စင်ကာပူတွင် ရေပန်း စားနေသော မြန်မာအိမ်ဖော် သုံးသောင်းခန့် မည်သို့ ရောက်လာကြ မြန်မာအစိုးရ အလုပ်သမားဌာနက အိမ်ဖော် အဖြစ် တရားဝင် ခွင့်ပြုထားခြင်း မရှိဟုဆို - yangonmedia


တရားဝင်အိမ်အကူလုပ်ငန်းလုပ် ကိုင်ခွင့်ကို အစိုးရမှတရားဝင်သွား ရောက်ခွင့်မပြုသည့်အတွက် မြန်မာနိုင်ငံမှ အိမ်အကူလုပ်ကိုင်လိုသူ များသည် စင်ကာပူသို့ တရားမ ဝင်သွားရောက်လုပ်ကိုင်မှု ပိုမို များပြား လာကြောင်း အေဂျင်စီ အချို့၏ပြောကြားချက်အရ သိ ရသည်။ ယခုအခါ ဖိလစ်ပိုင်နိုင်ငံ မှ အိမ်အကူစေလွှတ်မှုကို စတင် ပိတ်လိုက်ပြီးနောက် ကျန်ရှိသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံ သည် အလုပ်အကြိုးစားနိုင်ဆုံးနှင့် အလုပ်ရှင် စိတ် ကျေနပ် မှုကို ပေး နိုင်သည့်အတွက် စင်ကာပူနိုင်ငံ က  ယင်းကဲ့သို့စိတ်ဝင်တစား ခေါ် ယူလိုမှုများလာခြင်းဖြစ်ကြောင်း သိရသည်။

စင်ကာပူတွင် မြန်မာအိမ်အ ကူလုပ်သား ၂၇ဝဝဝကျော်ခန့် လုပ်ကိုင်နေကြောင်း သိရသည်။ ယခုအခါ အဆိုပါအိမ်အ ကူလုပ်ကိုင်ခွင့်ကိုရရှိရန်အတွက် လိုအပ်သည့်ခွင့်ပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနထံ တင် ပြထားသည့်အခါတွင် ခွင့်ပြုချက် ကျရန် အလွန်ကြန့်ကြာမှုများနှင့် ရင်ဆိုင်ရသဖြင့် ယင်းကဲ့သို့တရား မဝင်သွားရောက်မှုမြင့်တက်လာ ရခြင်းဖြစ်သည်ဟု သိရသည်။ ယင်းနှင့်ပတ်သက်ပြီး လင်း ဟိုက်ပါဝါ ပြည်ပအလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီမှ ဒေါ်ပေါ်လင်း က ''သွားလုပ်မယ့်သူတွေက ချက် ချင်းသွားချင်ကြတယ်။

တရားဝင်သွားရောက်လုပ်ကိုင် ဖို့အတွက် ခွင့်ပြုမိန့်စောင့်ရမယ် ဆိုတော့ အမြန်ရောက်မယ့်နည်း လမ်းဖြစ်တဲ့ တရားမဝင်သွားဖို့ ကိုပဲ ရွေးချယ်လာကြတယ်။ ဒီလို တရားမဝင်သွားရောက်တာ ကြာ လာရင် လူကုန်ကူးမှုလမ်းကြောင်း ကို ရောက် သွား နိုင်တယ်''ဟု ပြော သည်။ယင်းကဲ့သို့ တရားမဝင်သွား လာသည့်အတွက် လုပ်သားများ အတွက် လုံခြုံစိတ်ချမှုများအပါ အဝင်၊ အလုပ်သမားအခွင့်အ ရေးတန်းတူမရရှိနိုင်ကြောင်း၊ သွားရောက်လုပ်ကိုင်ခွင့်ကို မြန် ဆန်စွာလုပ် ကိုင်ခွင့် ပေး မည်ဆိုပါ က နိုင်ငံတော်အနေဖြင့် နိုင်ငံခြား ငွေဝင်ရနိုင်ကြောင်း ပြောသည်။

ပြည်တွင်းအေဂျင်စီတစ် ခုမှ တာဝန်ရှိသူတစ်ဦးက ''အစိုးရ ခွင့်ပြုချက်နဲ့သွားလို့ရရင် အလုပ် သမားအတွက်လည်း ထိုက်တန် တဲ့လုပ်ခလစာရမယ်။ နောက် တရားဝင်လွှတ်ရင် သေချာစစစ် လွှတ်နိုင်တယ်။ ဘာသာစကား သင်တန်းနဲ့ လုပ်ငန်း ခွင်သင်တန်း တွေပေးပြီးလွှတ်ရင် အလုပ်ရှင် နဲ့ ပြဿနာဖြစ်မှုတွေ ကြိုတင် ကာကွယ်နိုင်မှာဖြစ်ပါတယ်''ဟု ပြောသည်။

စင်ကာပူနိုင်ငံတွင် မြန်မာအိမ် အကူလုပ်သားများအရေအတွက် မှာ စင်ကာပူနိုင်ငံအေဂျင်စီအသင်း ချုပ်၏စစ်တမ်းအရ ယင်းကဲ့သို့ ၂ရဝဝဝခန့်ရှိနေကြောင်း၊ ယင်း ထဲမှလုပ်သားအချို့မှာ သတ်မှတ် ထားသည့်အသက် ၂၁နှစ်အောက် လျော့နည်း သူများ ပါဝင်လာ ကြောင်းနှင့် တစ်လလျှင် စင်ကာ ပူဒေါ်လာ ၃၅ဝနှင့် ၄၅ဝကြား ရရှိကြောင်း စင်ကာပူနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားကူညီရေး အသင်း(HOME) မှ ဒေါက်တာ သိန်းသန်းဝင်းက ပြောသည်။

ယင်းက ''တရားမဝင်လာ ရောက်လုပ်ကိုင်ပြီး အလုပ်ရှင်နဲ့ အဆင်မပြေလို့ ကျွန်တော်တို့ဆီ ရောက်လာလို့ စစ်လိုက်ရင် မြန် မာနိုင်ငံအနှံ့အပြားက နယ်စွန် နယ်ဖျားက ရောက်လာတာတွေ့ ရတယ်။ ဒီလိုတရားမဝင်လာ ရောက်မှု တွေများ လာတာ ဟာ မကောင်းဘူး။ အလုပ်သမားတွေ အတွက်လဲ အခွင့်အရေးဆုံးရှုံး တယ်''ဟုပြောသည်။ မြန်မာနိုင်ငံ ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီအ သင်းချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်က ''နိုင်ငံတော်က မလေးမှာဖြစ်ပေါ် နေတဲ့ကိစ္စ တွေကြောင့် အမျိုးသမီး လုပ်သားတွေလွှတ်တဲ့အခါ ထိန်း ထိန်းသိမ်းသိမ်း လွှတ်နေရတယ်။ အိမ်အကူစေလွှတ်တာက အဆင့် နိမ့်တဲ့အတွက် မလွှတ်တာလဲဖြစ် တယ်။ စက်ရုံအလုပ်ရုံပိုင်းလွှတ် တာတောင် သေချာစိစစ်ပြီးလွှတ် နေရ တယ်''ဟု ပြောသည်။

စိုင်းဟန်

စီမံကိန်းတစ်ခုအစပြုချိန် - 7Day News Journal


ရေးသားသူ- မိုးညို

ကိုကျော်ဦး ငယ်ငယ်က နွားကျောင်းရင်း ရောက်ရှိခဲ့ဖူးသည့် လွင်ပြင်ကျယ်ကြီးအတွင်း ယခုရက်ပိုင်း သူမမြင်ဖူးသည့် လူစိမ်းများ ကားကြီးကားငယ်များဖြင့် ခြေချင်းလိမ်နေသည်ကို တွေ့နေရသည်။

သူ ၁၂ နှစ်သားအရွယ်က သည်နေရာတွင် ကျည်ဆန်များထွက်ရှိသည်ဟုဆိုသဖြင့် လာရောက်တူးဖော်သည့် လူစိမ်းအနည်းငယ်ကိုသာ တွေ့ဖူးသော်လည်း ယခုလာရောက်သည့် လူအရေအတွက်မှာ ပိုမိုများပြားပါသည်။

ကိုကျော်ဦး ၁၂ နှစ်သားအရွယ်က နွားကျောင်းရင်းရောက်ဖူးသည့် လွင်ပြင်ကျယ်မှာ ယခုအစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံးနိုင်ငံတကာလေဆိပ်အဖြစ် အကောင်အထည်ဖော်မည့် ဟံသာဝတီလေဆိပ် စီမံကိန်းမြေနေရာ ဖြစ်ပါသည်။

ယခုလပိုင်းအတွင်း သူမမြင်ဖူးသည့် လူစိမ်းအများစုက ဗွက်အိုင်များပေါ်က မြေနီလမ်းမပေါ်တွင် သွားလိုက်ပြန်လိုက်နှင့် ခြေချင်းလိမ်နေကြသည်ဟု ဆံပင်ညှပ်ဆိုင်ဖွင့်ထားသော ကိုကျော်ဦးကပြောသည်။

“ကျွန်တော်ငယ်ငယ်ကမြင်ဖူးတဲ့ လူစိမ်းတွေက ကျည်ခွံတွေလာတူးကြတာ။ အခုမြင်နေရတဲ့ လူစိမ်းတွေက အရင်ကျည်ခွံတွေထွက်တဲ့မြေတွေကို လုဝယ်နေကြတယ်”ဟု ကိုကျော်ဦးကပြောသည်။

ထုံးစံအတိုင်း မြန်မာနိုင်ငံမှ စီးပွားရေးသမားတို့အတွက် ဟံသာဝတီလေဆိပ်စီမံကိန်းအနီး မြေနေရာဝယ်ထားပြီး ဈေးကစားလိုသူ၊ အမြတ်ထုတ်လိုသူ၊ ရင်းနှီးမြှုပ်နှံလိုသူများ သူ့ထက်ငါ အလုအယက် နီးစပ်ရာမြေများကို လိုက်လံဝယ်ယူနေခြင်းဖြစ်၏။

၂၀၁၃ ခုနှစ် သြဂုတ်လက ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ခွင့်အတွက် နိုင်ငံတကာကုမ္ပဏီပေါင်း သုံးဆယ်ကျော်မှ ၀င်ရောက်ယှဉ်ပြိုင်ပြီး ကိုရီးယားနိုင်ငံအခြေစိုက် အင်ချွန်းနိုင်ငံတကာလေဆိပ်အဖွဲ့က တင်ဒါအောင်မြင်ပြီး လေဆိပ်စီမံကိန်းကို လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ ထို့ကြောင့် အစိုးရက စီမံကိန်းလုပ်ကိုင်ခွင့်ရသည့် နိုင်ငံအမည်စာရင်းကို ကြေညာအပြီး ရက်ပေါင်း ၇၀ကျော်အတွင်း စီမံကိန်းနှင့် အနီးစပ်ဆုံးတည်ရှိနေသည့် ဥဿာမြို့သစ်အတွင်းရှိ မြေဈေးများ တစ်ဟုန်ထိုး အမြင့်မားဆုံးအခြေအနေ ရောက်လာသည်။

ပဲခူးတစ်မြို့လုံးနှင့် နှိုင်းယှဉ်ပါက ဥဿာမြို့သစ်မှာ မြေဈေးအမြင့်ဆုံးဖြစ်ကြောင်း ပဲခူးမြို့မှ အိမ်ခြံမြေအကျိုးဆောင် ဦးသိန်းဝင်းစိုးကပြောသည်။

ဟံသာဝတီလေဆိပ်စီမံကိန်းမှာ ယခုမှအစိုးရက စိတ်ကူးပေါက်၍ ထလုပ်သည်တော့မဟုတ်။ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က လေဆိပ်တည်ဆောက်ရန် ပထ၀ီအနေအထားအရ အချက်အချာကျသဖြင့် စဉ်းစားခဲ့ဖူးကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က စက်တင်ဘာလလယ်က ပြောကြားခဲ့ဖူးသည်။ ထို့အပြင် သမိုင်းအထောက်အထားအများအရ ဧကကိုးထောင်ကျယ်ဝန်းသည့် ယင်းမြေနေရာမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်တပ်မှ လေယာဉ်ပြေးလမ်းနှင့် လက်နက်များထားရှိခဲ့သည့်နေရာဟု ဒေသခံများကဆိုပါသည်။

ထို့ကြောင့် ၁၀ နှစ်ကျော်ပြီးမှ ပြန်လည်အသက်ဝင်လာသည့် ဟံသာဝတီလေဆိပ်စီမံကိန်း သက်ရောက်မှုကြောင့် စီမံကိန်းနှင့်အနီးစပ်ဆုံးရှိသည့် ရပ်ကွက်များ၏ မြေဈေးများ ရုတ်တရက်တက်လာစေသည်။

ဒေသခံများအတွင်း စီးပွားရေးကွက်ကျော်မြင်သူ၊ အပြင်ဗဟုသုတနှံ့စပ်သူ၊ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူအများစုက စီမံကိန်းအနီးတစ်ဝိုက်အတွင်း ပိုင်ရှင်မရှိသေးသည့် မြေလွတ်မြေရိုင်းများ၊ ဥယျာဉ်ခြံမြေများအား ခြံစည်းရိုးခတ်ခြင်း၊ ကျောက်တိုင်စိုက်ခြင်းများပြုလုပ်ပြီး နေရာဦးခဲ့ကြကြောင်း ဥဿာမြို့သစ်တွင် နေထိုင်သူများကဆိုသည်။

“အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတွေက လွတ်တဲ့နေရာမှာ ကျောက်တိုင်တွေစိုက်ပြီး လက်ညှိုးထိုးရောင်းချနေကြတယ်”ဟု ဥဿာမြို့သစ်မှ ဒေသခံတစ်ဦးကပြောပါသည်။

ပိုင်ရှင်မရှိသေးသည့် မြေလွတ်မြေရိုင်းအများစုကို လက်ညှိုးထိုးပြီး ရောင်းချသူအများစုမှာ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး မည်သည့်စာရွက်စာတမ်း အထောက်အထားမျှ မရှိကြပေ။ ထို့ကြောင့် ၎င်းတို့က မြေတစ်ကွက်လျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းဝန်းကျင်ဖြင့် မြေလိုချင်သူများကို ပြန်လည်ရောင်းချနေကြသည်။

ဒေသခံများမှ ဦးရာလူစနစ်ဖြင့် ခြံဝင်းခတ်လိုက်သည့် မြေနေရာအများစုကို တစ်ဆင့်ပြန်လည်ဝယ်ယူသူများက သက်ဆိုင်ရာဌာနတွင် အမည်ပေါက်ဂရန်များလျှောက်ပြီး ပြန်လည်လက်လွှဲရောင်းချပါက သိန်းရာကျော်မှ သိန်းထောင်ကျော်အထိ နေရာအကျယ်အ၀န်းပေါ်မူတည်ပြီး ဈေးကောင်းရနေသည်ဟု ပဲခူးမြို့မှ အိမ်ခြံမြေအကျိုးဆောင်များက ဆိုပါသည်။

ထို့ကြောင့် မြေလွတ်မြေရိုင်းများအပေါ် ဦးရာလူစနစ်ဖြင့် ခြံခတ်၍ လက်လွှဲရောင်းချနေမှုများ၏ အကြောင်းရင်းကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ 7Day News က နှစ်ရက်တိတိ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ယူဖြေကြားပေးမည့်သူမရှိကြောင်း ပြန်လည်ဖြေဆိုသည်။

ထို့အပြင် ရန်ကုန်တွင် မြေဈေးကြီးလွန်းပြီး နေရာရှားပါးလာ၍ စက်မှုဇုန်စီမံကိန်းများ ပြုလုပ်သူများအတွက် ပဲခူးမြို့မှာ စီးပွားရေးမြို့တော် ရန်ကုန်မှ ကားဖြင့် တစ်နာရီခွဲကျော်သာ မောင်းနှင်ရသည့်အတွက် ပဲခူးစက်မှုဇုန်များတွင် သွားရောက်ရင်းနှီးမြှုပ်နှံမှု များလာသည်။ ထို့အတွက် စီးပွားရေးလုပ်ငန်းရှင်များကို အဓိကဆွဲဆောင်မှုဖြစ်လာသည်။

ပဲခူးတွင် မြေဈေးကြီးမြင့်လာရသည့်အကြောင်းရင်းမှာ ဟံသာဝတီလေဆိပ်စီမံကိန်းအပြင် ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်စက်ရုံများ လာတည်နေကြခြင်းကြောင့်ဖြစ်သည်။ ဂျပန်နိုင်ငံမှ နာမည်ကြီး နစ်ဆန်းကားထုတ်လုပ်မည့်စက်ရုံ၊ Carlsbreg ဘီယာစက်ရုံ၊ အမေရိကန်နိုင်ငံမှ နာမည်ကြီးလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံ အများစုက ပဲခူးမြို့အ၀င် ညောင်အင်ကျေးရွာ၊ ပဲခူးစက်မှုဇုန်အတွင်း ပမာဏကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမည်ဟု အစိုးရက ယခုလအတွင်း သတင်းထုတ်ပြန်ထားသည်။

မနီငါးဖယ်ချဉ်ဟု မြန်မာနိုင်ငံတွင် လူသိများသည့် ပဲခူးမြို့မှာ မကြာမီတွင် ကမ္ဘာကျော်ဘီယာနှင့် နာမည်ကြီးဂျပန်ကားများကိုပါ ထုတ်လုပ်တော့မည့်မြို့ ဖြစ်လာတော့မည်ဖြစ်သည်။

“ရင်းနှီးမြှုပ်နှံသူတွေအတွက် နေရာအသစ်တစ်ခုဆိုလည်း မမှားဘူး”ဟု ပဲခူးစက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းရှင်ဦးသန့်ဇင်နိုင်ကပြောသည်။

ထို့ကြောင့် ပဲခူးမြို့တွင် လက်ရှိဈေးအကောင်းဆုံးမြေနေရာကို ပြသပါဆိုပါက စက်မှုဇုန်တည်ရှိရာ ညောင်အင်းကျေးရွာအနီးတစ်ဝိုက်၊ ဟံသာဝတီလေဆိပ်စီမံကိန်း အနီးတစ်ဝိုက်နှင့် ပြီးခဲ့သည့်နှစ်ကမှ စတင်ဖောက်လုပ်နေသည့် မြို့ရှောင်လမ်းဘေးတို့ဖြစ်သည်။

ဟံသာဝတီလေဆိပ်စီမံကိန်းနှင့် အနီးစပ်ဆုံးတည်ရှိသည့် ဥဿာမြို့သစ်၊ ရန်ကုန်-ပဲခူးလမ်းမကြီးပေါ်တွင် ပေ ၆၀x၁၀၀ မြေကွက်တစ်ကွက်လျှင် သိန်းတစ်သောင်း ဈေးပေါက်နေပြီဟု ပဲခူးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်များကဆိုသည်။

ထို့အပြင် အမှန်တကယ် ရင်းနှီးမြှုပ်နှံလိုသူများထက် လက်ဦးမှုရယူလိုသူများက စီမံကိန်းနယ်မြေများနှင့် အနီးစပ်ဆုံးရှိသည့် သာသနာ့နယ်မြေများကို နယ်ချဲ့ရန်ကြိုးစားလာခဲ့ကြသည်ဟု ပဲခူးမြို့မှဒေသခံများကဆိုသည်။

“မြေတွေကို အလုအယက်တိုင်တွေစိုက်၊ ခြံတွေခတ်နေကြတော့ သာသနာ့မြေလေး ပါသွားမှာစိုးလို့ မြေတိုင်းဌာနကသူတွေခေါ်ပြီး မြေတွေပြန်တိုင်းထားရတယ်”ဟု ဥဿာမြို့သစ်၊ ရွှေဂူကြီးဘုရားမှ ဂေါပကလူကြီးများကပြောပါသည်။

စီးပွားရေးမြို့တော် ရန်ကုန်နှင့် မိုင် ၅၀ ကျော်ကွာဝေးသည့် ပဲခူးမြို့မှာ မကြာမီမြန်မာနိုင်ငံ၏ နိုင်ငံတကာဝင်ပေါက်မြို့အဖြစ် ထင်ရှားလာနိုင်သည်။ သို့သော် မြို့၏ အခြေခံအဆောက်အအုံပြယုဂ်များကမူ ပြောင်းလဲမှုမရှိဘဲ မပြည့်စုံသေးပါ။

မြို့တွင်းပို့ဆောင်ရေးအတွက် ဆိုင်ကယ်နှင့်ဒေသခံအခေါ် တုတ်တုတ်သုံးဘီးဆိုင်ကယ်များကိုသာ ဒေသခံများက အားထားနေရဆဲဖြစ်သည်။ အထပ်မြင့်အဆောက်အအုံအများစုမှာ မြို့တွင်းပိုင်းတွင်သာရှိပြီး ဖွံ့ဖြိုးမှုမှာတော့ နည်းပါးနေသေးသည်။

အစိုးရသစ်လက်ထက်မှစတင်ပြီး ပဲခူးဒေသခံတို့၏ စီးပွားရေးမှာ တစ်နိုင်ငံလုံးနှင့်အတူ ထူးထူးခြားခြား ပြောင်းလဲလာမှုမရှိသေးကြောင်း ပဲခူးဒေသခံတို့ကပြောသည်။

တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသော အခြေခံအဆောက်အအုံ မလုံလောက်မှု လယ်သိမ်း၊ မြေသိမ်းမှုများ အုပ်ချုပ်သူများ၏ စီမံခန့်ခွဲမှုအလွဲများအကြားတွင် ပဲခူးဒေသခံတို့ ခံစားနေရဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ဟိုစီမံကိန်း ဒီစီမံကိန်းပေါ်လာလို့ ပဲခူးက လက်လုပ်လက်စားတွေရဲ့ ၀င်ငွေကတော့ တိုးမလာပါဘူး”ဟု ပဲခူးမြို့တွင် အောင်ဘာလေထီ လက်ပွေ့ရောင်းချနေသူတစ်ဦးကပြောသည်။

ဈေးနှုန်းများမြင့်တက်နေသည့် စီမံကိန်းနယ်မြေအနီးအနားတစ်ဝိုက်တွင် ယခင်အစိုးရက ရပ်ကွက်အဆင့် တိုးမြှင့်ပေးထားသော်လည်း အများစုမှာ ရွာဓလေ့အငွေ့အသက်များ မကုန်ခန်းသေးကြောင်း ဥဿာမြို့သစ်မှ ရပ်မိရပ်ဖတစ်ဦးကပြောသည်။

အနာဂတ်တွင် ဖွံ့ဖြိုးမှုပုံစံပြောင်းလဲလာမည့် ပဲခူးမြို့၏အခြေအနေကို ဒေသခံအများစုက ရင်မခုန်နိုင်သေးပါ။ လက်ရှိ မြေနေရာများကိုဦးပြီး ဈေးကောင်းရရှိရေးအတွက်သာ စိတ်အားထက်သန်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် ပဲခူး၏မြေဈေးရဟတ်က အရှိန်ကောင်းကောင်းဖြင့် လည်ပတ်နေဦးမည်သာဖြစ်သည်။

“လူတွေရဲ့စာရိတ္တတွေလည်း ပြောင်းလဲသွားပြီ”ဟု ပဲခူးမြို့ဒေသခံ ကိုကျော်ဦးက လေဆိပ်စီမံကိန်း ဆိုင်းဘုတ်ကိုကြည့်ရင်း ညည်းတွားလိုက်သည်။

ဓာတ်ပုံ- မိုးညို

စတိဗ်ဂျော့ဘ် အကောင်အထည် မဖော်ဖြစ်ခဲ့သည့် Apple၏ မဟာစီမံကိန်း - planet



Appleကို ကမ္ဘာကျော် နည်းပညာ လုပ်ငန်းစုကြီး ဖြစ်လာအောင် အဓိက ဦးဆောင် ထူထောင်ခဲ့သည့် စတိဗ်ဂျော့ဘ်၏ လက်တွေ့ အကောင်အထည် မဖော်ဖြစ်ခဲ့သော စီမံကိန်းကြီး တစ်ရပ်ကို Appleက ယခုအခါ ထုတ်ဖော် ပြသလာခဲ့ပြီ ဖြစ်သည်။ iPhoneနှင့် iPadတို့၏ ဖခင်ကြီးအဖြစ် တင်စားခံရသော ဂျော့ဘ်သည် စိတ်ကူးစိတ်သန်း အလွန်ကောင်းမွန်စွာ ဖန်တီးထားသည့် Apple ဌာနချုပ်ကြီးတစ်ခု ဆောက်လုပ်ရန် ရည်ရွယ်ခဲ့သော်လည်း လက်တွေ့ မဖြစ်မြောက်မီ ကွယ်လွန်ခဲ့ရှာသည်။ အမေရိကန်သား တီထွင်မှု ပါရမီရှင်ကြီးသည် အချင်း(၁)မိုင်မျှ ကျယ်ဝန်းသည့် စက်ဝိုင်းပုံ အဆောက်အအုံကြီး တစ်ခုကို အနုစိတ် ဒီဇိုင်းဖန်တီးကာ သစ်ပင်ပေါင်း (၇၀၀၀)ကျော် ထည့်သွင်း စိုက်ပျိုးပြီး သဘာဝဆန်ဆန် စိမ်းစိုနေအောင် ရည်ရွယ်ထားခဲ့သည်။

ကြည်လင်သော ဖန်သားနံရံများ၊ အမိုးပေါ်တွင် အပြည့်တင်ဆင်ထားသည့် ဆိုလာပြားများ၊ သဘာဝဆန်ဆန် ပတ်ဝန်းကျင်မျိုး ဖြစ်တည်စေရန်အတွက် မြေအောက်လှိုဏ်ခေါင်းထဲ နိမ့်ဆင်းဖောက်လုပ်ထားမည့် ကားဂိုဒေါင်များ အားလုံးသည် အခန်းတစ်ခုလုံးစာ အကျယ်အဝန်းရှိ ပုံစံငယ်ထဲတွင် အသေးစိတ် ဖော်ပြထားသည်။ ယခုအခါ Appleက Spaceshipဟု အမည်ပေးထားသည့် အဆိုပါ ပုံစံငယ်ကို အတည်ပြု ထုတ်ဖော်ပြသခဲ့ပြီ ဖြစ်သည်။ (၂၀၁၁)ခုနှစ်က ဂျော့ဘ်ဖန်တီးခဲ့သည့် အဆောက်အအုံ ဒီဇိုင်းကို အမှုဆောင်ချုပ် ပီတာ အိုပန်ဟိုင်မာနှင့် Apple၏ အဆောက်အအုံဆိုင်ရာ အကြီးတန်း ဒါရိုက်တာ ဒန်ဝင်ဆန်ဟော့တ်တို့က မိတ်ဆက်ပြခဲ့သည်။

Appleသည် ယခုအခါ ဂျော့ဘ်၏ အိပ်မက်ကို အကောင်အထည် ဖော်ရန်အတွက် စီမံကိန်း စတင်ခွင့်ကို ကယ်လိုဖိုးနီးယားရှိ ကူပါတီနို မြို့တော်ကောင်စီနှင့် ဆွေးနွေးသွားမည် ဖြစ်သည်။ ကူပါတီနိုတွင် ခမ်းနားသော ဌာနချုပ်သစ် တည်ဆောက်ရေးသည် ဂျော့ဘ်၏ အကြီးကျယ်ဆုံး မျှော်လင့်ချက်တစ်ခုလည်း ဖြစ်ခဲ့သည်။ ယခု အဆောက်အအုံ ဒီဇိုင်းကို ဂျော့ဘ်၏ စိတ်ကူးအတိုင်း Apple၏ ဒီဇိုင်းပညာရှင် ဂျိုနီအိုင်ဗီနှင့် နာမည်ကျော် ဗိသုကာ ပညာရှင် ဆာနော်မန် ဖော်စတာတို့က မွမ်းမံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အဆောက်အအုံသည် (၄)ထပ်ဖြစ်ပြီး မြက်ခင်းပြင် ဖုံးလွှမ်းသည့် ဒိုးနတ်မုန့်ကြီးနှင့် တူကြောင်း ဆန်ဖရန်ဆစ္စကို အပတ်စဉ်ထုတ် မဂ္ဂဇင်းက ခိုင်းနှိုင်းရေးသားခဲ့သည်။ ဂျော့ဘ်သည် နေစွမ်းအင်၊ သဘာဝဓာတ်ငွေ့တို့ကို စွမ်းအင်ကဏ္ဍအတွက် အဓိက မှီခိုရန် ရည်ရွယ်ခဲ့သလို ဌာနချုပ် နေရာကို စိမ်းစိုသာယာသည့် ပတ်ဝန်းကျင်မျိုးအဖြစ် ပုံဖော်တည်ဆောက်ရန် အဓိက ဦးတည်ထားသည်။ သဘာဝလေအေး အဝင်အထွက် စနစ်ကို အသားပေးထားသော အဆောက်အအုံတွင် တစ်နှစ်တာ၏ (၇၀)ရာခိုင်နှုန်းမျှ အချိန်ကာလကို လေအေးပေးစက်များ အားမကိုးဘဲ ဖြတ်သန်းနိုင်မည် ဖြစ်သည်။ အလင်းပေး စနစ်များတွင်လည်း လျှပ်စစ်ဓာတ်အား သုံးစွဲမှု နည်းပါးသည့် LED မီးများကို အဓိက တပ်ဆင်သွားမည်ဟု သိရသည်။

ဝင်ဆန်ဟော့တ်က "ဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လို အဆောက်အအုံနဲ့မဆို သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေတဲ့ စံနှုန်းနှိုင်းယှဉ်ချက်မှာ အသာစီးရမယ့် ဒီဇိုင်းမျိုး ဖြစ်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ ဂျော့ဘ်သည် မော်တော်ကားများကို အဆောက်အအုံ ဝင်းအတွင်းပင် ရပ်နားစေလိုဟန် မရှိဘဲ မြေအောက်ကားပါကင်နှင့် အထပ်မြင့် ကားပါကင်များတွင် သိုဝှက်ထားစေကာ ပတ်ဝန်းကျင် စိမ်းလန်းမှုကို အလေးပေး ချဉ်းကပ်ထားခဲ့သည်။ အဆောက်အအုံ၏ ဗဟိုချက်တွင်လည်း လှပထည်ဝါသော သစ်ကြီးဝါးကြီးများ စိုက်ပျိုးရန် နေရာချထားသည်။ ထို့အပြင် လှပအေးချမ်းသည့် ရေကန်ငယ်လေး တစ်ခုလည်း ပါရှိနေမည်ဟု သိရသည်။ "ကျွန်တော်တို့ အနေနဲ့ သစ်ခွမျိုးစိတ်တွေကို ပြန်သယ်ဆောင်လာပြီး ဒီတောင်ကြားရပ်ဝန်းမှာ ပျံ့ပွားစေချင်ပါတယ်"ဟုလည်း ဆိုသည်။

Appleသည် ရုံးဌာနချုပ် အဆောက်အအုံသစ် ဆောက်လုပ်ပြီးသည့်တိုင် ဝန်ထမ်း(၂၆၀၀)မျှ ဝင်ဆံ့သည့် လက်ရှိရုံးခန်းကိုလည်း ဆက်လက် အသုံးပြုဖွယ် ရှိနေသည်။ Apple၏ အမှုဆောင်များနှင့် ကူပါတီနို မြို့တော်ကောင်စီတို့သည် ယင်းဌာနချုပ်သစ် ကိစ္စအတွက် ယနေ့ (အောက်တိုဘာ ၁၅)တွင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပြီး အတည်ပြုမပြုကို နိုဝင်ဘာ (၁၉)ရက်နေ့၌ ဆုံးဖြတ်မည်ဟု သိရှိရသည်။

ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် နေပြည်တော်၌ လုံခြုံရေးတိုးမြှင့် - Eleven Media Group




ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနှင့် ဖြူးမြို့များတွင် ဗုံးလန့်မှု၊ ဗုံးတွေ့ရှိမှုနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် နေပြည်တော်၌ လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။

ထိုကဲ့သို့ လုံခြုံရေး တိုးမြှင့်ရခြင်းမှာ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် ဖြစ်သည့်အပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် ခရီးသွား ဧည့်သည်များ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ လာရောက်သည့် အတွက် ယခင်ပြုလုပ်နေသည့် ပုံမှန်လုံခြုံရေးထက် တိုးမြှင့်ကာ ၀ပ်ကင်း၊ ရပ်ကင်း၊ ယာဉ်တင် လှည့်ကင်းများဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၁၆ ရက် ည ၉ နာရီခန့်က ယာဉ်တင်လှည့်ကင်း အဖွဲ့မှ နေပြည်တော် ရဲတပ်ဖွဲ့ ရဲအကူ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး စိုးမြင့်ဦးက The Daily Eleven သို့ ပြောကြားသည်။

''ဒီရက်ပိုင်းမှာ ဘာသာရေးဆိုင်ရာ အခမ်းအနားပွဲတွေနဲ့ သီတင်းကျွတ်တော့မယ့် အနေအထားမျိုးမှာ ဆိုတော့ ပိုပြီးတော့ လုံခြုံရေး တိုးမြှင့်ဆောင်ရွက် နေတာပါ။ အခုလို ယာဉ်တင်လှည့်ကင်း၊ ဆိုယ်ကယ် လှည့်ကင်းတွေကော သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် နေတာက ပြည်သူတွေမှာ စိုးရိမ်ထိတ်လန့်မှု လျော့ပါးစေပြီးတော့မှ လုံခြုံရေး အမြဲမပြတ် ရှိနေတယ်။ ဖြစ်လို့ရှိရင်လည်း အချိန်မီ အကောင်းဆုံး ဖြေရှင်းဆောင်ရွက် နိုင်မယ်ဆိုတဲ့ အသိမျိုး ပြည်သူတွေ သိရှိနားလည်စေတဲ့ သဘောပါ'' ဟု ဒုရဲမှူးကြီး စိုးမြင့်ဦးက ပြောကြားသည်။

နေပြည်တော် ကောင်စီနယ်မြေ တစ်ဝိုက်တွင် အောက်တိုဘာ ၁၀ ရက်မှစ၍ လုံခြုံရေး တိုးမြှင့်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်တွင် ပုံမှန်ထက် ရဲတပ်ဖွဲ့အင်အား ထပ်မံဖြည့်တင်းကာ ယခုကဲ့သို့ ယာဉ်တင်လှည့်ကင်းများ ဆောင်ရွက်ခြင်းအပြင် နေပြည်တော် အ၀င်အထွက် ဂိတ် ၆ ခု၌ တပ်မတော်စစ်အင်ဂျင်နီယာတပ်မှ မိုင်းရှာဖွေခြင်းများ နေ့ညမပြတ် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်ကလည်း နေပြည်တော် ပျဉ်းမနားမြို့ မီးရထားလိုင်းခန်း အနီးတွင် ဗုံးထည့်ထားသောအိတ်ဟု ယူဆရသည့် ခရီးဆောင်အိတ် တစ်လုံးအား တွေ့ရှိ၍ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းမှ ရှင်းလင်းရာ ဗုံးနှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ မတွေ့ရှိဘဲ ဗုံးလန့်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

နေပြည်တော် ကောင်စီနယ်မြေသည် ကောင်စီဥက္ကဋ္ဌအဖြစ် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးသိန်းညွန့်က တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အုပ်ချုပ် ကွပ်ကဲလျက်ရှိသော နယ်မြေဖြစ်သည်။

(အာက်တိုဘာ ၁၆ ရက်ညက ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် နေပြည်တော် ရဲတပ်ဖွဲ့မှ လှည့်ကင်း ဆောင်ရွက်နေစဉ်)

ဂျပန်နီပွန်ဖောင်ဒေးရှင်း လူနာတင်ယာဉ် ၉၀ ကျော်လှူဒါန်း - RFA Burmese




ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းအပါအ၀င် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတွက် စုစုပေါင်း မော်တော်ယဉ် ၉၁ စီးကို ဒီနေ့ လှူဒါန်းလိုက်ပါတယ်။

ရန်ကုန်မြို့ မင်းဓမ္မလမ်းက မြန်မာကွန်ဗင်းရှင်းစင်တာ MCC ခန်းမမှာ ဒီနေ့မနက်ပိုင်းကကျင်းပတဲ့ ပထမဆုံးအကြိမ်ကျင်းပတဲ့ မြန်မာနိုင်ငံမသန်စွမ်း အနုပညာပွဲတော်မှာ လှူဒါန်းကြောင်း ကြေညာခဲ့တာပါ။

အဲဒီလှူဒါန်းတဲ့ မော်တော်ယဉ်တွေဟာ လူနာတင်ယာဉ်တွေအဖြစ်လည်း သုံးစွဲနိုင်သလို အဲဒီအထဲမှာ မြန်မာနိုင်ငံက မသန်စွမ်းသူတွေအတွက် အသုံးပြုဖို့ ယာဉ် ၆ စီးလည်း ပါဝင်တယ်လို့ Nippon Foundation ဥက္ကဋ္ဌ Mr. Yohei Sasakawa ရဲ့ စကားပြန်က ပြောပါတယ်။

ဒါ့အပြင် နီပွန်ဖောင်ဒေးရှင်းဟာ ဒီနေ့စတင်ကျင်းပတဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ဖြစ်မြောက်ရေးအတွက် အဓိကကူညီပံ့ပိုးပေးခဲ့ပါတယ်။

ဒီမသန်စွမ်းအနုပညာပွဲတော်ကို နိုင်ငံတစ်ဝှမ်းက မသန်စွမ်းသူ အနုပညာရှင် ၂၇၀ ပါဝင်ဖျော်ဖြေကြပြီး နာမည်ကြီးအဆိုတော်တွေ အနုပညာရှင်တွေကလည်း ၀ိုင်းဝန်းကူညီခဲ့ကြပါတယ်။ ဒီနေ့တင်ပြမှုတွေထဲမှာ တေးဂီတနဲ့ အငြိမ့်ဖျော်ဖြေတင်ဆက်မှုတွေအပြင် ပန်းချီပြပွဲ ၊ ဓါတ်ပုံပြပွဲ ၊ စာအုပ်အရောင်းပြခန်းတွေလည်း ပါဝင်ပါတယ်။

နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းတဲ့ မော်တော်ယာဉ် အစီး ၉၀ ကျော်မှာ မသန်စွမ်းသူများအသင်းအပြင် မီးသတ်ဦးစီးဌာနက အစီး ၅၀ ရရှိမှာဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပညာရေးလုပ်ငန်း၊ စက္ခုပါလဖောင်ဒေးရှင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့စတဲ့ အဖွဲ့အစည်းတွေ အသီးသီးရရှိမှာ ဖြစ်ပါတယ်။

နီပွန်ဖောင်ဒေးရှင်းဟာ ပြီးခဲ့တဲ့၂၀၁၂ခုနှစ် ကလည်း ကျန်းမာရေးဝန်ကြီးဌာနအတွက် လူနာတင်ယာဉ် ၂၆ စီးလှူဒါန်းခဲ့ပါတယ်။

ဗုံးပေါက်ကွဲခြင်းသည့် နိုင်ငံခြားရင်းနှီးမြူပ်နှုံသူများကို ခြိမ်းခြောက်လို၍ဖြစ်ကြောင်း ရဲချုပ် ဇော်ဝင်းပြော - Popular Myanmar News Journal




ရန်ကုန်-အောက်တိုဘာ၁၈
ဗုံးပေါက်ကွဲမှုများသည် တိုင်းရင်းသားဒေသများ၌ အလုပ်လာလုပ်မည့် နိုင်ငံခြားရင်းနှီးမြူပ်နှုံသူများကို ခြိမ်းခြောက်လိုချင်၍ဖြစ်သည် သုံးသပ်ကြောင်း ရဲချုပ် ဇော်ဝင်းကယနေ့ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
"ဖမ်းဆီးထားတဲ့ စောမြင့်လွင်ကို စစ်ဆေးချက်အရ စောနေတိုးက သူ့ကို ငွေပေးတယ်။ ဖောက်ခွဲနည်းသင်ပေးတယ်။ ဘယ်နေရာတွေမှာ ဖောက်ခွဲရမလဲ ညွန်ကြားတယ်။ စောနေတိုးဟာ ကေအန်ယူရဲ့ စီးပွားရေးလုပ်တဲ့ အုပ်စုတစ်ခုရဲ့ အဖွဲဝင်ပါ "ဟု ရဲချုပ် ဇော်ဝင်းကပြောသည်။kyl

၂၀၁၄ တွင် ကားတင်သွင်းခွင့် မူဝါဒအချို့ ပြောင်းမည် ကားဟောင်းအပ်၍ သွင်းသူများကို ၂၀၀၀ မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၈ မော်ဒယ် အထိသာ သွင်းခွင့်ပြုမည် - Eleven Media Group




လာမည့် ၂၀၁၄ ခုနှစ်တွင် ကားတင်သွင်းခွင့် ပြုရာ၌ တင်သွင်းခွင့်ပေးမည့် ကားမော်ဒယ်များကို ပြောင်းလဲသွားမည်ဖြစ်ပြီး ကားဟောင်းအပ်၍ သွင်းသူများ အနေဖြင့် ၂၀၀၀ မော်ဒယ်မှ ၂၀၀၈ မော်ဒယ် အထိသာ တင်သွင်းရတော့မည် ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

၂၀၁၁ ခုနှစ်မှစ၍ ကားဟောင်းအပ်၍ ကားသစ်ပြန်လည် တင်သွင်းမည့် သူများအား ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်သို့ ကူးပြောင်းရာတွင် လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်သို့ ကူးပြောင်းရာတွင် လည်းကောင်း တင်သွင်းခွင့် ပြုထားသော အခြေခံ ကားမော်ဒယ်အား တစ်နှစ်စီ တိုးမြှင့်ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ် စတင်စဉ်က မော်တော်ယာဉ်ဟောင်း အပ်နှံကာ အသစ်တင်သွင်းမည့် သူများအား အနိမ့်ဆုံး ၁၉၉၅ မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၅ မော်ဒယ်အထိ တင်သွင်းခွင့် ပြုထားရာမှ ၂၀၁၂ ခုနှစ်သို့ ကူးပြောင်းရာတွင် ၁၉၉၆ မော်ဒယ်မှ ၂၀၀၆ မော်ဒယ်အထိ ကားများကို တင်သွင်းခွင့်ပြုရန် ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ထို့နောက်တွင် ၂၀၁၃ ခုနှစ်သို့ ကူးပြောင်းသည့်အခါ ကားဟောင်းအပ်၍ ကားသစ် သွင်းသူများအား အနိမ့်ဆုံး ၁၉၉၇ မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၇ မော်ဒယ်အထိ တင်သွင်းရန် ပြောင်းလဲပြင်ဆင် သတ်မှတ်ပေးခဲ့သည်။

ထိုကဲ့သို့ မော်ဒယ် တစ်နှစ်စီ တိုးသွားသည့် စနစ်အရ ဆိုပါက ၂၀၁၄ ခုနှစ် အရောက်တွင် ကားဟောင်းအပ်၍ ကားသစ်သွင်းသူများ အနေဖြင့် ၁၉၉၈ မော်ဒယ်မှ ၂၀၀၈ မော်ဒယ်အထိ သွင်းခွင့်ရရှိကြမည် ဖြစ်သည်။

သို့သော် လာမည့် ၂၀၁၄ ခုနှစ်တွင်မူ ထိုကဲ့သို့ သွင်းခွင့်ပြုမည် မဟုတ်ဘဲ အနိမ့်ဆုံးအား ၂၀၀၀ မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၈ မော်ဒယ် အထိသာ သွင်းခွင့်ပြုတော့မည် ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

လူပုဂ္ဂိုလ် တစ်ဦးချင်း အနေဖြင့် သွင်းခွင့်ပြုသည့် ကားများအတွက်မူ မော်ဒယ်အား ယခင်က ချမှတ်ထားသည့် အတိုင်း ခုနှစ်တစ်ခု ကုန်ဆုံးတိုင်း မော်ဒယ်တစ်နှစ်စီ တိုးပေးသည့် စနစ်ဖြင့်သာ ဆက်လက်ခွင့်ပြု ပေးမည်ဟု သိရသည်။

ထို့အတွက် ယခု ၂၀၁၃ ခုနှစ်တွင် လူတစ်ဦးချင်း ကားတင်သွင်းမှုအား ၂၀၀၈ မော်ဒယ်အထက် အားလုံး တင်သွင်းခွင့် ပြုထားရာ လာမည့် ၂၀၁၄ ခုနှစ်တွင် ၂၀၀၉ မော်ဒယ်နှင့် အထက်ကားများကို တင်သွင်းခွင့် ပြုမည်ဖြစ်သည်။

ကားဟောင်းအပ်၍ ကားသစ်သွင်းသူများအပြင် ကားအရောင်း စင်တာများမှ တင်သွင်းရောင်းချရန် သတ်မှတ်ထားသည့် ကားမော်ဒယ်များကို ပြောင်းလဲသတ်မှတ် ခွင့်ပြုပေးထားကြောင်း သိရသည်။

ယခင်က ကားအရောင်း စင်တာများ အနေဖြင့် ကားဟောင်းအပ်၍ ကားသစ်တင်သွင်းမည့် သူများကိုသာ ရောင်းချရမည့် ကားများကို ရောင်းချခွင့် ပြုထားခြင်း ဖြစ်သော်လည်း ယခုအခါ တစ်ဦးချင်း ပုဂ္ဂိုလ် အနေဖြင့် တင်သွင်းမည့် သူများပါ ၀ယ်ယူနိုင်မည့် ကားများကိုပါ တင်သွင်းရောင်းချခွင့် ပြုထားသည်။

၂၀၁၄ ခုနှစ်တွင် ကားအရောင်း စင်တာများ အနေဖြင့် ကားဟောင်းအပ်၍ ကားသစ် သွင်းသူများအတွက် ၂၀၀၀ မော်ဒယ် မှ ၂၀၀၈ မော်ဒယ်အထိ လည်းကောင်း လူတစ်ဦးချင်း ၀ယ်ယူလိုသူများ အတွက် ၂၀၀၉ မော်ဒယ်မှ ၂၀၁၂ မော်ဒယ်အထိ လည်းကောင်း တင်သွင်းရောင်းချခွင့် ရရှိမည်ဖြစ် ကြောင်း၊ ကားအရောင်း စင်တာများကို ၂၀၁၂ မော်ဒယ်အထိ တင်သွင်း ရောင်းချခွင့် ပြုထားပြီး ၂၀၁၃ မော်ဒယ်နှင့် ၂၀၁၄ မော်ဒယ် ကားသစ်များကို တင်သွင်းရောင်းချခွင့် မပြုကြောင်း သိရသည်။

၂၀၁၃ မော်ဒယ်နှင့် ၂၀၁၄ မော်ဒယ်များကို ကားသစ်သီးသန့် တင်သွင်းရောင်းချမည့် ကားအရောင်း ပြခန်းများကိုသာ တင်သွင်းရောင်းချခွင့် ပြုမည်ဖြစ်ပြီး ၎င်းတို့ အနေဖြင့်လည်း ဘယ်မောင်းကားသစ် သီးသန့်ကိုသာ တင်သွင်းရောင်းချရန် သတ်မှတ်ထားကြောင်း သိရသည်။

(ပြန်အပ်ကားဟောင်းများ စွန့်ပစ်ရာ နေရာကို တွေ့ရစဉ်)

ဖူးခက် SuperCheap ဈေးရုံကြီး မီးလောင်မှု အသေအပျောက်စာရင်း အတည်မပြုနိုင်သေး - irrawaddy


ဖူးခက် SuperCheap ဈေးရုံကြီး မီးလောင်နေစဉ် (ဓာတ်ပုံ – phuketwan.com)
မြန်မာနိုင်ငံသား အများစု အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့က SuperCheap ဈေးရုံကြီး မီးလောင်ရာမှာ သေဆုံးသူတွေ ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အသေအပျောက် စာရင်းကို ယနေ့ ညနေအထိ အတည်ပြုနိုင်ခြင်း မရှိသေး ဘူးလို့ သိရပါတယ်။

အဲဒီဈေးရုံကြီးမှာ အလုပ်သမား ၃၀၀၀ ဝန်းကျင်ရှိရာ အများဆုံးက မြန်မာနိုင်ငံသားတွေဖြစ်ပြီး ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံ သားတွေလည်း ပါဝင်ကြောင်း ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။

ဗုဒ္ဓဟူးနေ့ ည ၉ နာရီခွဲလောက်ကနေ လောင်တဲ့ မီးဟာ ကြာသာပတေးနေ့ မနက် ၃ နာရီလောက်မှ မီးညွှန့်ကျိုးသွားတာလို့ မျက်မြင် အလုပ်သမားတွေက ပြောပါတယ်။

SuperCheap ဈေးရုံကြီး မီးလောင်မှုမှာ မြန်မာအလုပ်သမားတွေ ဘယ်လောက် ပါမပါ ဆိုတာကတော့ ရှင်းလင်းနေဆဲ အချိန်မှာပဲ ရှိနေသေးတာကြောင့် ထိုင်းအာဏာပိုင်တွေဘက်က အတည်ပြုပြောဆိုတာ မတွေ့ရသေးသလို၊ မြန်မာအလုပ်သမားတွေ အတွက် အကူအညီပေးဖို့ သွားရောက်စုံစမ်းနေတဲ့ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ကလည်း သေဆုံးသူ ရှိမရှိ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။

“သေတဲ့လူတွေ ရှိတယ်လို့တော့ သတင်းကြားပေမယ့်၊ အာဏာပိုင်တွေဘက်က အတည်ပြုထားတာ မရှိသေးပါဘူး၊ ဆေးရုံတွေကို လည်း ကျနော်တို့ သွားလေ့လာတယ်၊ မီးလောင်တဲ့ဈေးက အလုပ်သမားတွေနဲ့လည်း တွေ့ထားတယ်၊ အခုထိတော့ ကျနော်တို့ နိုင်ငံ သား သေတဲ့လူစာရင်း မရှိသေးဘူး၊ ဆက်သွယ်လို့မရဘဲ ပျောက်ဆုံးနေတဲ့ လူတွေတော့ရှိတယ်”လို့ FED အဖွဲ့ တာဝန်ခံ ဦးအောင်ကြည် က ဧရာဝတီကို ပြောပါတယ်။

ထိုင်းနိုင်ငံထုတ် The Nation သတင်းစာရဲ့ ဖော်ပြချက်အရတော့ မီးလောင်မှုကြောင့် ခန့်မှန်းခြေ အနည်းဆုံး ဘတ် သန်း ၅၀၀ တန်ဖိုး ပျက်စီးဆုံးရှုံးတယ်လို့ သိရပါတယ်။

မီးလောင်သေဆုံးမှုထဲမှာ မြန်မာနိုင်ငံသားတွေ ပါတယ်လို့ မိတ်ဆွေတွေဆီကနေ သတင်းကြားရပေမယ့် မီးလောင်နေစဉ်မှာတော့ ကိုယ်လွတ်ရုန်းနေရတဲ့ အတွက် လှည့်ကြည့်ဖို့ပင် အချိန်မရဘူးလို့ SuperCheap ဈေးရုံကြီးမှာ ခေါက်ဆွဲရောင်းတဲ့ မြန်မာနိုင်ငံသား ကိုအောင်ဇော်ဦး က ဧရာဝတီကို ပြောပါတယ်။

“တချို့သူငယ်ချင်းတွေကတော့ ဆက်သွယ်လို့မရဘူး၊ တချို့ကတော့ မြန်မာပြည်သားတွေ သေတာရှိတယ်လို့ ပြောတယ်၊ ကျနော် ကတော့ မီးလောင်ကတည်းက အလွတ်ထွက်ပြေးခဲ့ရတာ ဆိုတော့ လှည့်မကြည့်နိုင်ဘူး”လို့ သူက ပြောပြပါတယ်။

SuperCheap ဈေးရုံကြီးဟာ မနက် ၅ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်ပြီး အဝတ်အထည်၊ စားသောက်ကုန်၊ အလှကုန်၊ အီလက်ထရွန်နစ် ပစ္စည်းမျိုးစုံနဲ့ စက်ပစ္စည်း မျိုးစုံ စတာတွေအပါအဝင် ကုန်ပစ္စည်းမျိုးစုံရောင်းချကြောင်း အလုပ်သမားတွေက ပြော ပါတယ်။

ဈေးထဲမှာ အဝတ်အထည်ရောင်းနေတဲ့ ကိုစည်သူ ကလည်း “ကျနော်တို့ သူငယ်ချင်း အချို့ ဖုန်းဆက်လို့မရသေးဘူးဗျ၊ သေသ လား၊ ရှင်သလားလည်း မသိဘူး၊ ဒါမှမဟုတ် ပြေးရင်းနဲ့ ဖုန်း ကျကျန်ခဲ့လို့လားတော့ မသိဘူး၊ လူတွေသေတာတော့ ရှိတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

မီးလောင်ထားတဲ့ ဈေးရုံကြီးရှေ့မှာ ထိုင်းအာဏာပိုင်တွေက ကယ်ဆယ်ရေးစခန်းတခု ပြုလုပ်ပေးထားပြီး မြန်မာနိုင်ငံသားတွေ အပါ အဝင် မီးလောင်၊ ဒဏ်ရာရ၊ သေဆုံးသူတွေ တွေ့ရှိရင် သတင်းလာပေးဖို့ အကြောင်းကြားထားတဲ့အတွက် သူတို့အနေနဲ့ အလုပ် သမားတွေအကြား သေဆုံးမှုတွေရှိမရှိ လိုက်လံစုံစမ်းမှုတွေ ပြုလုပ်ပေးနေတယ်လို့ ဦးအောင်ကြည် က ပြောဆိုပါတယ်။

ကမ္ဘာလှည့် ခရီးသွား နှစ်ဦး ပုဂံတွင် လုယက်ခံရ - irrawaddy



ပုဂံဘုရားပေါ်၌ နေဝင်ချိန်ကို မှတ်တမ်းတင်နေကြသော နိုင်ငံခြားသားများ (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွား ဂျာမနီ နိုင်ငံသူ နှစ်ဦး ပြီးခဲ့သည့် တနင်္လာနေ့ညပိုင်းက စိမ်းညက်အမ ဂူဘုရား အနီး၌ လုယက်ခံရကြောင်း သတင်းရရှိသည်။

အဆိုပါ အမျိုးသမီးမှာ စက်ဘီးဖြင့် လှည့်လည်ကြည့်ရှုစဉ် လုယက်ခံရခြင်းဖြစ်ပြီး ကင်နွန်(Canon) ကင်မရာတလုံး၊ ခရက်ဒစ်ကတ် နှစ်ခု၊ မြန်မာကျပ်ငွေ ၂သောင်း ပါသွားကြောင်း ပုဂံနယ်မြေ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး တပ်ဖွဲ့ (Tourist Police)က ဧရာဝတီ သို့ ပြောသည်။

“ဒီနေရာတွေက လူတော့ မပြတ်ဘူး၊ ဒါပေမယ့် သူတို့က လမ်းမက မသွားဘဲ မြေလမ်းကသွားတော့ အလုခံရတာပါ၊ လုတဲ့သူကို မမိသေးပါဘူး”ဟု တာဝန်ကျ ရဲအရာရှိက ဆိုသည်။

Tourist Police တပ်ဖွဲ့  အနေဖြင့် ကမ္ဘာလှည့်ခရီးသွားများအား ကူညီနိုင်ရန် ပုဂံ၊ ညောင်ဦး၊ မင်းနန်သူ စသည့်နယ်မြေ ဒေသများတွင် လုံခြုံရေးချပေးခြင်းအပြင် လှည့်ကင်းများဖြင့်လည်း စောင့်ရှောက်လျက်ရှိကြောင်း၊ လုယက်မှုကိုလည်း အမြန်ဆုံး အရေးယူ သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။

ကမ္ဘာလှည့် ခရီးသွားများသည် ၄၂ ကီလိုမီတာခန့်ကျယ်ဝန်းသည့် ပုဂံမြို့ဟောင်းနှင့် မြို့သစ်ဧရိယာအတွင်း စက်ဘီးများ၊ ကားများ၊ မြင်းလှည်းများဖြင့် လှည့်လည်ကြည့်ရှု လေ့လာကြခြင်းဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းကပင် တလလျှင် ခရီးသွားဦးရေ ၃ သောင်းခန့် လာရောက်သည်ဟု သိရသည်။

ဧည့်လမ်းညွန် လုပ်ကိုင်နေသည့် ပုဂံဒေသခံ ဦးမျိုးနိုင်ကလည်း “ကမ္ဘာလှည့် ခရီးသွားတွေအပေါ်မှာ ဂိုဏ်းဖွဲ့ ကျူးလွန်တာမျိုးတော့ မရှိသေးဘူး။ အခု လောလောဆယ်တော့ ပိုက်ဆံအိတ် လုပြေးတာလောက်ပဲ ရှိသေးတယ်၊ ဒါကို အခုကတည်းက သေသေချာချာ ကြပ်မတ်ရမယ်၊ ကမ္ဘာလှည့်ခရီးသွား များလာရင် ဒုစရိုက်သမား စားကျက် ဖြစ်လာနိုင်တယ်”ဟု ပြောဆိုသည်။

ကမ္ဘာလှည့် ခရီးသွား များပြားလာသည့်နည်းတူ ၎င်းတို့ လုံခြုံရေးအတွက် Tourist Police ရဲတပ်ဖွဲ့ကို ယခုနှစ် မတ်လအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း ပုဂံဒေသတွင်မူ လုယက်မှုများ ဆက်လက်ရှိနေသေးသည်။

“Tourist Police လည်း ကြိုးစားပြီး လစ်ကွက်ဟာကွက်မရှိအောင် လုပ်နေတာကို တွေ့ရပါတယ်၊ ဒါပေမယ့် လာတဲ့ ဧည့်သည်နဲ့ လုံခြုံရေးအဖွဲ့ အချိုးကျတွက်ကြည့်ရင် အရမ်းနည်းနေသေးတော့ လစ်ဟာသွားတဲ့အချိန် အကြံသမားက လုပြေးတာပါ”ဟု ပုဂံဒေသ ရှိ မြန်မာ ခရီးသွားလုပ်ငန်းမှ တာဝန်ခံ ဦးတင့်ဝေက ဧရာဝတီသို့ ပြောသည်။

ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသည် တနေ့လျှင် ၅၀၀ ခန့်လာရောက်နေရာ ပွင့်လင်းရာသီတွင် ပိုမိုလာရောက်မည်ဖြစ်သည့်အတွက် ကမ္ဘာလှည့်ခရီးသွားများ လုံခြုံရေး ရပ်ရွာလူထုကလည်း ၀ိုင်းဝန်းပေးရန် ပညာပေးအစီအစဉ်များဖြင့် စည်းရုံးလှုံ့ဆော်လျက်ရှိသည် ဟု သိရသည်။

မြန်မာနိုင်ငံသည် အပြောင်းအလဲများ ပြုလုပ်လာခြင်း၊ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု များပြားလာခြင်းတို့ကြောင့် အာရှ၊ ဥရောပ နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွား တိုးတက် များပြားလျက်ရှိရာ ပြီးခဲ့သည်နှစ်က တသန်းခန့် လာရောက် လည်ပတ်ခဲ့သည်။

လာမည့် ၂၀၁၄ နှစ်တွင် ကမ္ဘာလှည့်ခရီးသွား သုံးသန်းခန့် လာရောက်မည်ဟု ခန့်မှန်းနေကြသော်လည်း ဟိုတယ်၊ လုံခြုံရေး စသည့် အခြေခံ အဆောက်အအုံများ မလုံလောက်မှုက အဆင်သင့်မရှိသေးသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးတချို့တွင် ဗုံးပေါက်ကွဲမှုများကြောင့် အမေရိကန် အပါအ၀င် အနောက်နိုင်ငံ အစိုးရများက ၎င်းတို့နိုင်ငံသားများကို သတိပေးမှုများ ပြုလုပ်ခဲ့သေးသည်။

ဗုံးပေါက်ကွဲမှုများကြောင့် ပုဂံဒေသရှိ ဟိုတယ်ကြီးမှ ၀န်ထမ်းများကို လုံခြုံရေးဆိုင်ရာ သင်တန်းများပေးရန် စီစဉ်နေသည်ဟု ဦးတင့်ဝေက ဆက်ပြောသည်။

ကမ္ဘာလှည့်ခရီးသွား အများအပြားလာရောက်သည့် ပုဂံရှေးဟောင်းနယ်မြေ အတွင်း ဗုံးနှင့် ပတ်သက်ပြီး လုံခြုံရေးတိုးမြှင့်ထား မထား ပုဂံမြို့နယ် ရဲစခန်းသို့ ဧရာဝတီက မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆိုသွားသည်။

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်း ကိုရီးယားတွင် လေ့ကျင့်မှုများ စတင် - Popular Myanmar News Journal


ဆီးဂိမ်း ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းသည်
ယနေ့မှ စတင်ကာ တောင်ကိုရီးယားနိုင်ငံ၊ မုပ်ပိုမြို့ရှိ Mokpo National Football Center တွင် လေ့ကျင့်မှုများ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်းMFFမှသိရသည်။
မြန်မာ ယူ-၂၃ အသင်းသည် အောက်တိုဘာ ၁၈ရက်နေ့မှ အောက်တိုဘာ ၃၁ရက်နေ့ အထိ မုပ်ပို လေ့ကျင့်ရေး စင်တာတွင်
Joint Training ပြုလုပ်သွားမည် ဖြစ်ကာ တောင်ကိုရီးယား ကလပ်အသင်း (၄)သင်းနှင့် ခြေစမ်းပွဲများ
ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။
ထို့နောက်တွင် နိုဝင်ဘာ ၁ရက်နေ့မှ ၁၀ရက်နေ့ အထိ ဂျပန်နိုင်ငံ အိုဆာကာ၌ Joint Training ဆက်လက် ပြုလုပ်မည် ဖြစ်ကာ ခြေစမ်းပွဲ ၄ပွဲ ထပ်မံ ယှဉ်ပြိုင်မည် ဖြစ်ကြောင်းMFFမှသိရသည်။T

ယခုပညာသင်နှစ်မှ စတင်ဖွင့်လှစ်မည့် မြန်မာ့သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်၏ ကျောင်းဝင်ခွင့် လျှောက်လွှာများ နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ခေါ်ယူသွားမည် - Eleven Media Group




မြန်မာ-အိန္ဒိယ ပူးပေါင်း၍ ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်မည့် မြန်မာ့သတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ်၏ ကျောင်းဝင်ခွင့် လျှောက်လွှာများအား နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်သို့ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ အနိမ့်ဆုံး ရမှတ် ၄၈၀ မှတ်နှင့်အထက် ရှိသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ၀င်ခွင့်လျှောက်လွှာတွင် ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။

''ကျောင်းဝင်ခွင့်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ ၀င်ခွင့်ခေါ်ယူတဲ့ အခါမှာ ထည့်သွင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်'' ဟု သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း၍ အဆင့်မြင့် နည်းပညာ ကဏ္ဍတွင် အိန္ဒိယနိုင်ငံ တက္ကသိုလ်များရှိ ပါမောက္ခ၊ ဆရာ၊ ဆရာမများက အဆင့်မြင့် ဘွဲ့လွန်နည်းပညာရပ်များ၊ သက်ဆိုင်ရာဘွဲ့ အသီးသီးအလိုက် နည်းပညာဆိုင်ရာ သင်တန်းများအား မြန်မာ့သတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ် (MIIT) တွင် သင်ကြားရေး ဆရာများအဖြစ် ပို့ချသင်ကြားသွားမည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနမှ သိရသည်။

အဆိုပါ အိန္ဒိယ-မြန်မာ တက္ကသိုလ်အကြား အဆင့်မြင့် ဘွဲ့လွန်ဒီပလိုမာပညာ သင်တန်းများ၊ သက်ဆိုင်ရာဘွဲ့ ပေးအပ်မည့် သင်တန်းများ ဖွင့်လှစ်ရေး၊ တက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူများ အပြန်အလှန် စေလွှတ်ရေးနှင့် နှစ်နိုင်ငံ ဘွဲ့ချီးမြှင့်မည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး အိန္ဒိယ တက္ကသိုလ်မှ သင်ကြားရေးဆရာ၊ ဆရာမများ ခြောက်ဆယ်ကျော်က သင်ကြားပို့ချ ပေးမည်ဖြစ်သည်။

''အိန္ဒိယက ဆရာ၊ ဆရာမ ၆၀ ကျော်က နည်းပညာနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပို့ချသွားမယ်။ နှစ်နိုင်ငံ ပူးပေါင်းပြီးတော့ သက်ဆိုင်ရာဘွဲ့ ပေးအပ်မှာ ဖြစ်ပါတယ်'' ဟု သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောကြားသည်။

ယင်းသတင်း အချက်အလက် နည်းပညာ တက္ကသိုလ်အား အိန္ဒိယနိုင်ငံ အစိုးရအဖွဲ့ Indian Institute of Information Technology(Bangalore) တို့၏ ပံ့ပိုးကူညီမှုဖြင့် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်ရှိ ဧက ၂၀ ကျယ်ဝန်းသော လေယာဉ်ကွင်းဟောင်း မြေနေရာတွင်၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးတည်ဆောက်၍ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး နည်းပညာ တက္ကသိုလ် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့် အချိန်တွင် အဆိုပါ တက္ကသိုလ်၌ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား (COE) အဆင့်မြှင့်တင်ထားသည့် မန္တလေး ကွန်ပျူတာ တက္ကသိုလ်တွင် ယာယီတက်ရောက်သင်ကြားနေကြောင်း သိရသည်။

ယင်းသတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ်အား နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ အဆင့်မီ တက္ကသိုလ်ဖြစ်ရန် Commerence and E-goverment Communication၊ English and Soft Skills Centre၊ Network Management Centre for Communication Learning Management စသည့် ဌာနများဖြင့် ဖွဲ့စည်းပြီး Bachelor of Technology(B.Tech) (သို့မဟုတ်) Bachelor of Engineering(B.E) ဘွဲ့များအား အပ်နှင်းသွားမည် ဖြစ်သည်။

(မြန်မာ့သတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ် ကျောင်းသားများအား ယာယီ သင်ကြားပေးမည့် မန္တလေး ကွန်ပျူတာ တက္ကသိုလ်အား တွေ့ရစဉ်)

ဟိုတယ်ခန်းအတွင်း အသံခိုးဖမ်းခြင်း၊ ကင်မရာခိုးရိုက်ခြင်းတို့အား စစ်ဆေးနိုင်သည့် ခေတ်မီစက်များတပ်ရန် ပြင်ဆင် - Mizzima - News in Burmese

ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်လုံးတွင် အခန်းများအတွင်း အသံခိုးဖမ်းခြင်း၊ ကင်မရာ ခိုးရိုက်ခြင်းတို့ကို စစ်ဆေးနိုင်သည့် စက်ကိရိယာများကို ပုဂ်္ဂိုလ်ရေးလုံခြုံမှုအတွက် တပ်ဆင်ရန် စီစဉ်နေသည်ဟု ဟိုတယ်/ခရီးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဦးအောင်ဇော်ဝင်းက ပြောသည်။

ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်လုံးအတွင်း ဗီဒီယိုခိုးရိုက်သည့် ကောလာဟလသတင်းများပြီးခဲ့သည့် လအတွင်းက Social Network များတွင် ထွက်ပေါ်လာပြီးနောက်တွင် ယင်းစက်များထားရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆက်လက်ရှင်းပြသည်။

ယင်းဟိုတယ်သို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။ အဆိုပါစက်ကိရိယာမှာ ဧည့်ကြိုနေရာတွင်သာမက ဟိုတယ်အခန်းအတွင်းလည်း စစ်ဆေးနိုင်သည်ဟု ဆိုသည်။ ဟိုတယ်/ခရီး ၀န်ကြီးဌာနက ဟိုတယ်များကို လိုင်စင်ချထားရာတွင် Wifi နှင့် CCTV ကင်မရာများ တပ်ဆင်ရမည်ဟု သတ်မှတ်ညွှန်ကြားထားသော်လည်း ယင်းစက်မျိုးတပ်ဆင်ရန်မူ ညွှန်ကြားထားခြင်း မရှိပေ။

လက်ရှိတွင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်နှင့် စစ်ကိုင်းမြို့ရှိ ဟိုတယ်တစ်လုံးတို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက်တွင် လုံခြုံရေးပိုမိုတင်းကျပ်ရန် ဟိုတယ်များအား ဟိုတယ်/ခရီးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေက တိုက်တွန်းထားသည်။

သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း ကွယ်လွန် - RFA Burmese




သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း အသက် ၉၂ နှစ်ဟာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မဟာမြိုင်ဆေးရုံမှာ ဒီနေ့ နေ့လည်ပိုင်းက ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း ကွယ်လွန်သွားကြောင်းကို သမီးဖြစ်သူ ဒေါ်အေးအေးဝင်းက အခုလိုပြောပါတယ်။

“အဖေကတော့ ၂ နာရီ ၂၂ မိနစ်ပေါ့၊ ဒီနေ့ ကြာသပတေးနေ့မှာ မဟာမြိုင်ဆေးရုံမှာပဲ ဆုံးသွားပါတယ်၊ ပြောရရင်တော့ လူကြီးရောဂါပေါ့၊ အရမ်းဖျားလာတာကနေ ဆေးရုံတင်တယ်၊ နောက်ကျတော့ ကျောက်ကပ်ပျက်သွားတယ်လို့လဲ ပြောပါတယ်”

သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းကို ၁၉၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ဧရာဝတီတိုင်း ကျောင်းကုန်းမြို့မှာ မွေးဖွားခဲ့တာပါ။ သူဟာ ၁၉၄၂ ခုနှစ်ကတည်းက သတင်းစာဆရာအဖြစ် ရပ်တည်ခဲ့သူဖြစ်ပြီး ဂျပန်ခေတ်၊ ကိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်ကနေ စစ်အစိုးရ ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးတဲ့ သတင်းစာဆရာတစ်ဦး ဖြစ်ပါတယ်။ ဦးစိန်ဝင်းဟာ ၁၉၅၈ ခုနှစ်မှာ ဂါးဒီးယန်း သတင်းစာတိုက်ကို ထူထောင်ခဲ့ပြီး၊ ၁၉၆၃ ခုနှစ်အထိ Guardian ဂါးဒီးယန်းသတင်းစာ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

သူဟာ သတင်းစာလွတ်လပ်ခွင့်အတွက် အမြဲတမ်းတိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်တာကြောင့် သူကွယ်လွန်သွားတာဟာ သတင်းစာလောကအတွက် စံနမူနာထားရတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဆုံးရှုံးလိုက်ရသလိုပဲလို့ ၀ါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က ပြောပါတယ်။

“ဦးစိန်ဝင်းဟာ သတင်းစာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ သတင်းစာသမားတွေရဲ့ စည်းလုံးညီညွှတ်မှုနဲ့ သတင်းစာလွတ်လပ်ခွင့်ကို တိုက်ပွဲဝင်ရမယ်ဆိုတာကို အမြဲတမ်းစိတ်ထားရှိတဲ့ပုဂ္ဂိုလ်၊ အဲဒါကြောင့်သူဟာ သတင်းစာဆရာအသင်း ဥက္ကဌတွေလုပ်ခဲ့တယ်၊ နောက်တခါ စာနယ်ဇင်းကောင်စီရဲ့ အတွင်းရေးမှူးတွေလုပ်ခဲ့တယ်၊ အဲဒီကာလတစ်လျှောက်လုံး ကျနော်သူနဲ့တွဲပြီး လုပ်ခဲ့ဖူးတဲ့အတွက် ဦးစိန်ဝင်းရဲ့ အလွန်ထက်သန်တဲ့ သတင်းစာလွတ်လပ်ခွင့် တိုက်ပွဲဝင်မှုတွေကို ကျနော်အခုထိအမှတ်ရနေတယ်၊ ဦးစိန်ဝင်း အခုလိုကွန်လွယ်သွားတဲ့အခါမှာ သတင်းစာလောကရဲ့ အလွန်အရေးကြီးတဲ့ အင်အားကြီးတစ်ခုပေါ့ဗျာ၊ စံနမူနာထားရတဲ့ပုဂ္ဂိုလ်တစ်ဦး၊ သတင်းစာလွတ်လပ်ခွင့် တိုက်ပွဲဝင်တဲ့ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်”

ဦးစိန်ဝင်းရဲ့ ဂါးဒီးယန်းသတင်းစာဟာ ၁၉၆၂ ခုနှစ် စစ်အာဏာရှင် ဦးနေ၀င်း အာဏာသိမ်းပြီးတဲ့နောက်မှာ တခြားပုဂ္ဂလိက သတင်းစာများနည်းတူ ပိတ်ပင်ခံခဲ့ရပါတယ်။

ဆရာဦးစိန်ဝင်းဟာ ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရလက်ထက်မှာပဲ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ နဲ့ ၁၉၆၅ ကနေ ၁၉၆၈ ခုနှစ်အထိ ၃ နှစ်ကျော် ထောင်ချခြင်းခံခဲ့ရပါတယ်။

၁၉၆၃ ခုနှစ်မှာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ သတင်းစာထုတ်ဝေသူများအဖွဲ့ချုပ်က ဦးစိန်ဝင်းကို သတင်းစာလွတ်လပ်ခွင့် ကြိုးပမ်းသူအဖြစ် ရွှေကလောင်ဆု ချီးမြှင့်ခဲ့ပါတယ်။ ဆရာကြီးဦးစိန်ဝင်းဟာ အေပီနဲ့ ကျိုဒိုသတင်းဌာနတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဂျပန်အစိုးရက ကန်ဒေါ်လာငါးသိန်းဖြင့် အခြေခံပညာကျောင်း များ ဆောက်လုပ်မည် - The Voice Weekly



ဂျပန်နိုင်ငံအစိုးရ၏ အသေးစား စီမံကိန်း ထောက်ပံ့ရေး အစီအစဉ် (GGP) အရ မြန်မာနိုင်ငံရှိ အခြေခံပညာစာသင် ကျောင်း ရှစ်ကျောင်းကို အမေရိကန်ဒေါ်လာ ၄၇၀,၇၉၉ အသုံးပြု ဆောက်လုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အောက်တိုဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဆောက်လုပ်မည့် ကျောင်းများမှာ ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာ အထက်တန်းကျောင်း နှစ်ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ အလယ်တန်းကျောင်း တစ်ကျောင်းနှင့် ချင်းပြည်နယ်တွင် အခြေခံပညာ မူလတန်းကျောင်း ငါးကျောင်းတို့ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ကျောင်းများကို ဆောက်လုပ်ရေးကုမ္ပဏီ သုံးခုဖြင့် တစ်နှစ်အတွင်း အပြီးဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ အခြေခံ မူလတန်းကျောင်း ငါးကျောင်းကို တစ်ထပ်ဆောင် ဆောက်လုပ်မည် ဖြစ်ပြီး ကျန်သုံးကျောင်းကို နှစ်ထပ်ဆောင် သံကူ ကွန်ကရစ်ဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ယင်းကျောင်းဆောင်များသည် အသစ်ပြန်လည် တည်ဆောက်ခြင်းသာ ဖြစ်ကြောင်း ဂျပန်သံရုံးမှ GGP အစီအစဉ် တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါကျောင်း ရှစ်ကျောင်းကို ဆောက်လုပ်ပြီးစီး သွားပါက ကျောင်းသားပေါင်း ၂၈၆၀ ဦးသည် ကောင်းမွန် သန့်ရှင်းသော ပတ်ဝန်းကျင်တွင် စာသင်ကြားနိုင်မည် ဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ်မှစ၍ ဂျပန်နိုင်ငံ GGP အစီအစဉ်ဖြင့် မြန်မာနိုင်ငံရှိ ကျောင်းပေါင်း ၂၇၁ ကျောင်းကို အဆင့်မြှင့်တင်ပေးပြီး ဖြစ်ကြောင်း ဂျပန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုဘိုင်း ဆင်းမ်ကဒ်အကြောင်း သိကောင်းစရာ - August Myanmar Development Centre


SIM Card ဆိုတာ subscriber identity module သို့မဟုတ် subscriber identification module လို အရှည်ခေါ်ပါတယ်။ မြန်မာလို တိတိကျကျကြီး ဘာသာပြန်ရရင် လစဉ်/ နှစ်စဉ်ကြေး ပေးသွင်းသူ၏ အထင်အရှားလက္ခဏာ များအား သိမ်းဆည်းထားရာ အစိတ်အပိုင်းတစ်ခု လို့ အဓိပ္ပါယ် ရပါတယ်။

တစ်ခါတစ်လေကျရင် တိတိကျကျကြီး ဘာသာပြန်လိုက်တာထက် အင်္ဂလိပ်လို မှတ်သားတာ အကောင်းဆုံးပါပဲ။ သူက Portable Memory Chip လိုမျိုးပါပဲ။ ကြိုးမဲ့ ဆက်သွယ်ရေး နည်းပညာအတွက် အထောက်အပံ့ ပေးတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့အတွက် စကားပြောလိုလို့ ရမယ်၊ စကား အသံ အဖြစ်သို့ ပြောင်းလဲပေးမယ့် Transmitter, Receiver ပါရှိ တယ်လီဖုန်းနဲ့ တွဲဆက်အသုံးပြုလိုက်တဲ့အခါ မိုဘိုင်းဖုန်း ဆိုပြီး ဖြစ်လာပါတယ်။

ပါဝင်တဲ့အစိတ်အပိုင်းများက ပုံမှာ ပြထားတဲ့အတိုင်းပါပဲ။ SIM card မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ ပမာဏလည်း အသင့်တင့် ရှိပါတယ်။ ယင်းကလည်း ထုတ်လုပ်သူအပေါ်မှာ မူတည်ပါတယ်။ ကျနော် တို့ မြန်မာပြည်က SIM Card မှာဆိုရင် Phone Address ဘယ်နှစ်ခု ထည့်သွင်း သိမ်းဆည်းနိုင်တယ်ဆိုပြီး သူ့အကန့်အသတ်နဲ့ သူရှိပါတယ်။

အလုပ်လုပ်တဲ့ Network အပေါ်မှာမူတည်ပြီးတော့ GSM, CDMA, WCDMA အစရှိသဖြင့် ကွဲပြားသွားပါတယ်။ GSM ဆိုရင်တော့ Global System for Mobile Communications (GSM) network ပါ။ ဒီအတွက် SIM Card မှာ ကတည်းက တစ်ခါတည်း Program သွင်းထားတဲ့အတွက် CDMA ပဲ Support လုပ်တဲ့ စမတ်ဖုန်းတွေမှာ ထည့်ပြီး အသုံးပြုလို့ မရပါဘူး။ CDMA တို့ဆိုရင်လည်း ဒီတိုင်းပဲ ဖြစ်ပါတယ်။

SIM ကဒ်ကို အကြမ်းအားဖြင့် အမျိုးအစား လေးမျိုး ထပ်ခွဲပါသေးတယ်။

H1 - သာမန်ကွန်ရက်ကို အသုံးပြုသော ဆင်းမ်ကဒ်
H2 - သာမန်ထက်ပိုကောင်းသော ကွန်ရက်ကို အသုံးပြုသော ဆင်းကဒ်
H3 - ပိုမိုကောင်းမွန်သော ကွန်ရက်
H4 - အကောင်းဆုံး ကွန်ရက် ကို အသုံးပြုသော ဆင်းကဒ်

Normal, Better, Better Better, Best ဆိုပြီး အင်္ဂလိပ်လို အလွယ်ပြော လိုက်ပေမယ့် သူ့မှာ Specification ထပ်ကွဲပါသေးတယ်။ ဧရိယာ အကျယ် အဝန်း၊ အပိတ်အဆို့ (Barrier) ဖြတ်သန်းနိုင်စွမ်း၊ မီတာ အကွာအဝေး အစရှိသဖြင့် ထည့်သွင်းတွက်ချက်ပြီး အဆင့်ကို ခွဲခြားထားခြင်း ဖြစ်ပါတယ်။ H4 အဆင့်ကတော့ သာမန်အရပ်သားတို့ အသုံးပြုဖို့ ထုတ်လေ့ထုတ်ထ မရှိပါဘူး။ စစ်တပ်နဲ့ အရေးကြီးပုဂ္ဂိုလ်များ၊ လုံခြုံရေးဝန်ဆောင်မှုနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေမှာသာ H4 အဆင့်ရှိ SIM Card ကို နိုင်ငံတကာမှာ ပေးသုံးလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ H4 ကဒ် အမျိုးအစားက Bandwidth ပိုစားတဲ့အတွက် အခြား ဖုန်းများရဲ့  လိုင်းဆွဲ အားကို သိသိသာသာ ကျဆင်းစေလို့ ဖြစ်ပါတယ်။

SIM အရွယ်အစားမှာဆိုရင်လည်း Normal SIM, Mini SIM, Micro SIM, Nano SIM အစရှိသဖြင့် အရွယ်အစား အမျိုးမျိုး ထပ်ကွဲပြား ပါသေးတယ်။ ယနေ့ စမတ်ဖုန်းတွေမှာ အများဆုံး အသုံးပြုတာက Mini နဲ့ Micro ဖြစ်ပေမယ့် နောက်ပိုင်း စမတ်ဖုန်းတွေက Nano SIM ကို အသုံးပြုတာကို ဦးတည်လာကြပါတယ်။ SIM ထုတ်သူများက နိုင်ငံတကာ နဲ့ တန်းတူဖြစ်အောင် SIM အရွယ်တစ်ခုကို သတ်မှတ်ပြီး ထုတ်ထား ခြင်းပါ။ Clearance အနေနဲ့ အပြင်အသားက သိသိသာသာ ပိုပါတယ်။ ယင်းအသားက မပါလည်း ဖုန်းကွန်ရက်ကို မထိခိုက်စေပါဘူး။ ရွယ်ရွယ်ချက်က စမတ်ဖုန်းတွေထဲ ထည့်တဲ့အခါ အဆင်မပြေရင် ဖြပ်ညှပ် လိုက်လို့ရအောင်ပဲ ဖြစ်ပါတယ်။ ယင်းတစ်ချက်တည်းတော့ မဟုတ်ပါဘူး။

SIM ကဒ်ထုတ်သူ Company ရဲ့  အချက်အချက်ကို ထည့်သွင်းရေးသားဖို့ အတွက်လည်း နေရာ ဖြစ်ပါတယ်။ အခြားအကြောင်းပြချက်လည်း ရှိပါ သေးတယ်။ ထားလိုက်ပါ။ ကဒ်ရဲ့  အထူကတော့ အားလုံး ၀.၇၆ မီလီမီတာ ဖြစ်ပါတယ်။

Service Provider များက သက်ဆိုင်ရာ SIM Card များရဲ့  Data Security နဲ့ Phone call များအား လုံခြုံမှုရှိအောင် ထိန်းသိမ်းပေးရ ပါတယ်။ ဖုန်း အဝင်အထွက်၊ ကြာချိန်၊ နာရီစက္ကန့်အားလုံး Service Provider တို့ Data Center မှာ ရှိပါတယ်။ အကယ်၍ SIM Card ရဲ့  Data နဲ့ ပက်သက်လို့ သို့မဟုတ် အသုံးပြုမှု အမှားအယွင်း တစ်ခုခုဖြစ်ပေါ်ရင် Lock ကျစေမ့ယ် စနစ်လည်း ပါဝင်တာကို လူတိုင်း သိမှာပါ။


GSM Network မှာတောင်မှ 1G, 2G,3G,3.5G, 4G အစရှိသဖြင့် ထပ်ကွဲ ပါသေးတယ်။ ယနေ့ အများစု အသုံးပြုမှုက 3G ဖြစ်ပြီး ဗီဒီယိုနဲ့ Data ပါ Transfer လုပ်လို့ ရပါတယ်။ 4G ကတော့ နောက်ဆုံးပေါ် နည်းပညာပါ။ ဥရောပမှာဆိုရင် LTE လို့ ခေါ်ပါတယ်။ 4G လည်း Voice, Video, Data Tranfer ပါပဲ။ သို့ပေမယ့် Speed ကျတော့ 3G ထက်သိသိ သာသာ ကောင်းသွား ပါတယ်။

2G က မလုံခြုံပါဘူး။ 2G ကွန်ရက်သုံးတဲ့ ဖုန်းဖြစ်ရင် လုံခြုံရေးနဲ့ ပက်သက် လို့ အရေးကြုံတဲ့အခါ ကဒ်ကိုဖုန်းထဲက ထုတ်ထားတာ အကောင်း ဆုံးပဲလို့ လေ့လာဖူးပါတယ်။ ယင်း Module က Device ထဲ ထည့်ထားတဲ့ အခါ ဖုန်းကို Power out ထားလည်း ကွန်ရက် Center ကနေ ထောက်လှမ်းလို့ လွယ်ကူလို့ ဖြစ်ပါတယ်။

လေ့လာမိသမျှ နောက်မှ ဆက် Share ပါ့မယ်။

အောင်ခမ်း (AMDC)

မိုးစက်ဝိုင် ဆုနှစ်ဆုတွင် ဦးဆောင်လျက်ရှိ - Mizzima - News in Burmese



Miss Universe 2013 ပြိုင်ပွဲအား မြန်မာကိုယ်စားပြုအဖြစ် ၀င်ရောက် ယှဉ်ပြိုင်လျက်ရှိသော မိုးစက်ဝိုင်သည် ဆုနှစ်ဆုတွင် ဦးဆောင်လျက်ရှိကြောင်း Miss Myanmar Universe Organization မှ ကိုချမ်းလင်းသူက မဇ္ဈိမသို့ ပြောသည်။

ယင်းဆုများမှာ Missosology People's Choice Award? People Choice A ward HOT PICKS People Choice Award ဆုတို့ဖြစ်ကြပြီး အဆိုပါ ဆုများသည် အွန်လိုင်းဖြင့် ပရိသတ်များမှ ပေးနိုင်သောဆုများ ဖြစ်ကြသည်။

အခုလက်ရှိမှာ ဆုနှစ်ဆုအတွက် မြန်မာက ဦးဆောင်နေတယ်။ နောက်ဆုတစ်ဆုကတော့ ဒုတိယနေရာမှာ ရှိနေပါတယ်”ဟု ချမ်းလင်းသူက ပြောပြသည်။ ယင်းပြိုင်ပွဲသို့ နိုင်ငံပေါင်း ၈၇ နိုင်ငံမှ အလှမယ်များ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူမြို့ တို့၏ ပေါက်ကွဲမှု ဖြစ်စဉ် များတွင် ထွက်ပြေး တိမ်းရှောင် နေသည့် အဓိက တရားခံ (၂)ဦး အား တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်း ပေးကြပါရန် - ပြည်ထဲရေး ဝန်ကြီး ဌာန



ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်း ဖောက်ခွဲမှု ဖြစ်စဉ်များတွင် အဓိက တရားခံများ ဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် အောက်ပါ အကြမ်းဖက် ဖောက်ခွဲရေး သမား များ၏ လှုပ်ရှား သတင်းများ ရရှိပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ များသို့ သတင်း ပေးပို့ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

ပြည်ထဲရေး ဝန်ကြီး ဌာန


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်ပေါက်ကွဲဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ် - Yangon Police



၁၈.၁၀.၂၀၁၃ရက်နေ့ ၁၅၀၀အချိန် မှ ၁၆၂၀ အချိန်ထိ ရန်ကုန်တိုင်း
ဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်အနောက်ရပ်ကွက်၊ အလုံလမ်းနှင့်
ပြည်လမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တိုင်းဒေသကြီးအချို့တွင် ဗုံးပေါက်ကွဲဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးစိန်တင်ဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်
ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းနှင့် တိုင်းဒေသကြီး ၀န်ကြီးများ၊
ရဲမှူးချုပ် ၀င်းနိုင်ထွန်း(လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူး)၊ ရဲမှူးချုပ် အောင်ဝင်းဦး(မှုခင်းရဲတပ်ဖွဲ့မှူး)၊ ရဲမှူးချုပ် စိုးမြိုင် (ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှူး)၊ ရဲမှူးချုပ် သူရဘိုနီ(အမှတ်-၂ ရကဖမှူး)၊ ရဲမှူးကြီး ၀င်းနိုင်
(ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး)၊ ရဲမှူးကြီး ကျော်ဝင်းသိန်း
(နိုင်ငံဖြတ်ကျော်မှုခင်းဌာန)၊ ရဲမှူးကြီး မျိုးဆွေဝင်း(မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး)၊ ဒုရဲမှူးကြီး စိုင်းဝင်းအေး (ရန်ကုန်တိုင်းဒေသကြီးဒုတိုင်းရဲတပ်ဖွဲ့မှူး)နှင့် ရန်ကုန်မြို့အခြေစိုက် သံရုံးသံတမန်များ၊ ကုလသမဂ္ဂ
လက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအ၀င် (၈၀)ဦးခန့်၊ ပြည်တွင်း/ပြည်ပသတင်းထောက်များဖြစ်သော စိုးသန်းဝင်း(AFP)၊ အေးအေးဝင်း(AP) ၊ဦးကျော်ဇေယျာဝင်း(DVB)၊
ကျော်မြတ်စံ(ရန်ကုန်တိုင်းမ်)၊ မိုးစက်(ကုမုဒြာ)၊ ဦးနေလင်း(MRTV-4) တို့အပါအ၀င်(၁၇၀)ဦးခန့်၊ စုစုပေါင်း(၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းမှ ပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရေးယူဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းပြောကြားကာ တက်ရောက်လာသော သတင်းထောက်များ၏ မေးမြန်းမှုများအား တာဝန်ရှိသူများမှ
ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အဝေးသင်ဘွဲ့ အပယ်ခံဖြစ်ပြီလား - popularmyanmar


ပြီးခဲ့သော စက်တင်ဘာလအတွင်း အစိုးရထုတ်နေ့စဉ် သတင်းစာ များ၌ ရန်ကုန်မြို့တော် စည်ပင် သာယာရေးဌာနက အလုပ်ခေါ်ယူရာ တွင် အရည်အချင်း သတ်မှတ် ချက်တစ်ခု မှာ အစိုးရတက္ကသိုလ်တစ်ခုခု (နေ့ ကျောင်း)ဖြင့် ဘွဲ့ရပြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ချက်ကို ဖတ်ရှုလိုက်ရပါသည်။ယင်းသတ်မှတ်ချက်ကို ဖတ်ရသော ကျွန်ေ တာ့်အနေဖြင့် အံ့သြတုန်လှုပ်မိပါ သည်။ အဘယ့်ကြောင့်ဆိုသော် အဝေး သင်တက္ကသိုလ်ဆိုသည်မှာ နိုင်ငံတော်မှ တရားဝင်ခွင့်ပြု ဖွင့်လှစ်ထားသော တက္က သိုလ် တစ်ခု ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ အစိုးရတက္ကသိုလ်ချင်းအတူ တူ နေ့ကျောင်းနှင့် အဝေးသင် ခွဲခြား ခေါ်ယူခြင်းမှာ လုံးဝမဖြစ်သင့်သောကိစ္စ ဖြစ်ပါသည်။ အဝေး သင်ဘွဲ့ရများကို နှိမ့်ချထားသောသဘောဖြစ်နေပါသည်။
ကျွန်တော်သည် ၁၉၆၈ ခုနှစ်က လုပ်သားများကောလိပ်မှ သိပ္ပံဘွဲ့ရရှိခဲ့ သူ ဖြစ်ပါသည်။ ယခင် လုပ်သားများ ကောလိပ် မပေါ်မီ သက်ကြီးတက္ကသိုလ် ဟူ၍ ပေါ်ပေါက်ခဲ့ရာ ကျွန်တော်တို့လို ၁ဝ တန်းအောင်ပြီး တက္ကသိုလ်မတက် နိုင်သူများအဖို့ အားထားရသော တက္က သိုလ်ကောလိပ်များ ဖြစ်ပါသည်။ ကျွန် တော်သည် သက်ကြီး တက္ကသိုလ်တွင် ဥပစာသိပ္ပံ (ခ) အောင်ပြီးနောက် သက် ကြီးတက္ကသိုလ် ဖျက်သိမ်း၍ လုပ်သား များကောလိပ် ပေါ်ပေါက်ခဲ့ရာ လုပ် သားများကောလိပ်တွင် ဆက်လက် တက်ရောက်ပြီး ၁၉၆၈ ခုနှစ်တွင် သိပ္ပံ ဘွဲ့ရရှိခဲ့ပါသည်။ ယင်းနှစ်တွင်ပင် ဌာန ဆိုင်ရာတစ်ခုမှ ပြန်တမ်းဝင်အရာရှိခေါ် ၍ ဝင်ရောက်လျှောက်ထားပြီး အလုပ် ရရှိခဲ့ရာ အနှစ် ၂ဝ ကျော်မျှ အစိုးရဝန် ထမ်းအဖြစ် ကျေပွန်စွာ လုပ်ကိုင်ခဲ့ပါ သည်။
ဒီနေရာမှာ ကျွန်တော့်အကြောင်း ရေးသားရခြင်းက လုပ်သားကောလိပ် မှ ဘွဲ့ရသော်လည်း နေ့ကျောင်းဘွဲ့ရ များ၏ အရည်အချင်းကို အမီလိုက်နိုင် ကြောင်း တင်ပြ လို ၍ ဖြစ်ပါသည်။ တစ် ဖက်ကလည်း ကျွန်တော့်ဘဝနှင့်ယှဉ်ပြီး ယခုအဝေးသင်ဘွဲ့ရများ အဝေးသင် တက္ကသိုလ် တက်ရောက်နေသော လူ ငယ်များကို ကိုယ်ချင်း စာ၍ ရေး သားရ ခြင်း ဖြစ်ပါသည်။ နောက်ပိုင်း (မဆလ) ခေတ်တွင် လုပ်သားများ ကောလိပ်ပိတ် ၍ အဝေးသင်တက္ကသိုလ်ဟူ၍ ပေါ် ပေါက်ခဲ့ရာ ၁ဝ တန်းအောင်ပြီး စီး ပွား ရေးချို့တဲ့၍ နေ့ကျောင်း မတက်နိုင် သော လူငယ်များအဖို့ လုပ်ငန်းနှင့်တစ် ဖက်တွဲ၍ မိမိတို့ရည်မှန်းသော ဘွဲ့ဒီဂရီ ရရှိခြင်း၊ မိမိတို့ဘဝရည်မှန်းချက်များကို တိုးတ က်အောင် ဆောင်ရွက်နိုင်ခြင်းများ ကို တွေ့ရှိရပါသည်။
ကျွန်တော်တို့နိုင်ငံတွင် အခြားဖွံ့ ဖြိုးပြီး နိုင်ငံများကဲ့သို့ အလုပ်ခွင်မှ ကျောင်းတက်ရန် ခက်ခဲပါသည်။ နိုင်ငံ ခြားမှာက မိမိတို့၏ဝင်ငွေကို တစ်ဖက် ကရှာပြီး ကျောင်း တက်နိုင်သဖြင့် မိမိ တို့၏ ဘဝတက်လမ်းအတွက် လွန်စွာ လမ်းပွင့်လျက်ရှိပါသည်။ ဒီမှာက ဘဝ ရည်မှန်းချက်ကြီးသူများအဖို့ ပညာကို တန်ဖိုး ထားပြီး ငွေကြေး ချို့တဲ့ သူ အဖို့ အဝေးသင်တက္ကသိုလ်သာ အားထားရာ ဖြစ်ပါသည်။ဒါ့ကြောင့် ယခု ကြော်ငြာစာ ခေါ်ယူခြင်းကို ကျွန်တော် အံ့သြတုန် လှုပ်မိခြင်းမှာ အစိုးရဌာန တစ် ခုဖြစ် သော စည်ပင်သာယာလို ဌာနမျိုးကနေ့ ကျောင်းနှင့် အဝေးသင် ခွဲခြားခေါ်ယူ ခြင်းမှာမဖြစ်သင့်သော ကိစ္စဖြစ်ပါသည်။ ဒီနိုင်ငံ ဒီအစိုးရက တရားဝင်ဖွင့် ထား သော တက္ကသိုလ်မှ ရသည့်ဘွဲ့ဒီဂရီကို ကျန်အစိုးရဌာနတစ်ခုက အသိအမှတ် မပြုခြင်းမှာ မဖြစ်သင့်သော ကိစ္စဖြစ်ပါ သည်။
ကျွန်တော် ဤနေရာတွင် ဆန်းစစ် ရန် နှစ်ပိုင်းတွေ့ရပါသည်။ ယခုဌာနက ခွဲခြားခေါ်ယူခြင်းမှာ အဝေးသင်ဘွဲ့ဒီဂရီ များသည် အရည်အချင်း မပြည့်ဝလို့ လား၊ ဘာကြောင့် လက်မခံနိုင်သည်ကို ဆန်းစစ်ဖို့ လိုပါသည်။ အဝေးသင်တက္က သိုလ်၏ ပညာသင်ကြားရေးမှာလည်း ပညာရေးဝန်ကြီးဌာန လက်အောက် တွင် ရှိသဖြင့် ယခုကိစ္စကို ပညာရေးဌာ နမှ ပုဂ္ဂိုလ်များအနေဖြင့် ပြန်လည် ဆန်းစစ်ရန် လိုအပ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် အဝေးသင်တက္ကသိုလ် ဘွဲ့များ အရည်အချင်းမမီခြင်းမှာ ပညာ ရေးဌာနတွင် လုံးဝတာဝန်ရှိပါသည်။ အရည်အချင်း မီပါလျက် ခွဲခြားခေါ်ယူ ခြင်းမှာ ခေါ်ယူသောဌာန၏ တာဝန်သာ ဖြစ်မည် ဖြစ်ပါသည်။
ကျွန်တော်သည် အဝေးသင်တက္က သိုလ် ပညာသင်ကြားရေးကို စေ့ငစွာ မသိရှိရသဖြင့် အရည်အချင်းပြည့်သည် မပြည့်သည်ကို မဝေဖန်လိုပါ။ သို့သော် ပြီးခဲ့သောအပတ် ဂျာနယ်တစ်စောင်တွင် အဝေးသင်ပညာရေး ဆောင်းပါးတစ်ပုဒ် ပါရှိရာ အဆိုပါဆောင်းပါးတွင် အဝေး သင်တက္ကသိုလ် ကျောင်းသားများ မိမိ တို့ လုပ်ရမည့် စာစဉ်များကို မိမိတို့ ကိုယ်တိုင်မလုပ်ဘဲ ကျူရှင်များ၊ အခြား တတ်ကျွမ်းသူများကို အားကိုးပြီး လုပ် ကိုင်နေသဖြင့် အဝေးသင်တက္ကသိုလ်၏ အရည်အချင်းညံ့ဖျင်းကြောင်း သုံးသပ် ထားသည်ကို ဖတ်ရှုရပါသည်။ ဒါကို လည်း ပညာရေးဌာန တာဝန်ရှိသူများ၊ အဝေးသင်တက္ကသိုလ်မှ တာဝန်ရှိသူများ အနေဖြင့်ပြန်လည် ဆန်းစစ်ရန် လိုမည် ဖြစ်ကြောင်း အကြံပြု ရေးသားပါသည်။
နောက်တစ်ပိုင်းက အဝေးသင် တက္ကသိုလ်မှ အရည်အချင်း ပြည့်သည် ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ ခေါ်ယူ သောဌာနအနေဖြင့် ယခုလို ခွဲခြားခေါ် ယူမှုတော့ မဖြစ်သင့်ပါ။ အလုပ်ခေါ်ပြီး စာတွေ့၊ လူတွေ့ဝင်ခွင့်စာမေးပွဲများ ဖြေဆိုရမည်ဖြစ်သဖြင့် ယင်းအပေါ်မှာ ပင် စိစစ်ရွေးချယ်နိုင်သော အခွင့်အရေး ရှိပါသည်။ ယင်းအချိန်ကျမှသာ ထိုက် တန်သူကို ခန့်၍ရပါသည်။ သို့မဟုတ်က ယခုလို ခွဲခြားခေါ်ယူခြင်းဖြင့် အဝေး သင်ဘွဲ့ရများ အဝေးသင်တက္ကသိုလ် ကျောင်းသားများအနေဖြင့် စိတ်ဓာတ် ကျမည် ဖြစ် ပါသည်။ ကျွန်တော်နှင့်ရင်း နှီးသော မကွေးမြို့မှ ရန်ကုန်တွင် အလုပ်လာရောက် လုပ်ကိုင်ပြီး အဝေး သင်တက္ကသိုလ် ဒုတိယနှစ်တက်နေ သော လူငယ်တစ်ဦးသည် အဆိုပါ ကြော်ငြာကိုတွေ့၍ စိတ်ဓာတ်ကျကာ   ”ကျွန်တော်တို့ ဘွဲ့ရလည်း အစိုးရဝန် ထမ်းလုပ်ဖို့ မလွယ်တော့ပါ” ဟု ပြော ဆိုသည်ကို ကျွန်တော်ကိုယ်တိုင် ကြား သိရပါ သည်။
အဝေးသင်ဘွဲ့ကို နိုင်ငံခြား တိုင်း ပြည်များကပင် အသိအမှတ်ပြုနေပါ လျက် ပြည်တွင်းမှ အသိအမှတ်မပြုခြင်း မှာ လွန်စွာဝမ်းနည်းဖွယ် ဖြစ်ပါသည်။ အဝေးသင် ဘွဲ့ ရပြီး နိုင် ငံခြားတွင် တာဝန်ကြီးကြီးမားမားများ ထမ်းဆောင်  သည်များ ရှိနေသလို ပြည်တွင်းတွင် လည်း တာဝန်ကြီးကြီးမားမား ထမ်း ဆောင်နေသူများ ရှိနေသည် ကို လေ့ လာတွေ့ရှိရပါသည်။ဒါ့ကြောင့် အစိုးရဌာနတစ်ခုနှင့် တစ်ခု အချိတ်အဆက် မမိခြင်းလား၊ ပညာရေးစနစ်ပဲ ကမောက်ကမ ဖြစ်၍ လား၊ ဘွဲ့ရချင်းအတူတူ အဆင့် အတန်း ခွဲခြားသတ်မှတ်သော ဌာနဆိုင်ရာများ ကိုပဲ အပြစ်ပြောရမည်လား ဆိုတာကို ကျွန်တော်ဝေခွဲမရပါ။ သို့သော် ငွေ ကြေးချို့တဲ့၍ နေ့ပိုင်းတက္ကသိုလ် မတက်နို င်သော၊ ဘဝရည်မှန်းချက် ကြီး မားစွာဖြင့် ပညာရေးကို စိတ်ဝင်စား သော လူငယ်များအဖို့ ယခု ကြော်ငြာ များကြောင့် တက်လမ်းမပိတ်စေလိုပါ။ ဒါကြောင့် ပညာရေးဌာန ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်း များအနေဖြင့် ယခုကိစ္စကို လေးလေး နက်နက် သဘောထားကာ ပြန်လည်စိ စစ်ရန် လိုအပ်မည်ဖြစ်ပါသည်။ သို့မ ဟုတ်ပါက အဝေးသင်ဘွဲ့ရများသည် အပယ်ခံဘဝသို့ ရောက်ရှိနေမည်ဖြစ် ကြောင်း ရေးသားရခြင်း ဖြစ်ပါသည်။
ဘိုကြီး

How to Become (ELITE HACKER) , not Script kiddies ! - ITgroup




Hacking စိတ်ဝင်စားသူတွေအနေနဲ့  ဒီလမ်းကြောင်းကိုသွားတော့မယ်ဆိုရင် ဘာတွေသိသင့်လဲ ဘာတွေဖတ်ရမလဲဆိုတာစူးစမ်းတတ်ကြပါတယ်
အဲဒီအခါမှာ Programing, Networking ,Web management အစရှိသဖြင့် ဟိုဟာတွေဒီဟာတွေ လိုတယ် ဘယ်လိုလေ့လာရမလဲ အမျိုးမျိုးပေါ့
အစရှိသဖြင့်လမ်းညွန်ပေးထားတတ်ကြတယ် ဒါပေမယ့် ဘာကြောင့်လေ့လာသင့်လဲ ဘာကြောင့်လိုအပ်လဲဆိုတဲ့အချက်ကို ရေးသားထားတဲ့ လမ်းညွန်ချက်ရှားပါတယ်

အခုကျွန်တော်အဲဒီအရာတွေဘာကြောင့်လိုသလဲဆိုတာ Logic တွေနဲ့ စဉ်းစားတွေးတတ်အောင်သိအောင် ဆောင်းပါးတစ်ခုရေးပါရစေ ဒီနေရာမှာ ခေါင်းစဉ်ကိုက
How to Become Elite Hacker , Not Script Kiddies လို့ ရေးသားထားတဲ့အတွက် Hacking ကို သူတပါးဖန်တီးထားပြီးသား toolတွေသုံးပြီး ဒီ tool တွေကို ဘယ်လိုသုံးရသလဲဆိုတာ ကျွမ်း၂ကျင်၂နားလည်ပြီး
ဒီToolတွေဘယ်လိုအလုပ်လုပ်လဲ ဘာကြောင့်ဒီလိုလုပ်သလဲဆိုတာမသိပဲ ငါ Hacker ကွဆိုပြီး လူဘုံအလယ်မှာ Fake ID လေးတတ် Annonymous Mask လေးအုပ်ပြီး လေကျယ်နေသူတွေ ကျော်ဖတ်ချင်သပဆိုကျော်သွားလိုက်ပါ
Tool တွေနဲ့ ပတ်သက်ပြီးရေးမှာမဟုတ်ပါဘူး
ကဲစတင်လိုက်ရအောင်...

ကျွန်တော်တို့ အိုင်တီ ကရုထဲက Admin U Pyae Phyo ဆိုတဲ့ Rapper ကြီးတစ်ယောက်ရှိတယ် သူ့ ကိုအမြင်ကတ်တယ်ဗျာ ( ဦးပြည့်ဖြိုးရေ ခနအမြင်ကပ်ခံပေးနော် ဒီပို့ စ်ကိုဖတ်ပြီးခင်ဗျားကိုလာစမ်းသပ်ရင် အနော့်အသာမဟုတ်ဘူးနော် တိုဖြစ်တိုထံ  :PLOL!)
ကျွန်တော်သူ့ ဖေ့ဘွတ်အကောင့်ကိုဟက်ချင်တယ်ဗျာ.. ကျွန်တော်ဘယ်လိုစတင်မလဲ?

အရင်ဆုံး ဒီဘဲကြီးရဲ့ လှုပ်ရှားမှုတွေလေ့လာရမယ် သူဖေ့ဘွတ်ပေါ်မှာ ဘယ်နေရာမှာ ကမြင်းတတ်လဲ ဒင်းဘာActivity တွေလုပ်တတ်သလဲ ဒင်းဘာတွေကြိုက်တတ်လဲ စိတ်ဝင်စားတတ်လဲ ဒင်းဘယ်သူနဲ့  In relationship ငြိနေတာလဲ
(ဒီနေရာမှာ- ဖေ့ဘွတ်အကောင့်တစ်ကောင့်နေရာမှာ Website တခုဆိုရင်လဲ Foot printing လို့ ခေါ်တဲ့ ဒီဆိုဒ်ဟာ Cloud Flare အုပ်ထားလား ဘယ်ကနေ Hosting ယူထားတာလဲ ဘာ Plugin တွေသုံးထားတာလဲ IP Address ကဘာလဲ )
အစရှိသဖြင့် Inspection ကိုအရင်လုပ်ရမှာပဲ ဒါက အခြေခံအကျဆုံးနဲ့ မဖြစ်မနေလုပ်သင့်လုပ်ထိုက်တဲ့ First Step ပါပဲ

ကဲ ကျွန်တော်ကတော့သိလိုက်ပါပြီး ဒီဘဲကြီးဟာ Music တွေကိုစိတ်ဝင်စားတယ် အထူးသဖြင့် ကွန်ပျူတာMusic တွေကိုဖန်တီးတဲ့နေရာမှာလဲအားသန်တယ် သူ့ ရဲ့  In relationship က ဒေါ် ဘလာဘလာ ဆိုတာလဲသိပြီး အမြဲလိုလို Your IT Group ဆိုတဲ့ Group မှာ သွားသွားရွတယ်
နောက်ဆုံးလူမသိသူမသိ ကုတ်ကုတ်လေးနဲ့ စိတ်ဝင်စားတတ်တာက 18+ စာအုပ်တွေပဲ

(ကဲအထက်ပါအချက်အလက်ကို သိခဲ့ပြီးနောက် စတင်လှုပ်ရှားတော့မယ် အဲဒီအချက်တွေထဲက တချက်ဖြစ်တဲ့သူ့ ရဲ့  In Relationship ဒေါ်ဘလာ ဘလာ ကိုပါ စုံစမ်းစေချင်တာက တခြားမဟုတ်ဘူး ဦးပြည့်ဖြိုးအကောင့်က ဟက်ဖို့ မလွယ်ဘူးလုံခြုံရေးကောင်းတဲ့အနေအထားမှာရှိနေတယ်
... အဲဒီအခါ သူ့ ရဲ့  ကောင်မလေးအကောင့်ကိုစမ်းသပ်မယ် အကောင့်ရတဲ့အခါ သူ့ ကောင်မလေးနဲ့ သူ့ ရဲ့ ချက်ထားတဲ့ List တွေပြန်ဖတ်မယ် ဒီအခါ ဘဲကြီးက သူ့ ချစ်ချစ်ကို Password and username ပေးထားလေးကို တွေ့ ပြီးကဲပြတ်ကရော ဒီနည်းဟာလဲဟက်ကာတယော်ကအတွက်မရှိမဖြစ်လိုအပ်တဲ့ ဆက်စပ်တွေးခေါ်နိုင်စွမ်းပဲ)

ကဲဒါဆိုရင် ကျွန်တော် အရင်ဆုံးလက်နက်တွေစုဆောင်းတော့မယ် 18+ စာအုပ်တွေစိတ်ဝင်စားတဲ့သူ့ အတွက် ကျွန်တော်ဇာတ်လမ်းကောင်းကောင်းအသစ်ချပ်ကျွတ်လေးတစ်ခုကို had3s မှာ ဒေါင်းလိုက်ပါမယ်... ကဲဒေါင်းပြီးရင် Upload လုပ်မယ်
ဘယ်လိုလုပ်မလဲ? စာအုပ်ချည်းသက်သက်တော့ ဘယ်လုပ်မလဲ အဲဒီအထဲမှာ ကျွန်တော် တခုခုတော့ကပ်ပေးလိုက်မှာပေါ့ သူကဒီစာအုပ်ကိုဒေါင်းမယ် ဒေါင်းပြီးဘူးဖို့  အဲလေ ဖတ်ဖို့  ဖွင့်မယ် အဲလိုဖွင့်တဲ့အချိန်မှာ?????
ကျွန်တော်ဖြစ်စေချင်သလို အလုပ်လုပ်မယ့်အကောင်တစ်ကောင်က သူစာအုပ်ကိုဖွင့်တာနဲ့ ထပြီးအလုပ်လုပ်တော့မယ် ? ဘယ်လိုလုပ်စေချင်လဲဆိုတော့ သူလက်ရှိသုံးနေတဲ့ Browser (Mozila) ပဲဆိုပါတော့ အဲဒီမှာ Plugin လေးတစ်ခုကို အလိုလိုသွားကပ်မယ်
အဲဒီကျွန်တော်ထည့်လိုက်တဲ့အကောင်ကို ဘဲကြီးစက်မှာ သွင်းထားတဲ့ Antivirus ,spyware detector တို့ မသိအောင် Bypass လုပ်နိုင်ရမယ် အဲဒီအကောင်က အောင်မြင်စွာကပ်ငြိပြီးဒီကောင်က ဘာလုပ်ပေးမလဲဆိုတော့ ဘဲကြီးရိုက်ထည့်လိုက်တဲ့ Email , username တွေကိုမှတ်သားထားပြီး
ကျွန်တော့်ဆီကိုပြန်ပို့ ပေးမယ်ကောင်ပေါ့
ကဲ ဒီနေရာမှ ခေတ္တပြန်ထောက်မယ်
ခုနကလိုမျိုး 18+ PDF file လေးမှာ ကိုယ့်အကောင်ကိုကပ်ဖို့  အဲဒီအကောင်ကိုကိုယ်ဖြစ်စေချင်သလို အလုပ်လုပ်ဖို့ ခိုင်းဖို့  Programming တခုခုတတ်ကိုတတ်ရမယ် ကိုယ်လုပ်ချင်တဲ့အရာတခုအတွက် ငါဘယ်လို function တွေသုံးရမလဲ
ဘယ်လို code တွေ Flow တွေနဲ့ အလုပ်လုပ်မလဲ ဆိုတဲ့ ကိစ္စမှာ Programming တတ်ကိုတတ်ရပါမယ် ဒါကြောင့်လဲ Hacker ဖြစ်ဖို့  Programming Skill လိုတယ်လို့ ပြောတာပေါ့ ဗျာ ပုံမှန် Tool သမားတွေကတော့ ဘယ်လိုမှာတုန်း သူတို့ မှာအဆင်သင့်သုံးဖို့ 
tool တွေရှိနေသာပဲ သူတို့  Programming ကိုသိဖို့ မလိုဘူး (ဒါပေမယ့် တခါတလေ မုဆိုးကသားကောင်ဖြစ်တတ်တဲ့သဘောအရ Tool တွေသုံးတဲ့အခါ တချို့ toolတွေက Facebook ဟက်ပေးတော့မလိုလို Gmail ပဲနှိုက်ပေးတော့မလိုလိုနဲ့ ကိုယ့်ကွန်ပျူတာမှာသွင်းလိုက်တယ် ဒါပေမယ့်
သူဘယ်လိုအလုပ်လုပ်လဲဆိုတာမသိတော့ ကိုယ့်ကွန်ပျူတာကအချက်အလက်တွေက ပါသွားရော အဲမှာပြတ်ကရော)

ကဲ ပြန်ဆက်ရအောင် ခုနကအောင်မြင်စွာကပ်နေတဲ့အကောင်က ကိုယ့်ဆီကိုဆက်သွယ်ဖို့  ဘယ်လို Port တွေနဲ့ လုပ်ရမလဲ ရထားတဲ့အချက်အလက်တွေကို ပို့ ပေးဖို့  ဘယ်လို Protocol တွေသုံးရမလဲ ဆိုတဲ့အချက်တွေကိုစဉ်းစားရတော့မယ်
ကဲဟုတ်ပီးအဲဒီ port တွေ protocol တွေဟာ Networking သဘောတရားပဲ OSI 7 Model နဲ့ ပတ်သက်တယ် Network Communication နဲ့ ပတ်သက်တယ် SMTP Authentication တွေနဲ့ ပတ်သက်တယ် (တခါတလေ ဆိုဒ်တွေမှာ Contact Me ဆိုတဲ့အောက်မှာ Name,Email,Message တွေထည့်ပြီးသာနဲ့  Send ကိုနှိပ်လိုက်တာနဲ့  Web master ဆီကိုအလိုလိုပို့ ပေးတဲ့သဘောကိုသိတယ်မလား)
ဒီတော့ကား ကျွန်တော်တို့ ခုနက အကောင်လေးစုစည်းထားတဲ့ဒေတာတွေကို ကျွန်တော့်ဆီကိုပို့ ဖို့  Networking ကိုတတ်ဖို့ လိုတယ် နားလည်ရမယ် web ပေါ်မှာအလုပ်လုပ်ရမယ့်ကိစ္စဆိုတော့ Web Development တွေကိုလဲနားလည်ရမယ် Web Programing တွေဖြစ်တဲ့
php တို့  html ,Css တွေကိုသိရမယ် Network Security Rule တွေကိုလည်းနားလည်ထားရမယ် ဒါဆိုဘာကြောင့် Networking ,Web Dev ပိုင်းတွေသိသင့်လဲဆိုတာ သဘောပေါက်ပြီးထင်ပါတယ်..

ကဲ ဒီလောက်ဆို Programing ,Networkng , Web Dev တို့ ဘာကြောင့်လေ့လာရမလဲဆိုတာသဘောပေါက်ပြီးထင်ပါတယ်
ဒါပေမယ့်ဒါနဲ့ တင်ဟက်ကာဖြစ်ပြီလား?
အဲဒါတွေ မိုးမွန်အောင်တတ်နေရင်တောင်ခင်ဗျားဟက်ကာမဖြစ်သေးဘူးဗျ
နောက်တစ်ခုဖြစ်တဲ့ Art of Hacking လို့ ခေါ်တဲ့ Social Engineering ကိုလဲတတ်ရမယ် ကြားဖူးမှာပါ SE ထိုးတယ် ထိုးတယ်ဆိုပြီးတော့လေ ဘာလို့ လိုအပ်တာလဲ
ဦးပြည့်ဖြိုးဆိုတဲ့ ငနဲကြီးယုံအောင် ကိုယ်ဖိုင်ကိုဒေါင်းချင်လာအောင်လှည့်ပတ် ပြောတတ်ရမယ် မှင်ကောင်းရမယ် အဲဒါဟာလဲ Social Engineering ပဲ ဗျူဟာတစ်ခုပဲ လှည့်ဖြာဒတဲ့အတတ်ပညာတစ်ခုပဲ အဲလိုမှ မဟုတ်ရင် ဒီဘဲကြီး ဒေါင်းလုပ် လုပ်မှာတောင်မဟုတ်ဘူး..

နေရာတိုင်းမှာ အဲဒီ Social Engineering ကိုတွေ့ နိုင်တယ် ရာဇ၀င်ထဲမှာ၇န်သူကိုလှည့်စားတာတွေ တိုက်ပွဲတွေမှာ ရန်သူကိုဖြားယောင်းတာတွေဖတ်ဖူးကြည့်ဖူးကြမှာပဲ အဲဒါတွေဟာ SE တွေပဲ...

ကဲဟက်ကာဖြစ်ဖို့  လွယ်လား မလွယ်လားတွေးကြည့်ပေါ့ ဒါကြောင့်လဲ Annonymous မျက်နှာဖုံးတွေ ကပေါတယ် ဟက်ကာအစစ်ကမသေချာဘူး
ဟက်ကာဆိုတာ နယ်ပယ်တစ်ခုမှာပညာရပ်တွေကို အကျွမ်းကျင်ဆုံးနားလည်တတ်မြောက်ဖန်တီးနိုင်တဲ့ အခြေအနေကိုရောက်၇ှိသူကိုတင်စားတာ အိုင်တီလောကတင်မကဘူးတခြားမှာလဲဒီတိုင်းပဲ...

အိုင်တီဆိုတာနဲ့ 
Network Engineering
Software Engineering
Web Development အစရှိသဖြင့်ပါတယ် အဲဒါတွေအားလုံးကိုကျွမ်း၂ကျင်၂ တတ်မြောက်ထားသူကို ဟက်ကာလို့ ယူဆနိုင်တယ်(SE လေးပါကောင်းပါစေ) ထိုးသွင်းသိမြင်နိုင်ရမယ် ဖောက်ထွက်နိုင်ရမယ် လွတ်လပ်မှုကိုမြတ်နိုးရမယ်
တီထွင်နိုင်ရမယ် အဲဒီအရည်အချင်းအားလုံးကို တတ်မြောက်သူကိုတာတင်စားပြီးဟက်ကာလို့ ခေါ်တာ

လမ်း ၂လမ်းရှိပါတယ်
ကဲဒီလောက်ခက်တာဗျာ ဟုတ်ကဲ့ Tool တွေ သံးတတ်ရင်ခင်ဗျားကိုယ်ခင်ဗျားကိုယ်တိုင် နဲ့ ဟက်ကင်းကိုမသိတဲ့လူတွေကြားမှာ နားမလည်တဲ့သူတွေကြားမှာ ဟက်ကာဆိုပြီး နာ၇ီပိုင်းအတွင်းဖြစ်နိုင်ပါတယ်
တကယ်လို့ များကျွန်တော်အထက်မှာပြောသလို ဆို ခင်ဗျားကို ဟက်ကာအကြီးစား ဟက်ကာအသိုင်းအ၀ိုင်းက ဟက်ကာလို့  သတ်မှတ်ပေးကြပါလိမ့်မယ်

ခင်ဗျားကြိုက်တဲ့လမ်းရွေးပါ...

@lohaG3nius (Cloudy@ HTET LINN)

Samsung Galaxy S4 ဘက်ထရီအခမဲ့ လဲလှယ်ပေး - TechSpace Journal


ဂျာမနီနိုင်ငံမှာ ၃၀ ရာခိုင်နှုန်းသော Samsung Galaxy s4 စမတ်ဖုန်းများ ဘက်ထရီ ပြဿနာ တက်ပြီးနောက် အခမဲ့ အစားထိုး လဲလှယ်တဲ့ အစီအစဉ်ကို Samsung တို့ ပြုလုပ်ပေးနေပါတယ်။

ဂျာမနီမှာတင် မကပဲ Official Samsung Showroom ရှိတဲ့ နိုင်ငံတိုင်းမှာ အခမဲ့ လဲလှယ်ပေးလို့ရအောင် စီစဉ်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ Samsung Galaxy S4 မှာ ကြုံတွေ့ရတဲ့ ဘက်ထရီ ပြဿနာ ကတော့ တစ်နာရီအတွင်း အားအကုန်မြန်တာတို့၊ အလိုအလျောက် အားကုန်တာတို့ အပြင် မလိုအပ်ပဲ ဘက်ထရီ Power ဆုံးရှုံးနေမှုများ ဖြစ်ပါတယ်။ ဒါတွေ ကို ဖြေရှင်းပေးဖို့အတွက် Samsung ဟာ return များရရှိပြီးနောက် ဆုံးဖြတ် လိုက်ခြင်း ဖြစ်ပါတယ်။ ယင်း ဆုံးဖြတ်ချက်အရ Customer တွေကို ဘက်ထရီ အလကား လဲလှယ်ပေးခြင်း ဖြစ်ပါတယ်။

ဂျာမနီမှာတင်မက၊ ဗြိတိန်မှာပါ ပြုလုပ်ပေးမှာပါ။ ဆက်လက်ပြီး အခြားနိုင်ငံများအထိလည်း Samsung တို့ စီစဉ်ထားကြောင်း ဆိုပါတယ်။ Samsung Galaxy S4 ဟာ ပြီးခဲ့တဲ့ သြဂုတ်လက ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း တစ်လုံး ဖြစ်ခဲ့ပြီး ယနေ့အထိလည်း အရောင်းတွင်နေဆဲ စမတ်ဖုန်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( TSJ Team )

ကမ္ဘာ့အသေးဆုံး USB flash drive - TechSpace Journal



PKparis လို့အမည်ရတဲ့ USB flash drive ဖြစ်ပြီး ကမ္ဘာ့အသေးဆုံး အဖြစ် စံချိန်တင်လိုက် ပါတယ်။ အရွယ်သာ သေးတာပါ။ စွမ်းဆောင်ရည် မနည်းပါဘူး။

32 GB နဲ့ 64 GB ဗားရှင်း ၂ မျိုးထုတ်လုပ်ထားပါတယ်။ ဈေးနှန်ုးကလည်း ၄၈ ဒေါ်လာနဲ့ ၈၉ ဒေါ်လာ ဆီ ကျသင့်မှာ ဖြစ်ပါတယ်။ တစ်စက္ကန့်ကို 140 MB ပို့/ယူ နိုင်စွမ်း ရှိပါတယ်။ USB 3.0 နဲ့ဆိုရင် Full speed ရပြီး 2.0 ဆိုရင်တော့ full speed မရ နိုင်ပါဘူး။ LED မီးလုံးသေးပါရှိပြီး Device ကို အသုံးပြုနေချိန် spinning ဖြစ်နေတဲ့အခါ မီးလင်းနေမှာ ဖြစ်ပါတယ်။

အလူမီနီယံသားနဲ့ ပြုလုပ်ထား ပါတယ်။ သေးပေမယ့် သန်သန်မာမာ ရှိတဲ့ Flash Drive ဖြစ်ကြောင်း ထုတ်လုပ်သူ တို့က ဆိုပါတယ်။ Chrome book တို့လို SSD onboard နည်းတဲ့ လပ်တော့များအတွက်ဆိုရင် ပုံသေထိုးပြီး အသုံးပြုနိုင်လောက်အောင် ကောင်းမွန်ကြောင်း ဆိုပါတယ်။ ယင်း USB ကို အွန်လိုင်းကနေ ဝယ်ယူချင်သူများ အောက်ပါလခ့်မှာ ဝင်ရောက် လေ့ လာ နိုင်ပါတယ်။

http://goo.gl/TQtYdY

Aung Kham ( TSJ Team )

KNU တပ်မဟာ ၅ ရဲ့ အရေးကြီးတဲ့ကြေညာချက် - irrawaddy


ပြီးခဲ့တဲ့ရက်ပိုင်း ရန်ကုန်မြို့ပေါ် ဗုံးခွဲမှုတချို့မှာ တာဝန်ရှိတယ်လို့ သံသယဖြစ်ခံရသူတယောက်ဟာ  KNU ရဲ့ ဖာပွန်ဒေသ တပ်ဖွဲ့ဝင်ဖြစ်ဖူးကြောင်း သတင်းတချို့ထွက်လာပါတယ်။
ဒီသတင်းထွက်အပြီးမှာ   KNU ရဲ့ ဖာပွန်ခရိုင်/တပ်မဟာ ၅ က ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ၂၀၀၉ ခု သြဂုတ်လ ၁၂ ရက်က ကျင်းပသော ကရင့် အာဇာနည်နေ့ အခမ်းအနား၌ KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ် (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)

ကြာသပတေးနေ့ရက်စွဲနဲ့ ထွက်လာတဲ့ ဒီကြေညာချက်မှာ
"ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို တစုံတရာ နှောင့်ယှက် ပျက်ပြားစေသည့် လုပ်ရပ်များ၊ အများပြည်သူကို ထိခိုက် နာကျင်စေခြင်းများ၊ ထိတ်လန့် ကြောက်ရွံ့စေခြင်းများကို မိမိတို့ အနေနှင့် လုံးဝ ဆန့်ကျင်ကန့်ကွက်သည်"
လို့ ဖော်ပြထားပါတယ်။
တိတိကျကျ တိုက်ရိုက် စွပ်စွဲထားတာ မဟုတ်တဲ့အတွက် ကြေညာချက်ထဲမှာလည်း  ဗုံးခွဲမှု ဆိုတဲ့ စကားလုံးကို ထည့်ထားခြင်း မရှိဘူးလို့ ယူဆရပါတယ်။တပ်မဟာ ၅ ရဲ့ ထိပ်တန်း အရာရှိတဦးဖြစ်တဲ့ ဗိုလ်မှူးစောကလယ်ဒို့ကလည်း ကရင်သတင်းဌာန (KIC) ကို ကြာသပတေးနေ့က အခုလို ပြောပါတယ်။  “ကျနော်တို့ တပ်မဟာ(၅)ဟာ ခေါင်းမာတယ်။ သီးသန့် ရပ်တည်လိုတယ်လို့ သတင်းထွက်ပေါ်နေတာ ကြားနေရတယ်။ ဒါ လုံးဝ မဟုတ်သလို လက်ရှိ အစိုးရတို့နှင့် ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ဗဟိုရဲ့ ဦးဆောင်မှုအတိုင်း ကျနော်တို့ လိုက်နာပြီး သွားနေတာပါ”

ပြီးခဲ့တဲ့ရက်ပိုင်း မြန်မာပြည်နေရာတချို့မှာ ပေါ်ပေါက်ခဲ့တဲ့  ဗုံးခွဲမှုတွေနဲ့ ပတ်သက်ပြီး အစိုးရအာဏာပိုင်တို့က ဆက်လက် စုံစမ်းနေဆဲပါ။

 KNU  ဖာပွန်ခရိုင်/တပ်မဟာ ၅ ရဲ့ ထုတ်ပြန် ကြေညာချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။


ရထားပေါ်မှာအိပ်ပျော်သွားရာကနေ (၂၆) နှစ်ကြာမှ Google Earth ကိုအသုံးပြုပြီးအိမ်ပြန်ဖို့ လမ်းကိုတွေ့ရှိ - Myanmar ICT News


Saroo Munshi Khan ဆို တဲ့ ငါးနှစ်သားအရွယ် India ကလေး တစ်ယောက်ဟာ India နိုင်ငံ Berhanpur ဒေသက ရထားပေါ်မှာအိပ်ပျော်သွားရာကနေ အိမ်ပြန်ဖို့လမ်းပျောက်သွားခဲ့ပြီး (၂၆) နှစ်ကြာမှ Google Earth ကိုအသုံးပြုပြီးအိမ်ပြန်ဖို့ လမ်းကိုတွေ့ရှိသွားတယ်ဆို တဲ့အကြောင်း Google ကပြောပြခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ (၁၂) နှစ်အကြာ 1986 ခုနှစ်ကဖြစ်ပြီး Google Company မတည်ထောင်ရသေးပါဘူး။

Saroo က သူ့ရဲ့ (၁၄) နှစ်သားအရွယ်ရှိတဲ့ အစ်ကို ဖြစ်သူ Guddu နဲ့ အတူ မိသားစုအတွက်ပိုက်ဆံရှာထွက်ခဲ့တာပါ။ Guddu က Saroo ကိုရထားပေါ်မှာထားခဲ့ပြီး ပိုက်ဆံရှာထွက်သွားခဲ့ပါတယ်။ Saroo ကသူ့အစ်ကို ကို စောင့်ရင်းနဲ့ အိပ်ပျော်သွားခဲ့ပြီးနာရီအနည်းငယ်အကြာမှအိပ်ရာ ကနိုးလာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သူ့အိမ်နဲ့ 1500 kilometers အကွာအဝေး ရှိတဲ့ Calcutta ကိုရောက်နေပြီဖြစ်ပါတယ်။ (၂၆) နှစ်အကြာမှာတော့ Google Earth ရဲ့အကူအညီနဲ့ သူ့အိမ်ကိုပြန်ရှာတွေ့ခဲ့ပါပြီ။
Saroo က လမ်းပေါ်မှာ ရက်သတ္တပတ်ပေါင်းများစွာ အသက်ရှင်ဖို့ ရုန်းကန် ခဲ့ရပါတယ်။နောက်တော့ မိဘမဲ့ဂေဟာ ကိုရောက်သွားပြီးနောက်မှာ Australian မိသားစု က မွေးစားခဲ့ပါတယ်။ အဲဒီနောက်မှာ မိသားစုနဲ့အတူ Tasmania က Hobart ကိုပြောင်းသွားခဲ့ပါတယ်။ Saroo က သူ့ဘ၀အကြောင်းကို A Long Way Home ဆို ပြီးစာအုပ်တစ်အုပ် ရေးသားခဲ့ပါတယ်။ ဒီလို အဖြစ်အပျက်မျိုးအရင်ကလည်း ဖြစ်ခဲ့ဖူးပြီး တရုတ်ကလေးငယ်တစ်ယောက်ပြန်ပေးဆွဲခံရအပြီး (၂၃) နှစ်ကြာမှ Google Maps ကိုအသုံးပြုပြီးအိမ်ပြန်ရှာတွေ့ခဲ့တာပါ။

Ref : http://thenextweb.com/google/2013/10/15/falling-asleep-train-boy-indian-man-finds-way-home-26-years-later-google-earth/


ရွှေမြန်မာလေကြောင်းလိုင်း၏ ဒုတိယမြောက်လေယာဉ် ( A320-232, XY-AGT ) - Popular Journal




 UK ကနေထွက်ခွာလာသော ရွှေမြန်မာလေကြောင်းလိုင်း၏ ဒုတိယမြောက်လေယာဉ် ( A320-232, XY-AGT ) သည် မွန်းလွဲ ၁၂ နာရီ ၄၅
မိနစ်အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်လာခဲ့သည်။ ၎င်းကို ကြိုဆိုသောအားဖြင့် အမွှေးနံ့သာရည်များဖြင့်ပတ်ဖြန်းကာ ကြိုဆိုခဲ့ကြသည်။
၎င်းလေကြောင်းလိုင်းအနေဖြင့် ဆီးဂိမ်းအတွင်း နေပြည်တော်သို့ တပတ်လျှင် လေးကြိမ်အထိပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ဖြူးတွင် အောက်တိုဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ်သတ်မှု ကျူးလွန်သူများအား ၆၈ နာရီအတွင်း ဖမ်းမိ - Eleven Media Group




ပဲခူးတိုင်းဒေသကြီး ဖြူးမြို့တွင် အောက်တိုဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ် အသတ်ခံရမှု ဖြစ်စဉ်မှ လူသတ်တရားခံ နှစ်ဦးအား ၆၈ နာရီ အကြာတွင် ဖမ်းဆီရမိခဲ့ကြောင်း ဖြူးမြို့နယ် ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစံလှ၏ ပြောကြားချက်အရ သိရသည်။

လူသတ်တရားခံများမှာ ရဲညွန့်(ခ)ဖထီး (၅၃)နှစ်(ဘ)ဦးသန်းနှင့် သိန်းထွန်းဦး(ခ) သံချောင်း(ခ)သံလုံး (၂၆)နှစ်(ဘ)ဦးတင်ဦး၊ လှေကားထောင်မြောင်၊ ငုပ်စွယ်စုံ၊ ရေသိုးရွာ၊ ကျီးမနိုးတောင်ပေါ် ကျေးရွာအုပ်စု နေသူတို့ ဖြစ်ပြီး အောက်တိုဘာ ၁၅ ရက် ည ၁၁ နာ ရီခွဲတွင် တရားခံများအား ဖမ်းဆီးရမိခဲ့သည်။

''သတ်တဲ့လူတွေရဲ့ ထွက်ဆိုချက်အရ ခေါင်းဖြတ် အသတ်ခံရတဲ့ ဦးဇော်မင်းက သူနဲ့အရက်အတူ သောက်နေတဲ့ လူတွေရှေ့မှာ သူ့မိန်းမကို မဖွယ်မရာတွေ လုပ်ခိုင်းတယ်။ အဲဒါကို သံချောင်းဆိုတဲ့ လူငယ်က မကျေနပ်တော့ ဦးဇော်မင်းကို နောက်ကျောဘက်ကနေ ၀ါးရင်းတုတ်နဲ့ အရင်ရိုက်တာ။ ပြီးမှ အဘွားကြီးကြောင့် အခုလိုဖြစ်ရတာဆိုပြီး အဘွားကြီးကိုပါ ဆက်ပြီးရိုက်တာ ပြီးတော့ ဦးဇော်မင်းရဲ့ဓားကို ဓားအိမ်ထဲက ဆွဲထုတ်ပြီး ရဲညွန့်ကို ပေးတယ်။ ရဲညွန့်က ဦးဇော်မင်းကိုရော သူ့မိန်းမကိုရော ဦးဇော်မင်းရဲ့ဓားနဲ့ ပြန်ထိုးခဲ့တာ၊ ခေါင်းပိုင်းကိုတော့ ရဲညွန့်က ဖြတ်ခိုင်းလို့ သံချောင်းက ဖြတ်ခဲ့တာ'' ဟု အမှုစစ်ခေါင်းဆောင် ဒုရဲမှူးစံလှက ရှင်းလင်းခဲ့သည်။

လူသတ်မှု ကျူးလွန်သူ ကျူးလွန်သူများသည် အရှည် နှစ်ပေခွဲခန့်၊ လုံးပတ် ခြောက်လက်မ ၀န်းကျင်ခန့်ရှိ ၀ါးရင်းတုတ်နှင့် ခေါင်းဖြတ် အသတ်ခံရသည့် ဦးဇော်မင်း ကိုင်ဆောင်သည့် ဓားကောက်ချွန် တို့အား အသုံးပြု သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ဦးခေါင်းပြတ်အား ပဲခူးရိုးမတောင်ပေါ် မြသိန်းတန်တောင်၏ အရှေ့မြောက်ထောင့် လျိုထဲတွင် ပစ်ထားခဲ့ကြောင်း၊ သွားရောက်ရှာဖွေရာ တွေ့ရှိခြင်း မရှိသေးကြောင်း၊ ထပ်မံရှာဖွေမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒုရဲမှူး ဦးစံလှက သုံးသပ်ပြောကြားသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ဖြူးမြို့နယ် သပြေလှ ကျေးရွာအနီး ဇဟားတံတား အောက်ခြေဇဟား ချောင်းစပ်တွင် အသက် ၂၅ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး ခေါင်းဖြတ် အသတ်ခံရမှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုမှ လူသတ်တရားခံနှင့် အသတ်ခံရသည့် အမျိုးသမီး၏ အမည် နေရပ်လိပ်စာတို့အား ယနေ့တိုင် ဖော်ထုတ်ဖမ်းရမိခြင်း မရှိသေး သကဲ့သို့ ဧပြီ ၂၃ ရက် ညက ပြည်မြို့၊ န၀ဒေး တံတားအောက်တွင် ဖြစ်ပွားခဲ့သော သမီးရည်းစား စုံတွဲအား ပစ္စည်းလုယူ တိုက်ခိုက်မှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးသွားသည့် လူသတ်မှု ဖြစ်စဉ်တွင်လည်း ပြစ်မှုကျူးလွန်သူ တရားခံများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

(ခေါင်းဖြတ်လူသတ်မှု ကျူးလွန်သူများအား အခင်းဖြစ်ပွားသည့် နေရာတွင် စစ်ဆေးမှု ပြုလုပ်နေစဉ်)

လာမည့်နွေ၌ လျှပ်စစ်မီးဖြတ်တောက်မှု ရှိဦးမည် - Popular Myanmar News Journal




တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လာမည့် နွေရာသီတွင် လူနေအိမ်များ အလှည့်ကျမီးပေးစနစ် ရှိနေဦးမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရ သည်။

”အလှည့်ကျစနစ်ရှိပေမယ့် အရင် လို အချိန်အကြာကြီးဖြစ်မှာတော့မဟုတ် ဘူး။ အနည်းအကျဉ်းပဲ ရှိမှာပါ” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အင်ဂျင်နီ ယာချုပ်ဦးတင်ေ မာင်ဝင်းက ပြောသည်။

ဓာတ်အားလိုအပ်ချက်မှာ နွေရာ သီတွင် ရေမှ ဓာတ်အားထုတ်လုပ် မှု လျော့နည်းခြင်းသည် အဓိကအချက်ဖြစ် ကြောင်း၊ ဓာတ်အားဖူလုံမှုရရှိရန် လို အပ်သလို ဆောင် ရွက်ပေးသွားမည် ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြောသည်။

”အတတ်နိုင်ဆုံး ဓာတ်အားထုတ် လုပ်သွားမှာပါ။ မတတ်သာတဲ့အဆုံးမှ အလှည့်ကျမီးပေးတဲ့စနစ်ကို အသုံးပြု သွားမှာပါ”ဟု ၄င်းက ဆက်ပြောသည်။

ဓာတ်အားလိုအပ်မှုကိုလည်း ထိုင်းဝန်ကြီးချုပ် ယင်းလပ်လှူဒါန်းထား သည့် မဂ္ဂါဝပ် ၂၅ဝ ရှိသော ဓာတ်အား ထုတ်လုပ်သည့် စက်ကို ယခုနှစ် ဒီဇင် ဘာတွင် မောင်းနှင်နိုင် ရန် စက်တပ် ဆင်မှုများ ပြုလုပ်နေကြောင်း ၄င်းက ပြောသည်။

မြန်မာနိုင်ငံတွင် နွေရာသီ၌ လျှပ် စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ်အ မြဲ ဖြစ်ပေါ်နေပြီး ရန်ကုန်တိုင်းဒေသကြီး မှာ ဓာတ်အားလိုအပ်ချက် အများဆုံး ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန သည် ယခုနှစ် နွေရာသီ၌ ရန်ကုန်မြို့ ဓာတ်အား လိုအပ်ချက်ကို စက်မှုဇုန်များ မီးဖြတ်တောက်မှုများ ပြုလုပ်၍ ပေး ခဲ့ သော်လည်း လူနေ အိမ်များ အချိန်ပိုင်း မီးပြတ်တောက်မှုမှာ မကာမိခဲ့ပေ။

ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို နိုင်ငံတော်၏ ဓာတ်အားစနစ်မှ ဖြည့်ဆည်းပေးခြင်း ဖြစ်ရာ ဓာတ်အားစနစ်သို့ ပို့ လွှတ်ပေး သော ဓာတ် အားပေးစက်ရုံများအနက် ၇၂ ရာခိုင်နှုန်းမှာ ရေ အားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဖြစ်ပြီး ၂၈ ရာခိုင်နှုန်းမှာ ကျောက် မီးသွေးသုံးနှင့် သဘာဝဓာတ်ငွေ့သုံး စက်ရုံများ မှ ဖြစ် သည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့မှ သိရသည်။

PN-052၊ စိုင်းလမင်း

ဗုံးကွဲမှုတွေနောက်ပိုင်း ရခိုင်ပြည်နယ်မှာ လုံခြုံရေးတိုးမြင့် - RFA Burmese




မြန်မာပြည်အတွင်း နေရာအတော်များများမှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏဖြစ်နေတာကြောင့် ရခိုင်ပြည်နယ်အတွင်း ကားလမ်း၊ ရေလမ်းစတဲ့ လူအဝင်အထွက်များနေတဲ့နေရာတွေမှာ လုံခြုံရေးကို တိုးမြှင့်ချထားကြောင်း ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

ဒါ့အပြင် လုံခြုံရေးတာဝန်ရှိသူတွေဟာ အဲဒီလို တင်းကြပ်ထားတာအပြင် ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုတွေလည်း ရှိနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။

"လမ်းတွေမှာ လုံခြုံရေးချထားပေးတာပါ၊ ဒီမှာတော့ လုံခြုံရေးအပိုင်းက သူတို့လိုအပ်တဲ့နေရာတွေမှာ ရှာဖွေစစ်ဆေးတာတော့ရှိတာပေါ့၊ အဓိကကတော့ ကားဂိတ်တို့ဘာတို့ပေါ့၊ လူအများဆုံးရှိတဲ့ နေရာတွေလောက်ပေါ့"

တပ်မတော်၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက တာဝန်ရှိသူတွေပူးပေါင်းတဲ့ စစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီး ရန်ကုန်-စစ်တွေ အသွားအပြန် ခရီးသည်တင်ကားတွေကို အဓိကထား စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

လာအိုလေယာဉ်ပျက်ကျ မြန်မာတစ်ဦးအပါအဝင် ၄၉ဦးသေ - Yangon Media Group



Lao Airline ခရီးသည် တင်လေယာဉ်တစ်စင်းသည် ဗုဒ္ဓ ဟူးနေ့က လာအိုတောင်ပိုင်းတွင် မိုးသည်းစွာရွာသွန်း၍ လေပြင်း များတိုက်ခတ်နေစဉ်အတွင်း ဆင်း သက်ရန်ပြင်ဆင်နေစဉ် ပျက်ကျ ခဲ့ရာ လေယာဉ်ပေါ်ပါ လူဒါဇင် များစွာသေဆုံးခဲ့သည်ဟု လေ ကြောင်းအရာရှိတစ်ဦးက ပြော ကြားခဲ့သည်။ထိုင်းနိုင်ငံနှင့် နယ်စပ်အနီး ရှိ ဏျေုန လေဆိပ်သို့ ဆင်းသက် ရန်ပြင်ဆင်စဉ် ညနေ၄နာရီခန့် တွင်ဖြစ်ပွားခဲ့သော ပျက်ကျမှု၌ ခရီးသည်၄၄ဦးအပါအဝင် စုစု ပေါင်း ၄၉ဦး သေဆုံးခဲ့ကြောင်း Lao Airline မှ ဒု-ဥက္ကဋ္ဌတစ်ဦး ဖြစ်သူ ချာလမ်းတိုင်ယာလက်က ပြောကြားခဲ့သည်။

တိုင်ဖွန်းနရီ၏ အကြွင်း အကျန်လေပြင်းများကြောင့် လေ ယာဉ်မှူးများက ATR72 လေ ယာဉ်ကို မထိန်းချုပ်နိုင်ခဲ့ကြောင်း ကနဦးအစီရင်ခံစာတစ်ခုကို ကိုး ကား၍ တိုင်ယာလက်က ပြော ကြားခဲ့သည်။ သေဆုံးသူများတွင် လာအိုခရီးသည် ၁ရဦး၊ လေယာဉ် အမှုထမ်း ငါးဦး၊ ပြင်သစ် ခုနစ် ဦး၊ ဩစတြေးလျ ငါးဦး၊ ထိုင်း ငါးဦး၊ ကိုရီးယား သုံးဦး၊ အမေရိ ကန်၊ ကနေဒါ၊ တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ မြန်မာနှင့် ထိုင်ဝမ် တစ်ဦးစီတို့ပါဝင်သည်ဟု ရိုက်တာ သတင်းအရ သိရသည်။

ဩစတြေးလျနိုင်ငံခြားရေး နှင့် ကုန်သွယ်ရေးဌာနကမူ လေ ယာဉ်ပေါ်တွင် ဩစတြေးလျ ခြောက်ဦးပါရှိခဲ့သည်ဟု ဆိုသည်။
လေယာဉ်သည် မဲခေါင်မြစ် အတွင်းရှိ ကျွန်းတစ်ကျွန်းအနီး သို့ ပျက်ကျခဲ့ကြောင်း အမျိုးသား သတင်းအေဂျင်စီ KPL ကအစီ ရင်ခံခဲ့သည်။ လေယာဉ်သည် မြို့ တော်ဗီယင်ရှင်းမှ ပက်ဆီသို့သွား ရောက်စဉ် ပျက်ကျခဲ့ခြင်းဖြစ် ကြောင်း ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာနမှ အရာရှိတစ်ဦးကပြော ကြားခဲ့သည်။

ဖိုးလပြည့်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော - irrawaddy

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်က တက္ကသိုလ်များ ချံပီယံလိဂ် ဥက္ကဋ္ဌ တဦးအနေနဲ့ အဆိုပါ UCL ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ကျောင်းသား/ ကျောင်းသူတွေကို
မေတ္တာရပ်ခံစာ တစောင် ပေးပို့ ဖြန့်ဝေစေခဲ့ပါတယ်။



အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းက နေရွှေသွေးအောင်ရဲ့ စာမှာ အများက ဖေ့စ်ဘွတ်အပါအ၀င် အွန်လိုင်းစာမျက်နှာတွေပေါ်မှာ သူနဲ့ပတ်သက်ပြီး မဟုတ်မမှန် ရေးသားဖော်ပြနေမှုတွေကိုလည်း တုံ့ပြန် ဖြေရှင်းထားပြီး ပုဂ္ဂိုလ်ရေး စွပ်စွဲချက်တွေဖြစ်တဲ့ ၀တ်မှုံရွှေရည် ကိုလည်း ခိုးမပြေးခဲ့ဘူးကြောင်း၊ မိုးယုစံကိုလည်း လက်ထပ်ထားတယ်ဆိုတာ မဟုတ်ကြောင်းတွေလည်း ပါဝင်ပါတယ်။

ဒီအပြင်စစ်ရဟတ်ယာဉ်နဲ့ လည်း ဘဲကင်ဝယ်တယ်ဆိုတာ မဟုတ်သလို၊ စင်္ကာပူကိုလည်း နေ့ချင်း
ပြန် ကျောင်းမတက်ဘူးပါတဲ့။ ဒီအပြင် မန်ချက်စတာ ယူနိုက်တက်ဘောလုံးအသင်းကိုလည်း မ၀ယ်နိုင် ပါကြောင်း ရေးသားထားပါတယ်။

UCL မှာ ဖော်ပြထားတဲ့ နေရွှေသွေးအောင်ရဲ့ စာ အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

"UCL ဥက္ကဌ ကိုနေရွှေသွေးအောင်မှ ကျောင်းသား၊ ကျောင်းသူများထံသို့ မေတ္တာရပ်ခံလွှာ" ၊

၎င်း၏ စာ အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည် -

 " ချစ်ခင်လေးစားရပါသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူအပေါင်းတို့ခင်ဗျာ... -
ယခုအခါ UCL ပြိုင်ပွဲကြီးသည် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူတို့၏စိတ်အားတက်ကြွစွာပါဝင်မှု၊ ကစားသမားများ၏ အစွမ်းကုန်ကြိုးပမ်းအားထုတ်ယှဉ်ပြိုင်မှုတို့ကြောင့် တက္ကသိုလ်များအကြားအထူး
ရေပန်းစား၊ လူကြိုက်များလျှက် အုပ်စုပွဲများသည်ပင်လျှင်အောင်မြင်စွာ ယှဉ်ပြိုင်ပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။
မိမိအနေဖြင့် ယခုလက်ရှိပြိုင်ပွဲ၏အခြေအနေနှင့် ပရိသတ်များသိရှိလိုသည်ဟု ယူဆသည့်ကိစ္စများကို ဤစာတွင် ရှင်းလင်းဖော်ပြအပ်ပါသည်။
- နံပါတ်(၁)အနေဖြင့် ဤပြိုင်ပွဲကြီးကို 'မည်သည်က ရရှိသည့် ပိုက်ဆံဖြင့်ပြုလုပ်လဲ' ဟူသောမေးခွန်းကို
ဖြေကြားလိုပါသည်။
ဤပြိုင်ပွဲ၏ကုန်ကျ စရိတ်စုစုပေါင်းမှာ သိန်း(၃၀၀) နီးပါးရှိ၍ ကုန်ကျစရိတ်အများစုမှာ ဆုကြေးငွေနှင့်
နေ့စဉ် Video ရိုက်ကူးခတို့ဖြစ်ကြပါသည်။
ဘောလုံးကွင်း၊ ဒိုင် နှင့် နယ်မှကစားသမားများနေထိုင်ရေးကို MFF၊ အားကစားဝန်ကြီးဌာန နှင့် ရန်ကုန် ယူနိုက်တက်ဘောလုံးကလပ်တို့မှ အခမဲ့ကူညီပါသည်။
ကျန်ကုန်ကျစရိတ်များကို မိမိနှင့်ဘောလုံးအားကစားကိုဝါသနာပါသော မိမိမိတ်ဆွေ စီးပွားရေး လုပ်ငန်းရှင်ကြီးများက အချိုးကျပါဝင်လှူဒါန်းပါသည်။
ထို့အပြင် ပြိုင်ပွဲဝင်တက္ကသိုလ်မှကျောင်းသူ၊ကျောင်းသားများကုသိုလ်ရစေနိုင်ရန်ပါ ရည်ရွယ်၍ပြိုင်ပွဲ ဝင်ကြေး ကိုပင် ကုန်ကျစရိတ်တွင်မသုံးစေဘဲ လူမှုရေး၊ဘာသာရေးအသင်းအဖွဲ့များ သို့လှူဒါန်းစေခဲ့ပြီြး
 ဖြစ်ပါသည်။
- နံပါတ်(၂)အနေဖြင့် ဤပြိုင်ပွဲမှဒိုင်လူကြီးများအကြောင်းရှင်းလင်းတင်ပြလိုပါသည်။ ယင်းဒိုင်လူကြီးများ အားလုံးသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင် အသိအမှတ်ပြု ထားပြီး နိုင်ငံတကာ ဒိုင်လူကြီး လိုင်စင်ရရှိထားကြသူများဖြစ်ကြကာ MFF ကတရားဝင်စေလွှတ်၍ စေတနာဖြင့် လာရောက် ကူညီပေးနေသူများဖြစ်ကြပါသည်။
ဒိုင်များအနေဖြင့်မည်သည့်အသင်း၊ မည်သည့်ကစားသမား ကိုမျှသိရှိခြင်းလည်းမရှိသကဲ့သို့ ဘက်လိုက်
ဆောင်ရွက်ခြင်းမျိုးလည်းလုံးဝပြုလုပ်မည်မဟုတ်ပါ။
ထို့ကြောင့် ပရိသတ်များအနေဖြင့် ကိစ္စတစ်စုံတရာပေါ်ပေါက်တိုင်း ဒိုင်အဖွဲ့ကိုအပြစ်တင်မစောကြရန်နှင့် ဒိုင်လူကြီး၏အဆုံးအဖြတ်ကို နိုင်ငံကြီးသားပီသစွာလေးစား၊လိုက်နာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
- နံပါတ်(၃)အနေဖြင့် မိမိ၏စာရိတ္တပိုင်းဆိုင်ရာအပေါ်မေးခွန်းထုတ်မှုများကိုရှင်းလင်းတင်ပြလိုပါသည်။ မိမိဘာမှမပြောခင် ပရိသတ်ကြီးကိုတစ်ခုစဉ်းစားစေလိုပါသည်။
မိမိသာ Internet ပေါ်တွင်ပုံဖော်နေသကဲ့ အပြင်လောကတွင် အမှန်တကယ် မိုက်ရိုင်း၊ ဆိုးသွမ်းနေသူ
ဖြစ်ပါက မည်သည့် ဝန်ကြီး၊ ဒုဝန်ကြီးက မိမိနှင့် လက်ခံတွေ့ဆုံဆွေးနွေးမည်နည်း??
မည်သည့်ပါမောက္ခချုပ်က မိမိနှင့်အတူအစည်းအဝေးထိုင်မည်နည်း??
မည်သည့်ကျောင်းသား၊ ကျောင်းသူ များနှင့်မိဘများက မိမိနှင့်ပူးပေါင်းဆောင်ရွက်မည်နည်း??
မည်သည့် မီဒီယာက မိမိဘက်မှ ရပ်တည်ဖြေရှင်းပေးမည်နည်း??
မိမိအနေဖြင့် ကောလဟလများပြန့်နေသလို စင်ကာပူသို့နေ့ချင်းပြန်လည်း ကျောင်းမတက်ဘူးပါ၊ ဆယ်တန်းဖြေတုန်းကလည်း The whole burma မရပါ (မိမိကျောင်းမှ ထိုနှစ်က အဆင့် ၆ သာချိတ် ပါသည်)၊
မည်သည့်မူးယစ်ဆေးဝါးမှလည်းမသုံးဘူးပါ (သင်္ကြန်နှင့်မွေးနေ့များတွင်ပင် မိမိအရက်သေစာသောက် စားခြင်းမပြုပါ)၊
ဝတ်မှုန်ရွှေရည်ကိုလည်းခိုးမပြေးဘူးပါ၊ မိုးယုစံနှင့်လည်း လက်မထပ်ရပါ၊ စစ်ရဟတ်ယာဉ်ဖြင့်မိမိကို ဘဲကင် ဝယ်ပေးရသည်ဆိုမှာလည်း လုံးဝမမှန်ပါ၊
မန်ချက်စတာယူနိုက်တက်ကိုလည်း မိမိဤဘဝတစ်သက်လုံးငွေစုလျှင်ပင် မဝယ်နိုင်ပါ၊ မည်သည့် ယာဉ်ထိန်းရဲ ကိုမှ လည်း ထိုးကြိတ်အနိုင်ကျင့်ခြင်းမရှိရပါ (ယင်းယာဉ်ထိန်းသည် ဘာဒဏ်ရာမှလည်း မရှိ၊ဘာသက်သေအထောက်အထားမှလည်းမရှိဘဲ မိမိကိုအမြင်စောင်းနေသော ၎င်း၏အထက်အရာရှိ၊ မီဒီယာအချို့နှင့်ပူးပေါင်းကာ မိမိကိုနိုင်ငံရေးအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကို နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့တစ်ခုလုံးသို့စာပေးပို့၍ရှင်းပြခဲ့ပြီးဖြစ်ပါသည်၊ လူကြီးများကလည်း ဤအဖြစ် အပျက် ကိုနားလည်သဘောပေါက်ပါသည်)။
မီဒီယာအချို့အနေဖြင့် မိမိကိုစွပ်စွဲမှုများ မမှန်ကန်ကြောင်းသိရှိသောအခါ မည်သည့်ဖြေရှင်းချက်မျှ လည်း မပေး၊ ၎င်းတို့၏သတင်းမှားကိုလည်း တာဝန်ယူပြန်လည်ဖြေရှင်းပေးခြင်းမျိုးလည်းမပြုဘဲ မိမိကသာ တစ်ဘက်သတ် ပြည်သူလူထု၏အထင်မြင်လွဲမှားမှုကိုခံခဲ့ရခြင်းဖြစ်ပါသည်။
ယခု ပရိသတ် ၂၀၀၀ကျော်နှင့် တက္ကသိုလ်ပေါင်းစုံမှတာဝန်ရှိသူများ တက်ရောက်သော ဘောလုံးပွဲ ဖွင့်ပွဲ တွင် ပင်လျှင် မိမိနှင့် မိုးစက်ဝိုင်ပြိုင်ကားနှင့်အတူလာသည်၊ မိမိက ကားတံခါးနားသို့ဆင်းကြိုသည် စသဖြင့် မဟုတ်မမှန် ရေးသားသူ အများအပြားရှိကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။ -
မိမိကိုယ်တိုင်ဘောလုံးဝါသနာပါလွန်း၍သော်လည်းကောင်း၊ ကျန်လူငယ်လူရွယ်များဘောလုံးအားကစားကို ကစားစေချင်လွန်း၍သော်လည်းကောင်း၊ (မိမိအားအကြောင်းမသိ၍ အမြင်စောင်းနေသူ အချို့လဲရှိနိုင် သည့်) ကျောင်းသားထုကြီးအပေါ် 'ရန်မဖြစ်ပါ၊ ပြဿနာလည်းမဖြစ်စေရပါ'ဟု သက်ဆိုင်ရာ လူကြီးမင်းများ ကို အာမဘန္တေခံ၍ဤပြိုင်ပွဲကြီးကိုကျင်းပခြင်းဖြစ်ပါသည်။
မိမိတစ်ယောက်တည်းအားနှင့် ဤပြိုင်ပွဲကြီးကိုအောင်မြင်အောင်မစွမ်းဆောင်နိုင်ပါ။ သက်ဆိုင်ရာ တက္ကသိုလ် မှကျောင်းသား၊ ကျောင်းသူများ နှင့် ဆရာ၊ဆရာမတို့ကဝိုင်းဝန်းကူညီဖေးမမှသာလျှင် ဤပြိုင်ပွဲကြီးအဓွန့်ရှည်တည်တံ့မည်ဖြစ်ပါသည်။
မိမိအနေဖြင့် နိုင်ငံတော်၏အားကစားအခန်းကဏ္ဏကို အစွမ်းကုန်မြှင့်တင်ပေးသွားရန် စိတ်ဆုံးဖြတ်ထားပြီ
ဖြစ် ၍ မိမိနှင့် ရည်ရွယ်ချက်ချင်းတူသည့် မည်သူ့ကိုမဆို (သူ့ဟာသူ NLD မကလို့ ABC ဖြစ်ဖြစ် XYZ ဖြစ် ဖြစ်) လက်တွဲခေါ်ဆောင်သွားရန်လည်း စိတ်ဆန္ဒအပြည့်အဝရှိပါသည်။
 - သို့ဖြစ်ပါ၍ ပြိုင်ပွဲဝင်တက္ကသိုလ်မှ ညီအကို၊မောင်နှမ၊ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကိစ္စ တစ်စုံ တခုပေါ်ပေါက်တိုင်း Facebook စာမျက်နှာများပေါ်တွင် အချင်းချင်း ဝေဖန်တိုက်ခိုက်ခြင်းမျိုး မပြုဘဲ အားကစား စိတ်ဓာတ်အပြည့်ဖြင့် အားပေးကူညီကြပါ၊

 နိုင်ငံတော်အဆင့် တာဝန်ရှိသူ လူကြီးများကို မိမိတို့တက္ကသိုလ်ကျောင်းသားများ၏ စည်းလုံး၊ ညီညွတ်မှု စွမ်းရည်ကို ထုတ်ဖော်ပြသကြပါဟု တိုက်တွန်းမေတ္တာရပ်ခံလိုက်ရပါသည်။ " ဟူ၍ဖော်ပြပါရှိပါသည်။

ဖိုးလပြည့်ရဲ့ စာပါအကြောင်းအရာတွေကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။


အိမ့်သံစဉ် ~

ကမ္ဘာ့အဆင့်ရပ်တည်မှုတွင် ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူအထက်၌ မြန်မာအသင်း အံ့ဩဖွယ်ရပ်တည် Yangon Media Group


မြန် မာ့လက်ရွေးစင်ဘောလုံးအသင်း သည် အောက်တိုဘာ ၁ရရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့အဆင့်ရပ် တည်မှုတွင် ၁၄၉ဖြင့် ဒေသတွင်းပြိုင်ဘက်ကောင်းများဖြစ်သည့် မလေးရှား၊ စင်ကာပူနှင့်ဗီယက်နမ် အသင်းတို့အထက်တွင် အံ့အား သင့်ဖွယ်ရပ်တည်လျက်ရှိသည်။

ဖီဖာ၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် မြန်မာ့လက်ရွေး စင်အသင်းအနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြုပွဲကစားထားသည့် ပွဲစဉ်မှာ ၂၀၁၃ခုနှစ် ဇွန် ၄ရက်က စင်ကာပူနှင့်ကစားထားခြင်းမှာ နောက်ဆုံးပွဲစဉ်ဖြစ်ပြီး ယင်းပွဲမှာ လည်းနှစ်ဂိုးပြတ်ရှုံးနိမ့်ထားခဲ့သည်။ မြန်မာအသင်းအနေဖြင့် ၂၀၁၃ခုနှစ် ဇူလိုင် ၁ရက်မှ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၃ဝရက်အထိ နိုင်ငံတကာအသိအမှတ်ပြု ခြေစမ်း ပွဲများကစားထားခြင်းမရှိဟု ဖီဖာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းကာလတွင် ဗီယက်နမ်အသင်း မှလွဲ၍ စင်ကာပူမှာ အိုမန်၊ တရုတ်၊ ဟောင်ကောင်တို့နှင့် ခြေစမ်းပွဲသုံး ပွဲယှဉ်ပြိုင်ခဲ့ပြီး မလေးရှားမှာ တရုတ် နှင့်ခြေစမ်းခဲ့ကာ ယင်းနှစ်သင်းမှာ ပွဲတိုင်းအားရှုံးနိမ့်သော်လည်း ဖီဖာ ၏ ကမ္ဘာ့အဆင့်ရပ်တည်မှုတွက် ချက်ရာတွင် ပွဲ၏အရေးပါပုံ (ခြေ စမ်းပွဲ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အဖွဲ့ ချုပ်ပြိုင်ပွဲအဆင့်အတန်း၊ ကမ္ဘာ့ ဖလားဝင်ပြိုင်မှု)၊ ပြိုင်ဘက်အသင်း တောင့်တင်းမှု စသည်တို့ကိုပါထည့်သွင်းတွက်ချက်ခြင်းကြောင့် ဖီဖာအသိအမှတ်ပြု ခြေစမ်းပွဲများ မကစားထားသည့် မြန်မာအသင်း အနေဖြင့် ယင်းသုံးသင်းအထက် ရပ်တည်နေသည်မှာ အံ့ဩဖွယ် ရာပင်ဖြစ်သည်။

မြန်မာယူ-၂၃အသင်း အ နေဖြင့် မာဒေးကားဖလားတွင် မလေးရှားယူ-၂၃အသင်းနှင့် နှစ် ကြိမ်ရင်ဆိုင်ခဲ့ရာ နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ခြင်း၊ ဗီယက်နမ်ယူ- ၂၃ အသင်းနှင့် ခြေစမ်းရာတွင် ၃- ၁ဂိုးဖြင့်ရှုံးထားခြင်း၊ စင်ကာပူ လက်ရွေးစင်အသင်းနှင့် ခြေစမ်း ရာတွင် နှစ်ဂိုးပြတ်ရှုံးထားရာ ဖီဖာ ၏ကမ္ဘာ့အဆင့်တန်း သတ်မှတ်မှု မှာ အံ့အားသင့်ဖွယ်ရာပင်ဖြစ်နေ သည်။



ကံထူးသူ သုံးယောက်သာပိုင်ဆိုင်ခွင့်ရမည့် Lamborghini Veneno - techspaceJournal





ခွန်နေ(AMMG)

ပြီးခဲ့တဲ့ မတ်လ Lamborghini နှစ်ငါးဆယ်ပြည့်အထိန်းအမှတ်မှာ မိတ်ဆက်
လိုက်တဲ့ Lamborghini Veneno ပါ။ သုံးယောက်သာပိုင်ဆိုင်ခွင့်ရမယ့်
အကြောင်းကတော့ ကံထူးလို့တော့မဟုတ်ပါဘူး။ သုံးစီးသာထုတ်ထားလို့ပါ
ပဲ။

ဆလင်ဒါ ၁၂ လုံး၊ ၆.၅ လီတာ အင်ဂျင်ပါဝင်တဲ့ဒီကားဟာ မြင်းကောင်ရေ
၇၅၀ အထိထုတ်လုပ်ပေးနိုင်ပါတယ်။ ဂီယာ-၇ ချက်ထိုးကားဖြစ်ပြီး ၂.၈ စက္ကန့်အတွင်းကို ကီလိုမီတာ ၁၀၀ အထိ အနည်းဆုံးအရှိန်မြှင့်တင်မောင်းနှင်
နိုင်တဲ့ကားပါ။ ပြိုင်ကားပီသစွာထုတ်လုပ်ထားတဲ့ ဒီကားဟာ တံခါးနှစ်ပေါက်
လေးဘီးယက် 4-Wheel Drive မောင်းနှင်မယ့် ကားအမျိုးအစားဖြစ်ပါ
တယ်။

သုံးစီး တိတိသာထုတ်ထားတဲ့ ဒီကား ငွေရှိရင်တောင် ဝယ်ချင်တိုင်းဝယ်လို့
မရတဲ့အနေအထားပါ။ စုစုပေါင်းအမေရိကန်ဒေါ်လာ ၄ သန်းကျသင့်မယ်လို့
သိရပါတယ်။ အသွင်အပြင် ဒီဇိုင်းကတော့ Transformer ရုပ်ရှင်ကားထဲက
လို အသက်ဝင်လာမယ့် စက်ရုပ်တစ်ကောင်အလား အချိုးအစားတွေက ခပ်မိုက်မိုက် ပြင်ဆင်ထားတာကိုမြင်တွေ့ရပါတယ်။

မြင်ကွင်းစုံကြည့်ကြည့်ရှုလို့ရအောင် ရှေ့နောက်အနေအထား စုံလင်စွာ
ဖော်ပြပေးလိုက်ပါတယ်။

ကာဗွန်ဖိုက်ဘာဘော်ဒီ ပတ်လည်လုံခြုံရေးဆင်ဆာအပြည့်နဲ့ အကောင်း မွန်ဆုံးဖန်တီးထုတ်လုပ်ထားတဲ့ Lamborghini Veneno ပါ။

Ref:Engineering