တရားမ၀င်သစ်ဖမ်းဆီးရန်တားသည့် တောခေါင်းကိုတိုက်ပြေးသည့်ယာဉ်

ပို့စ်တင်ချိန် - 4/07/2014 08:15:00 PM



ဧပြီ ၃ ရက်၊ နံနက် ၀၃း၃၀ နာရီအချိန်ခန့်က မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးသက်နိုင်ဦး၊ တောခေါင်း ဦး ထွန်းဝင်း၊ တောခေါင်းဦးသန်းဝင်း ဇော်တို့က တရားမ၀င်သစ်များ တင်ဆောင်လာသည်ဟုယူဆရ သော ယာဉ် ၃ စီးမောင်းနှင်သွား ကြောင်း၊ ၎င်းတို့အဖွဲ့ကလည်း အဆိုပါယာဉ် ၃ စီးနောက်မှလိုက် ပါလာကြောင်း၊ တောအုပ်ဦးဝေ မျိုးလွင်နှင့်အဖွဲ့၊ မှော်ဘီအမှတ် ၄ လမ်းဆုံသစ်နှင့် သစ်တောထွက် ပစ္စည်းစစ်ဆေးရေးစခန်းတွင် တာ ၀န်ထမ်းဆောင်နေသော တော အုပ် ဦးစောသန်းထွန်းနှင့်အဖွဲ့သို့ တပ်လီဖုန်းဖြင့်သတင်းပေးပို့ခဲ့ ကြောင်း သိရသည်။

မှော်ဘီသစ်တောဦးစီးအရာရှိ ရုံးမှ တောအုပ်ဦးဝေမျိုးလွင်နှင့် အဖွဲ့က မှော်ဘီမြို့မဈေးရှေ့တွင် ကင်းပုန်းဝပ်စောင့်ဆိုင်းနေခဲ့ ကြောင်း၊ မှော်ဘီအမှတ် ၄လမ်း ဆုံတွင် တောအုပ်ကြီးဦးစောသန်း ထွန်းအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက ရန်ကုန်ပြည်ကားလမ်းပေါ်တွင် ဘယ်ရီဂိတ်(၇)ခုဖြင့် ပိတ်ဆို့ထား ခဲ့သည်ဟု သိရသည်။

ဧပြီ ၃ ရက်၊ နံနက် ၄ နာရီ အချိန်ခန့်တွင် မီးပြ၍ရပ်တန့်ပေး ရန် တားဆီးစဉ် ရှေ့ဆုံးမှမောင်း နှင်လာသော ယာဉ်အမှတ် ၃ခ/ ၁၈၉၅TOYOTA COROLLA Saloon  နက်ပြာရောင်ယာဉ်သည် ဂိတ်ရှောင်လမ်းဘက်မှကွေ့ဝိုက် မောင်းနှင်ထွက်ပြေးသွားပြီး၊ ၎င်း ယာဉ်နောက်မှလိုက်လာသော ယာဉ်အမှတ် ရှေ့အက္ခရာမမှတ်မိ /၄၇၄၄ Mester MPV အဖြူ ရောင်ယာဉ်သည် တားဆီးထား သော ဘယ်ရီများကိုတိုက်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ ၎င်းယာဉ်နောက်မှလိုက်လာသော ယာဉ်အမှတ်ရှေ့အက္ခရာမမှတ်မိ /၁၇၈၉ NISSAN SERENA အဖြူရောင်ယာဉ်သည် လမ်း၏ ညာဘက်ခြမ်းပလက်ဖောင်းဘေးမှ ရပ်တန့်ရန်တားဆီးနေသော တောခေါင်း ဦးဇော်နိုင်ကို ၀င်တိုက် ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ သည်။ တောခေါင်းဦးဇော်နိုင်မှာ နဖူး၊ နှာခေါင်း၊ နှုတ်ခမ်းများကွဲပြီး လက်နှင့်ခြေထောက်တွင်ပွန်းပဲ့ ဒဏ်ရာများရရှိသွားသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ပို့ဆောင်ပြီး ဆေး ကုသခံယူနေရကြောင်း သိရ သည်။

ထိုနေ့ နံနက် ၀၇း၃၀ နာရီ တွင် မှော်ဘီအမှတ် (၄)လမ်းဆုံ သစ်နှင့် သစ်တောထွက်ပစ္စည်း စစ်ဆေးရေးစခန်းမှတောခေါင်း ဦးသန်းဇော်ဦးက ၎င်းတို့မှတားဆီး စဉ် ဂိတ်ရှောင်လမ်းဘက်မှကွေ့ ၀ိုက်မောင်းနှင်ထွက်ပြေးသွားသော ယာဉ်အမှတ် ၃ခ/၁၈၉၅ သည် တိုက်ကြီးဘက်သို့ပြန်လည်မောင်း နှင်သွားကြောင်း တောအုပ် ဦး သက်နိုင်ဦးနှင့် အဖွဲ့ကို ဖုန်းဆက် သတင်းပို့သဖြင့် ရန်ကုန်ပြည်ကား လမ်း မိုင်တိုင်အမှတ် ၆၃/၀မိုင်မှ ကင်းပုန်းဝပ်စောင့်ဆိုင်းစဉ် ၎င်းင်း ကားက အုပ်္ပုံကျေးရွာအတွင်း မောင်းနှင်ထွက်ပြေးသွားသဖြင့် ပိတ်ဆို့ဖမ်းဆီးရာ ယာဉ်မောင်း ဦးရန်မျိုးအောင်(ဘ)ဦးစိုးပိုင်၊ အုပ္ပုံကျေးရွာ၊ တိုက်ကြီးမြို့နယ်၊ ယာဉ်ပေါ်ပါသူ ဦးပြည့်ဖြိုးအောင် (ဘ)ဦးဟုတ်ကြည် သန္ဓေပင်၊ တိုး ဂိတ်အနီး၊ မှော်ဘီမြို့တို့ကိုဖမ်းဆီး မိ၍ ရှာဖွေရာ နောက်ထိုင်ခုံများ ဖြုတ်ထားပြီး ကျွန်းသစ်အမှုန့်များ ကို တွေ့ရှိသဖြင့် တရားမ၀င် ကျွန်းသစ်များတင်ဆောင်ထားခဲ့ ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

ယာဉ်မောင်းဦးရန်မျိုးအောင် နှင့် ယာဉ်ပေါ်ပါသူဦးပြည့်ဖြိုး အောင်တို့ကို တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ စစ်ဆေးရာ ဧပြီ ၃ ရက်၊ နံနက် ၄ နာရီ အမှတ်(၄)လမ်းဆုံစစ်ဆေးရေး ဂိတ်၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ယာဉ်တွင် ၎င်းတို့ ရှေ့နောက် မောင်းနှင်လာသော ယာဉ် ၃ စီးမှ အဆိုပါ ယာဉ်ပါဝင်ကြောင်း၊ တောခေါင်း ဦးဇော်နိုင်ကို တိုက် သွားသောယာဉ် ယာဉ်မောင်းမှာ မှော်ဘီမြို့၊ အမှတ်(၄) လမ်းမကြီး ဘေးတွင် နေထိုင်သော ဦးရန်နိုင် ၏ညီ ဦးဝင်းထွဋ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည် ဆို၏။

ဧပြီ ၃ ရက် နံနက် ၁၀း၃၀ နာရီတွင် မှော်ဘီမြို့နယ်၊ မြို့ ရှောင်လမ်း၊ အနောက်ရပ်ကွက်၊ အောင်ရတနာလမ်း၊ ဘွက်ကြီး ကျေးရွာအုပ်စု၊ ရဲစုကျေးရွာအနီး တွင် ယာဉ်၏နံပါတ်ပြားကို ဖြုတ် ထားသော ယာဉ်တစ်စီးကိုတံခါး များပိတ်၍ ရပ်တန့်ထားကြောင်း သတင်းရ၍ အမှတ်(၄)လမ်းဆုံ သစ်နှင့် သစ်တောထွက်ပစ္စည်း စစ်ဆေးရေးစခန်းမှ တောခေါင်း ဦးရီသန်း၊ တောခေါင်း ဦးသန်း ဇော်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များက ကားတံခါးသော့များကိုဖျက်၍ စစ်ဆေးရာ ယာဉ်ပေါ်တွင် ကျွန်း တံခါးအပိုင်းအစများတွေ့ရှိ၍ စစ်ဆေးရာ ကျွန်းတံခါးအပိုင်း အစ ၇၁၇ ချောင်း၊ (၀.၆၄၈၄) တန်ကို သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် အဆိုပါယာဉ်မှာ ဘောနက်ဖုံးပိန်နေခြင်း၊ ရှေ့ညာ ဘက်မီးလုံးပြုတ်နေခြင်း၊ ရှေ့လေ ကာမှန်မှာကွဲအက်နေခြင်း၊ ဆံပင် မွှေးများကိုတွေ့ရှိခဲ့သည်ဟု သိရ သည်။ ယာဉ်ပေါ်မှထွက်ပြေး တိမ်းရှောင်သွားသူယာဉ်မောင်း နှင့် ယာဉ်ပိုင်ရှင်၊ တရားမ၀င်ကျွန်း တံခါးအပိုင်းအစ ၇၁၇ ချောင်း၊ (၀.၆၄၈၄)တန်ပိုင်ရှင်တို့ကို စုံစမ်းဖော်ထုတ်၍ သစ်တောဥပဒေ ပုဒ်မ ၄၃(က)ဖြင့်လည်းကောင်း၊ ယာဉ်တိုက်မှုအရလည်းကောင်း အရေးယူနိုင်ရန်ကြိုးစားဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။          

မှော်ဘီသား
Hot News Journal