လာအိုလေယာဉ်ပျက်ကျ မြန်မာတစ်ဦးအပါအဝင် ၄၉ဦးသေ - Yangon Media Group

ပို့စ်တင်ချိန် - 10/18/2013 01:22:00 PM



Lao Airline ခရီးသည် တင်လေယာဉ်တစ်စင်းသည် ဗုဒ္ဓ ဟူးနေ့က လာအိုတောင်ပိုင်းတွင် မိုးသည်းစွာရွာသွန်း၍ လေပြင်း များတိုက်ခတ်နေစဉ်အတွင်း ဆင်း သက်ရန်ပြင်ဆင်နေစဉ် ပျက်ကျ ခဲ့ရာ လေယာဉ်ပေါ်ပါ လူဒါဇင် များစွာသေဆုံးခဲ့သည်ဟု လေ ကြောင်းအရာရှိတစ်ဦးက ပြော ကြားခဲ့သည်။ထိုင်းနိုင်ငံနှင့် နယ်စပ်အနီး ရှိ ဏျေုန လေဆိပ်သို့ ဆင်းသက် ရန်ပြင်ဆင်စဉ် ညနေ၄နာရီခန့် တွင်ဖြစ်ပွားခဲ့သော ပျက်ကျမှု၌ ခရီးသည်၄၄ဦးအပါအဝင် စုစု ပေါင်း ၄၉ဦး သေဆုံးခဲ့ကြောင်း Lao Airline မှ ဒု-ဥက္ကဋ္ဌတစ်ဦး ဖြစ်သူ ချာလမ်းတိုင်ယာလက်က ပြောကြားခဲ့သည်။

တိုင်ဖွန်းနရီ၏ အကြွင်း အကျန်လေပြင်းများကြောင့် လေ ယာဉ်မှူးများက ATR72 လေ ယာဉ်ကို မထိန်းချုပ်နိုင်ခဲ့ကြောင်း ကနဦးအစီရင်ခံစာတစ်ခုကို ကိုး ကား၍ တိုင်ယာလက်က ပြော ကြားခဲ့သည်။ သေဆုံးသူများတွင် လာအိုခရီးသည် ၁ရဦး၊ လေယာဉ် အမှုထမ်း ငါးဦး၊ ပြင်သစ် ခုနစ် ဦး၊ ဩစတြေးလျ ငါးဦး၊ ထိုင်း ငါးဦး၊ ကိုရီးယား သုံးဦး၊ အမေရိ ကန်၊ ကနေဒါ၊ တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ မြန်မာနှင့် ထိုင်ဝမ် တစ်ဦးစီတို့ပါဝင်သည်ဟု ရိုက်တာ သတင်းအရ သိရသည်။

ဩစတြေးလျနိုင်ငံခြားရေး နှင့် ကုန်သွယ်ရေးဌာနကမူ လေ ယာဉ်ပေါ်တွင် ဩစတြေးလျ ခြောက်ဦးပါရှိခဲ့သည်ဟု ဆိုသည်။
လေယာဉ်သည် မဲခေါင်မြစ် အတွင်းရှိ ကျွန်းတစ်ကျွန်းအနီး သို့ ပျက်ကျခဲ့ကြောင်း အမျိုးသား သတင်းအေဂျင်စီ KPL ကအစီ ရင်ခံခဲ့သည်။ လေယာဉ်သည် မြို့ တော်ဗီယင်ရှင်းမှ ပက်ဆီသို့သွား ရောက်စဉ် ပျက်ကျခဲ့ခြင်းဖြစ် ကြောင်း ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာနမှ အရာရှိတစ်ဦးကပြော ကြားခဲ့သည်။