အများပြည်သူသို့ အသိပေးပန်ကြားချက်

ပို့စ်တင်ချိန် - 12/27/2013 08:46:00 AM


၁။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှု အန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အား ပြတ်တောက်မှုများ လျော့နည်းစေရန်အတွက် ဓာတ်အား လိုင်းများနှင့် မလွတ်သော သစ်ပင်/ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ ဆောင်ရွက်လျက် ရှိပါသည်။

၂။ သို့ဖြစ်ပါ၍ ၂၈-၁၂-၂၀၁၃ ရက်တွင် မြောက်ဥက္ကလာပ၊ ဒဂုံ(တောင်) ၊သာကေတ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ ကျောက်တံတား၊ လသာ၊ ကျောက်တန်း၊ သုံးခွ၊ အင်းစိန်၊ လှိုင်သာယာ၊ ထန်းတပင်၊ ရွှေပြည်သာ မြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင် အချို့နှင့် စက်မှုဇုံအချို့တွင် ၀၉း၀၀ နာရီမှ ၁၃း၀၀ နာရီအတွင်း အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှုများ ရှိမည် ဖြစ်ပါသည်။

၃။ ၂၉-၁၂-၂၀၁၃ ရက်တွင် ဒဂုံ(တောင်)၊ ကျောက်တံတား၊ အင်းစိန်၊ ရွှေပြည်သာ၊ မှော်ဘီမြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုံ အချို့တွင် ၀၉း၀၀ နာရီမှ ၁၇း၀၀ နာရီအတွင်း ယာယီ ဓာတ်အား ပြတ်တောက်မှုများ ရှိမည်ဖြစ်ပါသည်။

၎။ ယင်းသို့ ဓာတ်အားဖြတ်တောက်၍ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားဖြန့်ဖြူးမှု စနစ်အတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အား ပြတ်တောက်မှုများ လျော့နည်းစေရန်အတွက် ပုံမှန်မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းဖြစ်၍ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ဓာတ်အားပြတ် တောက်မှုကြောင့် လူမှုရေး အခက်အခဲများ ပေါ်ပေါက်နိုင်မှု အပေါ် အနူးအညွတ် တောင်းပန်ပါကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ အများပြည်သူသို့ အသိပေးပန်ကြား အပ်ပါသည်။

MOI Webportal Myanmar