဲ့ အ ကြောင်းအရင်းကို မသိရ သေးပါဘူး။ ကလေး ငယ်ဟာ အစာရေ စာပြတ် တောက်မှု ကြောင့် ရဲတပ်ဖွဲ့ ဝင်တွေ တွေ့ရှိချိန်မှာ အရိုး တွေတောင် မြင်နေ ခဲ့ရပါတယ်။ အိမ်နီးချင်း တစ်ဦးက ဖုန်း ဆက်တိုင်ကြားမှုကြောင့် ဒီဖြစ်စဉ်ကို ဖော် ထုတ်နိုင်တာဖြစ်ပြီး အိမ်ကို ရဲတွေရောက်လာ ချိန်မှာ မိထွေးဖြစ် သူဟာ ရှောင်ပြေးသွားခဲ့ တာမို့ လိုက်လံဖမ်းဆီးခဲ့ရပါတယ်။ ကလေး ငယ်ရဲ့ အဖေဖြစ်သူဟာ အသက်(၂၄) နှစ် သာ ရှိသေးပြီး ခိုးမှုနဲ့ထောင်ကျခဲ့ဖူးပြီး ခံဝန်ကတိ နဲ့ နေရသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကလေးငယ်ကို ဆေး ရုံကိုပို့ထားပြီး ဆေးဝါး ကုသပေးနေတယ်လို့ သိရပါတယ်။ တ(စ်)မီ ဟာ သူရဲ့ သားသမီး အရင်း တွေကိုလည်း ဘယ်လို ပြုမှုဆက်ဆံခဲ့သလဲဆိုတာ မေးခွန်းထုတ်ခံခဲ့ ရပြီး စုံစမ်းနေတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့  ၀င်တစ်ဦး က တော့ သူတာဝန်ထမ်းဆောင်ခဲ့ တဲ့ နှစ် (၃၀)ကာလအတွင်း ဒီလိုအကြင်နာ ကင်းမဲ့တဲ့အဖြစ်မျိုး လုံးဝမတွေ့ ဖူး ခဲ့ ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။
The Messenger