ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အမ်း ဘော်လုံးပြိုင်ပွဲ ကျင်းပပြီးစီး

ပို့စ်တင်ချိန် - 12/27/2013 01:30:00 PM


(၃၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် အမ်းမြို့တွင် ပြုလုပ်သော ဘော်လုံး ဗိုလ်လုပွဲကို ယမန်နေ့က ကျင်းပရာ ငါးလုပ်ငန်း ဦးစီးမှူး ဦးဆောင်သော ဘော်လုံးအသင်းက အနိုင်ရ ဗိုလ်စွဲသွားသည်ဟု သိရသည်။

ယမန်နေ့ ညနေက ငါးလုပ်ငန်း ဦးစီးမှူး ဦးဆောင်သော အသင်းနှင့်  မီးသတ် ဦးစီးမှူး ဦးဆောင်သော အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ငါးလုပ်ငန်း ဦးစီးမှူး ဦးဆောင်သော အသင်းက အနိုင်ရရှိသွားခဲ့သည်ဟု ဆိုသည်။

ဘော်လုံးပွဲတွင် အသင်း (၅) သင်း ယှဉ်ပြိုင်ကစားခဲ့ကြသည်ဟု ဒေသခံ တစ်ဦးဖြစ်သူ ကိုမျိုးနိုင်ထွန်းက ပြောသည်။
Burmesenews narinjara