Vogue အတွက် ရဲရဲတင်းတင်း ကိုယ်ဟန်ပြခဲ့သည့် ကန်ဒိုက်စ်

ပို့စ်တင်ချိန် - 12/27/2013 07:45:00 AM



ဇန်နဝါရီလထုတ် အဆိုပါ မဂ္ဂဇင်းတွင် အသက်(၂၅)နှစ်ရှိ တောင်အာဖရိက စူပါမော်ဒယ်လ်သည် ရှေးခေတ်နတ်ဘုရားမတို့၏ ရုပ်သွင်မျိုးကို တုပကာ ကိုယ်ဟန်ပြထားခဲ့သည်။

Vogue မဂ္ဂဇင်း၏ ဘရာဇီးလ်ထုတ် နှစ်သစ်ကူး Versionအတွက် ကန်ဒိုက်စ်ဆွန်နီပိုဝယ်လ်က ရဲတင်းလွန်းသည့် ညှို့ဓာတ်ပုံမျိုး အရိုက်ခံပေးခဲ့သည်။ ဇန်နဝါရီလထုတ် အဆိုပါ မဂ္ဂဇင်းတွင် အသက်(၂၅)နှစ်ရှိ တောင်အာဖရိက စူပါမော်ဒယ်လ်သည် ရှေးခေတ်နတ်ဘုရားမတို့၏ ရုပ်သွင်မျိုးကို တုပကာ ကိုယ်ဟန်ပြထားခဲ့သည်။ ကန်ဒိုက်စ်အနေဖြင့် သူမ၏ မမြင်အပ်သော အလှအပတို့ကို ဖုံးကွယ်ထားသော်လည်း တစ်ကိုယ်လုံးတွင် ဝတ်ဆင်ထားသည့် အရာဆို၍ ခေါင်းပေါင်းထားသည့် အဝတ်စနှင့် ကြီးမားသော နားကွင်းကြီးတို့သာ ရှိနေသည်။ အဆိုပါ ညှို့ဓာတ်ပြင်းပြင်း ဓာတ်ပုံကို ဘရာဇီးလ် Vogue၏ နာမည်ကျော် ဓာတ်ပုံဆရာ ဇီးနူနက်စ်က ရိုက်ကူးပေးခဲ့ခြင်း ဖြစ်သည်။


ကန်ဒိုက်စ်သည် Victoria's Secret၏ လက်ရွေးစင် မော်ဒယ်လ်တစ်ဦးဖြစ်ပြီး သူမ၏ ပြေပြစ်သော ခန္ဓာကိုယ် အလှအပကို ပွင့်လင်းစွာ ဂုဏ်ယူလေ့ရှိသူ တစ်ဦးဖြစ်သည်။ သူမသည် မကြာသေးမီကလည်း Victoria's Secret မော်ဒယ်လ် ဘဝ၏ လူမြင်ကွင်း နောက်ကွယ်မှ ပုံရိပ်အချို့ကို ပရိသတ်များထံ မျှဝေ ပြသခဲ့သေးသည်။ ကန်ဒိုက်စ်သည် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် Victoria' Secret နှစ်ပတ်လည် အထူးဖက်ရှင်ပွဲတွင် ဒေါ်လာ(၁၀)သန်းတန် Fantasy ဘရာစီယာကို ဝတ်ဆင်ကိုယ်ဟန်ပြရန် ရွေးချယ်ခံခဲ့ရပြီးနောက် ယခုနှစ်၏ လူအများ အာရုံစိုက် အခံရဆုံး မော်ဒယ်လ်တစ်ဦးလည်း ဖြစ်လာခဲ့သည်။

မြ၀တီ